Showing posts with label health. Show all posts
Showing posts with label health. Show all posts
Friday, 18 October 2019
ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် အသက်ကိုပိုတိုစေသည်
ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် အသက်ကိုပိုတိုစေသည်
အဝလွန်ခြင်းကြောင့် ကျန်းမာရေးထိခိုက်တယ်ဆိုတာကို လူ အများသိကြပါတယ်။ 
University of Cambridge  လုပ်ခဲ့တဲ့ သုတေသနတခုရဲ့တွေ့ရှိချက်ကတော့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်လို့ ရောဂါအမျိုးမျိုးဖြစ်ပြီး သေဆုံးတဲ့ နှုန်းက၊ အဝလွန်ရောဂါကြောင့်သေဆုံးတာထက် နှစ်ဆလောက်ရှိပါတယ်တဲ့။
ပိန်ပြီး လှုပ်ရှားမှု နည်းပါးသူတွေဟာ ဝပြီး ကိုယ်လက်လှုပ်ရှားလုပ်သူတွေထက် ကျန်းမာရေးပြသနာပိုများပါတယ်။
ဒီတော့ ဝပြီးကိုယ်လက်လှုပ်ရှားလည်းမရှိဘူးဆိုလျင်တော့ ပြောစရာကိုမရှိတော့ဘူးပေါ့ ။
သာမန်လူတယောက်တိုင်းဟာ ကျန်းမာဖို့ တနေ့ကို အနည်းဆုံး မိနစ်၂၀ လမ်းအမြန်လျှောက်တာနဲ့ ညီမျှတဲ့ လှုပ်ရှားမှုတွေကိုလုပ်ရမယ် လို့ ပညာရှင်တွေက ဆိုပါတယ်။
ဒီလောက်ကတော့ လူအများစုအတွက် လုပ်ဖို့သိပ်ခက်ခဲလှတာဟုတ်ပါဘူး၊
အဓိကပြသနာရှိသူတွေ ကတော့  ဂိမ်းနဲ့ မိုဘိုင်းဖုန်းမှာသာအချိန် ကုန်နေသူတွေ၊ ကိုယ်ပိုင်ကားကလေးနဲ့ သွားလာနေတဲ့မြို့ပေါ်နေလူတန်းစားနဲ့ စာသင်ကျောင်း၊ ကျူရှင်၊ တီဗွီနဲ့ ဂိမ်းတွေ အကြားအလုပ်များနေကြတဲ့ နောက်ပိုင်းမျိုးဆက်သစ် ကလေးတွေလို့ဆိုရမှာပါ။
၂၀၁၂ ခုတုန်းကလည်း ကိုယ်လက်လှုပ်ရှားလည်းမရှိတဲ့သူတွေရဲ့ကျန်းမာရေးဟာ ဆေးလိပ်သောက်လို့ ကျန်းမာရေးထိခိုက်တာနဲ့တောင် တူညီနိုင်တယ်လို့  ထုတ်ပြန်ခဲ့ဖူးပါတယ်။
လူတယောက်ကျန်းမာဖို့ လှုပ်ရှားမှုအနည်းဆုံးဘယ်လောက် လုပ်သင့်တယ်ဆိုတာကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO  က အောက်ပါအတိုင်း အကြံပေးထားပါတယ်။
အသက် ၅နှစ်မှ ၁၇ နှစ်အကြား ကလေးနဲ့ လူငယ်များ
  • နှလုံးခုန် မြန် ချွေးလည်းပြန်စေတဲ့အလယ်အလတ် ကနေ အားစိုက်ခွန်စိုက်လုပ်ရတဲ့ လှုပ်ရှားမှုမျိုး အနည်းဆုံး တနေ့လျင် တနာရီ လုပ်သင့်၊
  • ဒီထက်ပိုလုပ်လျင် လုပ်သလာက် ကျန်းမားရေးအတွက် ပိုအကျိုးရှိ၊
  • ကြွက်သားနဲ့ အရိုးတွေ ကိုသန်မာစေတဲ့ လှုပ်ရှားမှုမျိုးကိုတော့ တပတ်လျင် အနည်းဆုံး သုံးကြိမ်လုပ်သင့်၊
အသက်  ၁၈ မှ ၆၄ နှစ် အရွယ်လူကြီး
  • ရက်သတ္တတပတ်လျင် နှလုံးခုန်မြန်ပြီး ချွေးထွက်စေလောက်သော အလယ်အလတ်လှုပ်ရှားမှုမျိုး မိနစ် ၁၅၀ သို့မဟုတ်  
  • အားစိုက်ခွန်စိုက်လုပ်ရတဲ့ လှုပ်ရှားမှုမျိုး အနည်းဆုံး  ၇၅ မိနစ် သို့မဟုတ် အလားတူလှုပ်ရှားမှုရောရာ တို့ကိုလုပ်သင့်။  
  • ကျန်းမားရေးအတွက် ပိုအကျိုးရှိလိုပါက အလယ်အလတ် လှုပ်ရှားမှု ရက်သတ္တတပတ်လျင်  မိနစ် ၃၀၀ လုပ်သင့်။
  •  အဓိကြွက်သားများကို သန်မာစေသောလှုပ်ရှားမှုမျိုးကို ရက်သတ္တတပတ်လျင်  အနည်းဆုံး ၂ရက် လုပ်သင့်၊
အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ
  • အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ အတွက် လိုအပ်သောလှုပ်ရှားမှုမှာ ၁၈ မှ ၆၄ နှစ် အရွယ်လူကြီးများနှင့် အတူတူပင်ဖြစ်ပြီး 
  • ကိုယ်လက် လှုပ်ရှားမှု သိပ်မလုပ်နိုင်သူ လူကြီးများကတော့ ခန္ဓာကိုယ် ဟန်ချက်ထိန်းဖို့ကောင်းစေရန်နှင့် မတော်တဆလဲကျချင်းမှ ကာကွယ်ပေးရန် အထောက်အကူဖြစ်စေနိုင်စေသော လေ့ကျင့်ခန်းမျိုး တပတ် ၃ရက် အနည်းဆုံးလုပ်သင့်သည်။
  • အဆုတ်နှင့် နှလုံးတို့ကို အထောက်အကူဖြစ်စေရန် မည်သည့်လှုပ်ရှားမှု လေ့ကျင့်ခန်းမဆို အနည်းဆုံး ၁၀ မိနစ်လုပ်သင့်သည်။
https://www.123rf.com/photo_116271692_stock-vector-vector-illustration-of-cartoon-running-old-woman-man-cartoon-character-old-people-activity-vector-gy.html
ဇော်ဂျီ
ကိုးကား
Wednesday, 26 June 2019
ရာသီတုပ်ကွေး နဲ့ ကာကွယ်ဆေး
တုပ်ကွေးရာသီ 
ကာကွယ်ဆေးဆိုတာဘာလဲ 
တုပ်ကွေးကာကွယ်ဆေး 
ပန်းနာရင်ကြပ်
ကျောက်ကပ်ရောဂါ
အသည်းရောဂါ
အသက် ၆၅ နှစ်နှင့် အထက်
အသက် ၂ နှစ်အောက်
ခေါင်းကိုက်
ကိုယ်ပူ
ပျို့အန်
အသက်ရှုကြပ်ခြင်း
နုံးခွေခြင်း
တုပ်ကွေးကာကွယ်ဆေး အမျိုးအမျိုး
26-6-19
ရာသီတုပ်ကွေး နဲ့ ကာကွယ်ဆေး
တုပ်ကွေးရာသီ 
  • မြောက်ကမ္ဘာခြမ်းမှာ နိုဝင်ဘာလကနေ နောက် နှစ် ဖေဖေါ်ဝါရီလအထိ 
  • တောင် ကမ္ဘာခြမ်းမှာ မေလကနေ အောက်တိုဘာလ အထိ 
  • မြန်မာပြည်မှာတော့ ဇူလိုင်လကနေ စက်တင်ဘာလအထိကို တုပ်ကွေးရာသီလို့ ဆိုပါတယ်။ ဒီတော့တောင်ကမ္ဘာခြမ်းတုပ်ကွေးရာသီနဲ့ အတော် နီးစပ်သွားပါတယ်။
