ဖေ့ဘုတ်ပေါ်မှကိုဗစ် ၁၉အကြောင်း အမှန် နှင့်အမှားများကို ဆန်းစစ်ခြင်း
၁။ ရက်အလိုက်ပြသောရောဂါလက္ခဏာများ
ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်
တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ
ရှင်းလင်းချက်
၁. ကိုရိုနာဗိုင်းရပ် SARS COV-2 (COVID-19 ဖြစ်စေသောဗိုင်းရပ်စ်) ကူးစက်ခံရသူတိုင်းမှာလက္ခဏာပြတာမဟုတ်ပါ၊ ကူးစက်ခံရသူတစ်ရာမှာ ၈၀ က ဘာလက္ခဏာမှမရဘဲ ပျောက်ကင်းပါတယ်။ တစ်ရာမှာ ၂၀ ( ငါးယောက်မှာ တစ်ယောက်သာ) သာရောဂါလက္ခဏာရပါတယ်။
၂. ရောဂါလက္ခဏာတွေကို ခံစားရသူတွေမှာ ကူးစက်ခံရပြီး တစ်ရက်မှ ၁၄ ရက်အတွင်း ( ပျမ်းမျှ ငါးရက်ခွဲ) မှာ လက္ခဏာစပြတတ်ပါတယ်၊ တဦးနဲ့တဦးမတူပါ။
၃. ကူးစက်ခံရတဲ့အခါ ဝင်ရောက်လာတဲ့ ဗိုင်းရပ်အရေအတွက်၊ ကူးစက်ခံရသူရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံ၊ ကိုယ်ခံအား နဲ့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတို့ပေါ်တယ်ပြီး ရောဂါလက္ခဏာပြတာ၊ ပြင်းထန်တာ၊ ပြန်လည်နာလံထတာလည်းကွာခြားပါတယ်။
ဒါကြောင့် WHO, CDC နဲ့ ကျန်းမာရေးဌာနတွေက ကိုဗစ်၁၉ ရဲ့ ရောဂါလက္ခဏာတွေကို ဘယ်နေ့ ဘာဖြစ်တယ် လို့ ရက်စဉ်အလိုက် ဖေါ်ပြတာမျိုးလုံးဝမမလုပ်ပါ။
အဖြစ်များသော လက္ခဏာ၊ အဖြစ်မများသောလက္ခဏာလို့သာခွဲခြားဖေါ်ပြတတ်ပါတယ်။
ကိုဗစ်-၁၉ လက္ခဏာများ
အဖြစ်များသေားလက္ခဏာများကတော့ -
အဖျားကြီးခြင်း (>/=100F),
အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊
ချောင်းခြောက်ဆိုးခြင်း၊
အဖြစ်မများသောလက္ခဏာများ
ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊
လည်ချောင်းနာခြင်း
ဝမ်းပျက်ဝမ်းလျှောခြင်း၊
မျက်လုံးနီရဲခြင်း၊
အနံ့မရခြင်း၊ အရသာ မရခြင်း၊
အရေပြားတွင် အနီကွက်များထွက်ခြင်းတို့ ဖြစ်ပါတယ်။
ပြင်းထန်သောလက္ခဏာများကတော့
အသက်ရှုကြပ်ခြင်း၊
ရင်ဘတ်အောင့်ခြင်း၊
အသံမထွက်ခြင်း မလှုပ်ရှားနိုင်ဖြစ်ခြင်း
ဗီဇကွဲအသစ် Delta မျိုးကူးစက်ခံရလျင်
ရသောလက္ခဏာများမှာလည်း အတူတူပင်ဖြစ်ပါတယ်။ ဒါပေမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့ နည်းနည်းကွဲပါတယ်။
ခေါင်းကိုက်၊ လည်ချောင်းနာ၊ နှာရည်ယို စတဲ့ လက္ခဏာတွေအဖြစ်များပြီး
အနံပျောက်၊ အရသာပျောက်၊ အသက်ရှူကြပ်၊ ကိုယ်ပူ၊ ချောင်းဆိုး ဆိုတဲ့ လက္ခဏာတွေကတော့ အဖြစ်နည်းးတယ် ဆိုပါတယ်။
ကိုဗစ် ဟုတ်မဟုတ် သေချာစွာသိနိုင်ရန် နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးမှ သိနိုင်ပါမယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO နှင့် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန CDC၊ ဥရောပသမဂ္ဂ ရောဂါထိန်းချုပ်ရေးဌာန ECDC၊ မြန်မာနိုင်ငံ ပြည်သူ့အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာနများက ထုတ်ပြန်ထားတဲ့ အချက်အလက်များကိုကိုးကားပါတယ်။
ဒေါက်တာအောင်
၀၉-၀၆-၂၀၂၁
https://b-wise-2b-healthy.blogspot.com/2021/07/blog-post.html
အကိုးအားများ
https://www.cdc.gov/coronavirus/2019-ncov/symptoms-testing/symptoms.html
https://www.who.int/health-topics/coronavirus#tab=tab_3
https://www.ecdc.europa.eu/en/covid-19/latest-evidence/clinical
http://mohs.gov.mm/su/whxm8777WH
https://www.aarp.org/health/conditions-treatments/info-2021/delta-coronavirus-variant.html
ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာ ၂၀၂၀ |
WHO |
https://www.canada.ca/en/public-health/services/diseases/2019-novel-coronavirus-infection/guidance-documents/signs-symptoms-severity.htm |
No comments:
Post a Comment