Showing posts with label wrong. Show all posts
Showing posts with label wrong. Show all posts

Sunday, 23 June 2019

Surgical Mask တပ်ဆင်နည်း အမှားနဲ့ အမှန် (ဇော်ဂျီ)

Surgical Mask  တပ္ဆင္နည္း အမွားနဲ႔ အမွန္ (ေဇာ္ဂ်ီ)

တေန႔က ထူးဆန္းေသာ ပိုစ့္ကေလးကိုဖတ္လိုက္ရပါတယ္။" Mask တပ္ထားတာ ကို ျဖဳတ္ ယူၿပီး အစိမ္းကို အတြင္းဘက္ အျဖဴကို အျပင္ ဘက္ ျပန္တပ္ ေပးတယ္.... ဆရာဝန္က ေျပာတယ္ အစိမ္း ကို အျပင္မွာ ထားရင္ ကိုယ့္ဆီက ေရာဂါ ေတြ အျခားသူ ကိုကူးမွာ စိုးလို႔တဲ့ အျဖဴကို အျပင္ မွာ ထားရင္ အျပင္က အနံအသက္ ေတြ ေရာဂါ ေတြ မဝင္ေအာင္ လို႔ တဲ့."
လြဲေတာ့ေနၿပီ
ခက္တာက နာမယ္ႀကီးေဆး႐ုံႀကီးက ဆရာဝန္ကေျပာတာ ဆိုေတာ့ ရွဲလိုက္ၾကတာဝက္ဝက္ကြဲ။
အင္တာနက္မွာရွာရင္လည္း အဲလို အျဖဴက အျပင္က၊ အစိမ္းက အျပင္ကလို႔ ေရးထားတာေတြရွိေနတာကိုး။

အဲဒီလိုတပ္ရမယ္ဆိုတာ အေထာက္အထားတကယ္ရွိသလား၊ Evidence Based ?

အေၾကာင္းအရာတခုကို လက္မခံမီ၊ လက္ဆင့္ဆက္မကမ္းမီ အမွန္အမွားေဝဘန္ၾကည့္ရေအာင္။
ေခတ္ႀကီးကလည္း Evidence Based Medicine ဆိုတဲ့ အေထာက္အထားကို အေျခခံတဲ့ ေဆးပညာကိုမွ လက္ခံၾကတာေလ၊
တကယ္ေတာ့ ဘုရားေခတ္ကတည္းက ကာလာမ သုတၱန္မွာ ေဝဘန္စဥ္းစားဆင္ျခင္ၿပီးမွ အယူအဆတခုကို လက္ခံဖို႔ ေဟာထားၿပီးသားပါ။

ေဆးပညာဟုသုတနဲ႔ ပတ္သက္လ်င္

WHO လိုအဖြဲ႕အစည္းေတြ၊ ေဆးတကၠသိုလ္နဲ႔ တြဲထားတဲ့ ေဆး႐ုံႀကီးေတြ ၊ အစိုးရက်န္းမာေရးဌာနေတြ ( ဝက္ဘ္ဆိုဒ္လိပ္စာမွာ .gov, .edu, org, ac.uk စတာေတြနဲ႔ ဆုံးတာေတြက ပိုယုံၾကည္ရပါတယ္။ ဥပမာ
USA  က https://www.nih.gov/, https://www.cdc.gov/https://www.mayoclinic.org, https://www.cancer.org/, UK  က https://www.nhs.uk/,  စသည္တို႔က အခ်က္အလက္ေတြကိုေတာ့ သံသယျဖစ္စရာမရွိႏိုင္ပါ။

အဲဒီလို အတြင္းအျပင္ ေျပာင္းတပ္တာ မွားတယ္ဆိုတဲ့ အေထာက္အထားအက်ဥ္း 

၁. ႏိုင္ငံအမ်ားစုမွာ သုံးေနတဲ့ သုံးလႊာပါ Surgical mask  ေတြမွာ အျပင္ဆုံးလႊာနဲ႔ အတြင္းလႊာေတြကို မတူညီတဲ့လုပ္ေဆာင္မႈေတြအတြက္ မတူတဲ့ ပစၥည္းေတြကိုသုံးထားပါတယ္၊  အတြင္းနဲ႔ အျပင္ေျပာင္းသုံးလိုက္တာနဲ႔ ဆိုင္ရာပစၥည္းကို ေ႐ြးခ်ယ္သုံးရတဲ့ ဦးတည္ခ်က္ေပ်ာက္သြားပါတယ္။

၂. တကယ္ ေလကို စစ္ေပးတဲ့ အလယ္လႊာကို စစ္ေဆးၾကတဲ့ ဘယ္ဌာန၊ ဘယ္ထုတ္လုပ္သူကမွ unidirectional filter လို႔ ေဖၚျပထားတာမရွိပါ။ဘယ္ဖက္ကလာတဲ့ အမႈန္အမႊားကို ျဖစ္ျဖစ္ သူတတ္ႏိုင္သေလာက္ တားထားပါတယ္။ 

၃. Surgical mask က အရည္ droplet နဲ႔  အမႈန္မႊားေတြကို ကာကြယ္ဖို႔သာျဖစ္ၿပီး အေငြ႕နဲ႔အနံ႔ကို မကာကြယ္ပါ။

၄. Surgical mask က အျပင္ကဝင္လာတဲ့ အမႈန္ကို စစ္ေပးတဲ့ ေနရာမွာ ကာကြယ္မႈအနည္းငယ္ရႏိုင္ေပမယ့္ ႏႈတ္ခမ္း အနားေတြက မ်က္ႏွာေပၚမွာ လုံေန ေစ့ေနေအာင္ ကပ္မေနတာေၾကာင့္ mask ႏႉတ္ခမ္းေဘးေတြကေတြဝင္လာတဲ့ ေလကို စစ္မေပးႏိုင္တာပါ။ ဒါေၾကာင့္  ေျပာင္းျပန္ပဲတပ္တပ္ အတည့္ပဲတပ္တပ္ filter လုပ္ေပးႏိုင္တာကေတာ့ ပိုမထူးပါဘူး။

၅. တခုရွိတာက  ေျပာင္းျပန္ေျပာင္းၿပီး အျဖဴကို အျပင္ဘက္ထားတပ္လ်င္ စင္လာတဲ့ အရည္နဲ႔ အရည္မႈန္ေတြကို ကာကြယ္ေပးဖို႔ လုပ္ထားတဲ့ အျပင္လႊာက အတြင္းဘက္ကို ေရာက္သြားတာေၾကာင့္ Surgical mask ရဲ႕ ကာကြယ္ေပးႏိုင္စြမ္းေလ်ာ့သြားပါတယ္။ mask ကိုအရည္စင္လာလ်င္ အလြယ္တကူစိုသြားႏိုင္ၿပီး စိုသြားတဲ mask  ကသူလုပ္ရမယ့္ အလုပ္ကို မလုပ္ႏိုင္ေတာ့ပါဘူး။

၆။ ႏိုင္ငံတကာ က်န္းမာေရးဌာနေတြနဲ႔ ပစၥည္းထုတ္လုပ္သူေတြက လမ္းၫႊန္ထားတာေတြကို ၾကည့္လ်င္ အားလုံးက တပ္ဆင္ပုံတနည္းထဲကိုသုံးပါတယ္။ အေရာင္ပါတာ အျပင္ဘက္ ၊ အျဖဴကအတြင္းပါ။ ဟိုဘက္ ဒီဘက္ လွည့္သုံးပါလို႔ မပါပါ။

အခ်ဳပ္ရလ်င္ေတာ့ Surgical Mas ကိုတပ္လ်င္ စနစ္တက် တပ္နည္းတမ်ိဳးသာရွိပါတယ္။ ဘယ္ရည္႐ြယ္ခ်က္နဲ႔သုံးသုံး အေရာင္ရွိတဲ့ မ်က္ႏွာျပင္ကအျပင္၊အျဖဴကအတြင္းဘက္ပါ၊ လုံးဝ မေျပာင္းပါ။ မတူဘူးလို႔ေရးေနသူေတြက သူတို႔ ယူဆခ်က္ကိုေရးတာသာျဖစ္ၿပီး ခိုင္မာတဲ့ အေထာက္အထားလုံးဝမရွိေသးပါ။

မွန္ကန္ေသာSurgical Mask  တပ္ဆင္နည္းနဲ႔ျပန္ ျဖဳတ္နည္း

Mask ကို စနစ္တက် တပ္ဆင္ပုံ အဆင့္ဆင့္

၁. Mask ကို လက္နဲ႔ မထိမီလက္ ၂ဘက္ကို ဆပ္ျပာ (သို႔) ပိုးသတ္ေဆးရည္နဲ႔  ေဆးေၾကာ သန္႔စင္ပါ။ 

၂. Mask ကို ဘူးထဲကထုတ္ၿပီး မ်က္ႏွာျပင္ ၂ ဘက္လုံးမွာ အေပါက္အၿပဲရွိမရွိစစ္ေဆးပါ။ 
၃, အေပၚဘက္ ေအာက္ဘက္ကို ေသခ်ာၾကည့္ပါ။ ေကြး၍ရေသာ သတၱဳခ်ာင္းကေလးပါတဲ့ ဘက္က အေပၚဘက္ပါ။ 
၄. ဘယ္ဘက္က အတြင္းဘက္၊ အျပင္ဘက္ဆိုတာကို ၾကည့္ပါ။ အေရာင္ပါတဲ့ ဘက္က အျပင္ဘက္ျဖစ္ၿပီး အျဖဴေရာင္ဘက္က မ်က္ႏွာနဲ႔ ထိတဲ့ အတြင္းဘက္ပါ။ 
၅. (က) နားကို ခ်ိတ္တဲ့ သားရည္ႀကိဳးနဲ႔ Mask ျဖစ္ပါကအဲဒီနားခ်ိတ္ႀကိဳးကြင္း၂ခုကေနကိုင္ၿပီး နားမွာဆြဲခ်ိတ္ပါ။
(ခ) ႀကိဳးခ်ည္ရေသာ Mask မ်ိဳးျဖစ္ပါက Mask ကိုႏွာေခါင္းေပၚေရာက္ေအာင္အုပ္ၿပီး အေပၚႀကိဳး ၂ ေခ်ာင္းကို ဆြဲကာ ေနာက္ေစ့ အထက္မွာ ကြင္းေလွ်ာခ်ည္ပါ။ 
၆.  Mask အေပၚဘက္ကို ႏွာေခါင္းေပၚမွာ ကပ္ေနရန္ ႏွာေခါင္းအရင္းေပၚေရာက္ေနတဲ့ သတၱဳေခ်ာင္းကို အသာညႇစ္ၿပီးပုံသြင္းပါ။ 
၇. ႀကိဳးခ်ည္ရေသာ Mask မ်ိဳးျဖစ္ပါကေအာက္သိုင္းႀကိဳး ၂ေခ်ာင္းကို လည္ပင္းအေနာက္မွာပတ္ခ်ည္ပါ။ 
၈. Mask ေအာက္နားအစကပါးစပ္နဲ႔ ေမးေစ့ကို ဖုံးေအာင္ ေမးေအာက္ေရာက္တဲ့အထိဆြဲခ်ပါ။ 

