Monday 11 June 2018

ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရး (Men’s health ) အမျိုးသားများကျန်းမာရေး

ဒီေန႔ ဇြန္လ ၁၁ရက္ဟာ ၂၀၁၈ခု ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ရဲ႕ အစျဖစ္ၿပီးေတာ့ အေဖမ်ားေန႔ကေတာ့ အဲဒီ ရက္သတၱပတ္ရဲ႕ ေနာက္ဆုံးေန႔ျဖစ္ပါတယ္။ အေဖမ်ားေန႔ Father’s day ကိုလူသိမ်ားေပမဲ့ ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ international Men's health week နဲ႔ Wear Blue day ကိုေတာ့ မသိၾကတာမ်ားပါတယ္။ ၂၀၁၈ ခုႏွစ္ အတြက္ ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ကေတာ့ ဇြန္လ ၁၁ရက္ကေန ၁၈ ရက္ေန႔ အေဖမ်ားေန႔အထိျဖစ္ပါတယ္. ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ရဲ႕ ေသာၾကာေန႔ ကိုေတာ့ Wear Blue day အျပာေရာင္ ဝတ္ဆင္ေရးေန႔လို႔ သတ္မွတ္ပါတယ္။ ၂၀၁၈ အတြက္ အျပာေရာင္ ဝတ္ဆင္ေရးေန႔ဟာ ဇြန္လ ၁၅ ရက္ေန႔ပါ။ ဒီႏွစ္ ၂၀၁၈ ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ကိုေတာ့ ဆီးခ်ိဳေရာဂါအေၾကာင္း အသိပညာေပးဖို႔ကို ဦးတည္ခ်က္ထားပါတယ္။


ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္။ (Men’s health week)

အဲဒီရက္သတၱပတ္မွာ က်န္းမာေရးနဲ႔ လူမႈေရး အဖြဲ႕မ်ားက က်န္းမာေရး ၊ လုပ္ငန္းခြင္အႏၲရာယ္ႏွင့္ လုပ္ငန္းခြင္ႏွင့္ဆက္စပ္ေရာဂါမ်ားကာကြယ္ေရး ပညာေပးေဟာေျပာပြဲ က်န္းမာေရးစစ္ေပးျခင္း၊ အားကစား လႈပ္ရွားမႈနဲ႔  အျခားလူထုအသြင္ လႈပ္ရွားမႈမ်ားလုပ္ၾကပါတယ္။

ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္။ (Men’s health week) ဘယ္လိုျဖစ္ေပၚလာတာလဲ 
၁၉၉၄ ခုမွာ အေမရိကန္ ကြန္ဂရက္က အမ်ိဳသားမ်ားက်န္းမာေရး ကြန္ယက္ကို အတည္ျပဳေပးခဲ့ ၿပီး အဲဒီကြန္ယက္က အေမရိကန္ အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးအတြက္ ေလ့လာဆန္းစစ္မႈမ်ားျပဳလုပ္ျခင္း၊ အႀကံေပးျခင္း၊ က်န္းမာေရး လုပ္ငန္းခြင္ အႏၲရာယ္ကင္းရွင္းေရး ပညာေပးျခင္း ေဟာေျပာျခင္း အမ်ားသိလာေအာင္ လႈပ္ရွားမႈမ်ားလုပ္ေပးျခငးစသည္ျဖင့္ ေဆာင္႐ြက္ခဲ့တာပါ။
ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ကိုေတာ့  အေမရိကား နဲ႔ ၿဗိတိန္၊ အီးယူ၊ ဩစေတးသွ် အပါဝင္ စိတ္ဝင္စားတဲ့ ႏိုင္ငံအခ်ိဳ႕က အမ်ိဳးသားမ်ားက်န္းမာေရး လႈပ္ရွားမႈ အသင္းအဖြဲ႕မ်ားရဲ႕  ၂၀၀၁ စုံညီအစည္းအေဝးမွာ အဆိုျပဳခဲ့ၿပီး ၂၀၀၂ ဗီယင္နာ ေၾကညာခ်က္နဲ႔အတူစတင္ခဲ့တာပါ။
ႏွစ္စဥ္ အေဖမ်ားေန႔က်င္းပတဲ့ ရက္သတၱပတ္ ကို ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္လို႔ သတ္မွတ္ပါတယ္။
ရည္႐ြယ္ခ်က္ကေတာ့ အမ်ိဳးသမီးမ်ားထက္ က်န္းမာေရးခ်ိဳ႕တဲ့ၿပီး အသက္တိုၾကတဲ့ အမ်ိဳးသားမ်ားအၾကားမွာ က်န္းမာေရး အသိပညာမ်ားတိုးတက္လာေစရန္, က်န္းမာေရးစစ္ေဆးမႈမ်ားပုံမွန္လုပ္ၿပီး ကာကြယ္လို႔ရတဲ့ ေရာဂါမ်ား၊ လုပ္ငန္းခြင္ အႏၲရာယ္မ်ားကို ကာကြယ္၊ ေရာဂါျဖစ္လာလ်င္လည္း အခ်ိန္မီ ေစာစီးစြာကုသမႈခံယူႏိုင္ဖို႔၊ စိတ္၊ ကိုယ္နဲ႔ လူမႈေရး အဘက္ဘက္မွာ က်န္းမာစြာ သက္တန္းျပည့္ေနႏိုင္ေစဖို႔ျဖစ္ပါတယ္။