တုပ်ကွေးရာသီတွေမှာ အဓိကကူးစက်ပြန်ပွားတဲ့ ပိုးတွေက တနှစ်နဲ့ တနှစ် မတူတတ်ပါဘူး.။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာတလွှားမှာ တုပ်ကွေး စောင့်ကြည့်ရေး ဌာနတွေထားပြီး တုပ်ကွေးရောဂါကူးစက်ပြန့်ပွားပုံနဲ့ ပြန့်ပွားနေတဲ့  ဗိုင်းရပ်ပိုးတွေရဲ့သဘာဝကို စောင့်ကြည့်ပြီး ဒီနှစ် ကမ္ဘာ့ ဘယ်ခြမ်းရဲ့ တုပ်ကွေးရာသီမှာ ဘယ်ဗိုင်းရပ်မျိုးကွဲက ပိုများမယ်ဆိုတာကို ကြိုတင်ခန့်မှန်းပါတယ်။ 
ကာကွယ်ဆေးဆိုတာဘာလဲ 
ရောဂါပိုး (ဥပမာ ဗိုင်းရပ်စ်) ရဲ့ အစိပ်အပိုင်းတခုကို ကိုယ်ခံအားစနစ်က မှတ်မိနေစေဖို့ လူ့ခန္ဓာကိုယ်ထဲကိုထည့်ပေးပြီး (ဥပမာ ဆေးထိုး) ကိုယ်ခံအားစနစ်လှုံ့ဆော်ပေးပါတယ်။ နောင်အခါမှာ ခန္ဓာကိုယ်ထဲ အဲဒီပိုး (ဗိုင်းရပ်စ်) ဝင်လာလျင် ဒီကိုယ်ခံအားက မှတ်မိပြီး ချက်ချင်းဖျက်ဆီးဖို့ပါ။ 
ပိုးအသေကို ထည့်ပေးတဲ့ ကာကွယ်ဆေး * Killed vaccine" နဲ့ 
မသေမရှင်ပိုးကိုထည့်ပေးတဲ့  "live attenuated vaccine" ဆိုပြီး အကြမ်းအားဖြင့် ၂ မျိုးရှိပါတယ်။ live attenuated vaccine" ကို ကိုယ်ဝန်ဆောင်နဲ့ ကိုယ်ခံအားမကောင်းသူတွေမှာ မသုံးရပါ။
ပြသနာကတော့ တချို့ဗိုင်းရပ်စ်တွေဟာ မကြာခဏအပြောင်းအလွဲလုပ်တတ်ပါတယ်။ အဲဒါကြောင့် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို မမှတ်မိနိုင်တော့ပဲ အဆိုပါဗိုင်းရပ်ဝင်လာလျင် မတိုက်ခိုက်တော့တဲ့အတွက် ရောဂါထပ်ရနိုင်ပါတယ်။ ဒါကြောင့် အဲလို အပြောင်းအလွဲလုပ်တဲ့ ဗိုင်းရပ်တွေအတွက် ကာကွယ်ဆေးထုတ်ရတာ အတော်ခက်ပါတယ်။ 
တုပ်ကွေးပိုးကလည်း အဲလို အပြောင်းအလွဲနည်းနည်းလုပ်ပါတယ်။ 
တုပ်ကွေးကာကွယ်ဆေး 
တုပ်ကွေးကာကွယ်ဆေးသည် တုပ်ကွေးရောဂါကူးစက်ခံရခြင်းနဲ့ တခြားသူများထံကို ပြန်ပွားခြင်းကို လျှော့ချပေးရန် ပထမဆုံးနဲ့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန CDC ကဆိုထားပါတယ်။ 
နှစ်စဉ် ကမ္ဘာ့တောင်ခြမ်းနဲ့ မြောက်ခြမ်းတုပ်ကွေးရာသီအတွက် ကူးစက်ပြ့န်ပွားမှု အဖြစ်နိုင်ဆုံး ပိုးအမျိုးအစားတွေကို ကာကွယ်ဖို့  ကာကွယ်ဆေးတွေမှာ ဘယ်ဗိုင်းရပ် မျိုးကွဲတွေပါရမယ်လို့  WHO က ထုတ်ပြန်ပါတယ်။ ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီတွေက အဲဒီသတ်မှတ်ချက် အတိုင်း ထုတ်ပါတယ်။  ဒါကြောင့် ဆေးက ကာကွယ်ပေးနိုင်တဲ့ပိုးတွေ တနှစ်နဲ့ တနှစ် မတူကြပါ။ 
ပိုး သုံးမျိုး ကို ကာကွယ်တဲ့ Trivalent Vaccine ဆေးနဲ့ လေးမျိုးကိုကာကွယ်တဲ့ Quadrivalent vaccine ဆိုပြီးရှိပါတယ်။ 
တခါတလေ မှန်းထားတာနဲ့ လွဲတာတွေလည်းရှိပါတယ်။ ၂၀၁၈ အမေရိကားတုပ်ကွေးရာသီမှာ မှန်းမထားတဲ့ပိုးကကူးစက်လို့ ကာကွယ်ဆေးထိုးတာထိရောက်မှု မရှိတော့ပဲ  ကူးစက်ခံရသူနဲ့ အသေအပျောက်များခဲ့ပါတယ်။ 
ပြည်မြန်မာ နဲ့ တုပ်ကွေးကာကွယ်ဆေး
WHO ရဲ့ တွက်ဆချက်အရ မြန်မာပြည်မှာ သုံးသင့်တဲ့ တုပ်ကွေးကာကွယ်ဆေးကို ရာသီချင်းနီးစပ်မှုရှိတဲ့ တောင်ကမ္ဘာခြမ်းအတွက် ရာသီ တုပ်ကွေးကာကွယ်ဆေးကိုသုံးကြဖို့ သတ်မှတ်ပေးထားပါတယ်။ ကာကွယ်ဆေးတင်သွင်းတဲအခါ ကြီးကြပ်တဲ့ဌာနတွေက အဲဒီသတ်မှတ်ချက်အတိုင်း တင်သွင်း မသွင်း စစ်ဆေးဖို့တာဝန်ရှိပါတယ်။ 
၂၀၁၉ တောင်ကမ္ဘာခြမ်း တုပ်ကွေးရာသီ အတွက် quadrivalent vaccines ဆေးက ကာကွယ်ပေးနိုင်တဲ့ ပိုးတွေကတော့ 
  • an A/Michigan/45/2015 (H1N1)pdm09-like virus;
  • an A/Switzerland/8060/2017 (H3N2)-like virus;
  • a B/Colorado/06/2017-like virus (B/Victoria/2/87 lineage); and
  • a B/Phuket/3073/2013-like virus (B/Yamagata/16/88 lineage).
  trivalent vaccines ကတော့ အောက်ပါပိုးတွေကို ကာကွယ်ဖို့ပါ
  • an A/Michigan/45/2015 (H1N1)pdm09-like virus;
  • an A/Switzerland/8060/2017 (H3N2)-like virus; and
  • a B/Colorado/06/2017-like virus (B/Victoria/2/87 lineage).
အဲဒီတော့ အခုမြန်မာပြည်မှာ စဖြစ်နေတဲ့ A/Michigan/45/2015(H1N1)pdm09-like virus ပိုးကို ဒီကာကွယ်ဆေး ၂မျိုးလုံးကကာကွယ်ပေးနိုင်ပါတယ်။ 
၂၀၁၉ -၂၀ မြောက် ကမ္ဘာခြမ်း တုပ်ကွေးရာသီ အတွက် quadrivalent vaccines ဆေးက ကာကွယ်ပေးနိုင်တဲ့ ပိုးတွေကတော့ 
  • an A/Brisbane/02/2018 (H1N1)pdm09-like virus;
  • an A/Kansas/14/2017 (H3N2)-like virus; *
  • a B/Colorado/06/2017-like virus (B/Victoria/2/87 lineage); and
  • a B/Phuket/3073/2013-like virus (B/Yamagata/16/88 lineage).
(H1N1)pdm09 ချင်းတူပေမယ့် Michigan/45/2015 နေရာမှာ Brisbane/02/2018 မှာဖြစ်တဲ့ပိုးကို လဲထည့်ထားပါတယ်. 