Mask ကို စနစ္တက် ျဖဳတ္ပုံ အဆင့္ဆင့္

၁. Mask ကို လက္နဲ႔ မထိမီလက္ ၂ဘက္ကို ဆပ္ျပာ (သို႔) ပိုးသတ္ေဆးရည္နဲ႔  ေဆးေၾကာ သန္႔စင္ပါ။ 
Mask အရွိ႕ အျပင္ဘက္မ်က္ႏွာျပင္ဟာ မသန္႔ရွင္းေတာ့တာေၾကာင့္ လက္နဲ႔ မထိမိေအာင္ အထူးသတိထားပါ။ 

၂. နားကို ခ်ိတ္တဲ့ သာရည္ႀကိဳးနဲ႔ Mask ျဖစ္ပါကအဲဒီနားခ်ိတ္ႀကိဳးကြင္း၂ခုကေနကိုင္ၿပီ အသာဆြဲျဖဳတ္ကာမ်က္ႏွာကေန အေဝးကိုခြာထုတ္ပါ။ 
၃. ႀကိဳးခ်ည္ရေသာ Mask မ်ိဳးျဖစ္ပါက ေအာက္ဘက္ကႀကိဳးကို အရင္ျဖည္ပါဦ ၿပီးမွ ေအပၚဘက္ကႀကိဳးကို ျဖည္ၿပီး မ်က္ႏွာကေန အေဝးကိုခြာထုတ္ပါ။ 
၄. Mask ကို အမႈိက္ပုံးထဲသို႔ ေသခ်ာပစ္ၿပီး လက္၂ဘက္ကို ဆပ္ျပာ (သို႔) ပိုးသတ္ေဆးရည္နဲ႔  ေဆးေၾကာ သန္႔စင္ပါ။ 


အဆိုပါ ေဖ့စ္ဘြတ္ ဇာတ္လမ္းထဲကဆရာဝန္ရဲ႕ မမွားသင့္တဲ့ အမွား

တခါသုံး mask ဆိုတာ ျဖဳတ္ၿပီးတာနဲ႔ စနစ္တက်လႊင့္ပစ္ရပါတယ္၊
Mask ကို မ်က္ႏွာမွာ တပ္လိုက္ရင္ အသက္ရွဴသြင္းတာနဲ႔ ေလထဲက အမႈန္အမႊားနဲ႔ ပိုးေတြက အျပင္ဘက္ေရာက္ေနတဲ့ မ်က္ႏွာျပင္မွာကပ္က်န္ေတာ့တာပါ (ဒီ ဇာတ္လမ္းမွာေတာ့ အစိမ္းဘက္ေပါ့) အလြန္ေသးငယ္တဲ့အမႈန္ေတြပဲ ေလနဲ႔အတူ ျဖတ္ဝင္သြားပါတယ္။
ဒါကို ဆရာဝန္က လူနာတပ္ထားတာမွားေနလို႔ဆိုၿပီး ျပန္ျဖဳတ္၊ ေျပာင္းျပန္လွန္ၿပီး ျပန္တပ္ေပးလိုက္ေရာ။
အဲဒီမွာအေစာပိုင္းတုန္းက အမႈန္နဲ႔ပိုးေတြကပ္ေနတဲ့ အစိမ္းဘက္က အတြင္းဘက္ကိုေရာက္ ၿပီးလူနာပါးစပ္နဲ႔ ႏွာေခါင္းကိုထိ၊ သူလည္းအသက္လည္းရွဴသြင္းေရာ အဲဒီမ်က္ႏွာျပင္မွာ အေစာပိုင္းကစုေဆာင္းထားသမွ် အမႈန္အမႊားနဲ႔ပိုးေတြ ကို ႏွာေခါင္းထဲ တခါတည္းစုပ္သြင္းလိုက္ေတာ့တာပါပဲ။
စနစ္တက် Mask  ျဖဳတ္နည္းမွာ အဲဒီမ်က္ႏွာျပင္ကို လက္နဲ႔ေတာင္ မထိေအာင္သတိထားခိုင္းပါတယ္။
ဆရာဝန္က တကယ္ ပညာေပးခ်င္ရင္ လူနာသုံးေနတဲ့ mask ကိုျဖဳတ္ၿပီး အသစ္တခုေပးပါ။
အခုေတာ့ တကယ့္ infection control procedure ရဲ႕ အ႐ိုးရွင္းဆုံးအျခခံကိုေတာင္ မသိဘူး
ဒါမွမဟုတ္ အေလးမထားဘူး ျဖစ္သြားပါတယ္၊
ဒီလို ေရာဂါကာကြယ္ေရး အေျခခံကိုေတာင္ မသိတဲ့ ဆရာဝန္ကေျပာတဲ့ Mask တပ္နည္းကေကာ တကယ္ မွန္ပါေတာ့မလား။
အေထာက္အထား အေသးစိပ္ကို ေလ့လာၾကည့္ရေအာင္

အဲဒီဆရာဝန္ေျပာတယ္ဆိုတဲ့ Surgical Mask  တပ္နည္းအယူအဆရဲ႕ အရင္းအျမစ္ကေတာ့ Surgical Mask ဆိုတဲ့ ခြဲစိပ္ခန္းသုံး ႏွာေခါင္းစည္းေတြရဲ႕ တည္ေဆာက္ပုံနဲ႔ အလုပ္ပုံကို ေသေသခ်ာခ်ာ မသိတာရယ္ Surgical Mask ရဲ႕ မူလ အစရယ္ေၾကာင့္လို႔ ယူဆရပါတယ္။

Surgical Mask  ရဲ႕ အစ

Surgical Mask ဆိုတာ ခြဲခန္းထဲမွာ နဲ႔ ေဆး႐ုံေဆးခန္းေတြက procedure room ေတြမွာ ဆရာဝန္ ဆရာမေတြက ခြဲစိပ္တာ procedure ေတြလုပ္  ေနတုန္း စကားေျပာၾက အသက္ရႈ ထုတ္ လုပ္ၾကတဲ့ အခါ သူတို႔ရဲ႕ ႏွာေခါင္း ပါးစပ္တို႔ထဲက ႏွာရည္နဲ႔ တံေတြးအမႈန္ေတြ နဲ႔ အတူပိုးမႊားေတြ ခြဲစိပ္ေနတဲ့ေနရာ ကိုက်ၿပီး ေရာဂါရတယ္။ အဲဒီေတာ့ ခြဲစိပ္မႈ၊  procedures လုပ္ေနတဲ့ ေနရာဟာ ပိုးမႊားကင္းစင္တဲ့ ပတ္ဝန္းက်င္မျဖစ္ႏိုင္ေတာ့ဘူး။ ဒါေၾကာင့္ ခြဲခန္းတို procedure room တို႔ထဲဝင္သူေတြအားလုံး ႏွာေခါင္းစည္း ေခါင္းစည္း ( ဆံပင္က အမႈန္မက်ေအာင္) ေတြတပ္ၾကရပါတယ္။
အဲဒီမွာ Surgical Mask ဆိုတာ တပ္ဆင္ထားသူထံက ပိုးေတြကို အျပင္ကို မျပန္႔ေအာင္ကာကြယ္တာ  လို႔ အမ်ားက နားလည္ထားပါတယ္။ မွန္လည္းမွန္ပါတယ္။ သူတို႔ တပ္ဆင္တဲ့ နည္းက အေရာင္ရွိတဲ့ ဘက္ကို အျပင္မွာထားတပ္ပါတယ္။
ဒီေနရာမွာ အေတြးပိုနက္သူေတြက Surgical Mask ဆိုတာ ပိုးမႊားနဲ႔ အမႈန္ေတြ အျဖဴဘက္မ်က္ႏွာျပင္ကေန အစိမ္း ( သို႔မဟုတ္ အျပာ) ဘက္ကို မေရာက္ေအာင္တားဆီးေပးတယ္။ unidirectional filter ေပါ့။  အဲဒီေတာ့ ကိုယ္က အျပင္က အမႈန္ေတြကို ကိုယ့္ႏွာေခါင္းနဲ႔ပါးစပ္ထဲ မဝင္ေစခ်င္လ်င္ ေျပာင္းျပန္ျပန္တပ္ရမယ္။ ဒီေတာ့မွ အျဖဴကအျပင္ အစိမ္းကအတြင္းမွာေနေတာ့ ကိုယ္ရွဴသြင္းလိုက္တဲ့ ေလကို စစ္ထုတ္ကာကြယ္ေပးတယ္။
ေတြးလိုက္တာကေတာ့ အဟုတ္ပဲ။
ဒီလိုေတြးသူေတြ ေမ့ေနတာက Surgical Mask က တပ္ဆင္ထားသူ ဆရာဝန္ဆရာမ က်န္းမာေရး ဝန္ထမ္းေတြရဲ႕ ႏွာေခါင္းနဲ႔ ပါးစပ္ထဲကို ေရာဂါပိုးရွိတဲ့ ေသြးေတြ၊ လူနာရဲ႕ ခႏၶာကထြက္တဲ့ အရည္ေတြ မဝင္ေအာင္လည္းတာဆီးေပးတယ္ဆိုတာပါ။
ဟုတ္မဟုတ္သိဖို Surgical mask ေတြအေၾကာင္း အေထာက္အထားကေလးေတြ ရွာၾကည့္ၾကရေအာင္။

Face Maskေတြကို ဘာအတြက္သုံးၾကတာလဲ

ရည္႐ြယ္ခ်က္ ၂မ်ိဳးရွိပါတယ္။

၁. တပ္ဆင္ထားသူရဲ႕အသက္ရႈလမ္းေၾကာင္းနဲ႔ ပါးစပ္ထဲကို ျပင္ပ ပတ္ဝန္းက်င္က ဒုကၡေပးႏိုင္တဲ့ အရာေတြ (ဥပမာ အခိုးအေငြ႕၊ ဓါတ္ေငြ႕၊ အရည္၊ အမႈန္အမႊား၊ ေရာဂါပိုး တို႔ဆိုပါစို႔။) ဝင္မလာေအာင္ပါ။ respirator လို႔ေခၚၾကပါတယ္။ အျပင္ကဝင္တာကို စစ္ေပးတာပါ။ ေဘးႏႈတ္ခမ္းေတြက ေလလုံေနေအာင္ဝတ္ရပါတယ္။
၂. တပ္ဆင္ထားသူရဲ႕ ပါးစပ္နဲ႔ ႏွာေခါင္းထဲက အသက္ရွဴထုတ္လို႔၊ ႏွာေခ် ေခ်ာင္းဆိုးလို႔၊ စကားေျပာလို႔ထြက္လာတဲ့ တံေတြး၊ ႏွာရည္၊ တို႔နဲ႔ အတူ  ပါလာတဲ ေရာဂါပိုးေတြ အနားပတ္ဝန္းက်င္နဲ႔ သူတပါးဆီ ျပန္႔မသြားေအာင္ တားဆီးဖို႔ပါ။ Mask လို႔ေခၚၾကပါတယ္။ (အတြင္းကထြက္တာကို စစ္ေပးတာ) ဒါေပမယ့္ Mask ေတြဟာ အျပင္ကဝင္လာတဲ့ ေလကိုလည္း အမႈန္မႊားေတြမပါေအာင္စစ္ေပးပါေသးတယ္။ (အျပင္ကဝင္တာကို စစ္ေပးတာ)
Face mask Respirator နှုင်းယှဉ်ချက်