Mens'Health သည္ အမ်ိဳးသားမ်ားအတြက္သာမဟုတ္

တကယ္ေတာ့ အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးကိစၥေတြက သူတို႔ အတြက္သာ အေရးႀကီးတာ မဟုတ္ပါ။
သူတို႔ ကို ခ်စ္ေသာ မိသားစုဝင္မ်ား၊ သူတိုကို မွီခိုေနသူမ်ား အတြက္လည္း အေရးႀကီးတာျဖစ္လို႔၊
အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးကိစၥေတြကို လူတိုင္းလူတိုင္းသိထားသင့္ၿပီး မိမိတို႔ရဲ႕ အေဖ၊ အကို၊ ေမာင္၊ သား၊ ဦးႀကီး ဦးေလး တိုရဲ႕ က်န္းမာေရးကို ဝိုင္းဝန္းေစာင့္ေရွာက္ၾကရမွာ ျဖစ္ပါတယ္။

ျပည္ျမန္မာအေျခအေန

၂၀၁၄ သန္ေကာင္စာရင္းအရ ျမန္မာျပည္မွာ အမ်ိဳးသားဦးေရက အမ်ိဳးသမီးဦးေရထက္ ၁.၈၃၇ သန္း ေလ်ာ့နည္းပါတယ္။

၁. စုစုေပါင္း က်ား၊ မ လူဦးေရ (၂၀၁၄ သန္းေကာင္စာရင္း)


ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ၂၀၁၆ မွာ ထုတ္ျပန္တဲ့ ကိန္းဂဏန္းမ်ားအရ ျမန္မာျပည္မွာ ၂၀၁၆ မွာ ကေလးတေယာက္ေမြးလာတဲ့ အခါ သူေနရမဲ့ ခန္႔မွန္းသက္တမ္း (life expectancy at birth ) ဟာ မိန္းခေလးဆို ၆၉ ႏွစ္ ရွိေပမဲ့ ေယာက်ၤားေလးဆိုရင္ေတာ့ ေလးႏွစ္ အသက္ပိုတိုၿပီး ၆၅ ႏွစ္ပဲရွိပါတယ္။

၂. က်ား၊ မ ခန္႔မွန္း သက္တမ္း (WHO၂၀၁၆)


ေမြးကင္းစမွာ ေယာက်ၤားေလးဦးေရကမသိမသာပိုမ်ားေပမဲ့ အသက္ ၂၀ ေက်ာ္လာတာတဲ့ နဲ႔ အမွ် အမ်ိဳးသားဦးေရ က်ဆင္းလာပါတယ္။
အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီး ဦးေရ ၁၀၀ ရွိတိုင္း ႐ြယ္တူ အမ်ိဳးသားက ၈၇ ေယာက္ေလာက္ပဲရွိေတာ့ၿပီး၊ အသက္ ၈၀ ရွိတဲ့ အမ်ိဳးသမီး ဦးေရ ၁၀၀ ရွိတိုင္း သက္တူ႐ြယ္တူ အမ်ိဳးသားက ၆၄  ေယာက္ေလာက္ပဲရွိပါေတာ့တယ္။
အဲဲဒီသက္ႀကီး က်ားမ ဦးေရ ကြာျခားခ်က္ဟာ ၁၉၈၃ ခုစာရင္းေကာက္တုန္းက အသက္ ၆၀ ေက်ာ္လာမွ  သိသိသာသာကြာလာတာျဖစ္ၿပီး ၂၀၁၄ စာရင္ အရ ကြာျခားမႈထက္ ၂ဆပိုလာတာကိုေတြ႕ရပါတယ္။
၃က. အသက္အလိုက္ က်ား၊ မလူဦးေရ ျခားနားလာမႈ အေျခ အေန (၂၀၁၄ သန္းေကာင္စာရင္း)
၃ခ. အသက္အလိုက္ က်ား၊ မလူဦးေရ ျခားနားလာမႈ အေျခ အေန  (၂၀၁၄ သန္းေကာင္စာရင္း)


