Friday 8 June 2018

Vape (e-cigarette) ဗိတ် သို့မဟုတ် အီးစီးကရက်



Vape (e-cigarette) ဗိတ် သို့မဟုတ် အီးစီးကရက် (Unicode) 

ကမ္ဘာတလွှားမှာ Vaping လို့ခေါ်တဲ့  e-cigarette အီး စီးကရက်သုံးစွဲမှုဟာ လွန်ခဲ့တဲ့  နှစ်အတွင်းမှာ တရှိန်ထိုးတိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် အသက် ၁၈ ကနေ ၂၄ ကြားလူငယ်တွေကြားမှာ စူးစမ်းလိုမှုနဲ့ ရိုးရိုးဆေးလိပ်လို အန္တရာယ်မရှိဘူးလို့ ယုံကြည်ကြတာတွေကြောင့် သုံးစွဲမှု အလွန်မြန်ဆန်စွာ တိုးတက်လာပါတယ်။ 

၁. ကမ္ဘာတလွှား အီးစီးကရက်  သုံးစွဲမှုများပြားလာမှု အခြေအနေ 2001-2018

အီးစီးကရက် ဆိုတာဘာလဲ

၂၀၀၃ ခုနှစ်မှာ တရုပ်ပြည်က ဆေးဝါးပညာရှင် Hon Lik ကဆေးလိပ်ဖြတ်ရခက်သူတွေအတွက် ပုလင်းငယ်ထဲက ဆေးရည်ကို ဘက်ထရီလျပ်စစ်သုံးပြီး အာထရာဆောင်း နည်းပညာနဲ့ အငွေ့ပျံစေကာ ဆေးလိပ်ငွေ့ နဲ့ အလားတူ အငွေ့ကိုဖန်တီးပြီး ဆေးလိပ်အစားရှူရှိုက်လို့ ရအောင်တီထွင်ခဲ့ပါတယ်။ ၂၀၀၄ မှာဈေးကွက်မှာ စတင် ရောင်းချရာတယ်ဆိုပါတယ်။ ထွက်လာတဲ့ vapour ကို ရှိုက်သွင်းလို့ vaping လို့ ခေါ်ကြတာပါ။ ကမ္ဘာ့ဈေးကွက်မျာရောင်းနေတဲ့ အီး စီးကရက် အများစုကို တရုပ်ပြည်မှာ ထုတ်ပါတယ်။

“e-cigs,” “e-hookahs,”“mods,” “vape pens,” “vapes,” “tank systems,” and “electronic nicotine delivery systems.” စသည်ဖြင့် အမည်မျိုးစုံနဲ့ ခေါ်ကြပါတယ်။

Electronic cigarette. _photo credit= INGIMAGE

အီးစီးကရက်မှာ ဆေးရည်ပြန်ဖြည့်လို့ရတဲ့ ပုလင်း အပွင့် (open ) နဲ့ ဆေးရည်တတောင့်လုံးလဲရတဲ့ ပုလင်းအပိတ် (close) ဆိုပြီး ၂မျိုးရှိပါတယ်၊
ပါတဲ့ ဆေးရည်မှာ (သစ်သီးရနံ့အမျိုးမျိုး ထည့်ထားကြပြီး ရိုးရိုးစီးကရက်မှာပါတဲ့ နီကိုတင်းပါတဲ့ ဆေးရယ်၊ မပါတဲ့ ဆေးရယ်လို့လဲရှိပါသေးတယ်။


၂။ အီးစီးကရက် အမျိုးမျိုး  (1)

၃။ အီးစီးကရက်သုံးဆေးရည် နမူနာ  (2)