Mask နဲ႔ respirator  အမ်ိဳးမ်ိဳးရွိပါတယ္

ဖုန္ေတြ အမႈန္ေတြ၊ ဓါတုပစၥည္း၊ အရည္ အေငြ႕ေတြနဲ႔ အလုပ္လုပ္ရတဲ့ လုပ္ငန္းခြင္သုံးဖို႔ ထုတ္တာမ်ားပါတယ္။ ေလထဲကတဆင့္ျပန္႔ပြားတဲ့ ေရာဂါေတြ ျပန္႔ပြားကူးစက္တာကာကြယ္ ဖို႔က်န္းမာေရး ဌာနေတြမွာလည္းသုံးပါတယ္။


Face mask

ဆိုရာမွာ ႏွာေခါင္းနဲ႔ ပါးစပ္ကိုဖုံးထားတဲ့ မ်က္ႏွာေပၚမွာ သက္ေတာင့္သက္သာစြာ တပ္ဆင္ထားတဲ့အကာအကြယ္ပါ။ ဖုန္မရွဴမိေအာင္သုံးတဲ့ စကၠဴ Mask, အဝတ္နဲ႔ ခ်ဳပ္ထားတဲ့ Mask အျပင္ အမ်ားသိတာက Surgical mask ဆိုတဲ့ ေဆး႐ုံသုံး Mask ပါ။ အမ်ားအားျဖင့္ အစိမ္းနဲ႔ အျပာဆိုၿပီးလာပါတယ္။ က်န္းမာေရးဌာနေတြမွာ Dental Mask, Medical procedure mask, Isolation mask, Laser mask ဆိုတာေတြလည္းရွိေပမယ့္ Surgical Mask လို႔ပဲ လူသိမ်ားပါတယ္။
Surgical Mask

Surgical Mask များ

Surgical Mask တည္ေဆာက္ထားပုံ

တံဆိပ္နဲ႔ ထုတ္လုပ္သူေပၚလိုက္ၿပီး ကြာျခားမႈရွိပါတယ္။ ႏိုင္ငံအမ်ားစုမွာေတာ့ FDA လိုအဖြဲ႕ကလက္ခံထားတဲ့ စံႏႈန္းေတြနဲ႔ကိုက္ညီမွ ေဈးကြက္တင္လို႔ရပါတယ္။  အလႊာ သုံးလႊာပါ Fuid Repellent Surgical Mask (FRSM) ကိုေတာ့ အမ်ားစုက လက္ခံထားပါတယ္။ အရည္အေသြးကို particulate Filteration efficiency ( PFE)၊ Bacterial Filteration efficiency 9BFE)  ASTM F2101-01နဲ႔ air exchange တို႔နဲ႔ သတ္မွတ္စံႏႈန္းထားႏႈင္းယွဥ္တိုင္းတာပါတယ္။

၁. အလႊာသုံးလႊာပါ Filter အ႐ြက္၊
၂. သူ႔ရဲ႕ အေပၚဘက္ဆုံးနားမွာ ႏွာေခါင္းေဘးမွာ လြတ္မေနေအာင္ ျပန္ဖိေပးဖို႔ လိုသလို ပုံသြင္းလို႔ရတဲ့ သတၱဳေခ်ာင္း၊
၃. ေဘးမွာ နားကိုခ်ိန္ဖို႔ေမွ်ာ့ႀကိဳးကြင္း (သိူ႔) ေခါင္းကို ပတ္ခ်ည္ဖို႔ႀကိဳး တို႔ပါပါတယ္။


အလွှာသုံးလွှာ

အလႊာသုံးလႊာ
Filter သုံးလႊာ
၁. ပထမအလႊာ ( အတြင္းလႊာ) ကို ေပ်ာ့ေျပာင္းၿပီး အရည္အလြယ္တကူမစိုႏိုင္တဲ့ airlaid4 paper နဲ႔ လုပ္ထားပါတယ္၊ မ်က္ႏွာေပၚကအေမႊး၊ ေခြၽး၊ သြားရည္, ႏွာရည္ စတာေတြ Mask  အထဲကို မဝင္ေအာင္တားေပးပါတယ္။  တခ်ိ႕ကေတာ့အစိုဓါတ္ကိုစုပ္တယ္ဆိုပါတယ္။ 
၂. အလယ္လႊာ Filter ကေတာ့ ေရစိုခံ polypropylene ဆိုတဲ့ ပလတ္စတစ္အမွ်င္တမ်ိဳးကိုသုံးထားၿပီး လုပ္ထားပါတယ္။ ဘက္တီးရီးယား၊ ခႏၶာမွထြက္ေသာအရည္မႈန္ droplet မ်ား၊ မသန္႔ရွင္းေသာအမႈန္အမႊားမ်ားကို ရႈသြင္းတဲ့ေလထဲဆက္ပါမလာေအာင္ တားဆီးစစ္ထုတ္ဖို႔ပါ။
၃. တတိယအလႊာ ( အျပင္လႊာ) ကလည္း ေရစိုခံ polypropylene ဆိုတဲ့ ပလတ္စတစ္အမွ်င္ နဲ႔ လုပ္ထားၿပီး မသန္႔တဲ့ အရည္၊ ေသြး စတာေတြကို မ်က္ႏွာကိုစင္လာတဲ့ အခါ Mask ထဲကို ဝင္မလာေအာင္တားေပးဖို႔ပါ။ ဒါကအေရးႀကီးပါတယ္ Mask ေတြေရစိုလ်င္ အကာကြယ္ မေပးႏိုင္ေတာ့လို႔အသစ္လဲရပါတယ္။
https://www.chp.gov.hk/files/pdf/use_mask_properly.pdf 

ဒီတည္ေဆာက္ပုံအရ အလႊာ ၃ လႊာပါ Surgical mask ေတြမွာ စထုတ္ကတည္က ဘယ္အလႊာက အတြင္း ဘယ္အလႊာက အျပင္ဆိုတာ သတ္မွတ္ၿပီး တလႊာခ်င္းစီအတြက္ သုံးတဲ့ပစၥည္းကို စနစ္တက် ေ႐ြးခ်ယ္ထားပါတယ္။
လိုအပ္သလို အတြင္း အျပင္ေျပာင္းလွည့္ၿပီးသုံးလို႔ရတယ္ဆိုတဲ့ ေ႐ြးခ်ယ္စရာကို ဘယ္ထုတ္လုပ္သူကမွ်ေပးမထားပဲ  တပ္ဆင္ရမယ့္ ပုံစီကတခုည္းသာရွိတာကို ေတြ႕ရပါတယ္.
ေနာက္တခုကေတာ့ ေလကို အဓိက စစ္ထုတ္ေပးတဲ့ အလယ္လႊာက စစ္ထုတ္ပုံကို တဘက္သြား ( unidirectional filter) လို႔ ေဖၚျပထားတာ သတ္မွတ္ထားတာ လုံးဝ မရွိပါ။ အဲလို unidirectional filter ျဖစ္ေနခဲလ်င္ စက္႐ုံမွာ ဘက္မွားမခ်ဳပ္မိဖို႔ စနစ္တခုထားရပါေတာ့မယ္။ ဥပမာ မ်က္ႏွာျပင္ ၂ဘက္ အေရာင္နဲ႔ ခြဲျခားတာမ်ိဳး၊ ဒါေပမယ့္ အဲလို လုံးဝမရွိပါ။ ဆိုလိုတာကေတာ့ အလယ္လႊာက ေလကို ဘယ္ဘက္ကို ရႈသြင္းသြင္း  အတူတူပဲ စစ္ထုတ္ ကာကြယ္ေပးမွာပါ။

Surgical mask ကို ဘယ္ေနရာမွာသုံးၾကလဲ?

ရည္႐ြယ္ခ်က္မ်ိဳးစုံနဲ႔ သုံးပါတယ္။
အဓိကကေတာ့
၁. ေနမေကာင္းသူမ်ား သူတို႔ရဲ႕ ႏွာရည္ တံေတြးစသည္တို႔ထဲရွိ အသက္ရွဴလမ္းေၾကာင္းပိုးမ်ား ပတ္ဝန္းက်င္ကို  ျပန္႔ႏွံကူးစက္ျခင္းမွ ကာကြယ္ရန္ ဝတ္ဆင္သည္။  (ထြက္ေလကို စစ္ေပးတာ)
၂. က်န္းမာေရးဝန္ထမ္းမ်ား သူတို႔ရဲ႕ ႏွာရည္ တံေတြးစသည္တို႔ထဲရွိ ေရာဂါပိုးမ်ား သူတို႔ကုသေပးေန၊ ခြဲစိပ္ေပးေနေသာ လူနာေပၚသို႔ မေတာ္တဆ က်ေရာက္ ေရာဂါေရစခ်င္းမွ ကာကြယ္ရန္  (ထြက္ေလကို စစ္ေပးတာ)
၃. တပ္ဆင္ထားသူကို ေဘးျဖစ္ေစတတ္ေသာအရာမ်ား မွကာကြယ္ေပးရန္ ဥပမာ အမႈန္ အမႊားမ်ား၊ စင္ထြက္လာေသာ ေသြး၊ ခႏၶာမွထြက္ေသာအရည္မ်ား၊ မသန္႔ေသာ လက္ျဖင့္ မ်က္လုံး၊ ႏွာ ေခါင္း၊ ပါးစပ္တို႔ကို မေတာ္တဆကိုင္မိျခင္းမွ ကာကြယ္ရန္။ ( ဝင္ေလကို စစ္ေပးသည္)
 ဒီေနရာမွာ Surgical mask အနားေတြက respirator လို မ်က္ႏွာေပၚမွာ လုံေန ေစ့ေနေအာင္ ကပ္မေနတာေၾကာင့္ အသက္ရွဴလိုက္လ်င္ အဲဒီေဘးပတ္လည္ကေနလည္းေလဝင္ပါတယ္။ ေဘးကဝင္တဲ့ေလကိုေတာ့ Filter စစ္ေပးထားတာမဟုတ္လို႔ ပိုးေတြ အမႈန္ေတြ ရွဴသြင္းတဲ့ ေလနဲ႔ အတူပါလာႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္ရွဴလမ္းေၾကာင္းကကူးတဲ့ ေရာဂါေတြ မိမိကို မကူးေအာင္ ကာကြယ္မယ္ဆို Surgical mask က မလုံေလာက္ဘူးလို႔ ဆိုထာပါ။
ဒီေတာ့ Surgical mask  ကို က်န္းမာေရး ဝန္ထမ္းေတြ သုံးတာက သူတို႔ဆီကေရာဂါေရာဂါျပန္႔တာကို ကာကြယ္႐ုံသာမက သူတိုကိုကာကြယ္ဖို႔အတြက္လည္းသုံးတယ္ဆိုတာကိုေတြ႕ရပါတယ္။ ဒီေတာ့ Surgical mask ဟာ Bidirectional filter ႏွစ္ဘက္လုံးကဝင္လာတဲ့ အမႈန္ အမႊားေတြကို တားဆီးေပးတယ္လို႔ေတြ႕ရမွာ ျဖစ္ပါတယ္။

