💉 ကိုဗစ် ကာကွယ်ဆေး နဲ့ ❓ နားလည်မှုလွဲနေတဲ့ 🧫 Vero Cell
ကိုဗစ်ကာကွယ်ဆေးတချို့မှာ Vero Cell ဆိုတဲ့စာတန်းကလေးပါပါတယ်၊
ဒါကို နားလည်မှုလွဲပြီး Vero Cell ဆိုတဲ့စာပါလျင် ဘာဆေးပါလို့ အမှတ်မှားကြတာတွေ့လို့ နည်းနည်းရေးပါရစေ။
တချို့ ဆရာဝန်တွေကိုယ်တိုင် Sinopharm ဆေးမှာ Vero Cell လို့ရေးထားလျင် Wuhan ဆေးလို့ထင်နေကြ၊ ပြောနေကြလို့ပါ။
Sinopharm ကထုတ်တဲ့ကာကွယ် ဆေးမှာ WHO ကမေလ ၇ ရက်နေ့က အရေးပေါ်အခြေအနေမှာ အသုံးပြုခွင့်ပေးလိုက်တဲ့ Sinopharm (Beijing): BBIBP-CorV နဲ့ WHO ကအသုံးပြုခွင့်အတွက်သုတေသနေရလာဒ်တွေကိုစိစစ်ဆဲ Sinopharm (Wuhan): Inactivated (Vero Cells)/ Sinopharm WIBP ဆိုပြီးရှိပါတယ်.
covid19.trackvaccines.org ဝဘ်ဆိုဒ်မှာ အဲဒီဆေး ၂ခုကို Sinopharm (Beijing) BBIBP-CorV နဲ့ Sinopharm (Wuhan) Inactivated (Vero Cells) လို့ဖေါ်ပြထားတော့လူအများစုက Beijing ဆေးဆို BBIBP-CorV၊ Sinopharm (Wuhan) ဆေးက (Vero Cells) လို့အမှတ်မှားသွားတာပါ။ ❌
![]() |
အမှတ်မှားကြတဲ့ Sinopharm ဆေးနှစ်မျိုး |
![]() |
WHO က Sinopharm Beijing ဆေးကို အတည်ပြုပြီးထုတ်ပြန်တဲ့ ဒီစာထဲမှာလည်း ဒီဆေးကို (Vero Cell) Inactivated လို့ဖေါ်ပြပါတယ်။ |
✅ အမှန်တကယ်မှာတော့ Sinopharm (Beijing) BBIBP-CorV ဆိုတာလည်း Inactivated (Vero Cells) ဆေးအမျိုးစားပဲဖြစ်ပြီး တချို့ ဆေးဗူးတွေမှာ
COVID-19 Vaccine (Vero Cell), Inactivated (သို့မဟုတ်), SARS COV-2 Vaccine (Vero Cell) စသည်ဖြင့် ရေးထားတတ်ပါတယ်။ ဆေးတွေကို တယောက်စာ အဆင်သင့်ထိုး၊ နှစ်ယောက်စာပုလင်းနဲ့ ၁၀ ယောာက်စာပုလင်းစသည်ဖြင့်ထုတ်ပြီး ဈေးကွက်အလိုက် ဆေးဗူးတွေမှာ စာရိုက်တာကွဲပြားနိုင်ပါတယ်။
![]() | ||
Beijing Institute of Biological Products Co. Ltd ကထုတ်ပြီး (Vero Cell) ဆိုတဲ့ စာတန်းပါ Sinopharm (Beijing) BBIBP-CorV ဆေး |
Sinopharm (Beijing) BBIBP-CorV မှမဟုတ်၊ Sinovac, Covaxin စတဲ့ဆေးတွေကလည်း Inactivated (Vero Cells) ဆေးအမျိုးစားတွေပါပဲ။
🤔 ဒါဖြင့် Inactivated (Vero Cells) ဆိုတာဘာလဲ။
အချုပ်အားဖြင့်တော့ Vero Cells ဆိုတဲ့ ဗိုင်းရပ်စ်မွေးတဲ့ ပိုးမွေးပတ်ဝန်းကျင်မှာမွေးလို့ရလာတဲ့ကိုဗစ်ဖြစ်စေတဲ့ SARS COV-2 ဗိုင်းရပ်ကို ဓါတုဆေးသုံးပြီး သေသွားအောင်၊ ဆက်မပွားနိုင် ၊ ရောဂါမပေးနိုင်အောင် လုပ်ထားတဲ့ Inactivated ကာကွယ်ဆေး လို့ဆိုလိုတာပါ။
![]() |
Vero Cell Normal African Green Monkey Kidney Epithelial Cells (Vero) (https://www.olympus-lifescience.com/en/microscope-resource/primer/techniques/fluorescence/gallery/cells/vero/verosb1/) |
ပြန်ရှင်းရလျင်
