Saturday 2 August 2014

တုပ်ကွေးကာကွယ်ဆေး

တုပ်ကွေးကာကွယ်ဆေးကို နှစ်တိုင်း လာမဲ့တုပ်ေကွးရာသီမှာ အဖြစ်များနျိုငိဆုံး ဗိုင်းရပ်မျိုးကွဲသုံး လေျးိုး လောက် ကိုကာကွယ်ဘို့ထုတ်ပြီး နှစ်တိုင်းပြန်သုံးသပ်ပြီး အသစ်ထုတ်ပါတယ်။
တနှစ်တခါထိုးရပါတယ်။
အမေရိကား လို နိုင်ငံတွေ မှာနှစ်တိုင်း ရာသီတုပ်ကွေး ကြာင့်လူသေပါတယ်၊
မြန်မာပြည်မှာတော့ရာသီတုပ်ကွေး ကြာင့်လူသေတာသိပ်မကြားမိပါ။
 ၅နှစ်အောက်ကလေးများ၊ ၆၅နှစ်အထက်လူကြီးများနဲ့ ကိုယ်ခံအားနဲသူ များ(HIV, Diabetes, Dialysis patients, Steroid အမြဲသူံးနေသူများ) နှစ်စဉ်ထိုးသင့်ပါတယ်။
 ဆေးမှာ ပါဝင်တဲ့ဗိုင်းရပ်မျိုးကွဲ တွေကိုဘဲကာကွယ်နိုင်တာမို့ တခြား ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးနဲ့  သာမန်နှာစေးချောင်းဆိုး ကိုတော့မကာကွယ်ပါ။
၂၀၁၄-၁၅ ရာသီအတွက် recommendation ကိုဒီမှာ ဖတ်နိုင်ပါတယ်
http://www.cdc.gov/flu/about/season/vaccine-selection.htm

http://www.who.int/.../recommendations/2014_15_north/en/


Recommended composition of influenza virus vaccines for use in the 2014-2015 northern hemisphere influenza season

20 February 2014

It is recommended that trivalent vaccines for use in the 2014-2015 influenza season (northern hemisphere winter) contain the following:
  • an A/California/7/2009 (H1N1)pdm09-like virus;
  • an A/Texas/50/2012 (H3N2)-like virus;
  • a B/Massachusetts/2/2012-like virus.
It is recommended that quadrivalent vaccines containing two influenza B viruses contain the above three viruses and a B/Brisbane/60/2008-like virus.

For more information


Sunday 27 July 2014

ဖေစ့်ဘွတ်မှာရှဲနေကြတဲ့ EV-71 ( Enterovirus 71) ဗိုင်းရပ်စ်



Myanmaalinn's Facebook Wall

မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်
===============================


ကျန်းမာရေးပညာပေး တွေ နောက်ဆုံးပေါ်သတင်းတွေ ဖတ်ရတာကောင်းပါသည်။ Sharing is caring ဆိုပေမဲ့ ကိုယ် share တဲ့ အကြောင်း အရာက အခြေအမြစ်ရှိ မရှိ ပထမဆုံး စုံစမ်း သင့်ပါတယ်၊ ဘာမှ share တာက အမှားတွေ share ပြိး လူတွေ စိုးရိမ်သောကရောက်တာ တွေးအခေါ် အယူအဆမှားတွေ ကုန်တာ ထက် အများကြီး ပိုကောင်းတယ်လို့ယုံကြည်ပါတယ်။ ဖေ့ဘွတ်မှာ ကောလဟာလတွေကို ပညာရှင်တချို့ကပါသေချာမစုံစမ်းဘဲ အလွယ်တကူ share နေတာ တွ့နေရတာစိတ်မကောင်းပါ။  
 ဒီ https://www.facebook.com/expresstimes/photos/a.186609698111917.33338.114598908646330/557019877737562/?type=1  ဆောင်းပါးကတော့ပညာ ပေး ဗဟုသုတ ပါသလို  သတင်းအမှားလေးလဲရောပါလာပါတယ်။ ဒီ EV virus 71 ( entreovirus 71) outbreak ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွေမှာ လတ်တလော ဖြစ်နေတဲ့သတင်းတွေ ဘယ်မှာမှ ရှာ မတွေ့ပါ။ တကယ်ဖြစ်ခဲ့တာ ၂၀၁၂ျူ လိုင်ကပါ၊ ၂၀၁၄ မဟုတ်ပါ။ နှစ်ကြာပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယား ကျန်းမာရေး ၀န်ကြီးဌာနတို့က ကြေညာခဲ့ တာတွေဒီမှာဖတ်နိုင်ပါတယ် http://www.who.int/csr/don/2012_07_09/en/ http://www.who.int/csr/don/2012_07_13/en/ http://www.cdcmoh.gov.kh/images/Document/Press%20Release/Other/UnknowDisease_PressRelease_En%2004%20Jul%202012.pdf http://www.nationmultimedia.com/national/Deadly-Enterovirus-71-strain-found-in-2-year-old-g-30186712.html ကမ္ဘောဒီးယားနိုင်ငံ ကျန်း မာရေးဝန် ကြိး ဌာနမှ လတ်တလော ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ကြေ ငြာချကိတွေမှာ ဒီရောဂါမပါတော့ပါ http://www.cdcmoh.gov.kh/press-release/other-disease ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးရဲ့ ၂၀၁၄ ကူးစက်ရောဂါသတိပေးချက်တွေ ထဲမှာလဲမပါပါ၊ ဒီမှာဖတ်နိုင်ပါတယ် http://www.who.int/csr/don/archive/year/2014/en/