ဘယ်သူတွေ တုပ်ကွေးကာကွယ်ဆေးထိုးသင့်သလဲ
 အောက်တွင်ဖေါ်ပြထားသူများသည်   တုပ်ကွေးရာဂါကူးစက်ခံရရန်ဘေး ပိုမိုများသဖြင့် တုပ်ကွေးကာကွယ်ဆေးကိုနှစ်စဉ်ထိုးသင့်သည်။
၁. အောက်ပါကျန်းမာရေးပြသနာများ ရှိသူများ
  • ပန်းနာရင်ကြပ်
  • အာရုံကြောနှင့် အာရုံကြောဖွံ့ဖြိုးမှုပြသနာများ
  • သွေးရာဂါများ ( ဥပမာ sickle cell disease)
  • နာတာရှည် အဆုတ်ရောဂါများ (COPD, cystic fibrosis)
  • ဟော်မုန်းရောဂါများ ( ဥပမာ ဆီးချို)
  • နှလုံးရောဂါများ (ဥပမာ မွေးရာပါနှလုံးရောဂါ၊ နှလုံးအားနည်း၊  နှလုံးသွေးကြောကျဉ်း)
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • ဇီဝကမ္မဖေါက်ပြန် ချို့ယွင်းသောရာဂါများ 
  • အဝလွန်သူများ ( BMI 40 ကျော်သူများ)
  • အသက် ၁၉နှစ်အောက်၊ အက်စပီရင်နှင့် Salicylate ပါဝင်သောဆေးများကိုသောက်နေရသူများ
  • ကိုယ်ခံအားနည်းသူများ (ဥပမာ  HIV, AIDS, တချို့ကင်ဆာရောဂါ၊သွေးကင်ဆာ။ ကီမိုဆေးသွင်းနေသူ၊ ဓါတ်ရောင်ခြည်ကင်နေသူ၊ စတီးရွိုက်ဆေးသုံးစွဲနေသူများ)
၂. အသက်အရွယ် နှင့် အခြားအခြေအနေများ
  • အသက် ၆၅ နှစ်နှင့် အထက်
  • အသက် ၂ နှစ်အောက်
  • ကိုယ်ဝန်ဆောင်မိခင် နှင့် မီးနေ ၂ ပတ်အတွင်း
  • လူအိုရုံ နှင့် နှစ်ရှည်လများ စောင့်ရှောက်ခံရမည့်သူများ နေထိုင်ရသည် အလားတူ ဌာနများ တွင်နေထိုင်သူများ။
  • အသက် ၅ နှစ်အောက်ကလေးငယ်များနှင့် အသက် ၅၀ အထက်လူကြီးများကို ထိန်းကျောင်း စောင့်ရှောက်ပေးနေသူများ။
  • ကျန်းမာရေးမကောင်းသော သူများကို ကူညီစောင့်ရှောက်နေသူများ
  • ကျန်းမာရေးဝန်ထမ်းများ။
တုပ်ကွေးကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ
တုပ်ကွေးကာကွယ်ဆေးဟာ ပုံမှန်အားဖြင့် ဘေးအန္တရာယ် အလွန်နည်းသောဆေးဖြစ်ပါတယ်။ 
သို့သော်လူတချို့မှာတော့ အပျော့စား ဘေးထွက်ဆိုးကျိုးတချို့ကိုခံစားရတတ်ပြီး ရက် အနည်းငယ်အတွင်းမှာ သူ့အလိုလို ကောင်းသွားတတ်ပါတယ်။ 
အဖြစ်များတဲ့ လက္ခဏာတွေကတော့  တုပ်ကွေးအပျော့စားလက္ခဏာတွေလိုပဲ
ခေါင်းကိုက်
ကိုယ်ပူ
ပျို့အန်
ကိုယ်လက် ကြွက်သားနာ တာတွေသာမက
ဆေးထိုးတဲ့နေရာမှာ နီပြီးနာနေခြင်းရအနည်းငယ် ရောင်ယမ်းခြင်းလည်းဖြစ်တတ်ပါတယ်။ 
တခြားထိုးဆေးတွေလိုပဲ ထိုးပြီး မူးလဲတာမျိုးကတော့ရှိတတ်ပါတယ်။ 
ဆေးထိုးသူတသန်မှာ တယောက် ၂ယောက်လောက်ကတေ့ Guillain- Barre Syndrome ဆိုတဲ့ အာရုံကြော အားနည်းသွားစေတဲ့ ရောဂါနိုင်တယ်ဆိုပါတယ်. 
သတိထားသင့်တဲ့ လက္ခဏာများ
တုပ်ကွေးကာကွယ်ဆေးနဲ့ အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ ဆေးမတည့်ခြင်းမျိုးက အလွန်ရှားပါတယ်။
ဖြစ်ခဲ့လျင် ဆေးထိုးပြီး မိနစ်ပိုင်းမှ နာရီအနည်းငယ်အတွင်းမှာ ဖြစ်တတ်ပါတယ်။
ဘယ်ကာကွယ်ဆေးပဲထိုးထိုး အဖျားကြီးခြင်း၊ အမူအကျင့်ပြောင်းခြင်းနဲ့ ပြင်းထန်တဲ့ ဆေးမတည့်တဲ့ အလာဂျီလက္ခဏာတွေကိုတော့ သတိထားစောင့်ကြည့်သင့်ပါတယ်။
ပြင်းထန်သော လာဂျီလက္ခဏာများ
အသက်ရှုကြပ်ခြင်း
အသံရှလာခြင်း၊ အသက်ရှူလျင် လေချွန်သံမြည်ခြင်း
မျက်လုံးနဲ့ ပါးစပ်တဝိုက်တွင် ရောင်ကိုင်းလာခြင်း
အင်ပြင်များထွက်ခြင်း
သွေးဆုတ် ဖြူရော်သွားခြင်း
နုံးခွေခြင်း
နှလုံးခုန်မြန်ခြင်း၊ မူးဝေခြင်း
စတဲ့ လက္ခဏာများရှိပါကဆေးရုံသို့ချက်ချင်းသွားပါ။
၁. ထိုးဆေး ( Influenza Shot, Flu Shot) 
အသက်အရွယ်အလိုက်ထိုးရမည့် သီးသန့်ကာကွယ်ဆေးများလည်းရှိသည်။
  •  အသက် ၆ လအထက်ရှိသူများ "Inactivated Influenza vaccine"ထိုးနိုင်သည်
  • အရွယ်ရောက်ပြီ'သူများ  ( ၁၈ နှစ်နှင့် အထက်) သာထိုးရသည့် " recombinant influenza vaccine
  • အသက် ၆၅နှစ်နှင့်အထက်ရှိသူများသာထိုးရသည့် "adjuvanted and high-dose inactivated vaccine"
ကိုယ်ဝန်ဆောင်များနှင့် နာတာရှည် ရောဂါရှိသူများ ထိုးဆေး ထိုးသင့်သည်။
တုပ်ကွေးကာကွယ်ဆေး မထိုးသင့်သူများ
  • အသက် ၆ လအောက်ကလေးငယ်များသည် တုပ်ကွေးကာကွယ်ဆေးအထိုးခံရန် သိပ်ငယ်လွန်းသည်။ 
  • တုပ်ကွေးကာကွယ်ဆေး၊ ကာကွယ်ဆေးတွင် ပါဝင်သော ပစ္စည်းများနှင့် မတည့် ဘဲ ပြင်းထန်သော တုန့်ပြန်မှု အလာဂျီဖြစ်သူများ။
တုပ်ကွေးကာကွယ်ဆေး မထိုးမီ ဆရာဝန်နှင့် တိုင်ပင်သင့်သူများ
  • ကြက်ဥ (သို့) တုပ်ကွေးကာကွယ်ဆေးတွင်ပါဝင်သော ပစ္စည်းများ နှင့် ဓါတ်မတည့်သူများ
  • Guillain-Barré Syndrome ခေါ်  အကြောသေရောဂါ ဖြစ်ဖူးသူများ။
  • လောလောဆယ် နေထိုင်မကောင်းသူများ 
(၂) နှခေါင်းထဲသို့ဖြန်းဆေး
 အသက် ၂ နှစ်မှ ၄၉ နှစ်အကြားရှိ ကျန်းမာရေးကောင်းသူများ၊ ကိုယ်ဝန်မရှိသူ အမျိုးသမီးများ သုံးစွဲနိုင်သည်။
နှခေါင်းထဲဖြန်းရသော တုပ်ကွေးကာကွယ်ဆေးကို မသုံးသင့်သူများ
  • အသက် ၂ နှစ်အောက်ကလေးများ
  • အသက် ၅၀ နှင့်အထက် လူကြီးများ
  • ကိုယ်ဝန်ဆောင် မိခင်များ
  • ဤကာကွယ်ဆေး၊ ကာကွယ်ဆေးတွင် ပါဝင်သော ပစ္စည်းများနှင့် မတည့် ဘဲ ပြင်းထန်သော တုန့်ပြန်မှု အလာဂျီဖြစ်သူဖူးများ။
  • အသက် ၂ နှစ်နှင့် ၁၇နှစ်အကြာရှိသူ အက်စပီရင်နှင့် Salicylate ပါဝင်သောဆေးများကိုသောက်နေရသူများ
  • ကိုယ်ခံအားမကောင်းသူများ
  • ပန်းနာ ရင်ကြပ်ရှိသူ အသက် ၂ နှစ်နှင့် ၄ နှစ်ကြားကလေးများ (သို့) လွန်ခဲ့သော တနှစ်အတွင်း ရင်ကြပ်ဖူးသူများ
  • လွန်ခဲ့သော ၄၈ နာရီအတွင်း တုပ်ကွေးပိုးသေစေသော antiviral ဆေးသောက်ထားသူများ။
26-6-19
https://www.cdc.gov/flu/prevent/whoshouldvax.htm
https://www.who.int/influenza/spotlight/5-myths-about-the-flu-vaccine
Saturday, 8 June 2019
trichomoniasis,  ၁၅၆ သန်း (70 % ရောဂါလက္ခဏာမခံစားရ)
ရောဂါ လက္ခဏာတချို့
တန်ဆာမှာယားယံခြင်း ၊
ဝှေးစေ့ယောင်ခြင်း၊
ကာလသားရောဂါကုးစက်ခံရသူတိုင်းမှာ အိတ်ခ်ျအိုင်ဗွီပိုးနဲ့ အသားဝါဘီပိုးကူစက်ခံရနိုင်ခြေလည်းပိုများပါတယ်။
ကွန်ဒုံးသုံးခြင်းဖြင့် မလိုလားအပ်သော မတော်တဆ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ရုံသာမက အိတ်ခ်ျအိုင်ဗွီအပါအဝင် ကာလသားရောဂါများကူးစက်ခြင်းကလည်းကာကွယ်ပေးပါတယ်။ 
 ကုသခြင်း
ကမ်းရပါတယ်.