💉 ကာကွယ်ဆေး ဆိုတာ
( Active immunization) ကာကွယ်ဆေးထိုးတယ်ဆိုတာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်၊ ဘက်တီးရီးယား စတဲ့ပိုးမွှား တခုခုကို ရောဂါမပေးနိုင်အောင် ပြပြင်ပြီးဖြစ်စေ သူ့ကို လူ့ကိုယ်ခံအားကမှတ်မိစေနိုင်တဲ့ အစိပ်အပိုင်းတခုကိုထုတ်ပြီးဖြစ်စေ လူ့ခန္ဓာကိုယ်ထဲ ကို ထည့်ပေးပြီး ကိုယ်ခံအားစနစ်ကို "ကဲ ဒီဟာကလေးကိုမှတ်ထား၊ နောင်ကို ဘာပဲကိုယ်ထဲ ကိုဝင်လာဝင်လာ ဒါကလေးပါလာလျင် ကိုယ်ကဉီးအောင်သာတွယ်။ အဲဒါကလေးပါသမျှ အကုန်ဖျက်ဆီးပစ်ပါ" လို့လေ့ကျင့်သင်ကြားပေးလိုက်တာပါ။
🛡️ ကိုဗစ်ကာကွယ်ဆေးအမျိုးမျိုး
ကိုဗစ်ကာကွယ်ဆေးမှာ အခုထိ လူမှာစတင်စမ်းသပ်နေတဲ့ Phase I ကနေ အရေးပေါ်အခြေအနေမှာ သုံးခွင့်ပြုထားတဲ့ အထိအဆင့်ထိရှိတဲ့ ဆေး ၁၀၉ မျိုးရှိပါတယ်။ (Cov19VaxKB Statistics)
4️⃣ အဲဒီဆေးတွေကို အုပ်စုခွဲလျင် အဓိကအားဖြင့် လေးမျိုးရှိပါတယ်။
၁။ Inactivated or weakened virus vaccines, ဗိုင်းရပ်စ်တကောင်လုံးကို သုံးထားတဲ့ဆေး ( အသေ Killed / inactivated ( ဥပမာ Sinopharm, Covixin) နဲ့ ရောဂါမပေးနိုင်အောင် ချိနဲ့ထားစေတဲ့ပိုးအရှင် live attentiated ( COVI-VAC))
၂၊ Protein-based vaccines, ဗိုင်းရပ်စ်ပါလို့ သိသာစေတဲ့ပရိုတိန်း (သို့) သူ့ရဲ့ အစိပ်အပိုင်းတခုကိုပဲယူပြီးသုံးတဲ့ဆေး (ဥပမာ Novavax, Sanofi & GSK)
၃။ Viral vector vaccines, လူကို အန္တရာယ်မပေးတဲ့ ဗိုင်းရပ်စ်တခုကိုသုံးပြီး ကိုဗစ်ဖြစ်စေတဲ့ ပိုးရဲ့အစိပ်အပိုင်းကိုသယ်ဆောင်စေကာထိုးပေးတဲ့နည်း (ဥပမာ Covishield, J&J, Spunik V))
၄။ RNA and DNA vaccines၊ နောက်ဆုံးပေါ် နည်းသုံးပြီး ဗိုင်းရပ်စ်ရဲ့ RNA or DNA ကို ဗီဇ အင်ဂျင်နီယာနည်းနဲ့ထုတ်ပြီး ထိုးပေးတဲ့နည်း ( Pfizeer, Moderna)
1️⃣ နံပတ် (၁) inactivated or weakened virus vaccine အုပ်စုကိုထုတ်လုပ်နည်းကတော့ သုံးနေတာကြာပြီဖြစ်တဲ့ နည်းပါ။ ပိုလည်းရိုးရှင်းတယ်ဆိုနိုင်ပါတယ်။
ဒီနည်းသုံးပြီး ကာကွယ်ဆေးထုတ်ဖို့ COVID-19 ဖြစ်စေတဲ့ SARS COV2 ဗိုင်းရပ်စ် သန်းပေါင်းများစွာကိုဓါတ်ခွဲခန်းထဲမှာမွေးရပါတယ်။ မွေးတဲ့အခါ သက်ရှိဆဲလ်တွေကိုသုံးပါတယ်။
🐑 🐣 🧫 အရင်ကတော့ တိရိစ္ဆာန်အရှင်တွေထဲပိုးကိုထိုးထည့်ပြီးပွားစေပါတယ်၊ ( ဥပမာဘီပီအိုင် ခွေးရူးကာကွယ်ဆေး)၊ နောက်တော့ တိရိစ္ဆာန်အရှင်ကိုမသုံးတော့ဘဲ ကြက်ဥလို အကောင်မဖြစ်သေးတဲ့ဆဲလ်မှာ (တုပ်ကွေးကာကွယ်ဆေး)စသည်ဖြင့် မျိုးစုံသုံးပါတယ်။
🧫🧫 Vero Cell ဆိုတာ
အခုနောက်ပိုင်းမှာတော့ တောင်အာဖရိက မျောက်စိမ်း တမျိုးရဲ့ကျောက်ကပ်အမြှေးပါး ဆဲကိုသုံးပြီး ဓါတ်ခွဲခန်းထဲမှာ ဗိုင်းရပ်စ်မွေးတာကိုပိုအသုံးများလာပါတယ်။ အဲဒီသုံးတဲ့ ဆဲလ်ကို 👉 Vero Cell လို့ခေါ်ပါတယ်။ ရလာတဲ့ ဗိုင်းရပ်စ်ကို တနည်းနည်းနဲ့သတ်မယ် (သို့) ချိနဲ့အောင်လုပ်ပြီး၊ ကိုယ်ခံအားကို လှုံ့ဆော်ဖို့ Adjuvant ခေါ်ဓါတုပစ္စည်းတခုခုနဲ့ ပေါင်းကာ ကာကွယ်ဆေးဆိုပြီးထုတ်ပါတယ်။
