ဖုန်းပေါ်က
COVID-19
o အစာတခုခုစားနေတုန်း ဖုန်းပွတ်ဖူးပါသလား? လူတိုင်းနီးပါးလုပ်ကြပါတယ်။
o ဖုန်းကိုင်တဲ့လက်ကိုမဆေးဘဲ အစာကိုကိုင်စားဖူးပါသလား?
o ဖုန်းကို အိမ်သာထဲယူသွားပြီး ဟိုနားဒီနားခဏတင်ထားဖူးပါသလား?
o အိမ်သာထဲက ပြန်ယူလာတဲ့ ဖုန်းကို သန့်ရှင်းရေးလုပ်ပါသလား?
မလုပ်ဘဲ ဆက်သုံးပါသလား?
o ဘတ်စ်ကားပေါ်မှာ ပိုက်ဆံကိုင်၊ လက်တန်းကိုင်ထားတဲ့လက်နဲ့ဖုန်းပွတ်ဖူးပါသလား?
o ရုံးမှာ၊ အလုပ်မှာ၊ ဆိုင်မှာ လက်ပေလို့လက်ဆေးပြီး
ဖုန်းကိုပြန်ကိုင်တဲ့အခါ လက်ပြန်ပြီးညစ်ပတ်သွားပြီလို့ တွေးဖူးပါသလား?
o တနေ့ဘယ်နှစ်ခါ လက်ကို သန့်ရှင်းရေးလုပ်ပါသလဲ။
o တနေ့ကို ဘယ်နှစ်ခါ ဖုန်းကို သန့်ရှင်းရေးလုပ်ပါသလဲ။
o ဘာနဲ့ ဘယ်လိုသန့်ရှင်းပါသလဲ။
o ပြသနာက ကျနော်တို့တတွေရဲ့လက်တွေက ပိုးပေါင်းများစွာရှိတဲ့အရာဝတ္ထုမျက်နှာပြင်တွေကို
အကြိမ်များစွာထိကိုင်တဲ့ ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံးအင်္ဂါဖြစ်နေတာပါ။
o သုတေသနတွေ့ရှိချက်တွေအရ လက်နဲ့
ဖုန်းတွေကိုသန့်ရှင်းရေးလုပ်ပါတယ်ဆိုသူတွေရဲ့ဖုန်း ၉၂ ရာနှုန်းနဲ့ လက် ၈၂ ရာနှုန်းမှာ
ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကို စစ်ဆေးတွေ့ရှိရပါတယ်။
o ဗြိတိန်က သုတေသနတခုကတော့ သူတို့ဆီက ဖုန်း ၆ လုံးတိုင်းမှာ
တလုံးပေါ်မှာ မစင်ထဲမှာပါတဲ့ပိုးတွေ့ရတယ်ဆိုပါတယ်။
o နောက်သုတေသနကတော့ လူတွေက စမတ်ဖုံးကို ပျမ်းမျှ တရက်ကို အကြိမ် ၂၆၀၀ လောက်ထိတို့ပါသတဲ့၊
တခါ
o အခုလို COVID-19 ဗိုင်းရပ်စ် ကမ္ဘာအနှံ့ကိုအလျင်မြန်ပြန့်လာတဲ့အခါ
တခုတည်းသောထိရောက်တဲ့ကာကွယ်နည်းက လက်သန့်ရှင်းရေးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
o ခက်တာကဖုန်းကိုအဲလောက်အကြိမ်များများထိကိုင်တဲ့
လက်ကိုကျနော်တို့ အကြိမ်ဘယ်လောက်များများ သန့်ရှင်းရေးလုပ်နိုင်မှာလည်း
o ဖုန်းပွတ်ပြီးတိုင်းလက်ကို သန့်ရှင်းရေးမလုပ်နိုင်လျင်
ဖုန်းမျက်နှာပြင်ပေါ်က ပိုးတွေသေအောင်သန့်ရှင်းဖို့နည်းလမ်းမရှိတော့ဘူးလား။
o ဖုန်းတွေရဲ့မျက်နှာပြင်ကိုအရက်ပျံလို ပိုးသတ်ဆေးအရည်တွေနဲ့သန့်ရှင်းရေးလုပ်လျင်
ပျက်စီးနိုင်တယ်လို့ စမတ်ဖုန်းထုတ်လုပ်သူတွေက ဆိုပါတယ်။
o ဖုန်းတွေရဲ့မျက်နှာပြင်ကို သန့်ရှင်းစေချင်လျင်
ရေစိုအဝတ် ခပ်ထန့်ထန့်ကလေးကိုသာသုံးပါလို့ အကြံပြုပါတယ်။
o ခက်တာက အဲလို ရေစိုအဝတ် နဲ့သန့်ရှင်းလို့ကတော့ ဖုန်းပေါ်က
ပိုးမွှားတွေ အကုန် မစင်နိုင်ပါ။
o တခုလုပ်နိုင်တာတော့ရှိပါတယ်။ Finger print unlock
လက်ဗွေနဲ့ ဖုန်းကို သော့မဖွင့်ဘူးဆိုလျင်တော့
ပလတ်စတစ်အိတ်အကြည်ထဲမှာ ဖုန်းကိုထည့်ပြီးသုံးမယ်ဆိုလျင် အပြင်ကအိတ်ကိုဆပ်ပြာနဲ့ရေနဲ့ဆေးလို့ရသလို
အရက်ပျံနဲ့သုတ်ပြီးသန့်ရှင်းလို့ရ၊
အသစ်လဲလို့လည်းရတာဖြစ်လို့ အဆင်ပြေမယ်လို့ထင်မိပါတယ်။
o ပလတ်စတစ်ဆိုတာ မကြာခင်ပွန်းပြီး မြင်ရတာမှုန်ဝါးလာနိုင်လို့
အမြဲစွပ်ထားလျင် မကြာခဏတော့ အသစ်လဲရပါလိမ့်မယ်။
o အဲလိုမှ မလုပ်လျင်တော့ .....................
ဒေါက်တာအောင်
09-03-20
https://b-wise-2b-healthy.blogspot.com/2020/03/covid-19-o-o-o-o-o-o-o-o-o-o-o-o-o-o-o.html
No comments:
Post a Comment