အထီးက်န္တာလား အမက်န္တာလား
မုဆိုးဖို အေရအတြက္ဟာ အသက္ ၅၀ ေက်ာ္ အ႐ြယ္မွ စတင္မ်ားျပားလာၿပီး အသက္၇၅ ေက်ာ္မွသိသိသာသာ မ်ားလာေပမဲ့ မုဆိုးမအေရအတြက္ကေတာ့ အသက္ ၄၀ ေလာက္ကတည္းက စတင္မ်ားျပားလာၿပီး အသက္ ၆၀ ေလာက္မွာ သိသိသာသာမ်ားလာပါတယ္။
၄. အသက္အလိုက္ မုဆိုးဖို ျဖစ္မႈ (အသက္အလိုက္ အိမ္ေထာင္ရွိ အမ်ိဳးသမီး ေသဆုံးမႈ) (၂၀၁၄ သန္းေကာင္စာရင္း)

၅.  အသက္အလိုက္ မုဆိုးမ ျဖစ္မႈ (အသက္အလိုက္ အိမ္ေထာင္ရွိ အမ်ိဳးသား ေသဆုံးမႈ) (၂၀၁၄ သန္းေကာင္စာရင္း)


ကမာၻ႔တျခားႏိုင္ငံေတြက ပုရိသမ်ားအေျခအေန
ဒီလို က်ားမ လူဦးေရနဲ႔ သက္တန္းကြာျခားမႈေတြက ျမန္မာျပည္မွာသာမဟုတ္ဘဲ ကမာၻ႔ႏိုင္ငံအမ်ားစုမွာျဖစ္ေနတာပါ။

အားႏြဲ႕ေသာ ေယာက်ၤားသဘာဝ

အေမရိကန္ရဲ႕ အမ်ိဳးသားမ်ားက်န္းမာေရး ကြန္ယက္ရဲ႕ ေလ့လာဆန္းစစ္ခ်က္မ်ားအရ
_ ကိုယ္ဝန္ေဆာင္စဥ္မွာ မိန္းမေလး သေႏၶသား ၁၀၀ ရွိတိုင္း ေယာက်ၤားေလး သေႏၶသား ၁၁၅ ေယာက္ရွိပါတယ္
- မိခင္ရဲ႕ ဝမ္းတြင္းမွာရွိစဥ္ကိုယ္ဝန္ပ်က္က်တဲ့အခါ ေယာက်ၤားေလး သေႏၶသားမ်ားက ပိုပ်က္က်ဖို႔လြယ္ပါတယ္။
- ေမြးကင္းစကေလးငယ္ေတြေသဆုံးမႈမွာ ေယာက်ၤားေလး ၂၅ ရာႏႈန္းပိုမ်ားပါတယ္။
- ပုခက္တြင္း ကေလး ေသဆုံးမႈ ၅ ေယာက္မွာ ၃ ေယာက္က ေယာက်ၤားေလးေတြပါ။
- အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားထက္ အၾကားအား႐ုံခ်ိဳ႕ယြင္မႈ ၂ ဆမ်ားပါတယ္။
- အမ်ိဳးသားေတြမွာ ေရာဂါပိုးေတြကိုခုခံေပးတဲ့ တီဆဲလ္ ေတြပိုနည္းပါတယ္။
- က်ားေဟာ္မုန္းက ဆိုးက်ိဳးေပးတဲ့ LDL ကိုလက္စထေရာမ်ားၿပီး ေကာင္းက်ိဳးေပးတဲ့  HDLနည္းပါးျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။
- အမ်ိဳးသမီးမ်ားဟာ ဆရာဝန္နဲ႔ ပုံမွန္က်န္းမာေရး စစ္ေဆးျခင္းနဲ႔ ကာကြယ္ျခင္းမ်ားကို လုပ္ေဆာင္မႈမွာ အမ်ိဳးသားထက္ ၁၀၀ ရာႏႈန္းပိုပါတယ္။
- အမ်ိဳးသားမ်ားက သူတပါးရဲ႕သတ္ျဖတ္ခံရမႈပိုမ်ားပါတယ္။ စစ္ပြဲေတြျဖစ္ေနတဲ့ ႏိုင္ငံေတြမ်ာေတာ့ ပိုဆိုးပါတယ္။