8/6/19
ကာလသားရောဂါ ကူးစက်ခံရသူ တနေ့တသန်းကျော်ရှိနေ(ယူနီကုဒ်)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပကြီးက ၂၀၁၉ ဇွန် ၂ ရက်က ထုတ်ပြန်တဲ့ သတင်းတခုမှာ
" ယနေ့ ကမ္ဘာတွင် သေချာကုသလျင် ပျောက်ကင်းနိုင်သော ကာလသားရောဂါ sexually transmitted infections (STIs) ကူးစက်ခံရသူ  နေ့စဉ် တနေ့တသန်းကျော်ရှိနေ" တယ်လို့ဆိုပါတယ်။
သုတေသနတွေ့ရှိချက်များအရ နှစ်စဉ် အသက် ၁၅ နှစ် နဲ့ ၄၉ နှစ်ကြား လူဦးရေ ၃၇၅ သန်းဟာ  chlamydia, gonorrhoea, trichomoniasis, and syphilis ဆိုတဲ့ ကာလသားရောဂါတွေကို ကူးစက်ခံနေရတယ်ဆိုပါတယ်။ 
တနည်းအားဖြင့် လူဦးရေ ၂၅ ယောက်တိုင်းမှာ တယောက်ဟာ အဆိုပါကာလသားရောဂါတခုခုသို့မဟုတ်ထိုထက်ပိုပြီး ကူးစက်ခံနေရတာပါ။
စာရင်းများအရ ၂၀၁၆  နှစ်မှာ
chlamydia ဆီးပူညောင်းကျ ရောဂါကူးစက်ခံရသူ ၁၂၇ သန်း (အများစုရောဂါလက္ခဏာမခံစားရ)
gonorrhoea ဂနို ဆီးပူညောင်းကျ ၈၇ သန်း 
trichomoniasis,  ၁၅၆ သန်း (70 % ရောဂါလက္ခဏာကိုမခံစားရ)
syphilis (ဆစ်ဖလစ်) ၆.၃သန်း ရှိပြီး  (အများစုရောဂါလက္ခဏာမခံစားရ / သတိမထားမိလိုက်မီ လက္ခဏာပျောက်) အခုထိ ကာလသားရောဂါပြန့်ပွားမှု ရပ်တန့်အောင်ဆောင်ရွက်ချက်တွေဟာ တိုးတက်မှုမရှိသေးတာကို တွေ့ရတယ်ဆိုပါတယ်။
ပြသနာတခုကတော့ ရောဂါရှိသူအတော်များများ ဟာ ဘာရောဂါလက္ခဏာကိုမှမခံစားရတဲ့အတွက် စစ်ဆေးပြီး ဆေးကုသမှူခံယူဖို့ လိုမှန်း မသိကြပါဘူး။
နောက်ပြသနာတခုကတော့ တချို့ဒေသတွေမှာ ရောဂါကိုစစ်ဆေးဖို့ နဲ့ စနစ်တကျကုသပေးဖို့ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းကွာဝေးနေတာလည်းဖြစ်ပါတယ်။ 
အဆိုးဆုံးကတော့ စနစ်တကျ ကုမျုမခံခြင်းရဲ့ နောက်ဆက်တွဲ ဆေးယဉ်ပါးသောပိုးများ  ( စူပါဂနို)  ပြန့်ပွားနေလို့ သုံးနေကျဆေးတွေနဲ့ ကုလို့မရတော့တဲ့ပြသနာပါ။ 
ရောဂါ လက္ခဏာတချို့
ဆစ်ဖလစ်ရာဂါသည်တချို့မှာ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ နာကျင်မှုမရှိတဲ့ ခပ်မာမာ ရှန်ကာအနာတာတွေဖြစ်တတ် သလို တချို့မှာတော့ 
လက်ဖဝါးခြေဖဝါးအရေပြားကွာတာ 
အရေပြားမှာ အဖုပိတ့်ထွက်တာ 
ပေါင်ခြံအကျိတ်တွေကြီးတတ်ပြီး ရောဂါရင့်သွားလျင် လက္ခဏာတွေ သူ့ဟာသူပြန်ပျောက်သွားတတ်ပါတယ်။
ကျန်ရောဂါသုံးမျိုးကတော့ 
ဆီးပူခြင်း ဆီးကျင်ခြင်း 
ဆီးလမ်းမှ ပြည်ကျခြင်း, 
တန်ဆာမှာယားယံခြင်း ၊
ဝှေးစေ့ယောင်ခြင်း၊ 
အမျိုးသမီးများ အဖြူဆင်းခြင်း၊ 
ရာသီလာစဉ်နာကျင်ခြင်း စသည် လက္ခဏာများပြတတ်ပါတယ်။ 
 https://www.cdc.gov/std/syphilis/images/chancre-penile.htm
https://www.cdc.gov/std/syphilis/images/rash-gbr.htm
https://www.cdc.gov/std/syphilis/images/rash-palmar.htm
နောက်ဆက်တွဲပြသနာများ
အဆိုပါရောဂါတွေကို နုစဉ်မှာ သေချာမကုပါက အာရုံကြောနဲ့ နှလုံး( ဆစ်ဖလစ်)၊ တွေကို ထိခိုက်သလို ကလေးမရနိုင်ဘဲ မြုံသွားခြင်း၊ သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း၊ ကလေးအသေမွေးခြင်း၊ တို့ဖြစ်နိုင်ပါတယ်။ 
ကာလသားရောဂါကုးစက်ခံရသူတိုင်းမှာ အိတ်ချ်အိုင်ဗွီပိုးနဲ့ အသားဝါဘီပိုးကူစက်ခံရနိုင်ခြေလည်းပိုများပါတယ်။ 
ဆစ်ဖလစ် တမျိုးတည်းကြောင့် ကလေးအသေမွေးတာနဲ့ မွေးကင်းစကလေးသေဆုံးတဲ့ အရေအတွက်ဟာတောင် ၂၀၁၆ နှစ်မှာ နှစ်သန်းအထိရှိတယ်လို့ ဆိုပါတယ်။ 
ကူးစက်ခြင်းနဲ့ ကာကွယ်ခြင်း
ဒီရောဂါတွေကူးစက်တာ အများစုက အကာကွယ်မယူတဲ့ လိင်ဆက်ဆံမှုပါ။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကလည်း ကာလသားရောဂါကူးပါတယ်။ 
ရောဂါရှိသူမိခင်ကနေ ကလေးကိုကူးတာလည်းရှိပါတယ်။ 
နောက်တခုကတော့ ရောဂါရှိသူရဲ့ သွေး/ သွေးရည်ကြည်ကို မသိလို့သွင်းမိလျင်လည်းကူးပါတယ်။ 
တကယ်တော့  ဘေးအန္တရာယ်ကင်းသော လိင်ဆက်ဆံရေး နဲ့ ကွန်ဒုံးကို စနစ်တကျ သုံးစွဲခြင်း စတဲ့ လိင်ပညာပေးခြင်းဖြင့် အဲဒီကာလသားရေးဂါတွေမကူးစက်အောင်တားဆီးကာကွယ်နိုင်ပါတယ်။ 
ဘယ်သူတွေက ရောဂါဖြန့်ဖြူးနေတာလဲ
 ဒီနေ့ခေတ်မှာ ကာလသားရောဂါကိုပေးတာ ပြည့်တန်ဆာတွချည်းပဲ မဟုတ်ပါ။ အငှားမယား၊ အပျော်တွဲသူတွေကနေ သမီးရည်းစား၊ အိမ်တောင်ဖက်အထိက ရောဂါပေးနိုင်ပါတယ်။ 
 တဦးကို တဦး ရာနှုန်းပြည့်ယုံကြည်ဖို့ကခက်လာပါတယ်။ 
ရောဂါရှိသူတချို့မှာ ဘာရောဂါလက္ခဏာမှမပြလို့ သူတို့ကိုယ်သူတို့ ရောဂါမရှိဘူးထင်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်နဲ့ ဆက်ဆံရာကနေလည်း အိမ်ထောင်ဖက်ကို ကူးစက်နိုင်ပါတယ်။
သူတို့က သွေးတို့ သွေးရည်ကြည်တို့ကိုလှူရာမှာ ပိုးစစ်လို့ မရသေးတဲ့ကာလ (Window period) ဖြစ်နေပါက မသိနိုင်လို့ နေမကောင်းသူတွေကိုသွင်းမိပြီးလည်းကူးပါတယ်။ 
တချို့တွေက ပြည့်တန်ဆာတို့ လို လူတကာနဲ့ လိင်ဆက်ဆံသူတွေနဲ့ မှသာ အကာကွယ် ( ကွန်ဒုံး) သုံးကြပြီး အငှားမယား၊ အပျော်တွဲသူတွေ၊ သမီးရည်းစား တွေမှာတော့ ရောဂါမရှိနိုင်ဘူးလို့ယူဆပြီး အကာအကွယ်မယူတတ်ကြပါဘူး။ 
တကယ်တော့ တလင်တမယားအပြင်က ဘယ်သူနဲ့မဆို လိင်ဆက်ဆံလျင် အကာကွယ်ယူရမှာဖြစ်ပါတယ်။
အိမ်ထောင်ရှင်များ မိမိတို့ အိမ်ထောင်ဖက်အပေါ်သစ္စာရှိရမှာဖြစ်သလို အကယ်၍ အိမ်ထောင်ပြင်ပမှာ  ကိစ္စတွေဖြစ်ခဲ့လျင်လည်း အကာကွယ်သေချာယူသင့်ပါတယ်။
