ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း
၃။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးဖို့လိုသလား
ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်
ကိုဗစ်ကို ဒီလိုနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပါမောက္ခ #ဒေါက်တာရဲမြင့်ကျော်ပြောပြီ
-------------------------
၆။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးပါ။ အမြှုပ်ထသော ဆပ်ပြာဖြင့် စက္ကန့်၂၀ ကြာအောင် ဆေးကြောပါ။
သုံးသပ်ချက်
ရှင်းလင်းချက်
ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန် -
>> လက်ဆေးပါ။ <<
၁၊ မိမိ လက်က ရောဂါပိုးရှိနိုင်သည့်အရာ၊ မျက်နှာပြင်များကို ထိကိုင်မိပြီးသောအခါ။
၂။ မိမိ လက်က မျက်နှာ ၊ ပါးစပ် နှာခေါင်း၊ မျက်စေ့၊ အစားအစာ စသည်တို့ကို မထိကိုင်မီ။
ဒါကြောင့် ကျန်းမာရေးဌာနများက အောက်ပါအခြေအနေများတွင် လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ကြာသေချာဆေးကြောဖို့ အကြံပြုထားပါတယ်။
• နှာချေ၊ ချောင်းဆိုးပြီးတိုင်း
• အပြင်မှ ပြန်လာပြီးတိုင်း
• နာမကျန်းဖြစ်နေသူများကို ပြုစုပြီးတိုင်း
• လူအများထိတွေ့လေ့ရှိသော အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း (တံခါးလက်ကိုင်၊ လှေကားလက်ရန်း စသည်)
• အစာမစားခင်၊ အစားအစာ ပြင်ဆင်ခြင်း/ချက်ပြုတ်ခြင်း မပြုမီ
• လက်ညစ်ပေနေလျှင်
• တိရစ္ဆာန်များနှင့် တိရစ္ဆာန်အညစ်အကြေးများကို ကိုင်တွယ်ပြီးတိုင်း
• အိမ်သာအသုံးပြုပြီးတိုင်း
ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ လက်ဆေးပါ။
ပို၍အရေးကြီးသည်မှာ
PPE
နှာခေါင်းစည်း၊ မျက်နှာကာ၊ PPE
ဝတ်ရုံ စသည်တို့ကို မဝတ်ဆင်မီနဲ့ မိမိဝတ်ဆင်ထားသော အဆိုပါပစ္စည်းများကို ထိကိုင်ပြီးတိုင်း၊
ချွတ်ပြီး စနစ်တကျစွန့်ပစ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀)
ကြာအောင် စနစ်တကျ ဆေးရပါမယ်၊
အခုအချိန်မှာ လူအများစုက မာ့ခ်
နှာခေါင်းစည်းကို တပ်ကြသော်လည်း မကြာခဏဖြုတ်လိုက်တပ်လိုက်လုပ်ခြင်းဖြင့် လက်ကနှာခေါင်းစည်းကိုထိကိုင်ပြီး
မျက်နှာပြင် ပေါ်တွင်ကပ်လာသော ပိုးမွှားများ လက်တွင်ကပ်ပါလာကာ လက်နဲ့ထိမိတဲ့အရာ၊ မျက်နှာပြင်၊
စသည်တို့ကိုပျံ့သွားတတ်တာကို သတိမထားကြပါ။
ဒါကြောင့် လက်ကို မိနစ် ၂၀
ကြာတိုင်းဆေးစရာမလိုသော်လည်း မာခ့် ကိုမတပ်ဆင်မီနဲ့ ထိကိုင်မိတိုင်း၊ ဖြုတ်ပြီးတိုင်း စနစ်တကျဆေးဖို့က
ပိုအရေးကြီးပါတယ်။
ဒေါက်တာအောင်
၁၁-၇-၂၀၂၁
https://b-wise-2b-healthy.blogspot.com/2021/07/blog-post_11.html
ကိုးကား
https://moh.nugmyanmar.org/how-to-prevent-spread-of-covid-19-2/
No comments:
Post a Comment