Surgical mask ကို ဘယ္လိုတပ္မလဲ ျဖဳတ္မလဲ

Mask ပဲျဖစ္ျဖစ္  respirator ပဲျဖစ္ျဖစ္ တပ္ဆင္ရာမွာသာမက သုံးၿပီးဖို႔ ျပန္ျဖဳတ္ရာမွာပါစနစ္တက် မွန္မွန္ကန္ကန္ လုပ္ႏိုင္မွ လိုအပ္တဲ့ ကာကြယ္မႈကိုေပးႏိုင္ပါတယ္။ ၂၀၀၃ ခုႏွစ္က SARS ေရာဂါ စတင္ခဲ့တဲ့ ၊ တုပ္ေကြးလည္း ႏွစ္တိုင္း အျဖစ္မ်ားလို႔ ကူစက္ေရာဂါကာကြယ္ေရးကို အလြန္ အေရးထားတဲ့ ေဟာင္ေကာင္ က်န္းမာေရးဌာနက တင္ထားတဲ့ Surgical mask ကို စနစ္တက်ဘယ္လိုတပ္တယ္ ျဖဳတ္မယ္ဆိုတာကိုေအာက္မွာတြဲထားပါတယ္.

Surgical mask တပ်ဆင်ပုံနဲ့ ဖြုတ်ပုံကို ဟောင်ကောင်းကျန်းမာရေးဌာနက တင်ထားတဲ့ ဗီဒီယိုကလေး ပါ





စကၤာပူက်န္းမာေရးဌာန Singhealth



N95 respirator အေၾကာင္း အျမည္း

N95 respirator ဆိုတာကေတာ့ မ်က္ႏွာေပၚမွာ ေဘးႏႈတ္ခမ္းေတြကေနေလဝင္ေပါက္မရွိေအာင္ ခပ္တင္းတင္း ဝတ္ဆင္ရပါတယ္။ သူ႔ရဲ႕ အတြင္းမ်က္ႏွာျပင္က ႏွာေခါင္း၊ ပါးစပ္တို႔နဲ႔ အကုန္ထိကပ္မေနပါဘူး၊ ရွဴသြင္းလိုက္တဲ့ ေလထဲမွာပါတဲ့ အမႈန္အမႊားမ်ား ( ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ အပါအဝင္ အ႐ြယ္ ၃ မိုင္ခ႐ြန္ထက္ႀကီးေသာ) ကို ၉၅ ရာႏႈန္းကို တားဆီးေပးတဲ့ respirator ကို N95 Respirator လို႔ေခၚပါတယ္။

Kimberly-Clark N95 Respirator


N95 Medical Respirator

အဲလို မ်က္ႏွာမွာ ေလလုံေအာင္ ကပ္ေနဖို႔ မ်က္ႏွာပုံမ်ိဳးစုံ အ႐ြယ္မ်ိဳးစုံနဲ႔ သင့္ေလွ်ာ္တဲ့ အ႐ြယ္မ်ိဳးစုံ ထုတ္ရပါတယ္။ ပုံစံလည္းမ်ိဳးစုံရွိပါတယ္။ respirator ေဘးႏႈတ္ခမ္းေတြမွာ အနားသတ္ပါတတ္ပါတယ္။
ဒိအျပင္တပ္ဆင္ထားတာ တကယ္လုံမလုံကို Fit test လုပ္ၿပီး စစ္ေဆးပါတယ္။ ဒါမွ ကိုယ္တပ္တာ မွန္မမွန္ တကယ္သိမွာပါ။



သူက အဝင္ေလကိုသာစစ္ထုတ္ေပးၿပီး အထြက္ေလကို ဘာမွမလုပ္ပါ။
ဘယ္ေလာက္ေလလုံလဲဆိုလ်င္ အသက္ရွဴသြင္းတဲ့ အခါ ေဖါင္းေနနဲ႔ respirator မ်က္ႏွာျပင္ခြက္ဝင္သြားၿပီး အသက္ရႈိထုတ္မွ ျပန္ေဖါင္းလာၿပီး respirator ေဘးေတြက ေန ေလထြက္သြားပါတယ္။ အသက္ရွဴလမ္းေၾကာင္း နဲ႔ ႏွလုံးေရာဂါရွိသူ ( ဥပမာ ပန္းနာရင္ၾကပ္) ေတြ တပ္ဆင္ထားလ်င္း အသက္ရွဴမဝဘဲဒုကၡေရာက္ပါတယ္။ ေဆး႐ုံနဲ႔ က်န္းမာေရးဌာနေတြမွာ အသက္ရွဴလမ္းေၾကာင္းကကူးစက္တတ္တဲ့ေရာဂါေတြ မကူးေအာင္ သုံးတာက တခါသုံး N95 respirator ပါ  N98 ဆိုတာလည္းရွိပါတယ္။

အဲဒီလိုေရာဂါေတြ မကူးေအာင္ တခါသုံး N95 respirator ေတြကိုသုံးတဲ့အခါ စနစ္တက်ဝတ္ဆင္ဖို႔လို႔သလို ျပန္ျဖဳတ္လ်င္လည္း စနစ္တက်ျဖဳတ္ၿပီး စနစ္တက် စြန္႔ပစ္မွ ေရာဂါကူးစက္ျပန္႔ပြားမႈကေနကာကြယ္ေပးပါတယ္။ N95 respirator လိုအပ္တဲ့ အေျခအေနဆိုလ်င္ Personal Protective Equipment (PPE) ဆိုတဲ့ ပစၥည္း အစုံကို စနစ္တက် အဆင့္အလိုက္ ဝတ္ရ၊ ျပန္ခြၽတ္ရ စြန္႔ပစ္ရပါတယ္။  N95 respirator တမ်ိဳးတည္းသုံး႐ုံနဲ႔ မလုံေလာက္တဲ့အတြက္ လူနာနဲ႔ လူထုၾကားမွာ သြားလားလႈပ္ရွားေနသူေတြအတြက္ အသုံးမတည့္ပါဘူး။ေဆး႐ုံေဆးခန္းေတြမွာေတာ့ Full PPE နဲ႔တြဲသုံးပါတယ္။




23-06-2019

မွတ္ခ်က္ ။

အကိုးကားေတြကို လင့္လုပ္ထားပါတယ္။ လင့္လုပ္ထားတဲ့ စာေပၚကိုမွ်ားထာက္ပါက လက္ပုံေျပာင္းသြားမ်ာျဖစ္ၿပီ အဲဒီလက္နဲ႔ ႏွိပ္လိုက္ပါက လင့္ကို ေရာက္သြားပါမယ္။

Surgical Mask တပ်ဆင်နည်း အမှားနဲ့ အမှန် (ယူနီကုဒ်)

Surgical Mask  တပ်ဆင်နည်း အမှားနဲ့ အမှန် (ယူနီကုဒ်) 


" Mask တပ်ထားတာ ကို ဖြုတ် ယူပြီး အစိမ်းကို အတွင်းဘက် အဖြူကို အပြင် ဘက် ပြန်တပ် ပေးတယ်.... ဆရာဝန်က ပြောတယ် အစိမ်း ကို အပြင်မှာ ထားရင် ကိုယ့်ဆီက ရောဂါ တွေ အခြားသူ ကိုကူးမှာ စိုးလို့တဲ့ အဖြူကို အပြင် မှာ ထားရင် အပြင်က အနံအသက် တွေ ရောဂါ တွေ မဝင်အောင် လို့ တဲ့."
လွဲတော့နေပြီ
ခက်တာက နာမယ်ကြီးဆေးရုံကြီးက ဆရာဝန်ကပြောတာ ဆိုတော့ ရှဲလိုက်ကြတာဝက်ဝက်ကွဲ။
အင်တာနက်မှာရှာရင်လည်း အဲလို အဖြူက အပြင်က၊ အစိမ်းက အပြင်ကလို့ ရေးထားတာတွေရှိနေတာကိုး။

အဲဒီလိုတပ်ရမယ်ဆိုတာ အထောက်အထားတကယ်ရှိသလား၊ Evidence Based ?

အကြောင်းအရာတခုကို လက်မခံမီ၊ လက်ဆင့်ဆက်မကမ်းမီ အမှန်အမှားဝေဘန်ကြည့်ရအောင်။
ခေတ်ကြီးကလည်း Evidence Based Medicine ဆိုတဲ့ အထောက်အထားကို အခြေခံတဲ့ ဆေးပညာကိုမှ လက်ခံကြတာလေ၊
တကယ်တော့ ဘုရားခေတ်ကတည်းက ကာလာမ သုတ္တန်မှာ ဝေဘန်စဉ်းစားဆင်ခြင်ပြီးမှ အယူအဆတခုကို လက်ခံဖို့ ဟောထားပြီးသားပါ။

ဆေးပညာဟုသုတနဲ့ ပတ်သက်လျင်

WHO လိုအဖွဲ့အစည်းတွေ၊ ဆေးတက္ကသိုလ်နဲ့ တွဲထားတဲ့ ဆေးရုံကြီးတွေ ၊ အစိုးရကျန်းမာရေးဌာနတွေ ( ဝက်ဘ်ဆိုဒ်လိပ်စာမှာ .gov, .edu, org, ac.uk စတာတွေနဲ့ ဆုံးတာတွေက ပိုယုံကြည်ရပါတယ်။ ဥပမာ
USA  က https://www.nih.gov/https://www.cdc.gov/,  https://www.mayoclinic.orghttps://www.cancer.org/, UK  က https://www.nhs.uk/,  စသည်တို့က အချက်အလက်တွေကိုတော့ သံသယဖြစ်စရာမရှိနိုင်ပါ။