တခါက အမျိုးသမီးများကျန်းမာရေးပညာပေး ဟောပြောပွဲတခုမှ ဆရာဝန်မကြီးတယောက်က ပြောဖူးပါတယ်။ "မကြာခဏခရီးသွားရတဲ့ ယောင်္ကျားတို့ရဲ့ အမျိုးသမီးများ  မိမိတို့ လင်ယောင်္ကျားအိတ်ထဲမှာ ကွန်ဒုံးတွေ့လျင် စိတ်မဆိုးပါနဲ့ ၊ သူက ကိုယ်နဲ့ဝေးနေလို့ အပြင်မှာ အပျော်ရှာပေမယ့် ကိုယ့်ကို ရောဂါမရအောင်ကာကွယ်ပေးတယ်လို့ ကျေးဇူးတင်ပါ။ ကွန်ဒုံးတွေ နည်းလာရင် ဝယ်ဖြည့်ပေးလိုက်ပါ" တဲ့။ 
ကွန်ဒုံးသုံးခြင်းဖြင့် မလိုလားအပ်သော မတော်တဆ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ရုံသာမက အိတ်ချ်အိုင်ဗွီအပါအဝင် ကာလသားရောဂါများကူးစက်ခြင်းကလည်းကာကွယ်ပေးပါတယ်။ 
 ကုသခြင်း
ရောဂါရှိသူများသာမက အိမ်ထောင်ဖက်အပါအဝင် သူတို့နဲ့ လိင်ဆက်ဖူးသူများကိုပါ ကုသဖို့လိုပါတယ်။
စနစ်တကျ ဆေးပတ်လည်အောင် ကုရသလို ပြန်လည်စစ်ဆေးဖို့လို ကောင်းလိုနိုင်ပါတယ်။
ရောဂါ လုံးဝ ပျောက်ကင်းချိန်အထိ လိင်ဆက်ဆံခြင်းကို ရှောင် သင့်သလို မရှာင်နိုင်ပါက ကွန်ုဒုံးသုံးရပါမယ်။ 
ဆေးပတ်လည်အောင် မသောက်သူတွေကြောင့် ဆေးယဉ်ပါးသောပိုးများ  (ဥပမာ စူပါဂနို)  ပြန့်ပွားနေပြီဖြစ်တာကြောင့် စနစ်တကျစစ်ဆေးကုသဖို့ အရေးကြီးကြောင်း သတင်းလက်ဆင့်
ကမ်းရပါတယ်.
အခုခေတ်စားလာနေတဲ့ LGBTတွေမှာလည်း ကာလသားရောဂါတွေ ကူစက်ပြန့်ပွားပါတယ်။ ပိုတောင်ဆိုးတတ်ပါတယ်။ 
8/6/19 
https://www.who.int/news-room/detail/06-06-2019-more-than-1-million-new-curable-sexually-transmitted-infections-every-day
https://www.cdc.gov/std/chlamydia/stdfact-chlamydia.htm
https://www.cdc.gov/std/trichomonas/stdfact-trichomoniasis.htm
https://www.cdc.gov/std/gonorrhea/stdfact-gonorrhea.htm
https://www.cdc.gov/std/syphilis/stdfact-syphilis.htm
Saturday, 1 June 2019
ဖိုးသုည
02-06-19
ငှက်ဖျားရောဂါပိုးသယ်ဆောင်ဖြန်ဖြူးပေးတဲ့ အနော့ဖီးလစ် ခြင်များကို နှိမ်နင်းရန်နည်းသစ်တွေ့ (ယူနီကုဒ်)
နှစ်စဉ် လူ ၂၁၉ သန်းလောက်ကို ရောဂါရစေပြီး လေသိန်းလောက်သေစေတဲ့ ငှက်ဖျားရောဂါဆိုတာ အနော့ဖီးလစ်ဆိုတဲ့ ခြင်ကသယ်ဆောင်ပေးတဲ့ Plasmodium ဆိုတဲ့ ကပ်ပါးပိုကြောင့် ဖြစ်တာပါ။
ဆင်းရဲတဲ့ အာဖရိကနဲ့ အာရှနိုင်ငံတွေမှာ အဖြစ်များထဲ့ ငှက်ဖျားပိုးဟာ ငွေကြေးနဲ့ အသိပညာချို့တဲ့မှုကြာင့် ဆေးတွေကို စနစ်တကျမသုံးနိုင်ခြင်းရဲ့ အကျိုးဆက်အဖြစ် လက်ရှိဆေးအားလုံးနီးပါးကို ယဉ်ပါးလို့ ကုန်ပါပြီ။
ဆေးသိပ္ပံပညာရှင်တွေက အဲဒီပိုးတွေကိုသတ်ဖို့ ဆေးသစ်တွေကို ရှိဖွေရသလို ကာကွယ်ဆေးထုတ်လုပ်ဖို့လည်း ကျိုးစားနေကြတာ ဆယ်စုနှစ်များစွာကြာပြီးဖြစ်ပါတယ်။
အဲဒီပိုးရဲ့ ဘဝဖြစ်စဉ်တစိတ်တပိုင်းဟာ အဆိုပါ အနော့ဖီးလစ် ခြင်ထဲမှာ မဖြစ်မနေ ပြောင်းလဲရတာဖြစ်လို့ ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းနဲ့ ခြင်နှိမ်နင်းခြင်းတို့ဟာလည်း ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရေးမှာ အသုံးဝင်တဲ့ နည်းတွေဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ခြင်ဆေးဖြန်းခြင်း၊ ဆေးရည်စိမ်ခြင်ထောင်များ သုံးစွဲစေခြင်းတို့ဖြင့် ဆယ်စုနှစ်နဲ့ ချီပြီးဆောင်ရွက်လာရာ အခုအခါ ခြင်တွေကလည်း အဆိုပါဆေးတွေကို ယဉ်ပါးလာပြန်ပါတယ်။
မနေ့ကတော့ အမေရိကန်နိုင်ငံ မေရီလင်းတက္ကသိုလ်နဲ့ အနောက်အာဖရိကက ဘာကီးနာ ဖါဆို နိုင်ငံရှိ IRSS သုတေသနဌာနတို့ပူးပေါင်းဆောင်ရွက်နေတဲ့ သုတေသနတခုက သတင်းကောင်းတခုကို ကြေငြာခဲ့ပါတယ်။
မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ မှိုတမျိုးက ငှက်ဖျားခြင်  ၉၉ ရာနှုန်းကို  ၄၅ ရက်အတွင်း သေစေနိုင်ခဲ့တယ်ဆိုတဲ့သူတို့ရဲ့ တွေ့ရှိချက်ကို   Science, ဆိုတဲ့ ဂျာနယ်မှာ မနေ့ကဖေါ်ပြခဲ့တာပါ။
ပညာရှင်တွေက အနောဖီလစ်ခြင်တွေမှာ သဘာဝအလျှောက်ကူးစက်တတ်တဲ့ Metarhizium pingshaense ဆိုတဲ့ မှိုတမျိုးကို ရွေးချယ်ပြီး မျိုးရိုးဗီဇပြုပြင်နည်းနဲ့ပြောင်းလဲပေးလိုက်ပါတယ်။ အဲလိုပြောင်းလဲအပြီးမှာတော့ အဲဒီမှိုတွေဟာဩစတေးသျှနိုင်ငံမှာတွေ့ရတဲ့ funnel-web spider ဆိုတဲ့ပင့်ကူရဲ့ အဆိပ်အဖြစ်ပြောင်းသွားပါတယ်။
သဘာဝအားဖြင့် အဆိုပါပင့်ကူမျိုးက အနောဖိလစ်ခြင်ကို အစွယ်နဲ့ထိုးပြီး အဆိပ်ကိုသွင်းသတ်တာပါ။ အဲဒီပင့်ကူကိုက်လို့ ခြင်သေရသလိုဖြစ်အောင် သုတေသီတွေက ပင့်ကူအစွယ်အစား Metarhizium မှိုကို သုံးလိုက်တာပါ။
၆၅၀၀ စတုရန်းပေရှိတဲ့နေရာမှာ ခြင်လုံဇကာ ၂ထပ်ကာပြီး လူနေရွာအတုတခုကို ဖန်တီးထားကာ ခြင်အကောင် ၁၅၀၀ ကို စမ်းတယ်ဆိုပါတယ်။ ပြုပြင်ထားတဲ့ မှိုမျိုးစေ့တွေကို နှမ်းဆီနဲ့ရောနယ်ပြီး ဝါဂွမ်းအချပ်တွေမှာသုတ်ထားပါတယ်။ ခြင်တွေက အဲဒီအပေါ်ကို လာနားလျင် မှိုကူးစက်တာခံရပြီးသေကြတာပါ။ ၄၅ ရက်အကြာမှာ အဲဒီ ခြင် ၁၅၀၀ က နေ ၁၃ ကောင်ပဲကျန်တော့တာကို ဝမ်းသာစွာတွေ့ခဲ့ရတာပါ။ ဒီသုတေသနက အဲဒီခြင်တွေကို မျိုးတုန်းအောင်လုပ်ဖို့မဟုတ်ဘဲ ငှက်ဖျားတိုက်ဖျက်ရေးကိုသာဦးတည်တာဆိုပါတယ်။
