Sunday 22 May 2016

စေတနာနဲ့ ဆေးညွှန်းကြသည် သို့သော်…(ယူနီကုဒ်)

စေတနာနဲ့ ဆေးညွှန်းကြသည် သို့သော်….
တိုင်းရင်းဆေးဖြစ်ဖြစ် အနောက်တိုင်းဆေးဖြစ်ဖြစ်၊ အချင်းချင်း ဆေးနည်းတွေ မျှဝေကြတာ၊ ဆေးညွှန်းကြတာတွေဟာ စေတနာဆိုတာ ငြင်းစရာ လုံးဝမရှိ အားလုံးသိကြပါ တယ်။
ဒါပေမဲ့ ဖြစ်တဲ့ရောဂါ အကြောင်းလဲ ဂဃနဏမသိ၊
ကိုယ်ညွန်းတဲ့ ဆေးအကြောင်းလဲ သေသေချာချာ မသိဘဲ ညွှန်းတော့ စေတနာက ဝေဒနာဖြစ်စေတာ အများသဘောပေါက်စေချင်ပါတယ်။
တိုင်းရင်းဆေးဖြစ်ဖြစ် အနောက်တိုင်းဆေးဖြစ်ဖြစ်၊ ဘေးထွက်ဆိုးကျိုးတွေ ရှိတာမို့လို၊  ဘေးထွက်ဆိုးကျိုး ကြောင့်ဖြစ်စေ၊ အနာနဲ့ဆေးမတဲ့လို့ ဖြစ်စေ၊ အနာနဲ့ဆေးလွဲနေတာကို အဟုတ်မှတ်ကုနေလို့ ကုထုံးအမှန်ကို အချိန်မှီမရဘဲ အခါနှောင်းလို့ ဖြစ်စေ၊ လူနာခမျာ ဒူက္ခရောက်နိုင် တာကို သတိချပ်စေချင်ပါတယ်

ဥပမာ သမားကောင်းတယောက် ထံမှာ လူနာ ဘာဖြစ်လို့၊ ဆေးပေးပါလို့ သွားတောင်းရင်  အလွယ်တကူပေးမှာ မဟုတ်ဘဲ ရောဂါ  လက္ခဏာတွေကို သေချာမေး၊ ဖြစ်နိုင်ရင် သေချာ စမ်းသပ်ပြီးမှဆေးပေးပါတယ် ။
လက္ခဏာတွေ တူသော်လဲ ဇစ်မြစ်မတူတဲ့ရောဂါတွေအတွက် ကုထုံးလဲ မတူလို့ပါ။
လက္ခဏာတွေ တူသော်လဲ ဇစ်မြစ်မတူတဲ့ရောဂါတွေအတွက် ကုထုံးလဲ မတူလို့ပါ။
ဆေးဆရာတွေတောင် ဆေးကို အဲဒီလို ရမ်းပေး မှန်းပေး မလုပ်ရင် ရောဂါ အကြောင်း ဆေးအကြောင်း သေသေချာချာ မသိသူတွေက ဆေးကို အဲဒီလို တဆင့်ကြား ဗဟုသုတလေးနဲ့ ညွှန်းသင့်ပါသလားခင်ဗျာ။
အဲဒီ စေတနာ ကိုဘေးဖယ်ထားလိုက်ရင် အဲဒီလိုဆေးနည်းမျှဝေတာဟာ ရမ်းကုဆေးကုတာဘဲ မဟုတ်ပါလားဗျာ။
ကွမ်းယာဆိုင်က ဆေးစပ်ပေးတာနဲ့၊ ရောဂါ အကြောင်း ဆေးအကြောင်း သေသေချာချာ မသိဘဲ ဆေးညွှန်းတာ၊ စေတနာနဲ့ ရည်ရွယ်ချက်တွေ လုံးဝကွဲပြားသော်လဲ ၊
လုပ်ရပ်ရဲ့ အရည်အသွေးနဲ့ ရလာဒ်ကတော့ သွားတူပါကြောင်း၊
စေတနာနဲ့ပေမဲ့ ရောဂါ အကြောင်း ဆေးအကြောင်း ဂဃနဏ မသိလျင် တိုင်းရင်းဆေးဖြစ်ဖြစ် အနောက်တိုင်းဆေးဖြစ်ဖြစ်၊
အချင်းချင်း ဆေးနည်းတွေ မျှဝေကြတာ၊ ညွှန်းကြတာ မလုပ်သင့်ပါကြောင်း၊ ဆင်ခြင်နိုင်ကြဖို့ နှိုးဆော်ပါရစေ ဆွေမျိုးတို့ရေ။
လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်၊

အောက်ကအကိုးအကားလေးကို

http://gilgamesh-blog.blogspot.com/2009/02/blog-post_10.htmlhttp://gilgamesh-blog.blogspot.com/2009/02/blog-post_10.html မှကောက်နှုတ်ထားပါသည်။


No comments:

Post a Comment