အဲဒီလို အတွင်းအပြင် ပြောင်းတပ်တာ မှားတယ်ဆိုတဲ့ အထောက်အထားအကျဉ်း 

၁. နိုင်ငံအများစုမှာ သုံးနေတဲ့ သုံးလွှာပါ Surgical mask  တွေမှာ အပြင်ဆုံးလွှာနဲ့ အတွင်းလွှာတွေကို မတူညီတဲ့လုပ်ဆောင်မှုတွေအတွက် မတူတဲ့ ပစ္စည်းတွေကိုသုံးထားပါတယ်၊  အတွင်းနဲ့ အပြင်ပြောင်းသုံးလိုက်တာနဲ့ ဆိုင်ရာပစ္စည်းကို ရွေးချယ်သုံးရတဲ့ ဦးတည်ချက်ပျောက်သွားပါတယ်။
 ၂, တကယ် လေကို စစ်ပေးတဲ့ အလယ်လွှာကို စစ်ဆေးကြတဲ့ ဘယ်ဌာန၊ ဘယ်ထုတ်လုပ်သူကမှ unidirectional filter လို့ ဖေါ်ပြထားတာမရှိပါ။ဘယ်ဖက်ကလာတဲ့ အမှုန်အမွှားကို ဖြစ်ဖြစ် သူတတ်နိုင်သလောက် တားထားပါတယ်။
၃. Surgical mask က အရည် droplet နဲ့  အမှုန်မွှားတွေကို ကာကွယ်ဖို့သာဖြစ်ပြီး အငွေ့နဲ့အနံ့ကို မကာကွယ်ပါ။
၄. Surgical mask က အပြင်ကဝင်လာတဲ့ အမှုန်ကို စစ်ပေးတဲ့ နေရာမှာ ကာကွယ်မှုအနည်းငယ်ရနိုင်ပေမယ့် နှုတ်ခမ်း အနားတွေက မျက်နှာပေါ်မှာ လုံနေ စေ့နေအောင် ကပ်မနေတာကြောင့် mask နှူတ်ခမ်းဘေးတွေကတွေဝင်လာတဲ့ လေကို စစ်မပေးနိုင်တာပါ။ ဒါကြောင့်  ပြောင်းပြန်ပဲတပ်တပ် အတည့်ပဲတပ်တပ် filter လုပ်ပေးနိုင်တာကတော့ ပိုမထူးပါဘူး။
၅. တခုရှိတာက  ပြောင်းပြန်ပြောင်းပြီး အဖြူကို အပြင်ဘက်ထားတပ်လျင် စင်လာတဲ့ အရည်နဲ့ အရည်မှုန်တွေကို ကာကွယ်ပေးဖို့ လုပ်ထားတဲ့ အပြင်လွှာက အတွင်းဘက်ကို ရောက်သွားတာကြောင့် Surgical mask ရဲ့ ကာကွယ်ပေးနိုင်စွမ်းလျော့သွားပါတယ်။ mask ကိုအရည်စင်လာလျင် အလွယ်တကူစိုသွားနိုင်ပြီး စိုသွားတဲ mask  ကသူလုပ်ရမယ့် အလုပ်ကို မလုပ်နိုင်တော့ပါဘူး။
၆။ နိုင်ငံတကာ ကျန်းမာရေးဌာနတွေနဲ့ ပစ္စည်းထုတ်လုပ်သူတွေက လမ်းညွှန်ထားတာတွေကို ကြည့်လျင် အားလုံးက တပ်ဆင်ပုံတနည်းထဲကိုသုံးပါတယ်။ အရောင်ပါတာ အပြင်ဘက် ၊ အဖြူကအတွင်းပါ။ ဟိုဘက် ဒီဘက် လှည့်သုံးပါလို့ မပါပါ။

အချုပ်ရလျင်တော့ Surgical Mas ကိုတပ်လျင် စနစ်တကျ တပ်နည်းတမျိုးသာရှိပါတယ်။ ဘယ်ရည်ရွယ်ချက်နဲ့သုံးသုံး အရောင်ရှိတဲ့ မျက်နှာပြင်ကအပြင်၊အဖြူကအတွင်းဘက်ပါ၊ လုံးဝ မပြောင်းပါ။ မတူဘူးလို့ရေးနေသူတွေက သူတို့ ယူဆချက်ကိုရေးတာသာဖြစ်ပြီး ခိုင်မာတဲ့ အထောက်အထားလုံးဝမရှိသေးပါ။


မှန်ကန်သောSurgical Mask  တပ်ဆင်နည်းနဲ့ပြန် ဖြုတ်နည်

Mask ကို စနစ်တကျ တပ်ဆင်ပုံ အဆင့်ဆင့်

၁. Mask ကို လက်နဲ့ မထိမီလက် ၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။
၂. Mask ကို ဘူးထဲကထုတ်ပြီး မျက်နှာပြင် ၂ ဘက်လုံးမှာ အပေါက်အပြဲရှိမရှိစစ်ဆေးပါ။
၃, အပေါ်ဘက် အောက်ဘက်ကို သေချာကြည့်ပါ။ ကွေး၍ရသော သတ္တုချာင်းကလေးပါတဲ့ ဘက်က အပေါ်ဘက်ပါ။
၄. ဘယ်ဘက်က အတွင်းဘက်၊ အပြင်ဘက်ဆိုတာကို ကြည့်ပါ။ အရောင်ပါတဲ့ ဘက်က အပြင်ဘက်ဖြစ်ပြီး အဖြူရောင်ဘက်က မျက်နှာနဲ့ ထိတဲ့ အတွင်းဘက်ပါ။
၅. (က) နားကို ချိတ်တဲ့ သားရည်ကြိုးနဲ့ Mask ဖြစ်ပါကအဲဒီနားချိတ်ကြိုးကွင်း၂ခုကနေကိုင်ပြီး နားမှာဆွဲချိတ်ပါ။
(ခ) ကြိုးချည်ရသော Mask မျိုးဖြစ်ပါက Mask ကိုနှာခေါင်းပေါ်ရောက်အောင်အုပ်ပြီး အပေါ်ကြိုး ၂ ချောင်းကို ဆွဲကာ နောက်စေ့ အထက်မှာ ကွင်းလျှောချည်ပါ။
၆.  Mask အပေါ်ဘက်ကို နှာခေါင်းပေါ်မှာ ကပ်နေရန် နှာခေါင်းအရင်းပေါ်ရောက်နေတဲ့ သတ္တုချောင်းကို အသာညှစ်ပြီးပုံသွင်းပါ။
၇. ကြိုးချည်ရသော Mask မျိုးဖြစ်ပါကအောက်သိုင်းကြိုး ၂ချောင်းကို လည်ပင်းအနောက်မှာပတ်ချည်ပါ။
၈. Mask အောက်နားအစကပါးစပ်နဲ့ မေးစေ့ကို ဖုံးအောင် မေးအောက်ရောက်တဲ့အထိဆွဲချပါ။

Mask ကို စနစ်တကျ ဖြုတ်ပုံ အဆင့်ဆင့်

၁. Mask ကို လက်နဲ့ မထိမီလက် ၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။
Mask အရှေ့ အပြင်ဘက်မျက်နှာပြင်ဟာ မသန့်ရှင်းတော့တာကြောင့် လက်နဲ့ မထိမိအောင် အထူးသတိထားပါ။
၂. နားကို ချိတ်တဲ့ သာရည်ကြိုးနဲ့ Mask ဖြစ်ပါကအဲဒီနားချိတ်ကြိုးကွင်း၂ခုကနေကိုင်ပြီ အသာဆွဲဖြုတ်ကာမျက်နှာကနေ အဝေးကိုခွာထုတ်ပါ။
၃. ကြိုးချည်ရသော Mask မျိုးဖြစ်ပါက အောက်ဘက်ကကြိုးကို အရင်ဖြည်ပါ ပြီးမှ အပေါ်ဘက်ကကြိုးကို ဖြည်ပြီး မျက်နှာကနေ အဝေးကိုခွာထုတ်ပါ။
၄. Mask ကို အမှိုက်ပုံးထဲသို့ သေချာပစ်ပြီး လက်၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။

အဆိုပါ ဖေ့စ်ဘွတ် ဇာတ်လမ်းထဲကဆရာဝန်ရဲ့ မမှားသင့်တဲ့ အမှား

တခါသုံး mask ဆိုတာ ဖြုတ်ပြီးတာနဲ့ စနစ်တကျလွှင့်ပစ်ရပါတယ်၊
Mask ကို မျက်နှာမှာ တပ်လိုက်ရင် အသက်ရှူသွင်းတာနဲ့ လေထဲက အမှုန်အမွှားနဲ့ ပိုးတွေက အပြင်ဘက်ရောက်နေတဲ့ မျက်နှာပြင်မှာကပ်ကျန်တော့တာပါ (ဒီ ဇာတ်လမ်းမှာတော့ အစိမ်းဘက်ပေါ့) အလွန်သေးငယ်တဲ့အမှုန်တွေပဲ လေနဲ့အတူ ဖြတ်ဝင်သွားပါတယ်။
ဒါကို ဆရာဝန်က လူနာတပ်ထားတာမှားနေလို့ဆိုပြီး ပြန်ဖြုတ်၊ ပြောင်းပြန်လှန်ပြီး ပြန်တပ်ပေးလိုက်ရော။
အဲဒီမှာအစောပိုင်းတုန်းက အမှုန်နဲ့ပိုးတွေကပ်နေတဲ့ အစိမ်းဘက်က အတွင်းဘက်ကိုရောက် ပြီးလူနာပါးစပ်နဲ့ နှာခေါင်းကိုထိ၊ သူလည်းအသက်လည်းရှူသွင်းရော အဲဒီမျက်နှာပြင်မှာ အစောပိုင်းကစုဆောင်းထားသမျှ အမှုန်အမွှားနဲ့ပိုးတွေ ကို နှာခေါင်းထဲ တခါတည်းစုပ်သွင်းလိုက်တော့တာပါပဲ
စနစ်တကျ Mask  ဖြုတ်နည်းမှာ အဲဒီမျက်နှာပြင်ကို လက်နဲ့တောင် မထိအောင်သတိထားခိုင်းပါတယ်။
ဆရာဝန်က တကယ် ပညာပေးချင်ရင် လူနာသုံးနေတဲ့ mask ကိုဖြုတ်ပြီး အသစ်တခုပေးပါ။
အခုတော့ တကယ့် infection control procedure ရဲ့ အရိုးရှင်းဆုံးအခြခံကိုတောင် မသိဘူး
ဒါမှမဟုတ် အလေးမထားဘူး ဖြစ်သွားပါတယ်၊
ဒီလို ရောဂါကာကွယ်ရေး အခြေခံကိုတောင် မသိတဲ့ ဆရာဝန်ကပြောတဲ့ Mask တပ်နည်းကကော တကယ် မှန်ပါတော့မလား။

အထောက်အထား အသေးစိပ်ကို လေ့လာကြည့်ရအောင်

အဲဒီဆရာဝန်ပြောတယ်ဆိုတဲ့ Surgical Mask  တပ်နည်းအယူအဆရဲ့ အရင်းအမြစ်ကတော့ Surgical Mask ဆိုတဲ့ ခွဲစိပ်ခန်းသုံး နှာခေါင်းစည်းတွေရဲ့ တည်ဆောက်ပုံနဲ့ အလုပ်ပုံကို သေသေချာချာ မသိတာရယ် Surgical Mask ရဲ့ မူလ အစရယ်ကြောင့်လို့ ယူဆရပါတယ်။