🧫🧫 Vero Cell မှာ ဗိုင်းရပ်စ်မွေးပြီး ကာကွယ်ဆေးထုတ်တာ ဒီကိုဗစ်အတွက်ကျမှမဟုတ်ပါ။
Vero cell platform in vaccine production: ဆိုတဲ့စာတန်းမှာ Vero Cell မှာ မွေးတဲ့ ဗိုင်းရပ်စ်ကိုသုံးတဲ့ ကာကွယ်ဆေး မျိုးစုံ ၁၅ မျိုးကိုဖေါ်ပြထားပါတယ်။
![]() |
Vero Cell မှာ မွေးတဲ့ ဗိုင်းရပ်စ်ကိုသုံးတဲ့ ကာကွယ်ဆေး မျိုးစုံ ၁၅ မျိုး |
Vero Cell မှာ ဗိုင်းရပ်စ်မွေးတာကတော့ ကာကွယ်ဆေးထုတ်တာတခုတည်းအတွက်မဟုတ်ပါ။ ဆေးအသစ်တွေ စမ်းသပ်တဲ့အခါ အဲဒီဆေးတွေက ဒီပိုးတွေအပေါ် ဘယ်လိုသက်ရောက်နိုင်စွမ်းရှိတယ်ဆိုတာကို လူတွေမှာ မစမ်းသပ်မီ ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်ဖို့လည်းသုံးပါတယ်။
လောလောဆယ် လူစိတ်ဝင်စားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ
အရေးပေါ်အခြေနေမှာသုံးခွင့်ရတားတဲ့ Inactivated or “killed” vaccine ဆေးတွေကတော့
(၁) BBIBP-CorV ခေါ်် Sinoharm Beijing ( အရေးပေါ်အခြေနေမှာသုံးခွင့် 59 နိုင်ငံ + WHO)
(၂) CoronaVac ခေါ် Sinovac (အရေးပေါ်အခြေနေမှာသုံးခွင့် 39 နိုင်ငံ + WHO)
(၃) COVAXIN Other names: BBV152 (အရေးပေါ်အခြေနေမှာသုံးခွင့် 9 နိုင်ငံ)
(၄) QazVac Other names: QazCovid-in (အရေးပေါ်အခြေနေမှာသုံးခွင့်: Kazakhstan)
(၅) CoviVac/ KoviVac (အရေးပေါ်အခြေနေမှာသုံးခွင့်: Russia)
(၆) WIBP-CorV ခေါ်် Sinopharm Wuhan (အရေးပေါ်အခြေနေမှာသုံးခွင့်: China, United Arab Emirates)
(၇) KCONVAC (အရေးပေါ်အခြေနေမှာသုံးခွင့်: China)
(၈) COVIran Barekat (အရေးပေါ်အခြေနေမှာသုံးခွင့်: အီရန်)
အဲဒီဆေးရှစ်မျိုးထဲမှာ Kazakhstan နဲ့ အီရန် နိုင်ငံကဆေးနှစ်မျိုးမှာတော့ ဘယ်လို ပိုးမွေးတဲ့မီဒီယာကိုသုံးတယ်လို့ဖေါ်ပြမထားပေမယ့် ကျန်ဆေး ၆ မျိုးလုံးကတော့ သုံးမည့်ဗိုင်းရပ်စ်ကို Vero Cell မှာမွေးပြီးဓါတုဆေးသုံးပြီး Inactivate လုပ်ကာ ကာကွယ်ဆေးထုတ်ပါတယ်။
![]() | ||
|
ဒီတော့ လောလောဆယ် နိုင်ငံတချို့မှာ အသုံးပြုခွင့်ရထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ
(၁) Sinopharminopharm Beijing (၂) Sinopharm Wuhan (၃) Sinovac (၄) COVAXIN (၅) CoviVac/ KoviVac (၆) KCONVAC ဆေးတွေမှာ (Vero Cell), Inactivated ဆိုတဲ့ စာတန်းမျိုးတွေ့ကောင်းတွေ့နိုင်ပါတယ်။
(Vero Cell), ဆိုတဲ့စာတန်းပါလို ဘာကာကွယ်ဆေးလို့ပြောလို့မရဘဲ ဘယ်နည်းသုံးပြီး ပိုးမွေးထားတယ်ဆိုတာကိုဖေါ်ပြထားတာသာဖြစ်ပါတယ်။
No comments:
Post a Comment