အီးစီးကရက် အငွေ့မှာ ဘာတွေပါလဲ

အီးစီးကရက်အငွေ့ဟာ ရာနှုန်းပြည့် ဘေးကင်းတာတော့ မဟုတ်ပါ။
ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေမှာပါတဲ့ နီကိုတင်းဓါတ်၊ နီကယ်၊ သံဖြူ၊ခဲ စသော အန္တရာယ်ရှိ ဟဲဗီးမယ်တယ်သတ္ထုဓါတ်များ၊ ကင်ဆာဖြစ်စေနိုင်သော ဓါတ်ပစ္စည်းများ နဲ့ ဒိုင် အက်ဆီတိုင်းကဲ့သို ရနံ့ကို ပေးစေသောပစ္စည်းများ ( ရနံ့ပေးပစ္စည်းများကို ရှူရှိုက်တာများပါက အဆုတ်ကိုဆိုးရွားစွာထိခိုက်ပါသည်။ ) နဲ့ သေးငယ်သောအမှုန်များ စသည်ဖြင့် အန္တရာယ်ရှိ ဓါတ်ပေါင်းများစွာ အနည်းငယ်စီ ပါဝင်ပါတယ်။
အဲလိုအန္တရာယ်ပေးနိုင်တွေ ဓါတ်တွေပါဝင်မှုဟာ ရိုးရိုးစီးကရက်နဲ့ စာလျင်တော့ အများကြီး နည်းပါးပါတယ်။
အီးစီးကရက် ဆေးရည်တချို့မှာ နီကိုတင်း လုံးဝမပါဝင်ပါလို့ရေးထားပေမဲ့ စစ်ဆေးကြည့်တဲ့အခါနီကိုတင်းကို တွေ့ရပါတယ်လို့  အမေရိကန် CDC ဌာနကဆိုထားပါတယ်။
အပွင့်အမျိုးစားဆေးရည်တွေထဲကို ဆေးခြောက်နဲ့ တခြားမူးယစ်ဆေးတွေထည့်ပြီး သုံးလို့ရတဲ့ အတွက် မူးယစ်ဆေးစွဲမဲ့ အန္တရာယ်လဲရှိနေပါတယ်။ 

၄။ အီးစီးကရက် ဆေးရည်တွင်ပါသော ဓါတ်များ (1)

အီးစီးကရက်က ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ

ကမ္ဘာ့ဈေးကွက်ထဲကို ရောက်တာ ၁၃နှစ်သာရှိသေးတဲ့ အီးစီးကရက်က ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ ဆိုတာကို တိတိကျကျပြောနိုင်ဖို့ကတော့ စောပါသေးတယ်။

လောလောဆယ် သေသေချာချာသိထားပြီးတဲ့ အချက်တွေကတော့

ဆေးရည်အများစုမှာပါတဲ့ နီကိုတင်းက ပမာဏမများသော်လည်း

၁. ထပ်ကာထပ်ကာသုံးစွဲမိအောင် စွဲလန်းစေပါတယ်။

၂. ကိုယ်ဝန်ဆောင်မိခင်များသုံးစွဲပါက သန္ဓေသားကို ထိခိုက်ပါတယ်။

၃. ဦးနှောက် ဖွံ့ဖြိုးဆဲ လူငယ်များ (အသက် ၂၀ အထိ) သုံးစွဲပါက သူတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်ပါတယ်။

၄. နီကိုတင်းက ကိုယ်ဝန်ဆောင်မိခင်ကိုရော ဖွံ့ဖြိုးဆဲ သန္ဓေသားရဲ့ ကျန်းမာရေးကိုပါ အန္တရာယ်ပေးပါတယ်။ 

အီးစီးကရက် ဆေးရည်မှာပါတဲ့ နီကိုတင်းအပြင်တခြား ကျန်းမာရေးကိုထိခိုက်စေတဲ့ ဓါတုပစ္စည်းတွေဟာ  ရိုးရိုး စီးကရက်မှာပါတဲ့ ၇၀၀၀ ကျော်သော ကျန်းမာရေးကိုထိခိုက်စေတဲ့ ဓါတုပစ္စည်းတွေထက် အများကြီး လျေ့ာနည်းတာကြောင့် ရိုးရိုး စီးကရက်လောက်တော့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတာ မဟုတ်ပေမဲ့ အန္တရာယ်လုံးဝကင်းတာတော့ မဟုတ်ပါ။ 

ထို့အပြင် အီး စီးကရက်မှာ သုံးတဲ့ ဘက်ထရီမကောင်းလို့ ပေါက်ကွဲပြီး ထိခိုက်ဒါဏ်ရာရနိုင်သလို ရနံ့မွှေးတဲ့ နီကိုတင်းပါ ဆေးရည်ကို မှားယွင်းစွာသောက်သုံးမိ၊ ရှူရှိုက်မိပါက ကလေးတွေသာမက လူကြီးတွေကိုပါ ဒုက္ခပေးပါတယ်။