-အမ်ိဳးသားမ်ားက စိတ္က်ေရာဂါခံစားရတာပိုမ်ားၿပီး မိမိကိုယ္မိမိ ေသေၾကာင္းႀကံတာလည္း အမ်ိဳးသမီးမ်ားထက္ မ်ားပါတယ္။
- ႏွလုံးေရာဂါ၊ ကင္ဆာ၊ ထိခိုက္ဒါဏ္ရာရရွိမႈ၊ ေလျဖတ္ျခင္း၊ မိမိကိုယ္ သတ္ေသျခင္းတို႔ေၾကာင့္ ေသဆုံးမႈေတြမွာ အမ်ိဳးသားမ်ားက ပိုမ်ားပါတယ္။
- အမ်ိဳးသားမ်ားငဘာဝက အသက္အႏၲရာယ္ရွိတဲ့ စြန္႔စားမႈမ်ားကို ပိုမိုလုပ္ေလ့ရွိလို႔ ထိခိုက္ဒါဏ္ရာရတာ ေသၾကပ်က္စီးတာပိုမ်ားပါတယ္။
- အႏၲရာယ္ရွိေသာ အလုပ္၊ က်န္းမာေရးကို ထိခိုက္ေစေသာလုပ္ငန္းေတြမွာ အလုပ္လုပ္သူေတြ အမ်ားစုဟာ အမ်ိဳးသားမ်ားျဖစ္ၾကပါတယ္။

အထက္ပါအေၾကာင္းမ်ိဳးစုံတို႔ေၾကာင့္ ကမာၻတလႊားမွာ အမ်ိဳးသားမ်ားရဲ႕ သက္တန္းဟာ အမ်ိဳးသမီးမ်ားထက္ ၃ႏွစ္ကေန ၇ ႏွစ္အထိပိုၿပီးေတာ့ တိုတာကိုေတြ႕ႏိုင္ပါတယ္။
အဲဒီလိုမျဖစ္ရေလေအာင္ အမ်ိဳးသားမ်ားက မိမိတို႔ က်န္းမာေရး  နဲ႔ ဆက္စပ္ျပသနာမ်ား အေၾကာင္းကိုပိုမိုသိရွိသေဘာေပါက္လာၾကၿပီး ပုံမွန္ စစ္ေဆး၊ ကာကြယ္, ကုသၾကရမွာျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံ အမ်ိဳးသားမ်ားက်န္းမာေရးကြန္ယက္ Men’s Health Network မွ Get it checked ဆိုတဲ့ လက္ကမ္းစာေဆာင္မွ အမ်ိဳးသားမ်ား ပုံမွန္လုပ္ေဆာင္သင့္တဲ့ က်န္းမာေရး စစ္ေဆးခ်က္မ်ားကို ကို ျမန္မာမႈ ျပဳထားပါတယ္။


အသက္ကေလးရယ္တဲ့ ရွည္ေစလို၊ ပုရိသမ်ား ဘာေတြလုပ္ၾကသင့္သလဲ
၆. အမျိုးသားများကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်သည်များ (Men’s Health Network မွ Get it checked လက္ကမ္းစာေဆာင္ကို ျမန္မာမႈ ျပဳထားပါသည္။) 


၁၁၊၀၆၊၂၀၁၈

အမျိုးသားများကျန်းမာရေး (Men’s health) (ယူနီကုဒ်)