အခုထိတွေ့ရှိချက်တွေအရကတော့ အဲဒီ မှိုမျိုးက အနောဖိလစ်ခြင်အမျိုးအစားကိုပဲကူးစက်တာဖြစ်ပြီး  တခြားအင်းဆက်ပိုးတွေကို ( အထူးသဖြင့်ပျားကောင်များ)လုံးဝဒုက္ခမပေးဘူးဆိုပါတယ်။ ဒီနည်းကို  လက်တွေအသုံးမပြုခင် သဘာဝသက်ရှိ အကောင်နဲ့ အပင်တွေကို ဘေးမဖြစ်ကြောင်းသေချာအောင် လေ့လာစိပ်သပ်တင်ပြရဦးမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာငှက်ဖျားပေါတဲ့ မြန်မာနိုင်ငံတောင်ပေါ်ဒေသမှာ နေထိုင်သူတွေအတွက် တော့သတင်းကောင်းတခုပါ။
မနှစ်ကလည်းဩစတေးသျှနိုင်ငံမှာ လုပ်နေတဲ့ သူတေသနက သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ကို ပြန့်ပွားစေတဲ့ အေးဒီးစ် (Aedes) ခြင်တွေကို ဝိုလ်ဘားချီးယား (Wolbachia) ဆိုတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးဘားပိုးတမျိုး ထည့်သွင်းပေးခြင်းဖြင့် အဲဒီခြင်တွေရဲ့ ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်အောင် တားဆီးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
02-06-19
Thursday, 30 May 2019
ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။
ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။ (ယူနီကုဒ်)
ဘူဖေးဆိုတာ ကိုယ့်လောဘနဲ့ ကိုယ့်ကို ပြန်သတ်တဲ့ စားသောက်နည်းပါ။
ဘူဖေးဆိုင်မှာ ကိုယ်ကြိုက်တာကို လိုသလောက်ပဲရွေးပြီး ချင့်ချိန်စားတယ်ဆိုတာ တုစ် ရာခိုင်နှုန်းတောင်ရှိမယ်မထင်ပါ။ 
ဒီဖက်ခေတ်မှာ မြို့ကြီးတွေသာမက မြို့အလတ်စားတွေမှာပါ ဟော့ပေါ့ ဘူဖေးတွေ အလျှိုလျှိုပေါ်လာပါတယ်၊ 
မန်ဘာကဒ်နဲ့ မန်ဘာဒစ်စကောင့်၊ နေ့လည်စာအထူး စသည်ဖြင့်နည်းမျိုးစုံ ပရိုမိုးရှင်းလုပ်ကြပါတယ်။
မကြာမကြာလာစားဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ပါတယ်။ 
ဟော့ပေါ့ဘူဖေးတွေရဲ့ ယေဘူရ အကောင်းအဆိုးများ-
ဘာတွေကောင်းလဲ
ဆွေမျိုးတွေ မိသားစုတွေ ဆုံလို့၊ မိတ်ဆွေ အပေါင်းအသင်းတွေဆုံလို့၊ အထိမ်းအမှတ်ပွဲတခုခု စုစားချင်လို့ ဆိုတာမျိုး လူအများစုစားတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက် ပြသနာမရှိတော့ပါ။ စားသူက ကိုယ်ကြိုက်တာကိုယ်ယူစားရုံပါ။
ကျွေးသူက မှာထားတာ မလောက်မှာမပူရသလို ပိုလျှံမှာလည်း ပူစရာမလိုပါ။
အစားကြီးသူများအတွက် တွက်ခြေကိုက်ပါတယ်။
မကောင်းတာများ
အစားနည်းသူများအတွက် စားနိုင်တာထက်ပိုပေးရလို့ ပေးရတာမတန်ပါ၊ ဈေးများပါတယ်။
အပြုတ်မကြိုက်သူများအတွက် ရွေးစရာနည်းပါတယ်။
အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ လုံးမညီညွတ်ပါ။
ကျန်းမာရေးအတွက် မကောင်းတဲ့ အကြောင်းတွေကတော့
၁၊ ပမာဏ
ဘူဖေးဖြစ်လို့ အများစုက ပေးထားတာ တန်အောင် စားနိုင်သမျှစားကြပါတယ်၊ ပုံမှန်ထက်များစွာ (နှစ်ဆမက) ပိုစားပါတယ်။ 
၂၊ ကိုလက်စထရော
 ဈေးကြီးသောပင်လယ်စာကို များများစားတတ်ကြပါတယ်၊ ဂဏန်း ပုဇွန် ကမာ ဆိတ်၊ အမဲ၊ ဝက်သား စသည်တို့မှာ ကိုလက်စထရောအလွန်များသဖြင့် ဆင်ဆင်ခြင်ခြင် စားရမည့် အမျိုးအစားထဲတွင်ပါသော်လည်း ဘူဖေးဖြစ်လို့ ပေးရတာတန်အောင် အဲဒါတွေများများစားကြ။
၃။ ဆား နဲ့ အချိုမှုန့် 
သထူးသဖြင့် အသားတွေမှာ အလွန်များပါတယ်။ ပုံမှန်အစားအသောက်တွေမှာထက်ပိုငံပါတယ်။ 
ဆားနဲ့ အချို့မှုန့်ပါ ဆိုဒီယံကြောင့် သွေးပေါင်ချိန်တက်ပါတယ်။ ကျောက်ကပ်မကောင်းလျင် ဖောယောင်ပါတယ်၊ နှလုံးအားနည်းလျင် မညှစ်နိုင်ပဲ အမောဖေါက်နိုင်ပါတယ်။ ပြုတ်ရည်ကို နည်းနည်းကြာလျင် ရေနွေးရော (သို့) အသစ်လဲသင့်ပါတယ်၊ မသောက်သင့်ပါ။  
အသားငါးတွေကို အချည်ရည်မျိုးစုံနဲ့ တို့စားလို့ အဲဒီဆော့စ် တွေထဲကအငံဓါတ်တွေကို ပိုစားမိကြပြန်ပါတယ်။ 
၄၊ အသား
ဟော့ပေါ့စားသူတွေက အသားတွေကိုအစားများပါတယ် အသားတွေမှာ ပြည့်ဝအဆီတွေများသလို အမဲသားဆိတ်သားတွေက ယူရစ်အက်ဆစ်လည်း များပါတယ်၊ အသားပရိုတိန်းကို တခြားအစားတွေနဲ့ အချိုးမမျှအောင်များများစားလျင် ဝမ်းလည်းချုပ်ပါတယ်၊ ကျောက်ကပ်လည်း ဝန်ပိပါတယ်။ 
၅၊ ကြာရှည်ခံအောင်လုပ်ထားသောအစာများ
အသားလုံး ငါးလုံး ဂဏန်းလိပ် ပုဇွန်လိပ် ဖက်ထုပ် ခဲပြီးလွှာထားသော အသားတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ ကြာရှည်ခံစေတဲ့ ဓါတုပစ္စည်းတွေပါပါတယ်၊ နည်းနည်းပါးပါးက သိပ်မသိသာပေမဲ့ အများကြီး မစားသင့်ပါ။ 
မကြာမကြာစားသူများ ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်ပိုများလာစေပါတယ်။
အသားငါးသာမက ဂျုံလိုကစီဓါတ်များတဲ့ ပစ္စည်းတွေပါလို့ အစာခြေပြီးလျင် သွေးထဲမှာ သကြားဓါတ်တက်ပါတယ်၊ ကိုယ်က ခေါက်ဆွဲ ကြာဇံထည့်မစားတောင် အဲဒီ အသားလုံး ဂဏန်းလိပ်တွေကနေ ကာဗိုဟိုက်ဒြိတ်တွေ အများကြီး ဝင်ပါတယ်။ ဆီးချိုသမားများ သတိထားစရာပါ။ 
အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာအပါအဝင်ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။
၅၊ အရွက်
ဘူဖေးစားတာဖြစ်လို့ လူအများက 
အလွယ်တကူ ဗိုက်ပြည့်စေတဲ့ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ဈေးပေါတဲ့ အရွက်တွေကို သိပ်မယူတတ်ကြပါ။ အသားကိုပိုစားကြတာများပါတယ်
၆၊ အချိုပွဲ
ဘူဖေးဖြစ်လို့ အကန့်သတ်မရှိတဲ့ အချိုရည်တွေများများသောက်တတ်ကြသလို ရေခဲမုန့်တွေ အမျိုးကလည်းစုံတော့ အများကြီးစားတတ်ကြပါတယ် အချိုများသလို ရေခဲမုန့်မှာ အဆီဓါတ်လည်းများပါတယ်။ မခြားအချိုမျိုးစုံလည်းရတော့ ပုံမှန် စားနေကျအချိုထက် အဆများစွာပိုစားပါတယ်။ 
