ကိုဗစ် 19 နဲ့ ဗီတာမင်ဒီ
၁။
ဗီတာမင်ဒီက ကိုဗစ်ကူးစက်မခံရအောင်အကာကွယ်ပေးသလား။
သုတေသနအထောက်အထားမရှိသေးပါ။
၂။
ဗီတာမင်ဒီဖြည့်စွက်သောက်ခြင်းက ကိုဗစ်ရောဂါကူးစက်ခံရလျင် ရောဂါမပြင်းထန်အောင်၊
အသက်မသေအောင် အထောက်အကူဖြစ်သလား
အဲလိုအကျိုးရှိတယ်ဆိုတဲ့ခိုင်လုံတဲ့
အထောက်အထားမရှိသေးပါ။
၃။
ကိုဗစ်ကူးစက်ခံရသူ ဗီတာမင်ဒီသောက်သင့်သလား?
လူအများစုမှာ
ဗီတာမင်ဒီချို့တဲ့မှုရှိနေနိုင်ပြီး ဗီတာမင်ဒီချို့တဲ့မှုက ကိုယ်ခံအားစနစ်ကို
ထိခိုက်နိုင်လို့ ကိုဗစ် ကူးစက်ခံရသူတွေမှာ တနေ့ ဗီတာမင်ဒီ ၂၀၀၀ ယူနစ် သောက်သုံးစေခြင်းက
ဘေးမဖြစ်နိုင်ဘဲ အကျိုးရှိကောင်းရှိနိုင်တယ်လို့ ဆရာဝန်အများစုက ယူဆကြပါတယ်။
၄။
ဗီဝာာမင်ဒီက ကိုဗစ်ကို ခုခံဖို့ဘာတွေအထောက်အကူဖြစ်နိုင်ပါသလဲ။
ဗီတာမင်ဒီကကိုယ်ခံအားစနစ်မှာ
အရေးကြီးတဲ့ T ဆဲလ်တွေများလာဖို့နဲ့ အဲဒီဆဲတွေအလုပ်လုပ်ဖို့
အထောက်အကူဖြစ်တယ်ဆိုပါတယ်။
ကိုဗစ်ရောဂါသည်တွေမှာ
ဗီတာမင်ဒီနဲ့ တိုက်ရိုက်ဆက်စပ်မှုသုတေသနတွေမရှိသေးပေမယ့် ဗီတာမင်ဒီဖြည့်စွက်ပေးခြင်းက
တခြားအသက်ရှူလမ်းကြောင်း ကူးစက်ရောဂါသည်တွေကနေ အကာကွယ်ပေးနိုင်တယ်။ ဗီတာမင် စီ၊
ဒီနဲ့ ဘီဝမ်း တွေတွဲပေးခြင်းဖြင့် ကိုဗစ်နဲ့ အလားတူတဲ့ ပြင်းထန်တဲ့
အသက်ရှူလမ်းကြောင်း ရောဂါ၊ သွေးဆိပ်တက်ခြင်းတွေကနေကာကွယ်ပေးတယ်လို့ဆိုပါတယ်။
တဖန်
ဗီတာမင်ဒီချို့တဲ့သူတွေမှာ ကိုယ်ခံအားစနစ်မှာချို့ယွင်းချက်ဖြစ်လို့
ဗိုင်းရပ်ပိုးကူးစက်မှုဒဏ်ကို ပိုခံရပြီး cytokine storm
လို့ခေါ်တဲ့ ကိုဗစ်ကြောင့် ကိုယ်ခံအားစနစ်က အဆုတ်ထဲမှာဒုက္ခပေးတဲ့ပြသနာကို
လည်းပိုများစေတယ်လို့ဆိုပါတယ်။
ဆက်စပ်လို့ရတဲ့ သွယ်ဝိုက်သောအထောက်အထားများ
အမေရိကားနဲ့
ဥရောပမှာ လူမည်းတွေ၊ စပိန်လူမျိုးအနွယ်တွေ၊ အသက်ကြီးသူ၊ အဝလွန်သူနဲ့
သွေးတိုးရောဂါရှိသူတွေမှာ ကိုဗစ်ရောဂါ ပိုပြီးပြင်းပြင်းထန်ထန် ခံစားရ၊
ပိုမိုသေဆုံးကြတာကိုတွေ့ရှိရပါတယ်။
အဲဒီသူတွေဟာ
ဗီတာမင်ဒီ ချို့တဲ့ ဖို့ အခွင့်လမ်းများတဲ့သူတွေလည်းဖြစ်တဲ့အတွက်