ဒီနေ့ ဇွန်လ ၁၁ရက်ဟာ ၂၀၁၈ခု ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ရဲ့ အစဖြစ်ပြီးတော့ အဖေများနေ့ကတော့ အဲဒီ ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။
အဖေများနေ့ Father’s day ကိုလူသိများပေမဲ့ ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ် international Men's health week နဲ့ Wear Blue day ကိုတော့ မသိကြတာများပါတယ်။
၂၀၁၈ ခုနှစ် အတွက် ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကတော့ ဇွန်လ ၁၁ရက်ကနေ ၁၈ ရက်နေ့ အဖေများနေ့အထိဖြစ်ပါတယ်.
ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ရဲ့ သောကြာနေ့ ကိုတော့ Wear Blue day အပြာရောင် ဝတ်ဆင်ရေးနေ့လို့ သတ်မှတ်ပါတယ်။
၂၀၁၈ အတွက် အပြာရောင် ဝတ်ဆင်ရေးနေ့ဟာ ဇွန်လ ၁၅ ရက်နေ့ပါ။
ဒီနှစ် ၂၀၁၈ ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကိုတော့ ဆီးချိုရောဂါအကြောင်း အသိပညာပေးဖို့ကို ဦးတည်ချက်ထားပါတယ်။


ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week)


အဲဒီရက်သတ္တပတ်မှာ ကျန်းမာရေးနဲ့ လူမှုရေး အဖွဲ့များက ကျန်းမာရေး ၊ လုပ်ငန်းခွင်အန္တရာယ်နှင့် လုပ်ငန်းခွင်နှင့်ဆက်စပ်ရောဂါများကာကွယ်ရေး ပညာပေးဟောပြောပွဲ ကျန်းမာရေးစစ်ပေးခြင်း၊ အားကစား လှုပ်ရှားမှုနဲ့  အခြားလူထုအသွင် လှုပ်ရှားမှုများလုပ်ကြပါတယ်။



ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week) ဘယ်လိုဖြစ်ပေါ်လာတာလဲ 

၁၉၉၄ ခုမှာ အမေရိကန် ကွန်ဂရက်က အမျိုသားများကျန်းမာရေး ကွန်ယက်ကို အတည်ပြုပေးခဲ့ ပြီး အဲဒီကွန်ယက်က အမေရိကန် အမျိုးသားများရဲ့ ကျန်းမာရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း၊ အကြံပေးခြင်း၊ ကျန်းမာရေး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ပညာပေးခြင်း ဟောပြောခြင်း အများသိလာအောင် လှုပ်ရှားမှုများလုပ်ပေးခြငးစသည်ဖြင့် ဆောင်ရွက်ခဲ့တာပါ။

ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကိုတော့  အမေရိကား နဲ့ ဗြိတိန်၊ အီးယူ၊ ဩစတေးသျှ အပါဝင် စိတ်ဝင်စားတဲ့ နိုင်ငံအချို့က အမျိုးသားများကျန်းမာရေး လှုပ်ရှားမှု အသင်းအဖွဲ့များရဲ့  ၂၀၀၁ စုံညီအစည်းအဝေးမှာ အဆိုပြုခဲ့ပြီး ၂၀၀၂ ဗီယင်နာ ကြေညာချက်နဲ့အတူစတင်ခဲ့တာပါ။

နှစ်စဉ် အဖေများနေ့ကျင်းပတဲ့ ရက်သတ္တပတ် ကို ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်လို့ သတ်မှတ်ပါတယ်။

ရည်ရွယ်ချက်ကတော့ အမျိုးသမီးများထက် ကျန်းမာရေးချို့တဲ့ပြီး အသက်တိုကြတဲ့ အမျိုးသားများအကြားမှာ ကျန်းမာရေး အသိပညာများတိုးတက်လာစေရန်, ကျန်းမာရေးစစ်ဆေးမှုများပုံမှန်လုပ်ပြီး ကာကွယ်လို့ရတဲ့ ရောဂါများ၊ လုပ်ငန်းခွင် အန္တရာယ်များကို ကာကွယ်၊ ရောဂါဖြစ်လာလျင်လည်း အချိန်မီ စောစီးစွာကုသမှုခံယူနိုင်ဖို့၊ စိတ်၊ ကိုယ်နဲ့ လူမှုရေး အဘက်ဘက်မှာ ကျန်းမာစွာ သက်တန်းပြည့်နေနိုင်စေဖို့ဖြစ်ပါတယ်။