၅။ အီးစီးကရက် ကြောင့် ကျန်းမာရေး ထိခိုက်ပုံ (2)


အီးစီးကရက်ကို ဆေးလိပ်ဖြတ်ရာမှာ အထောက်အကူဖြစ်ပါသလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO ကတော့ သူတို့ရဲ့ တွေ့ရှိချက်တွေမှာ အီးစီးကရက်က ဆေးလိပ်ဖြတ်ရာမှာ အထောက် အကူဖြစ်တယ်ဆိုတဲ့ အထောက်အထားမရှိသေးဘူလို့ဆိုပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံအတော်များများမှာ ကျန်းမာရေး ဌာနတွေက ဆေးလိပ်ဖြတ်ဆေးခန်းတွေမှာတော့ အီးစီးကရက်ကို ဆေးလိပ်ဖြတ်ရာမှာ အစားထိုးကုထုံးတခုအနေနဲ့တော့ အသုံးပြုတာ မရှိသေးပါ။ တကယ်တော့ ဆးလိပ်ဖြတ်ရာမှာ အရေးအကြီးဆုံးက ခိုင်မာတဲ့  ဆုံးဖြတ်ချက်နဲ့ စိတ်ဓါတ်ပါ။
နောက်ပိုင်းတွေ့ရှိချက်တွေအရ အီးစီးကရက်က ဆေးလိပ်ဖြတ်ရာမှာ အတိုင်းအတာတခုအထိ အရံအနေနဲ့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ယူကေမှာတော့ ဆေးလိပ်ဖြတ်ဆေးခန်းတွေမှာ အီးစီးကရက်ကို ပုံမှန် ကုထုံးတွေနဲ့ အတူတွဲပြီး စမ်းသပ်ရာ ဆေးလိပ်ဖြတ်ရတာ ပိုမိုလွယ်ကူလာတယ်ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ သုံးနေတဲ့ ဆေးလိပ်ဖြတ်ကုထုံးတွေကိုမသုံးဘဲ သူ့တမျိုးတည်းထဲကိုသုံးပြီး ဖြတ်ဖို့ကြိုးစားတာမျိုးတော့ မဟုတ်ပါဘူး။
အီးစီးကရက်ကိုဆေးလိပ်ဖြတ်ရာမှာ သုံးသူတွေအတွက်အရေးအကြီးဆုံးကတော့ ဆေးလိပ်ကို လုံးဝဖြတ်ပြစ်နိုင်ဖို့ စိတ်ဓါတ်လို့ဆိုပါတယ်။
ဆေးလိပ်ဖြတ်လိုသူတွေက အစပိုင်းမှာ အီးစီးကရက် ကို အစားထိုးသုံးကြပေမဲ့ ဆေးလိပ်မပြတ်ဘဲ နှစ်မျိုးလုံး စွဲသွားသူတွေလည်း မနည်းလို့ပါ။
ဆေးလိပ်ဖြတ်ပြီးသူ အချို့က စိတ်ကို မနိုင်ဘဲ ပြန်သောက်ချင်ကြတော့ ဆေးလိပ်ပြန်သောက်မဲ့ အစား အီး စီးကရက်ကို သောက်တာက ပိုပြီး ဘေးနည်းတယ်လို့ဆိုပြီးသုံးကြပါတယ်။
တချို့ကတော့ ဆးလိပ်ကို မဖြတ်နိုင်ဘဲ လျှော့သောက်ဖို့ ကြိုးစားကြပါတယ်၊ အဲလိုသူတွေအတွက်လည်းအီးစီးကရက်ကို အစားထိုးတာက ဆေးလိပ်စစ်စစ်ကို လျှော့သောက်တာထက်ပိုပြီး ဘေးကင်းတယ်လို့ ယူဆကြပါတယ်။