သကြားဓါတ်များလို့ ဆီးချို သွေးချိုတက်သလို အဝလွန်စေပါတယ်။ 
ရ။ ရေ
ဗိုက်မဆံ့မှာစိုးလို့ ရေအသောက်နည်းတတ်ကြပါတယ်။
၈၊ အစားအသောက် သန့်ရှင်းမှူ
အသုတ်နဲ့ အထူးသဖြင့် အချည်ရည်မျိုးစုံတို့ဟာ သေချာချက်ပြုတ်ထားတာမရှိလို့ မသန့်လျင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ 
ချုပ်ရလျင်တော့ ဒီလို ဘူဖေးဟော့ပေါ့တွေကို 
သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်နဲ့ ဆီးရောဂါရှိသူ၊ အစာအိမ်ရောဂါရှိသူ၊ အစာအိမ်အက်ဆစ် အထက်ကို ပြန်ဆန်တတ်တဲ့ ရီဖလက်ရှိသူ၊ သည်းခြေကျောက်ရှိသူ သည်းခြေအိတ်ထုတ်ထားသူ၊ အဝလွန်သူတို့အတွက်တော့ ဝေးဝေးကရှောင်သင့်ပါတယ်။ 
 ရှားရှားပါးပါး တနှစ်မှ တခေါက် နှစ်ခေါက်လောက်သွားစားသူတွေ အတွက် သိပ်မဆိုးပေမဲ့ မကြာခဏသွားစားဖြစ်နေရင်တော့ ဆေးဖိုးလည်း စုသာထားဖို့လိုနိုင်ပါကြောင်း အသိပေးရပါတယ် အမျိုးတို့ခင်ဗျား။
Dr Aung
30-5-19
ခတျေစားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကနျြးမာရေး။ (ဇော်ဂျီ) 
မကွာမကွာစားသူမြား ကငျဆာရောဂါဖွဈဖို့ အန်တရာယျပိုမြားလာစပေါတယျ။ 
Dr. Aung
30-5-19-
Monday, 11 June 2018
ပြည်မြန်မာအခြေအနေ
၎. အသက်အလိုက် မုဆိုးဖို ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသမီး သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)
၆. အမျိုးသားများကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်သည်များ (Men’s Health Network မွ Get it checked လက်ကမ်းစာဆောင်ကို မြန်မာမှု ပြုထားပါသည်။) 
၁၁၊၀၆၊၂၀၁၈
အမျိုးသားများကျန်းမာရေး (Men’s health) (ယူနီကုဒ်)
ဒီနေ့ ဇွန်လ ၁၁ရက်ဟာ ၂၀၁၈ခု ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ရဲ့ အစဖြစ်ပြီးတော့ အဖေများနေ့ကတော့ အဲဒီ ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။
အဖေများနေ့ Father’s day ကိုလူသိများပေမဲ့ ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ် international Men's health week နဲ့ Wear Blue day ကိုတော့ မသိကြတာများပါတယ်။
၂၀၁၈ ခုနှစ် အတွက် ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကတော့ ဇွန်လ ၁၁ရက်ကနေ ၁၈ ရက်နေ့ အဖေများနေ့အထိဖြစ်ပါတယ်.
ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ရဲ့ သောကြာနေ့ ကိုတော့ Wear Blue day အပြာရောင် ဝတ်ဆင်ရေးနေ့လို့ သတ်မှတ်ပါတယ်။
၂၀၁၈ အတွက် အပြာရောင် ဝတ်ဆင်ရေးနေ့ဟာ ဇွန်လ ၁၅ ရက်နေ့ပါ။
ဒီနှစ် ၂၀၁၈ ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကိုတော့ ဆီးချိုရောဂါအကြောင်း အသိပညာပေးဖို့ကို ဦးတည်ချက်ထားပါတယ်။
ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week)
အဲဒီရက်သတ္တပတ်မှာ ကျန်းမာရေးနဲ့ လူမှုရေး အဖွဲ့များက ကျန်းမာရေး ၊ လုပ်ငန်းခွင်အန္တရာယ်နှင့် လုပ်ငန်းခွင်နှင့်ဆက်စပ်ရောဂါများကာကွယ်ရေး ပညာပေးဟောပြောပွဲ ကျန်းမာရေးစစ်ပေးခြင်း၊ အားကစား လှုပ်ရှားမှုနဲ့  အခြားလူထုအသွင် လှုပ်ရှားမှုများလုပ်ကြပါတယ်။
ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week) ဘယ်လိုဖြစ်ပေါ်လာတာလဲ 
၁၉၉၄ ခုမှာ အမေရိကန် ကွန်ဂရက်က အမျိုသားများကျန်းမာရေး ကွန်ယက်ကို အတည်ပြုပေးခဲ့ ပြီး အဲဒီကွန်ယက်က အမေရိကန် အမျိုးသားများရဲ့ ကျန်းမာရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း၊ အကြံပေးခြင်း၊ ကျန်းမာရေး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ပညာပေးခြင်း ဟောပြောခြင်း အများသိလာအောင် လှုပ်ရှားမှုများလုပ်ပေးခြငးစသည်ဖြင့် ဆောင်ရွက်ခဲ့တာပါ။
ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကိုတော့  အမေရိကား နဲ့ ဗြိတိန်၊ အီးယူ၊ ဩစတေးသျှ အပါဝင် စိတ်ဝင်စားတဲ့ နိုင်ငံအချို့က အမျိုးသားများကျန်းမာရေး လှုပ်ရှားမှု အသင်းအဖွဲ့များရဲ့  ၂၀၀၁ စုံညီအစည်းအဝေးမှာ အဆိုပြုခဲ့ပြီး ၂၀၀၂ ဗီယင်နာ ကြေညာချက်နဲ့အတူစတင်ခဲ့တာပါ။
နှစ်စဉ် အဖေများနေ့ကျင်းပတဲ့ ရက်သတ္တပတ် ကို ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်လို့ သတ်မှတ်ပါတယ်။
ရည်ရွယ်ချက်ကတော့ အမျိုးသမီးများထက် ကျန်းမာရေးချို့တဲ့ပြီး အသက်တိုကြတဲ့ အမျိုးသားများအကြားမှာ ကျန်းမာရေး အသိပညာများတိုးတက်လာစေရန်, ကျန်းမာရေးစစ်ဆေးမှုများပုံမှန်လုပ်ပြီး ကာကွယ်လို့ရတဲ့ ရောဂါများ၊ လုပ်ငန်းခွင် အန္တရာယ်များကို ကာကွယ်၊ ရောဂါဖြစ်လာလျင်လည်း အချိန်မီ စောစီးစွာကုသမှုခံယူနိုင်ဖို့၊ စိတ်၊ ကိုယ်နဲ့ လူမှုရေး အဘက်ဘက်မှာ ကျန်းမာစွာ သက်တန်းပြည့်နေနိုင်စေဖို့ဖြစ်ပါတယ်။
Mens'Health သည် အမျိုးသားများအတွက်သာမဟုတ်
တကယ်တော့ အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေက သူတို့ အတွက်သာ အရေးကြီးတာ မဟုတ်ပါ။
သူတို့ ကို ချစ်သော မိသားစုဝင်များ၊ သူတိုကို မှီခိုနေသူများ အတွက်လည်း အရေးကြီးတာဖြစ်လို့၊
အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေကို လူတိုင်းလူတိုင်းသိထားသင့်ပြီး မိမိတို့ရဲ့ အဖေ၊ အကို၊ မောင်၊ သား၊ ဦးကြီး ဦးလေး တိုရဲ့ ကျန်းမာရေးကို ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
