အိမ်အပြင်ထွက်မယ်ဆိုလျင် နှာခေါင်းစည်းတပ်ပါ။
အမေရိကားနဲ့
ဥရောပနိုင်ငံတွေမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်မှုနဲ့သေဆုံးမှူ
အလွန်များလာချိန်မှာ အမေရိကန်နိုင်ငံ
ရောဂါထိန်ချုပ်ရေး ဌာန CDC နဲ့ အခြားနိုင်ငံအများပြားတို့က ကျန်းမာရေးဌာနများက နှာခေါင်းစည်းနဲ့ပတ်သက်တဲ့
အကြံပေးချက် အသစ်ထုတ်ပါတယ်။
(၁) နှာစေးချောင်းဆိုးသူမှ မဟုတ် ဘယ်လိုနှာခေါင်းစည်းဖြစ်ဖြစ် တခုခုသုံးပြီး အုပ်ကာထားကြဖို့ပါ။
တချို့နိုင်ငံတွေမှာ မတပ်မနေရလို့ သတ်မှတ်တယ်ဆိုပါတယ်။ အပြင်ထွက်သူတိုင်း
ပါးစပ်နှင့် နှာခေါင်းကို
အသက် ၂
နှစ်အောက်ကလေးတွေကိုတော့ အသက်ရှုရခက်မှာ ၊ လိုအပ်လာလျင် သူ့တို့ဖာသာ ဖြုတ်လို့မရမှာစိုးလို့
တပ်မပေးပါနဲ့လို့ဆိုပါတယ်။
သို့သော်
ပါးစပ်နဲ့နှာခေါင်းကိုကာထားရုံနဲ့မလုံလောက်ပါ။
နှာခေါင်းစည်းနဲ့အတူ
အောက်ပါတို့ကိုတွဲပြီး ကျင့်သုံးရပါမယ်။
(၁) လူတဦးနဲ့တဦး
ခပ်ခွာခွာနေပါ ။ ဖြစ်နိုင်တဲ့အခြေအနေတိုင်းမှာ တဦးနဲ့တဦး ၂မီတာအကွာ၊ ၆ ပေအကွာခြားပါ။
(၂) လက်ကိုမကြာခဏ
ရေနဲ့ ဆပ်ပြာသုံးပြီးစနစ်တကျဆေးပါ။ ရေမရလျင် အရက်ပျံလက်ပိုးသတ်ဆေးရည် Hand
sanitizer ဖြင့်ပိုးသတ်ပါ။
ပြန်လျှော်ဖွပ်သုံးလို့ရသော
အဝတ်နှာခေါင်းစည်းမျိုး၊ ပဝါလို ပစ္စည်းမျိုးကိုသာသုံးပြီး Surgical mask တို့ N95 Respirator တွေကိုတော့ သာမန်သူတွေထက်ပိုလိုအပ်တဲ့၊ ကျန်းမာရေးဝန်ထမ်းများ သုံးဖို့
သာထားပေးဖို့ လည်း မေတ္တာရပ်ခံထားပါတယ်။
ဘာကြောင့် ဒီလိုအကြံပေးချက်ပြောင်းလာရတာလဲ။
ထိုသူအနေနဲ့ နေမကောင်းခြင်းလက္ခဏာများမရှိသော်လည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ဖြစ်နေနိုင်ပြီး
သူအသက်ရှူထုတ်သောလေမှ၊ စကားပြောစဉ်ထွက်လာသောတံတွေးအမှုန်များမှ လည်း
ဗိုင်းရပ်စ်များ အခြားသူများထံကို ပျံ့နှံ့မှု ရှိနေနိုင်ပါတယ်။
အဲဒါကြောင့်
လူတွေကြားထဲမှာသွားလာနေသူအချင်းချင်းကြားဗိုင်းရပ်စ် ကူးစက်ပျံ့ပွားခြင်းမှ
ကာကွယ်ရန်၊ အရင်က အကြံပြုထားသလို နှာစေးချောင်းဆိုးသူမှ မဟုတ်တော့ဘဲ အပြင်ထွက်သူတိုင်း ပါးစပ်နှင့် နှာခေါင်းကို ဘယ်လိုနှာခေါင်းစည်းဖြစ်ဖြစ်
တခုခုသုံးပြီး အုပ်ကာထားကြဖို့ အမေရိကန် နိုင်ငံ ရောဂါထိန်းချုပ်ရေး ဌာန CDC နဲ့ အခြားနိုင်ငံအများပြားတို့က
ကျန်းမာရေးဌာနများက အကြံပေးတာပါ။
ဒီလိုတပ်ထားခြင်းက
မိမိကိုသူတပါးဆီကဗိုင်းရပ် ကူးစက်မခံရအောင် ကာကွယ်တာမျိုးမဟုတ်ဘဲ မိမိထံက
သူတပါးဆီမပျံ့အောင်ရည်ရွယ်ကာကွယ်တာသာဖြစ်လို့
အဝတ်နဲ့ချုပ်တဲ့ နှာခေါင်းစည်း၊ ပြန်လျှော်လို့ရတဲ့
နှာခေါင်းစည်းမျိုးစုံ၊ ပုဝါစ စသည်ကိုလည်းသုံးလို့ရပါတယ်။
နိုင်ငံတကာမှာ PPE တွေ ပြတ်လပ်လာနေတဲ့အတွက် တပ်ဆင်သူကိုကာကွယ်ဖို့သုံးရတဲ့ Surgical
mask တို့ N95
Respirator တို့ကိုတော့
ပိုးကူးစက်ခံရနိုင်ချေများသူ ကျန်းမာရေးဝန်ထမ်းများ သုံးဖို့ သာထားပေးဖို့
မေတ္တာရပ်ခံထားပါတယ်။
သူတို့ အလုပ်မလုပ်နိုင်လျင်
ပြည်သူတွေ အကူအညီမဲ့ဖြစ်သွားနိုင်လို့ပါ။
လူတိုင်းသာ နှာခေါင်းစည်းတပ်ကြပါက
တပ်ဆင်သူများထံမှ သူတပါးထံကို ဆက်မပျံ့နိုင်တော့လို့ ကျန်တဲ့သူတွေက သူတို့ကိုကာကွယ်ပေးမယ့် Surgical mask တို့ N95 Respirator မျိုးလည်းမလိုတော့ပါ။
သို့သော်
ပါးစပ်နဲ့နှာခေါင်းကိုကာထားရုံနဲ့မလုံလောက်ပါ။
နှာခေါင်းစည်းနဲ့အတူ
အောက်ပါတို့ကိုတွဲပြီး ကျင့်သုံးရပါမယ်။
(၁) လူတဦးနဲ့တဦး ခပ်ခွာခွာနေပါ ။ ဖြစ်နိုင်တဲ့အခြေအနေတိုင်းမှာ
တဦးနဲ့တဦး ၂မီတာအကွာ၊ ၆ ပေအကွာခြားပါ။
(၂) လက်ကိုမကြာခဏ
ရေနဲ့ ဆပ်ပြာသုံးပြီးစနစ်တကျဆေးပါ။ ရေမရလျင် အရက်ပျံလက်ပိုးသတ်ဆေးရည် Hand
sanitizer ဖြင့်ပိုးသတ်ပါ။
လို့ နိုင်ငံတကာကျန်းမာရေးဌာနများကအကြံပြု၊ မေတ္တာရပ်ခံထားကြောင်းပါ။
ဒေါက်တာအောင်
06-04-2020
No comments:
Post a Comment