Mens'Health သည် အမျိုးသားများအတွက်သာမဟုတ်


တကယ်တော့ အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေက သူတို့ အတွက်သာ အရေးကြီးတာ မဟုတ်ပါ။

သူတို့ ကို ချစ်သော မိသားစုဝင်များ၊ သူတိုကို မှီခိုနေသူများ အတွက်လည်း အရေးကြီးတာဖြစ်လို့၊

အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေကို လူတိုင်းလူတိုင်းသိထားသင့်ပြီး မိမိတို့ရဲ့ အဖေ၊ အကို၊ မောင်၊ သား၊ ဦးကြီး ဦးလေး တိုရဲ့ ကျန်းမာရေးကို ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။



ပြည်မြန်မာအခြေအနေ


၂၀၁၄ သန်ကောင်စာရင်းအရ မြန်မာပြည်မှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၁.၈၃၇ သန်း လျော့နည်းပါတယ်။
၁. စုစုပေါင်း ကျား၊ မ လူဦးရေ (၂၀၁၄ သန်းကောင်စာရင်း)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၆ မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ ၂၀၁၆ မှာ ကလေးတယောက်မွေးလာတဲ့ အခါ သူနေရမဲ့ ခန့်မှန်းသက်တမ်း (life expectancy at birth ) ဟာ မိန်းခလေးဆို ၆၉ နှစ် ရှိပေမဲ့ ယောင်္ကျားလေးဆိုရင်တော့ လေးနှစ် အသက်ပိုတိုပြီး ၆၅ နှစ်ပဲရှိပါတယ်။
၂. ကျား၊ မ ခန့်မှန်း သက်တမ်း (WHO၂၀၁၆)



မွေးကင်းစမှာ ယောင်္ကျားလေးဦးရေကမသိမသာပိုများပေမဲ့ အသက် ၂၀ ကျော်လာတာတဲ့ နဲ့ အမျှ အမျိုးသားဦးရေ ကျဆင်းလာပါတယ်။

အသက် ၅၀ အရွယ် အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း ရွယ်တူ အမျိုးသားက ၈၇ ယောက်လောက်ပဲရှိတော့ပြီး၊ အသက် ၈၀ ရှိတဲ့ အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း သက်တူရွယ်တူ အမျိုးသားက ၆၄  ယောက်လောက်ပဲရှိပါတော့တယ်။

အဲဒီသက်ကြီး ကျားမ ဦးရေ ကွာခြားချက်ဟာ ၁၉၈၃ ခုစာရင်းကောက်တုန်းက အသက် ၆၀ ကျော်လာမှ  သိသိသာသာကွာလာတာဖြစ်ပြီး ၂၀၁၄ စာရင် အရ ကွာခြားမှုထက် ၂ဆပိုလာတာကိုတွေ့ရပါတယ်။
၃က. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ (၂၀၁၄ သန်းကောင်စာရင်း)

၃ခ. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ  (၂၀၁၄ သန်းကောင်စာရင်း)



အထီးကျန်တာလား အမကျန်တာလား

မုဆိုးဖို အရေအတွက်ဟာ အသက် ၅၀ ကျော် အရွယ်မှ စတင်များပြားလာပြီး အသက်၇၅ ကျော်မှသိသိသာသာ များလာပေမဲ့ မုဆိုးမအရေအတွက်ကတော့ အသက် ၄၀ လောက်ကတည်းက စတင်များပြားလာပြီး အသက် ၆၀ လောက်မှာ သိသိသာသာများလာပါတယ်။
၄. အသက်အလိုက် မုဆိုးဖို ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသမီး သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)

၅.  အသက်အလိုက် မုဆိုးမ ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသား သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)





ကမ္ဘာ့တခြားနိုင်ငံတွေက ပုရိသများအခြေအနေ

ဒီလို ကျားမ လူဦးရေနဲ့ သက်တန်းကွာခြားမှုတွေက မြန်မာပြည်မှာသာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်နေတာပါ။