နိုင်ငံတကာမှာ အီးစီးကရက်ကို ဘယ်လို ထိန်းချုပ်ထားလဲ

၂၀၁၄ ခုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာ အခြေခံလုပ်ထုံးများကို ထုတ်ပြန်အပြီးမှာ နိုင်ငံအများအပြားမှာ အီးစီးကရက်နဲ့ ပတ်သက်တဲ့ စည်းကမ်းဥပဒေတွေ ပိုမိုတင်းကြပ်လာပါတယ်။
စင်္ကာပူ (၂၀၁၈) ၊ ထိုင်း၊ ဒူဘိုင်း၊ တူရကီ၊ အီဂျစ် စတဲ့နိင်ငံတွေ မှာတော့ အီးစီးကရက်ရောင်းချမှုသာမက သုံးစွဲမှုကိုပါ ပိတ်ပင်ထားပါတယ်။ ထိုင်းမှာဆို အီးစီးကရက်ကို မိမိနဲ့ အတူ နိုင်ငံထဲကို ယူလာလျင်တောင် ဒါဏ်ရိုက်ခံရနိုင်တယ်လို့ဆိုပါတယ်။

၆။ အီးစီးကရက်ကို ထိန်းချုပ် တားမြစ်ထိန်းချုပ်ထားသောနိုင်ငံများ ပြပုံ (၂၀၁၇) (4)

ကမ္ဘာ့နိုင်ငံအတော်များများမှာ အီးစီးကရက် သုံးစွဲမှုနဲ့ ရောင်းချမှုကို တခြား နီကိုတင်း ပါဝင်တဲ့ ပစ္စည်းများနည်းတူ ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ အများပြည်သူ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာ အီးစီးကရက် ကိုလည်း ရိုးရိုး ဆေး လိပ်သောက်ခြင်းနဲ့ တန်းတူထား ပိတ်ပင်ထားပါတယ်။ ပိတ်ပင်ထားတဲ့နေရာတွေမှာ အီးစီးကရက်သောက်တာတွေ့လျင် ဒါဏ်တပ်ပါတယ်၊ တချို့နိုင်ငံတွေမှာ သုံးစွဲခွင့်ကို ပိတ်ပင်မထားပေမဲ့ နိုင်ငံအတွင်းသို့တင်သွင်းလာတာကို ပိတ်ပင်ထားတာ၊ အခွန်ကောက်တာမျိုးတွေရှိပါတယ်။

၇။ ဆေးလိပ်မသောက်ရလို့တားမြစ်ထားတဲ့ နေရာတွေမှာ အီးစီးကရက် ကိုလည်းသောက်ခွင့်မပြုပါ (12)

နိုင်ငံခြားသွားလို့ အီးစီးကရက် ကိုယူသွားဖို့ စိတ်ကူးလျင် ဆိုင်ရာနိုင်ငံရဲ့ ဥပဒေကို လေ့လာဖို့လိုပါလိမ့်မယ်။
အကြမ်းအားဖြင့်တော့ အီးစီးကရက်ထိန်းချုပ်မှု အများစုက ဆေးရွက်ကြီး၊ ဆေးလိပ် တို့ကို ထိန်းချုပ်မှုအတိုင်းဖြစ်ပါတယ်။

၇။ နိုင်ငံအချို့၏ အီးစီးကရက် ကိုထိန်းချုပ်မှု ကွဲပြားပုံ (4)