Surgical Mask  ရဲ့ အစ

Surgical Mask ဆိုတာ ခွဲခန်းထဲမှာ နဲ့ ဆေးရုံဆေးခန်းတွေက procedure room တွေမှာ ဆရာဝန် ဆရာမတွေက ခွဲစိပ်တာ procedure တွေလုပ်  နေတုန်း စကားပြောကြ အသက်ရှု ထုတ် လုပ်ကြတဲ့ အခါ သူတို့ရဲ့ နှာခေါင်း ပါးစပ်တို့ထဲက နှာရည်နဲ့ တံတွေးအမှုန်တွေ နဲ့ အတူပိုးမွှားတွေ ခွဲစိပ်နေတဲ့နေရာ ကိုကျပြီး ရောဂါရတယ်။ အဲဒီတော့ ခွဲစိပ်မှု၊  procedures လုပ်နေတဲ့ နေရာဟာ ပိုးမွှားကင်းစင်တဲ့ ပတ်ဝန်းကျင်မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ခွဲခန်းတို procedure room တို့ထဲဝင်သူတွေအားလုံး နှာခေါင်းစည်း ခေါင်းစည်း ( ဆံပင်က အမှုန်မကျအောင်) တွေတပ်ကြရပါတယ်။
အဲဒီမှာ Surgical Mask ဆိုတာ တပ်ဆင်ထားသူထံက ပိုးတွေကို အပြင်ကို မပြန့်အောင်ကာကွယ်တာ  လို့ အများက နားလည်ထားပါတယ်။ မှန်လည်းမှန်ပါတယ်။ သူတို့ တပ်ဆင်တဲ့ နည်းက အရောင်ရှိတဲ့ ဘက်ကို အပြင်မှာထားတပ်ပါတယ်။
ဒီနေရာမှာ အတွေးပိုနက်သူတွေက Surgical Mask ဆိုတာ ပိုးမွှားနဲ့ အမှုန်တွေ အဖြူဘက်မျက်နှာပြင်ကနေ အစိမ်း ( သို့မဟုတ် အပြာ) ဘက်ကို မရောက်အောင်တားဆီးပေးတယ်။ unidirectional filter ပေါ့။  အဲဒီတော့ ကိုယ်က အပြင်က အမှုန်တွေကို ကိုယ့်နှာခေါင်းနဲ့ပါးစပ်ထဲ မဝင်စေချင်လျင် ပြောင်းပြန်ပြန်တပ်ရမယ်။ ဒီတော့မှ အဖြူကအပြင် အစိမ်းကအတွင်းမှာနေတော့ ကိုယ်ရှူသွင်းလိုက်တဲ့ လေကို စစ်ထုတ်ကာကွယ်ပေးတယ်။
တွေးလိုက်တာကတော့ အဟုတ်ပဲ။
ဒီလိုတွေးသူတွေ မေ့နေတာက Surgical Mask က တပ်ဆင်ထားသူ ဆရာဝန်ဆရာမ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ နှာခေါင်းနဲ့ ပါးစပ်ထဲကို ရောဂါပိုးရှိတဲ့ သွေးတွေ၊ လူနာရဲ့ ခန္ဓာကထွက်တဲ့ အရည်တွေ မဝင်အောင်လည်းတာဆီးပေးတယ်ဆိုတာပါ။
ဟုတ်မဟုတ်သိဖို Surgical mask တွေအကြောင်း အထောက်အထားကလေးတွေ ရှာကြည့်ကြရအောင်။

Face Maskတွေကို ဘာအတွက်သုံးကြတာလဲ

ရည်ရွယ်ချက် ၂မျိုးရှိပါတယ်။

၁. တပ်ဆင်ထားသူရဲ့အသက်ရှုလမ်းကြောင်းနဲ့ ပါးစပ်ထဲကို ပြင်ပ ပတ်ဝန်းကျင်က ဒုက္ခပေးနိုင်တဲ့ အရာတွေ (ဥပမာ အခိုးအငွေ့၊ ဓါတ်ငွေ့၊ အရည်၊ အမှုန်အမွှား၊ ရောဂါပိုး တို့ဆိုပါစို့။) ဝင်မလာအောင်ပါ။ respirator လို့ခေါ်ကြပါတယ်။ အပြင်ကဝင်တာကို စစ်ပေးတာပါ။ ဘေးနှုတ်ခမ်းတွေက လေလုံနေအောင်ဝတ်ရပါတယ်။

၂. တပ်ဆင်ထားသူရဲ့ ပါးစပ်နဲ့ နှာခေါင်းထဲက အသက်ရှူထုတ်လို့၊ နှာချေ ချောင်းဆိုးလို့၊ စကားပြောလို့ထွက်လာတဲ့ တံတွေး၊ နှာရည်၊ တို့နဲ့ အတူ  ပါလာတဲ ရောဂါပိုးတွေ အနားပတ်ဝန်းကျင်နဲ့ သူတပါးဆီ ပြန့်မသွားအောင် တားဆီးဖို့ပါ။ Mask လို့ခေါ်ကြပါတယ်။ (အတွင်းကထွက်တာကို စစ်ပေးတာ) ဒါပေမယ့် Mask တွေဟာ အပြင်ကဝင်လာတဲ့ လေကိုလည်း အမှုန်မွှားတွေမပါအောင်စစ်ပေးပါသေးတယ်။ (အပြင်ကဝင်တာကို စစ်ပေးတာ)
Face mask Respirator နှုင်းယှဉ်ချက်

Mask နဲ့ respirator  အမျိုးမျိုးရှိပါတယ်
ဖုန်တွေ အမှုန်တွေ၊ ဓါတုပစ္စည်း၊ အရည် အငွေ့တွေနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်သုံးဖို့ ထုတ်တာများပါတယ်။ လေထဲကတဆင့်ပြန့်ပွားတဲ့ ရောဂါတွေ ပြန့်ပွားကူးစက်တာကာကွယ် ဖို့ကျန်းမာရေး ဌာနတွေမှာလည်းသုံးပါတယ်။

Face mask

ဆိုရာမှာ နှာခေါင်းနဲ့ ပါးစပ်ကိုဖုံးထားတဲ့ မျက်နှာပေါ်မှာ သက်တောင့်သက်သာစွာ တပ်ဆင်ထားတဲ့အကာအကွယ်ပါ။ ဖုန်မရှူမိအောင်သုံးတဲ့ စက္ကူ Mask, အဝတ်နဲ့ ချုပ်ထားတဲ့ Mask အပြင် အများသိတာက Surgical mask ဆိုတဲ့ ဆေးရုံသုံး Mask ပါ။ အများအားဖြင့် အစိမ်းနဲ့ အပြာဆိုပြီးလာပါတယ်။ ကျန်းမာရေးဌာနတွေမှာ Dental Mask, Medical procedure mask, Isolation mask, Laser mask ဆိုတာတွေလည်းရှိပေမယ့် Surgical Mask လို့ပဲ လူသိများပါတယ်။
Surgical Mask

Surgical Mask များ

 Mask တွေကို ဗူးထဲကထုတ်ဖို့ ဗူးအပေါ်မှာ အပေါက်ဖေါက်ထားပြီး တခုချင်းဆွဲထုတ်လို့ရအောင် စီစဉ်ထားပါတယ်။ 
အရောင်ပါတဲ့ အပြင်ဘက်မျက်မှာပြင်က အပေါ်ဘက်ကဖြစ်လို့ ဆွဲယူတဲ့ အခါလက်နဲ့ ထိပေမယ့်ပြသမရှိပါ။ ကိုယ့်မျက်နှာနဲ့ ထိတဲ့  အဖြူဘက်ကို ဘာနဲ့မှ မထိဘဲဝတ်လို့ရအောင်လုပ်ထားတာပါ။
အရောင်နဲ့မျက်နှာပြင်ကို အတွင်းထားတပ်လိုက်လျင်တော့ လက်နဲ့ထိပြီး မသန့်တော့တဲ့ မျက်နှာပြင်က မိမိမျက်နှာမှာလာကပ်ပါလိမ့်မယ်။

Surgical Mask တည်ဆောက်ထားပုံ

တံဆိပ်နဲ့ ထုတ်လုပ်သူပေါ်လိုက်ပြီး ကွာခြားမှုရှိပါတယ်။ နိုင်ငံအများစုမှာတော့ FDA လိုအဖွဲ့ကလက်ခံထားတဲ့ စံနှုန်းတွေနဲ့ကိုက်ညီမှ ဈေးကွက်တင်လို့ရပါတယ်။  အလွှာ သုံးလွှာပါ Fuid Repellent Surgical Mask (FRSM) ကိုတော့ အများစုက လက်ခံထားပါတယ်။ အရည်အသွေးကို particulate Filteration efficiency ( PFE)၊ Bacterial Filteration efficiency 9BFE)  ASTM F2101-01နဲ့ air exchange တို့နဲ့ သတ်မှတ်စံနှုန်းထားနှုင်းယှဉ်တိုင်းတာပါတယ်။

၁. အလွှာသုံးလွှာပါ Filter အရွက်၊
၂. သူ့ရဲ့ အပေါ်ဘက်ဆုံးနားမှာ နှာခေါင်းဘေးမှာ လွတ်မနေအောင် ပြန်ဖိပေးဖို့ လိုသလို ပုံသွင်းလို့ရတဲ့ သတ္တုချောင်း၊
၃. ဘေးမှာ နားကိုချိန်ဖို့မျှော့ကြိုးကွင်း (သိူ့) ခေါင်းကို ပတ်ချည်ဖို့ကြိုး တို့ပါပါတယ်။
အလွှာသုံးလွှာ

Filter သုံးလွှာ
၁. ပထမအလွှာ ( အတွင်းလွှာ) ကို ပျော့ပြောင်းပြီး အရည်အလွယ်တကူမစိုနိုင်တဲ့ airlaid4 paper နဲ့ လုပ်ထားပါတယ်၊ မျက်နှာပေါ်ကအမွှေး၊ ချွေး၊ သွားရည်, နှာရည် စတာတွေ Mask  အထဲကို မဝင်အောင်တားပေးပါတယ်။  တချိ့ကတော့အစိုဓါတ်ကိုစုပ်တယ်ဆိုပါတယ်။ 
၂. အလယ်လွှာ Filter ကတော့ ရေစိုခံ polypropylene ဆိုတဲ့ ပလတ်စတစ်အမျှင်တမျိုးကိုသုံးထားပြီး လုပ်ထားပါတယ်။ ဘက်တီးရီးယား၊ ခန္ဓာမှထွက်သောအရည်မှုန် droplet များ၊ မသန့်ရှင်းသောအမှုန်အမွှားများကို ရှုသွင်းတဲ့လေထဲဆက်ပါမလာအောင် တားဆီးစစ်ထုတ်ဖို့ပါ။
၃. တတိယအလွှာ ( အပြင်လွှာ) ကလည်း ရေစိုခံ polypropylene ဆိုတဲ့ ပလတ်စတစ်အမျှင် နဲ့ လုပ်ထားပြီး မသန့်တဲ့ အရည်၊ သွေး စတာတွေကို မျက်နှာကိုစင်လာတဲ့ အခါ Mask ထဲကို ဝင်မလာအောင်တားပေးဖို့ပါ။ ဒါကအရေးကြီးပါတယ် Mask တွေရေစိုလျင် အကာကွယ် မပေးနိုင်တော့လို့အသစ်လဲရပါတယ်။
https://www.chp.gov.hk/files/pdf/use_mask_properly.pdf 

