Myanmaalinn's Facebook Wall
မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်
===============================
ကျန်းမာရေးပညာပေး တွေ နောက်ဆုံးပေါ်သတင်းတွေ ဖတ်ရတာကောင်းပါသည်။ Sharing is caring ဆိုပေမဲ့ ကိုယ် share တဲ့ အကြောင်း အရာက
အခြေအမြစ်ရှိ မရှိ ပထမဆုံး စုံစမ်း
သင့်ပါတယ်၊ ဘာမှ မshare တာက
အမှားတွေ share ပြိး လူတွေ စိုးရိမ်သောကရောက်တာ
တွေးအခေါ် အယူအဆမှားတွေ ရ ကုန်တာ ထက်
အများကြီး ပိုကောင်းတယ်လို့ယုံကြည်ပါတယ်။ ဖေ့ဘွတ်မှာ ကောလဟာလတွေကို ပညာရှင်တချို့ကပါသေချာမစုံစမ်းဘဲ အလွယ်တကူ share နေတာ တွ့နေရတာစိတ်မကောင်းပါ။
ဒီ
https://www.facebook.com/expresstimes/photos/a.186609698111917.33338.114598908646330/557019877737562/?type=1 ဆောင်းပါးကတော့ပညာ
ပေး ဗဟုသုတ ပါသလို သတင်းအမှားလေးလဲရောပါလာပါတယ်။ ဒီ EV virus 71 ( entreovirus
71) outbreak ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွေမှာ လတ်တလော ဖြစ်နေတဲ့သတင်းတွေ ဘယ်မှာမှ
ရှာ မတွေ့ပါ။ တကယ်ဖြစ်ခဲ့တာ ၂၀၁၂ ဂျူ
လိုင်ကပါ၊ ၂၀၁၄ မဟုတ်ပါ။ ၂
နှစ်ကြာပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယား ကျန်းမာရေး ၀န်ကြီးဌာနတို့က ကြေညာခဲ့ တာတွေဒီမှာဖတ်နိုင်ပါတယ်
http://www.who.int/csr/don/2012_07_09/en/
http://www.who.int/csr/don/2012_07_13/en/
http://www.cdcmoh.gov.kh/images/Document/Press%20Release/Other/UnknowDisease_PressRelease_En%2004%20Jul%202012.pdf
http://www.nationmultimedia.com/national/Deadly-Enterovirus-71-strain-found-in-2-year-old-g-30186712.html
ကမ္ဘောဒီးယားနိုင်ငံ ကျန်း မာရေးဝန်
ကြိး ဌာနမှ လတ်တလော ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ကြေ
ငြာချကိတွေမှာ ဒီရောဂါမပါတော့ပါ
http://www.cdcmoh.gov.kh/press-release/other-disease ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးရဲ့ ၂၀၁၄ ကူးစက်ရောဂါသတိပေးခ
ျက်တွေ ထဲမှာလဲမပါပါ၊ ဒီမှာဖတ်နိုင်ပါတယ်
http://www.who.int/csr/don/archive/year/2014/en/