ပြည်မြန်မာအခြေအနေ
၂၀၁၄ သန်ကောင်စာရင်းအရ မြန်မာပြည်မှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၁.၈၃၇ သန်း လျော့နည်းပါတယ်။
၁. စုစုပေါင်း ကျား၊ မ လူဦးရေ (၂၀၁၄ သန်းကောင်စာရင်း)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၆ မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ ၂၀၁၆ မှာ ကလေးတယောက်မွေးလာတဲ့ အခါ သူနေရမဲ့ ခန့်မှန်းသက်တမ်း (life expectancy at birth ) ဟာ မိန်းခလေးဆို ၆၉ နှစ် ရှိပေမဲ့ ယောင်္ကျားလေးဆိုရင်တော့ လေးနှစ် အသက်ပိုတိုပြီး ၆၅ နှစ်ပဲရှိပါတယ်။
၂. ကျား၊ မ ခန့်မှန်း သက်တမ်း (WHO၂၀၁၆)
မွေးကင်းစမှာ ယောင်္ကျားလေးဦးရေကမသိမသာပိုများပေမဲ့ အသက် ၂၀ ကျော်လာတာတဲ့ နဲ့ အမျှ အမျိုးသားဦးရေ ကျဆင်းလာပါတယ်။
အသက် ၅၀ အရွယ် အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း ရွယ်တူ အမျိုးသားက ၈၇ ယောက်လောက်ပဲရှိတော့ပြီး၊ အသက် ၈၀ ရှိတဲ့ အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း သက်တူရွယ်တူ အမျိုးသားက ၆၄  ယောက်လောက်ပဲရှိပါတော့တယ်။
အဲဒီသက်ကြီး ကျားမ ဦးရေ ကွာခြားချက်ဟာ ၁၉၈၃ ခုစာရင်းကောက်တုန်းက အသက် ၆၀ ကျော်လာမှ  သိသိသာသာကွာလာတာဖြစ်ပြီး ၂၀၁၄ စာရင် အရ ကွာခြားမှုထက် ၂ဆပိုလာတာကိုတွေ့ရပါတယ်။
၃က. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ (၂၀၁၄ သန်းကောင်စာရင်း)
၃ခ. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ  (၂၀၁၄ သန်းကောင်စာရင်း)
အထီးကျန်တာလား အမကျန်တာလား
မုဆိုးဖို အရေအတွက်ဟာ အသက် ၅၀ ကျော် အရွယ်မှ စတင်များပြားလာပြီး အသက်၇၅ ကျော်မှသိသိသာသာ များလာပေမဲ့ မုဆိုးမအရေအတွက်ကတော့ အသက် ၄၀ လောက်ကတည်းက စတင်များပြားလာပြီး အသက် ၆၀ လောက်မှာ သိသိသာသာများလာပါတယ်။
၄. အသက်အလိုက် မုဆိုးဖို ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသမီး သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)
၅.  အသက်အလိုက် မုဆိုးမ ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသား သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)
ကမ္ဘာ့တခြားနိုင်ငံတွေက ပုရိသများအခြေအနေ
ဒီလို ကျားမ လူဦးရေနဲ့ သက်တန်းကွာခြားမှုတွေက မြန်မာပြည်မှာသာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်နေတာပါ။
အားနွဲ့သော ယောင်္ကျားသဘာဝ
အမေရိကန်ရဲ့ အမျိုးသားများကျန်းမာရေး ကွန်ယက်ရဲ့ လေ့လာဆန်းစစ်ချက်များအရ
_ ကိုယ်ဝန်ဆောင်စဉ်မှာ မိန်းမလေး သန္ဓေသား ၁၀၀ ရှိတိုင်း ယောင်္ကျားလေး သန္ဓေသား ၁၁၅ ယောက်ရှိပါတယ်
- မိခင်ရဲ့ ဝမ်းတွင်းမှာရှိစဉ်ကိုယ်ဝန်ပျက်ကျတဲ့အခါ ယောင်္ကျားလေး သန္ဓေသားများက ပိုပျက်ကျဖို့လွယ်ပါတယ်။
- မွေးကင်းစကလေးငယ်တွေသေဆုံးမှုမှာ ယောင်္ကျားလေး ၂၅ ရာနှုန်းပိုများပါတယ်။
- ပုခက်တွင်း ကလေး သေဆုံးမှု ၅ ယောက်မှာ ၃ ယောက်က ယောင်္ကျားလေးတွေပါ။
- အမျိုးသားများက အမျိုးသမီးများထက် အကြားအားရုံချို့ယွင်မှု ၂ ဆများပါတယ်။
- အမျိုးသားတွေမှာ ရောဂါပိုးတွေကိုခုခံပေးတဲ့ တီဆဲလ် တွေပိုနည်းပါတယ်။
- ကျားဟော်မုန်းက ဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောများပြီး ကောင်းကျိုးပေးတဲ့  HDLနည်းပါးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
- အမျိုးသမီးများဟာ ဆရာဝန်နဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းနဲ့ ကာကွယ်ခြင်းများကို လုပ်ဆောင်မှုမှာ အမျိုးသားထက် ၁၀၀ ရာနှုန်းပိုပါတယ်။
- အမျိုးသားများက သူတပါးရဲ့သတ်ဖြတ်ခံရမှုပိုများပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ နိုင်ငံတွေမျာတော့ ပိုဆိုးပါတယ်။
-အမျိုးသားများက စိတ်ကျရောဂါခံစားရတာပိုများပြီး မိမိကိုယ်မိမိ သေကြောင်းကြံတာလည်း အမျိုးသမီးများထက် များပါတယ်။
- နှလုံးရောဂါ၊ ကင်ဆာ၊ ထိခိုက်ဒါဏ်ရာရရှိမှု၊ လေဖြတ်ခြင်း၊ မိမိကိုယ် သတ်သေခြင်းတို့ကြောင့် သေဆုံးမှုတွေမှာ အမျိုးသားများက ပိုများပါတယ်။
- အမျိုးသားများငဘာဝက အသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုများကို ပိုမိုလုပ်လေ့ရှိလို့ ထိခိုက်ဒါဏ်ရာရတာ သေကြပျက်စီးတာပိုများပါတယ်။
- အန္တရာယ်ရှိသော အလုပ်၊ ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းတွေမှာ အလုပ်လုပ်သူတွေ အများစုဟာ အမျိုးသားများဖြစ်ကြပါတယ်။
အထက်ပါအကြောင်းမျိုးစုံတို့ကြောင့် ကမ္ဘာတလွှားမှာ အမျိုးသားများရဲ့ သက်တန်းဟာ အမျိုးသမီးများထက် ၃နှစ်ကနေ ၇ နှစ်အထိပိုပြီးတော့ တိုတာကိုတွေ့နိုင်ပါတယ်။
အသက်ကလေးရယ်တဲ့ ရှည်စေလို၊ ပုရိသများ ဘာတွေလုပ်ကြသင့်သလဲ
အဲဒီလိုမဖြစ်ရလေအောင် အမျိုးသားများက မိမိတို့ ကျန်းမာရေး  နဲ့ ဆက်စပ်ပြသနာများ အကြောင်းကိုပိုမိုသိရှိသဘောပေါက်လာကြပြီး ပုံမှန် စစ်ဆေး၊ ကာကွယ်, ကုသကြရမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ အမျိုးသားများကျန်းမာရေးကွန်ယက် Men’s Health Network မှ Get it checked ဆိုတဲ့ လက်ကမ်းစာဆောင်မှ အမျိုးသားများ ပုံမှန်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးချက်များကို ကို မြန်မာမှု ပြုထားပါတယ်။