ဒီတည်ဆောက်ပုံအရ အလွှာ ၃ လွှာပါ Surgical mask တွေမှာ စထုတ်ကတည်က ဘယ်အလွှာက အတွင်း ဘယ်အလွှာက အပြင်ဆိုတာ သတ်မှတ်ပြီး တလွှာချင်းစီအတွက် သုံးတဲ့ပစ္စည်းကို စနစ်တကျ ရွေးချယ်ထားပါတယ်။
လိုအပ်သလို အတွင်း အပြင်ပြောင်းလှည့်ပြီးသုံးလို့ရတယ်ဆိုတဲ့ ရွေးချယ်စရာကို ဘယ်ထုတ်လုပ်သူကမျှပေးမထားပဲ  တပ်ဆင်ရမယ့် ပုံစံကတခုတည်းသာရှိတာကို တွေ့ရပါတယ်.
နောက်တခုကတော့ လေကို အဓိက စစ်ထုတ်ပေးတဲ့ အလယ်လွှာက စစ်ထုတ်ပုံကို တဘက်သွား ( unidirectional filter) လို့ ဖေါ်ပြထားတာ သတ်မှတ်ထားတာ လုံးဝ မရှိပါ။ အဲလို unidirectional filter ဖြစ်နေခဲလျင် စက်ရုံမှာ ဘက်မှားမချုပ်မိဖို့ စနစ်တခုထားရပါတော့မယ်။ ဥပမာ မျက်နှာပြင် ၂ဘက် အရောင်နဲ့ ခွဲခြားတာမျိုး၊ ဒါပေမယ့် အဲလို လုံးဝမရှိပါ။ ဆိုလိုတာကတော့ အလယ်လွှာက လေကို ဘယ်ဘက်ကို ရှုသွင်းသွင်း  အတူတူပဲ စစ်ထုတ် ကာကွယ်ပေးမှာပါ။

Surgical mask ကို ဘယ်နေရာမှာသုံးကြလဲ?

ရည်ရွယ်ချက်မျိုးစုံနဲ့ သုံးပါတယ်။
အဓိကကတော့
၁. နေမကောင်းသူများ သူတို့ရဲ့ နှာရည် တံတွေးစသည်တို့ထဲရှိ အသက်ရှူလမ်းကြောင်းပိုးများ ပတ်ဝန်းကျင်ကို  ပြန့်နှံကူးစက်ခြင်းမှ ကာကွယ်ရန် ဝတ်ဆင်သည်။  (ထွက်လေကို စစ်ပေးတာ)
၂. ကျန်းမာရေးဝန်ထမ်းများ သူတို့ရဲ့ နှာရည် တံတွေးစသည်တို့ထဲရှိ ရောဂါပိုးများ သူတို့ကုသပေးနေ၊ ခွဲစိပ်ပေးနေသော လူနာပေါ်သို့ မတော်တဆ ကျရောက် ရောဂါရေစချင်းမှ ကာကွယ်ရန်  (ထွက်လေကို စစ်ပေးတာ)
၃. တပ်ဆင်ထားသူကို ဘေးဖြစ်စေတတ်သောအရာများ မှကာကွယ်ပေးရန် ဥပမာ အမှုန် အမွှားများ၊ စင်ထွက်လာသော သွေး၊ ခန္ဓာမှထွက်သောအရည်များ၊  ပါးစပ်နဲ့ နျာခေါင်းထဲ စင်ပြီး မဝင်စေရန်၊ မသန့်သော လက်ဖြင့် မျက်လုံး၊ နှာ ခေါင်း၊ ပါးစပ်တို့ကို မတော်တဆကိုင်မိခြင်းမှ ကာကွယ်ရန်။ ( ဝင်လေကို စစ်ပေးသည်)
 ဒီနေရာမှာ Surgical mask အနားတွေက respirator လို မျက်နှာပေါ်မှာ လုံနေ စေ့နေအောင် ကပ်မနေတာကြောင့် အသက်ရှူလိုက်လျင် အဲဒီဘေးပတ်လည်ကနေလည်းလေဝင်ပါတယ်။ ဘေးကဝင်တဲ့လေကိုတော့ Filter စစ်ပေးထားတာမဟုတ်လို့ ပိုးတွေ အမှုန်တွေ ရှူသွင်းတဲ့ လေနဲ့ အတူပါလာနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကကူးတဲ့ ရောဂါတွေ မိမိကို မကူးအောင် ကာကွယ်မယ်ဆို Surgical mask က မလုံလောက်ဘူးလို့ ဆိုထာပါ။
ဒီတော့ Surgical mask  ကို ကျန်းမာရေး ဝန်ထမ်းတွေ သုံးတာက သူတို့ဆီကရောဂါရောဂါပြန့်တာကို ကာကွယ်ရုံသာမက သူတိုကိုကာကွယ်ဖို့အတွက်လည်းသုံးတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီတော့ Surgical mask ဟာ Bidirectional filter နှစ်ဘက်လုံးကဝင်လာတဲ့ အမှုန် အမွှားတွေကို တားဆီးပေးတယ်လို့တွေ့ရမှာ ဖြစ်ပါတယ်။

Surgical mask ကို ဘယ်လိုတပ်မလဲ ဖြုတ်မလဲ

Mask ပဲဖြစ်ဖြစ်  respirator ပဲဖြစ်ဖြစ် တပ်ဆင်ရာမှာသာမက သုံးပြီးဖို့ ပြန်ဖြုတ်ရာမှာပါစနစ်တကျ မှန်မှန်ကန်ကန် လုပ်နိုင်မှ လိုအပ်တဲ့ ကာကွယ်မှုကိုပေးနိုင်ပါတယ်။ ၂၀၀၃ ခုနှစ်က SARS ရောဂါ စတင်ခဲ့တဲ့ ၊ တုပ်ကွေးလည်း နှစ်တိုင်း အဖြစ်များလို့ ကူစက်ရောဂါကာကွယ်ရေးကို အလွန် အရေးထားတဲ့ ဟောင်ကောင် ကျန်းမာရေးဌာနက တင်ထားတဲ့ Surgical mask ကို စနစ်တကျဘယ်လိုတပ်တယ် ဖြုတ်မယ်ဆိုတာကိုအောက်မှာတွဲထားပါတယ်.

Surgical mask တပ်ဆင်ပုံနဲ့ ဖြုတ်ပုံကို ဟောင်ကောင်းကျန်းမာရေးဌာနက တင်ထားတဲ့ ဗီဒီယိုကလေး ပါ




စင်္ကာပူကျန်းမာရေးဌာန Singhealth



N95 respirator အကြောင်း အမြည်း

N95 respirator ဆိုတာကတော့ မျက်နှာပေါ်မှာ ဘေးနှုတ်ခမ်းတွေကနေလေဝင်ပေါက်မရှိအောင် ခပ်တင်းတင်း ဝတ်ဆင်ရပါတယ်။ သူ့ရဲ့ အတွင်းမျက်နှာပြင်က နှာခေါင်း၊ ပါးစပ်တို့နဲ့ အကုန်ထိကပ်မနေပါဘူး၊ ရှူသွင်းလိုက်တဲ့ လေထဲမှာပါတဲ့ အမှုန်အမွှားများ ( ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် အပါအဝင် အရွယ် ၃ မိုင်ခရွန်ထက်ကြီးသော) ကို ၉၅ ရာနှုန်းကို တားဆီးပေးတဲ့ respirator ကို N95 Respirator လို့ခေါ်ပါတယ်။

Kimberly-Clark N95 Respirator


N95 Medical Respirator

အဲလို မျက်နှာမှာ လေလုံအောင် ကပ်နေဖို့ မျက်နှာပုံမျိုးစုံ အရွယ်မျိုးစုံနဲ့ သင့်လျှော်တဲ့ အရွယ်မျိုးစုံ ထုတ်ရပါတယ်။ ပုံစံလည်းမျိုးစုံရှိပါတယ်။ respirator ဘေးနှုတ်ခမ်းတွေမှာ အနားသတ်ပါတတ်ပါတယ်။
ဒိအပြင်တပ်ဆင်ထားတာ တကယ်လုံမလုံကို Fit test လုပ်ပြီး စစ်ဆေးပါတယ်။ ဒါမှ ကိုယ်တပ်တာ မှန်မမှန် တကယ်သိမှာပါ။


သူက အဝင်လေကိုသာစစ်ထုတ်ပေးပြီး အထွက်လေကို ဘာမှမလုပ်ပါ။
ဘယ်လောက်လေလုံလဲဆိုလျင် အသက်ရှူသွင်းတဲ့ အခါ ဖေါင်းနေနဲ့ respirator မျက်နှာပြင်ခွက်ဝင်သွားပြီး အသက်ရှိုထုတ်မှ ပြန်ဖေါင်းလာပြီး respirator ဘေးတွေက နေ လေထွက်သွားပါတယ်။ အသက်ရှူလမ်းကြောင်း နဲ့ နှလုံးရောဂါရှိသူ ( ဥပမာ ပန်းနာရင်ကြပ်) တွေ တပ်ဆင်ထားလျင်း အသက်ရှူမဝဘဲဒုက္ခရောက်ပါတယ်။ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ အသက်ရှူလမ်းကြောင်းကကူးစက်တတ်တဲ့ရောဂါတွေ မကူးအောင် သုံးတာက တခါသုံး N95 respirator ပါ  N98 ဆိုတာလည်းရှိပါတယ်။

အဲဒီလိုရောဂါတွေ မကူးအောင် တခါသုံး N95 respirator တွေကိုသုံးတဲ့အခါ စနစ်တကျဝတ်ဆင်ဖို့လို့သလို ပြန်ဖြုတ်လျင်လည်း စနစ်တကျဖြုတ်ပြီး စနစ်တကျ စွန့်ပစ်မှ ရောဂါကူးစက်ပြန့်ပွားမှုကနေကာကွယ်ပေးပါတယ်။ N95 respirator လိုအပ်တဲ့ အခြေအနေဆိုလျင် Personal Protective Equipment (PPE) ဆိုတဲ့ ပစ္စည်း အစုံကို စနစ်တကျ အဆင့်အလိုက် ဝတ်ရ၊ ပြန်ချွတ်ရ စွန့်ပစ်ရပါတယ်။  N95 respirator တမျိုးတည်းသုံးရုံနဲ့ မလုံလောက်တဲ့အတွက် လူနာနဲ့ လူထုကြားမှာ သွားလားလှုပ်ရှားနေသူတွေအတွက် အသုံးမတည့်ပါဘူး။ဆေးရုံဆေးခန်းတွေမှာတော့ Full PPE နဲ့တွဲသုံးပါတယ်။