EV-71 ဗိုင်းရပ်စ်ကြောင့် ခြေ၊ လက်နှင့် ပါးစပ်များတွင် ဖြစ်ပွားသည့် (Hand,Foot and Mouth Disease(HFMD)) ရောဂါ ကကျွဲနွားတွေမှာဖြစ်တဲ့ Foot and Mouth Disease ( Anthrax ) နဲ့ဘာမှမဆိုင်ပါ။ ဆင်တူရောဂါလက္ခဏာတွေက Entero virus 71 ထက် Coxsackievirus subgroup, Coxsackievirus A16. Coxsackievirus A5, A7, A9, A10, B2 and B5, တွေကြောင့်ဖြစ်တာများပြိး များသောအားဖြင့် မပြင်းထန်ပါ။ အများစု သူ့ဟာသူပျောက်ပြီး ရောဂါဖြစ်နေတဲ့ တပတ်အတွင်း အနာသက်သာအောင်၊ အစာရေစာဝင်အောင်နဲ့ အဖျားအတွက် ပဲဆေးပေးရတာများပါတယ်။ လူကြီးတွေဖြစ်ရင်တော့လမ်းလျှောက်ရင်တောင်နာပါတယ်။ နှာ ရည်၊ တံတွေး၊ ဝမ်း ၊ အနာအရည်တွေ ကနေကူးစက်တာမို့ ၊ နှာချေ၊ ချောင်းဆိုး၊ နှာ ရည်၊ တံတွေး၊ ဝမ်း ၊ အနာအရည်တွေ ကို တိုကိ ရိုက် ဖြစ်စေ၊ ပေနေတဲ့အရာတွေ ထိကိုင်တာ ကဖြစ်စေ၊ စားမိတာကဖြစ်စေ ကူးပါတယ်။ EV-71 ကတော့ ပိုဆိုးဝါးတဲ့ ရော ဂါလက္ခဏများ တခါတရံ ပေးတတ်ပြီးတခါတရံ အသက်အန္တရာယ် ပါပေး တတ်ပါတယ်။ http://www.cdc.gov/features/handfootmouthdisease/
http://www.patient.co.uk/health/hand-foot-and-mouth-disease-leaflet
တချို့ နိုင်ငံတွေ မှာတော့ ဒီ ရောဂါဖြစ်တဲ့ကလေး ( ၁၂နှစိအောက်) ဆေးခွင့်တပတ်ပေး၊ ၁၂နှစိအောက် ညီကိုမောင်နှမ တွေစောင့်ကြည့်ကာလ ဆေးခွင့် ၃ရက် ပေးရပါတယ်။ အတန်းထဲမှာထပ်မပြန့် အောင်ပါ၊ shopping mall တို့၊ ကစားကွင်းတို့ ခေါ်မသွား ဘို့ လဲ ပြော ရပါတယ်။ တပတ်အ တွငိးတတန်းထဲ ကလေးနှစ် ယောက်နဲ့အထက် ရောဂါဖြစ်ရင်တော့ အတန်းကိုတပတ်ပိတ်ပြီး ကျန်းမာရေး ဌာနကသန့်ရှင်းမှုသွားစစ်ရပါတယ်။ ရောဂါကူးစက်မှုများလာရင် ကျောင်းသားငယ် ရှိတဲ့ကျောင်းတွေမှာ ကျောင်း ဝင်းအဝင်ဝကနေက လေးတိုင်း အဖျားတိုင်း (အနီအောက်ရောင်ချည်နဲ့ရေပြားမထိဘဲတိုင်းတာပါ)၊ ဖျားရင်တခါထဲပြန်လွှတ်၊ မဖျားရင်လဲ ပိုးသတ်ဆေးပါတဲ့ဆပ်ပြာရည် လက်ထဲတခါထဲထဲ့ပေးပြိးလက်ဆေးပြီးမှကျောင်း ဝင်းထဲပေးဝင် ပါတယ်။ ဆရာဆရာမတွေအလှဲ့ကျပေါ့။ ကျာင်း တိုင်း လက်ဆေးကန်နဲ့ ဆပ်ပြာရည် အလုံအလောက်ထားပေးရပါတယ်။ ဒီရောဂါကို ဒီမှာတော့ နေ့တဒူဝလိုတွေ့နေရပြိး အများစုကမစိုးရိမ်ရပါ။ အစာရေစာမဝင်ရင်၊ နဲနဲ ခွေနေရင်၊ အဖျားသိပ်ကြီး လို့ တခြား လက္ခဏတွေ (အသက် ရှူ ကြပ်တာ ခြေလက်တွေပျော့ခွေ အားနဲတာ) ရှိပြီးစိတ်မချရင်တော့ဆေးရုံတင် စောင့်ကြည့်ပါတယ်။ ကလေးငယ်များ၏ တစ်ကိုယ်ရေသန့်ရှင်းရေး ကတေ့ရေးအကြီးဆုံးပါ။ ရောဂါပြန့်ပွားနေချိန်မှာတော့ကလေးငယ်တွေကိုလူသိပ်များတဲ့နေရာတို့၊ shopping mall တို့၊ ကစားကွင်းတို့ ခေါ်မသွားတာကောင်းပါတယ်။ ကိုယ်ခံအားကောင်းဘို့ အစားအစာ၊ အအိပ် အနေ ဂရုစိုက်တာကောင်းပါတယ်။ အခုခေတ်ကလေးတွေမိဘနဲ့အတူ တီဗွီကြည့်ပြိးအိပ်ရာဝင်နောက်ကျ ကြတာ မကောင်းပါ။

No comments:
Post a Comment