အားနွဲ့သော ယောင်္ကျားသဘာဝ


အမေရိကန်ရဲ့ အမျိုးသားများကျန်းမာရေး ကွန်ယက်ရဲ့ လေ့လာဆန်းစစ်ချက်များအရ

_ ကိုယ်ဝန်ဆောင်စဉ်မှာ မိန်းမလေး သန္ဓေသား ၁၀၀ ရှိတိုင်း ယောင်္ကျားလေး သန္ဓေသား ၁၁၅ ယောက်ရှိပါတယ်

- မိခင်ရဲ့ ဝမ်းတွင်းမှာရှိစဉ်ကိုယ်ဝန်ပျက်ကျတဲ့အခါ ယောင်္ကျားလေး သန္ဓေသားများက ပိုပျက်ကျဖို့လွယ်ပါတယ်။

- မွေးကင်းစကလေးငယ်တွေသေဆုံးမှုမှာ ယောင်္ကျားလေး ၂၅ ရာနှုန်းပိုများပါတယ်။

- ပုခက်တွင်း ကလေး သေဆုံးမှု ၅ ယောက်မှာ ၃ ယောက်က ယောင်္ကျားလေးတွေပါ။

- အမျိုးသားများက အမျိုးသမီးများထက် အကြားအားရုံချို့ယွင်မှု ၂ ဆများပါတယ်။

- အမျိုးသားတွေမှာ ရောဂါပိုးတွေကိုခုခံပေးတဲ့ တီဆဲလ် တွေပိုနည်းပါတယ်။

- ကျားဟော်မုန်းက ဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောများပြီး ကောင်းကျိုးပေးတဲ့  HDLနည်းပါးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

- အမျိုးသမီးများဟာ ဆရာဝန်နဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းနဲ့ ကာကွယ်ခြင်းများကို လုပ်ဆောင်မှုမှာ အမျိုးသားထက် ၁၀၀ ရာနှုန်းပိုပါတယ်။

- အမျိုးသားများက သူတပါးရဲ့သတ်ဖြတ်ခံရမှုပိုများပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ နိုင်ငံတွေမျာတော့ ပိုဆိုးပါတယ်။



-အမျိုးသားများက စိတ်ကျရောဂါခံစားရတာပိုများပြီး မိမိကိုယ်မိမိ သေကြောင်းကြံတာလည်း အမျိုးသမီးများထက် များပါတယ်။

- နှလုံးရောဂါ၊ ကင်ဆာ၊ ထိခိုက်ဒါဏ်ရာရရှိမှု၊ လေဖြတ်ခြင်း၊ မိမိကိုယ် သတ်သေခြင်းတို့ကြောင့် သေဆုံးမှုတွေမှာ အမျိုးသားများက ပိုများပါတယ်။

- အမျိုးသားများငဘာဝက အသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုများကို ပိုမိုလုပ်လေ့ရှိလို့ ထိခိုက်ဒါဏ်ရာရတာ သေကြပျက်စီးတာပိုများပါတယ်။

- အန္တရာယ်ရှိသော အလုပ်၊ ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းတွေမှာ အလုပ်လုပ်သူတွေ အများစုဟာ အမျိုးသားများဖြစ်ကြပါတယ်။



အထက်ပါအကြောင်းမျိုးစုံတို့ကြောင့် ကမ္ဘာတလွှားမှာ အမျိုးသားများရဲ့ သက်တန်းဟာ အမျိုးသမီးများထက် ၃နှစ်ကနေ ၇ နှစ်အထိပိုပြီးတော့ တိုတာကိုတွေ့နိုင်ပါတယ်။

အသက်ကလေးရယ်တဲ့ ရှည်စေလို၊ ပုရိသများ ဘာတွေလုပ်ကြသင့်သလဲ

အဲဒီလိုမဖြစ်ရလေအောင် အမျိုးသားများက မိမိတို့ ကျန်းမာရေး  နဲ့ ဆက်စပ်ပြသနာများ အကြောင်းကိုပိုမိုသိရှိသဘောပေါက်လာကြပြီး ပုံမှန် စစ်ဆေး၊ ကာကွယ်, ကုသကြရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အမျိုးသားများကျန်းမာရေးကွန်ယက် Men’s Health Network မှ Get it checked ဆိုတဲ့ လက်ကမ်းစာဆောင်မှ အမျိုးသားများ ပုံမှန်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးချက်များကို ကို မြန်မာမှု ပြုထားပါတယ်။












No comments:

Post a Comment