Dr Aung
23-06-2019

မှတ်ချက် ။
အကိုးကားတွေကို လင့်လုပ်ထားပါတယ်။ လင့်လုပ်ထားတဲ့ စာပေါ်ကိုမျှားထာက်ပါက လက်ပုံပြောင်းသွားမှာဖြစ်ပြီ အဲဒီလက်နဲ့ နှိပ်လိုက်ပါက လင့်ကို ရောက်သွားပါမယ်။

သိချင်တာ၊ မေးချင်တာ၊ ဘဝင်မကျတာရှိလျင် အောက်မှာ မန့်သွားလို့ရပါတယ်။

Sunday, 27 July 2014

ေဖစ့္ဘြတ္မွာရွဲေနၾကတဲ့ EV-71 ( Enterovirus 71) ဗုိင္းရပ္စ္



Myanmaalinn's Facebook Wall

ျမန္မာကေလးငယ္မ်ားပါ သတိျပဳရမည့္ EV-71 ဗုိင္းရပ္စ္
===============================


က ်န္းမာေရးပညာေပး ေတြ ေနာက္ဆံုးေပၚသတင္းေတြ ဖတ္ရတာေကာင္းပါသည္။ Sharing is caring ဆိုေပမဲ့ ကိုယ္ share တဲ့ အေၾကာင္း အရာက အေျခအျမစ္ရွိ မရွိ ပထမဆံုး စံုစမ္း သင့္ပါတယ္၊ ဘာမွ share တာက အမွားေတြ share ၿပိး လူေတြ စိုးရိမ္ေသာကေရာက္တာ ေတြးအေခၚ အယူအဆမွားေတြ ကုန္တာ ထက္ အမ ်ားႀကီး ပိုေကာင္းတယ္လို႕ယံုၾကည္ပါတယ္။ ေဖ့ဘြတ္မွာ ေကာလဟာလေတြကို ပညာရွင္တခ်ိဳ႕ကပါေသခ ်ာမစံုစမ္းဘဲ အလြယ္တကူ share ေနတာ တြ႔ေနရတာစိတ္မေကာင္းပါ။  
 ဒီ https://www.facebook.com/expresstimes/photos/a.186609698111917.33338.114598908646330/557019877737562/?type=1  ေဆာင္းပါးကေတာ့ပညာ ေပး ဗဟုသုတ ပါသလို  သတင္းအမွားေလးလဲေရာပါလာပါတယ္။ ဒီ EV virus 71 ( entreovirus 71) outbreak ထုိင္းႏွင့္ ကေမၻာဒီးယားႏုိင္ငံေတြမွာ လတ္တေလာ ျဖစ္ေနတဲ့သတင္းေတြ ဘယ္မွာမွ ရွာ မေတြ႔ပါ။ တကယ္ျဖစ္ခဲ့တာ ၂၀၁၂ ်ဴ လိုင္ကပါ၊ ၂၀၁၄ မဟုတ္ပါ။ ႏွစ္ၾကာပါၿပီ။ ကမၻာ့က်န္းမာေရးအဖဲြ႕ႏွင့္ ကေမၻာဒီးယား က်န္းမာေရး ၀န္ႀကီးဌာနတို႔က ေၾကညာခဲ့ တာေတြဒီမွာဖတ္ႏိုင္ပါတယ္ http://www.who.int/csr/don/2012_07_09/en/ http://www.who.int/csr/don/2012_07_13/en/ http://www.cdcmoh.gov.kh/images/Document/Press%20Release/Other/UnknowDisease_PressRelease_En%2004%20Jul%202012.pdf http://www.nationmultimedia.com/national/Deadly-Enterovirus-71-strain-found-in-2-year-old-g-30186712.html ကေမၻာဒီးယားႏုိင္ငံ က ်န္း မာေရးဝန္ ႀကိး ဌာနမွ လတ္တေလာ ကူးစက္ေရာဂါနဲ႕ပတ္သက္တဲ့ေၾက ျငာခ ်ကိေတြမွာ ဒီေရာဂါမပါေတာ့ပါ http://www.cdcmoh.gov.kh/press-release/other-disease ကမၻာ့က်န္းမာေရးအဖဲြႀကီးရဲ့ ၂၀၁၄ ကူးစက္ေရာဂါသတိေပးခ ်က္ေတြ ထဲမွာလဲမပါပါ၊ ဒီမွာဖတ္ႏိုင္ပါတယ္ http://www.who.int/csr/don/archive/year/2014/en/

EV-71 ဗိုင္းရပ္စ္ေၾကာင့္ ေျခ၊ လက္ႏွင့္ ပါးစပ္မ်ားတြင္ ျဖစ္ပြားသည့္ (Hand,Foot and Mouth Disease(HFMD)) ေရာဂါ ကကၽြဲႏြားေတြမွာျဖစ္တဲ့ Foot and Mouth Disease ( Anthrax ) နဲ႔ဘာမွမဆိုင္ပါ။ ဆင္တူေရာဂါလကၡဏာေတြက Entero virus 71 ထက္ Coxsackievirus subgroup, Coxsackievirus A16. Coxsackievirus A5, A7, A9, A10, B2 and B5, ေတြေၾကာင့္ျဖစ္တာမ်ားၿပိး ်ားေသာအားျဖင့္ မျပင္းထန္ပါ။ အမ ်ားစု သူ႔ဟာသူေပ ်ာက္ၿပီး ေရာဂါျဖစ္ေနတဲ့ တပတ္အတြင္း အနာသက္သာေအာင္၊ အစာေရစာဝင္ေအာင္နဲ႔ အဖ ်ားအတြက္ ပဲေဆးေပးရတာမ ်ားပါတယ္။ လူႀကီးေတြျဖစ္ရင္ေတာ့လမး္ေလ ွ်ာက္ရင္ေတာင္နာပါတယ္။ ႏွာ ရည္၊ တံေတြး၊ ဝမ္း အနာအရည္ေတြ ကေနကူးစက္တာမို႕ ႏွာေခ ်၊ ေခ ်ာင္းဆုိး၊ ႏွာ ရည္၊ တံေတြး၊ ဝမ္း အနာအရည္ေတြ ကုိ တုိကိ ရိုက္ ျဖစ္ေစ၊ ေပေနတဲ့အရာေတြ ထိကုိင္တာ ကျဖစ္ေစ၊ စားမိတာကျဖစ္ေစ ကူးပါတယ္။ EV-71 ကေတာ့ ပိုဆိုးဝါးတဲ့ ေရာ ဂါလကၡဏမ်ား တခါတရံ ေပးတတ္ၿပီးတခါတရံ အသက္အႏၱရာယ္ ပါေပး တတ္ပါတယ္။ http://www.cdc.gov/features/handfootmouthdisease/
http://www.patient.co.uk/health/hand-foot-and-mouth-disease-leaflet
တခ ်ိဳ႔ ႏုိင္ငံေတြ မွာေတာ့ ဒီ ေရာဂါျဖစ္တဲ့ကေလး ( ၁၂ႏွစိေအာက္) ေဆးခြင့္တပတ္ေပး၊ ၁၂ႏွစိေအာက္ ညီကိုေမာင္ႏွမ ေတြေစာင့္ၾကည့္ကာလ ေဆးခြင့္ ၃ရက္ ေပးရပါတယ္။ အတန္းထဲမွာထပ္မျပန္႔ ေအာင္ပါ၊ shopping mall တို႔၊ ကစားကြင္းတုို႔ ေခၚမသြား ဘို႔ လဲ ေျပာ ရပါတယ္။ တပတ္အ တြငိးတတန္းထဲ ကေလးႏွစ္ ေယာက္နဲ႔အထက္ ေရာဂါျဖစ္ရင္ေတာ့ အတန္းကိုတပတ္ပိတ္ၿပီး က ်န္းမာေရး ဌာနကသန္႔ရွင္းမွဳသြားစစ္ရပါတယ္။ ေရာဂါကူးစက္မွဳမ ်ားလာရင္ ေက ်ာင္းသားငယ္ ရွိတဲ့ေက ်ာင္းေတြမွာ ေက ်ာင္း ဝင္းအဝင္ဝကေနက ေလးတိုင္း အဖ ်ားတိုင္း (အနီေအာက္ေရာင္ခ ်ည္နဲ႔ေရျပားမထိဘဲတိုင္းတာပါ) ်ားရင္တခါထဲျပန္လႊတ္၊ မဖ ်ားရင္လဲ ပိုးသတ္ေဆးပါတဲ့ဆပ္ျပာရည္ လက္ထဲတခါထဲထဲ့ေပးၿပိးလက္ေဆးၿပီးမွေက ်ာင္း ဝင္းထဲေပးဝင္ ပါတယ္။ ဆရာဆရာမေတြအလွဲ့က ်ေပါ့။ က ်ာင္း တိုင္း လက္ေဆးကန္နဲ႔ ဆပ္ျပာရည္ အလံုအေလာက္ထားေပးရပါတယ္။ ဒီေရာဂါကို ဒီမွာေတာ့ ေန႕တဒူဝလိုေတြ႕ေနရၿပိး အမ်ားစုကမစိုးရိမ္ရပါ။ အစာေရစာမဝင္ရင္၊ နဲနဲ ေခြေနရင္၊ အဖ်ားသိပ္ႀကီး လို႔ တျခား လကၡဏေတြ (အသက္ ရွဴ ၾကပ္တာ ေျခလက္ေတြေပ ်ာ႔ေခြ အားနဲတာ) ရွိၿပီးစိတ္မခ ်ရင္ေတာ့ေဆးရံုတင္ ေစာင့္ၾကည့္ပါတယ္။ ကေလးငယ္မ်ား၏ တစ္ကုိယ္ေရသန္႔ရွင္းေရး ကေတ့ေရးအႀကီးဆံုးပါ။ ေရာဂါျပန္႔ပြားေနခ်ိန္မွာေတာ့ကေလးငယ္ေတြကိုလူသိပ္မ်ားတဲ့ေနရာတို႔၊ shopping mall တို႔၊ ကစားကြင္းတုို႔ ေခၚမသြားတာေကာင္းပါတယ္။ ကိုယ္ခံအားေကာင္းဘို႔ အစားအစာ၊ အအိပ္ အေန ဂရုစိုက္တာေကာင္းပါတယ္။ အခုေခတ္ကေလးေတြမိဘနဲ႔အတူ တီဗြီၾကည့္ျပိးအိပ္ရာဝင္ေနာက္က ၾကတာ မေကာင္းပါ။