EV-71 ဗိုင်းရပ်စ်ကြောင့် ခြေ၊ လက်နှင့် ပါးစပ်များတွင် ဖြစ်ပွားသည့် (Hand,Foot and Mouth Disease(HFMD)) ရောဂါ ကကျွဲနွားတွေမှာဖြစ်တဲ့ Foot and Mouth Disease ( Anthrax ) နဲ့ဘာမှမဆိုင်ပါ။ ဆင်တူရောဂါလက္ခဏာတွေက Entero virus 71 ထက် Coxsackievirus subgroup, Coxsackievirus A16. Coxsackievirus A5, A7, A9, A10, B2 and B5, တွေကြောင့်ဖြစ်တာများပြိျးားသောအားဖြင့် မပြင်းထန်ပါ။ အများစု သူ့ဟာသူပျောက်ပြီး ရောဂါဖြစ်နေတဲ့ တပတ်အတွင်း အနာသက်သာအောင်၊ အစာရေစာဝင်အောင်နဲ့ အဖျားအတွက် ပဲဆေးပေးရတာများပါတယ်။ လူကြီးတွေဖြစ်ရင်တော့လမ်းလျှောက်ရင်တောင်နာပါတယ်။ နှာ ရည်၊ တံတွေး၊ ဝမ်း အနာအရည်တွေ ကနေကူးစက်တာမို့ နှာချေ၊ ချောင်းဆိုး၊ နှာ ရည်၊ တံတွေး၊ ဝမ်း အနာအရည်တွေ ကို တိုကိ ရိုက် ဖြစ်စေ၊ ပေနေတဲ့အရာတွေ ထိကိုင်တာ ကဖြစ်စေ၊ စားမိတာကဖြစ်စေ ကူးပါတယ်။ EV-71 ကတော့ ပိုဆိုးဝါးတဲ့ ရော ဂါလက္ခဏများ တခါတရံ ပေးတတ်ပြီးတခါတရံ အသက်အန္တရာယ် ပါပေး တတ်ပါတယ်။ http://www.cdc.gov/features/handfootmouthdisease/
http://www.patient.co.uk/health/hand-foot-and-mouth-disease-leaflet
တချို့ နိုင်ငံတွေ မှာတော့ ဒီ ရောဂါဖြစ်တဲ့ကလေး ( ၁၂နှစိအောက်) ဆေးခွင့်တပတ်ပေး၊ ၁၂နှစိအောက် ညီကိုမောင်နှမ တွေစောင့်ကြည့်ကာလ ဆေးခွင့် ၃ရက် ပေးရပါတယ်။ အတန်းထဲမှာထပ်မပြန့် အောင်ပါ၊ shopping mall တို့၊ ကစားကွင်းတို့ ခေါ်မသွား ဘို့ လဲ ပြော ရပါတယ်။ တပတ်အ တွငိးတတန်းထဲ ကလေးနှစ် ယောက်နဲ့အထက် ရောဂါဖြစ်ရင်တော့ အတန်းကိုတပတ်ပိတ်ပြီး ကျန်းမာရေး ဌာနကသန့်ရှင်းမှုသွားစစ်ရပါတယ်။ ရောဂါကူးစက်မှုများလာရင် ကျောင်းသားငယ် ရှိတဲ့ကျောင်းတွေမှာ ကျောင်း ဝင်းအဝင်ဝကနေက လေးတိုင်း အဖျားတိုင်း (အနီအောက်ရောင်ချည်နဲ့ရေပြားမထိဘဲတိုင်းတာပါ)ျားရင်တခါထဲပြန်လွှတ်၊ မဖျားရင်လဲ ပိုးသတ်ဆေးပါတဲ့ဆပ်ပြာရည် လက်ထဲတခါထဲထဲ့ပေးပြိးလက်ဆေးပြီးမှကျောင်း ဝင်းထဲပေးဝင် ပါတယ်။ ဆရာဆရာမတွေအလှဲ့ကျပေါ့။ ကျာင်း တိုင်း လက်ဆေးကန်နဲ့ ဆပ်ပြာရည် အလုံအလောက်ထားပေးရပါတယ်။ ဒီရောဂါကို ဒီမှာတော့ နေ့တဒူဝလိုတွေ့နေရပြိး အများစုကမစိုးရိမ်ရပါ။ အစာရေစာမဝင်ရင်၊ နဲနဲ ခွေနေရင်၊ အဖျားသိပ်ကြီး လို့ တခြား လက္ခဏတွေ (အသက် ရှူ ကြပ်တာ ခြေလက်တွေပျော့ခွေ အားနဲတာ) ရှိပြီးစိတ်မချရင်တော့ဆေးရုံတင် စောင့်ကြည့်ပါတယ်။ ကလေးငယ်များ၏ တစ်ကိုယ်ရေသန့်ရှင်းရေး ကတေ့ရေးအကြီးဆုံးပါ။ ရောဂါပြန့်ပွားနေချိန်မှာတော့ကလေးငယ်တွေကိုလူသိပ်များတဲ့နေရာတို့၊ shopping mall တို့၊ ကစားကွင်းတို့ ခေါ်မသွားတာကောင်းပါတယ်။ ကိုယ်ခံအားကောင်းဘို့ အစားအစာ၊ အအိပ် အနေ ဂရုစိုက်တာကောင်းပါတယ်။ အခုခေတ်ကလေးတွေမိဘနဲ့အတူ တီဗွီကြည့်ပြိးအိပ်ရာဝင်နောက်က ကြတာ မကောင်းပါ။