ဗီတာမင်ဒီချို့တဲ့လို့ သူတို့တွေ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာကိုခံစားရ၊
သေဆုံးကြတာဖြစ်နိုင်တယ်လို့ ကောက်ချက်ဆွဲပါတယ်၊
နောက်တခါ
ကိုဗစ်ကူးစက်သေဆုံးမှုများတဲ့နိုင်ငံတွေနယ်တွေ ဗီတာမင်ဒီချို့တဲ့သူများတဲ့
နေရာတွေဖြစ်နေတာကိုလည်းတွေ့ရလို့ ဆက်စပ်မှုရှိနိုင်တယ်လို့ကောက်ချက်ဆွဲပါတယ်၊
အဲဒီလိုကောက်ချက်က
ကိုဗစ်ဒဏ်ကို ပိုပြီးပြင်းပြင်းထန်ထန်ခံစားရသူတွေ သေဆုံးသူတွေရဲ့ သွေးထဲက
ဗီတာမင်ဒီကိုတိုင်းပြီး ချို့တဲ့မှုရှိမရှိ နဲ့ ရောဂါဒဏ်မခံရသူတွေ သက်သာသူတွေရဲ့ သွေးထဲကဗီတာမင်ဒီကို
တိုင်တာပြီး နှိုင်းယှည် ဆက်စပ်ကြည့်တာလိုတော့ ခိုင်လုံမှုမရှိလှပါ၊
ဘယ်လိုပဲဖြစ်ဖြစ်
ကိုဗစ်ကူးစက်ခံနေရသူတွေကတော့ တနေ့ကို ဗီတာမင်ဒီ ယူနစ် ၂၀၀၀ သောက်သုံးခြင်းက
ဘေးဥပါဒ်မပေးနိုင်လို့ မိမိမှာ မသိဘဲ ဗီတာမင်ဒီချို့တဲ့ နေခဲ့သည်ရှိသော်
အဲလိုချို့တဲ့မှုကြောင့်ဖြစ်နိုင်တဲ့ ပြသနာတွေကို ကာကွယ်ပေးနိုင်လို့
စိတ်ချလက်ချသောက်နိုင်ပါတယ်။
နာလံထပြီးသွားလျင်တော့
လူတယောက်နေ့စဉ်လိုအပ်ချက် ဇယားထဲကအတိုင်းသောက်သုံးခြင်းက ပိုပြီးသင့်တော်ပါတယ်၊
တနေ့တာ ဗီတာမင်ဒီ လိုအပ်ချက် ( အမေရိကန်အမျိူသားကျန်းမာရေး ဌာနမှထုတ်ပြန်ချက်) https://ods.od.nih.gov/factsheets/VitaminD-Consumer/
အသက်အရွယ် | Recommended Amount |
|
| လိုအပ်သည့်ဗီတာမင်ဒီပမာဏ |
|
အသက် တနှစ်အောက် | 10 mcg (400 IU) |
|
| = ယူနစ် ၄၀၀ |
|
အသက် တနှစ်မှ ၁၃ နှစ် | 15 mcg (600 IU) |
|
| = ယူနစ် ၆၀၀ |
|
အသက် ၁၄ နှစ်မှ ၁၈ နှစ် | 15 mcg (600 IU) |
|
| = ယူနစ် ၆၀၀ |
|
အသက် ၁၈ နှစ်မှ ၇၀ | 15 mcg (600 IU) |
|
| = ယူနစ် ၆၀၀ |
|
အသက် ၇၁ နှစ်အထက် | 20 mcg (800 IU) |
|
| = ယူနစ် ၈၀၀ |
|
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ | 15 mcg (600 IU) |
|
| = ယူနစ် ၆၀၀ |
|
အစာခြေအားမကောင်းသူ
၊ အူ၊ အသည်းမကောင်းသူတွေကတော့
နည်းနည်းပိုသောက်သင့်ပေမယ့် တနေ့ကို ယူနစ် ၄၀၀၀ ( လူကောင်သေးလျင် ယူနစ်
၃၀၀၀ ) ထက်တော့ ပိုမသောက်သင့်ပါ။
ဒေါက်တာအောင်
No comments:
Post a Comment