အချုပ်ဆိုရသော်

အီးစီးကရက်သည် ရိုးရိုးဆေးလိပ်လောက် အန္တရာယ်မပေးသော်လည်း အတိုင်းအတာတခုအထိ အန္တရာယ်ရှိတာကတော့ သေချာနေပါတယ်။
ဆေးလိပ််ဖြတ်ရာတွင် အထောက်အကူဖြစ်နိုင်သောာ်လည်း သူ့ကိုချည်းအားကိုး၍မရပါ။
ကိုယ်ဝန်ဆောင်နှင့် လူငယ်များမသုံးသင့်ပါ။
ရိုးရိုးဆေးလိပ်လောက် အန္တရာယ်မပေးသဖြင့် ဆေးလိပ်မဖြတ်နိုင်သေးသူများအတွက်တော့ ဆေးလိပ်အစားသုံးလျင် ကျန်းမာရေးထိခိုက်မှုပိုနည်းသည်
၅. ဆေးလိပ်မသောက်သူများ၊ ကိုယ်ဝန်ဆောင်များနှင့် ဦးနှောက်ဖွံ့ဖြိူးနေဆဲ လူငယ်များကတော့ လုံးဝ အစမလုပ်ဘဲ ရှောင်ကျဉ်သင့်ပါတယ်။
၆. နောက်ပိုင်းမှာ လူငယ်တွေက ဆေးလိပ်လောက်လည်း အန္တရာယ်မများတဲ့ အီးစီးကရက် ကို ဆေး လိပ်သောက်သလို အပျော်သောက်ရာက စွဲသွားကာ ဖြတ်မရတာတွေများလာနေပါတယ်။
၇။ ဈေးကွက်ထဲရောက်တာ မကြာသေးလို့ ရေရှည်မှာ ဘယ်လိုဆိုးကျိးတွေပေးနိုင်တယ်ဆိုတာကို  သိရှိဖို့ စောလွန်းနေပါသေးတယ်။
၈။ အပွင့်အမျိုးစားဆေးရည်တွေထဲကို ဆေးခြောက်နဲ့ တခြားမူးယစ်ဆေးတွေထည့်ပြီး သုံးလို့ရတဲ့ အတွက် မူးယစ်ဆေးစွဲမဲ့ အန္တရာယ်လဲရှိနေပါတယ်။ 
အဲဒါတွေကြောင့် ဆေးလိပ်ကို ရှောင်သလိုပဲ အီးစီးကရက်ကို ရှောင်ကျဉ်ကြဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
၉။ နိုင်ငံအတော်များများမှာ အီးစီးကရက် တင်သွင်းခြင်းနဲ့ သုံးစွဲခြင်းကို ကန့်သတ်တာ၊ တားမြစ်ထားတာတတွေ ရှိလို့ ပြည်ပကို အီးစီးကရက် ယူသွားမယ်ဆို သေချာလေ့လာပါ။ အပြစ်ဒါဏ်ကျခံရနိုင်ပါတယ်။ 
ဆေးလိပ်ပဲဖြစ်ဖြစ် အီးစီးကရက်ပဲ ဖြစ်ဖြစ်  အစကတည်းက လုံးဝ ရှောင်ကျဉ်တာ အကောင်းဆုံးပါ၊
Dr အောင်
၄၊၆၊၂၀၁၈

Vape (e-cigarette) ဗိတ္ သို႔မဟုတ္ အီးစီးကရက္ (Zawgyi) 

ကမာၻတလႊားမွာ Vaping လို႔ေခၚတဲ့  e-cigarette အီး စီးကရက္သုံးစြဲမႈဟာ လြန္ခဲ့တဲ့ ၇ ႏွစ္အတြင္းမွာ တရွိန္ထိုးတိုးတက္လာခဲ့ပါတယ္။ အထူးသျဖင့္ အသက္ ၁၈ ကေန ၂၄ ၾကားလူငယ္ေတြၾကားမွာ စူးစမ္းလိုမႈနဲ႔ ႐ိုး႐ိုးေဆးလိပ္လို အႏၲရာယ္မရွိဘူးလို႔ ယုံၾကည္ၾကတာေတြေၾကာင့္ သုံးစြဲမႈ အလြန္ျမန္ဆန္စြာ တိုးတက္လာပါတယ္။

အီးစီးကရက္ ဆိုတာဘာလဲ

၂၀၀၃ ခုႏွစ္မွာ တ႐ုပ္ျပည္က ေဆးဝါးပညာရွင္ Hon Lik ကေဆးလိပ္ျဖတ္ရခက္သူေတြအတြက္ ပုလင္းငယ္ထဲက ေဆးရည္ကို ဘက္ထရီလ်ပ္စစ္သုံးၿပီး အာထရာေဆာင္း နည္းပညာနဲ႔ အေငြ႕ပ်ံေစကာ ေဆးလိပ္ေငြ႕ နဲ႔ အလားတူ အေငြ႕ကိုဖန္တီးၿပီး ေဆးလိပ္အစားရႉရႈိက္လို႔ ရေအာင္တီထြင္ခဲ့ပါတယ္။ ၂၀၀၄ မွာေဈးကြက္မွာ စတင္ ေရာင္းခ်ရာတယ္ဆိုပါတယ္။ ထြက္လာတဲ့ vapour ကို ရႈိက္သြင္းလို႔ vaping လို႔ ေခၚၾကတာပါ။ ကမာၻ႔ေဈးကြက္မ်ာေရာင္းေနတဲ့ အီး စီဂကရက္ အမ်ားစုကို တ႐ုပ္ျပည္မ်ာ ထုတ္ပါတယ္။

“e-cigs,” “e-hookahs,”“mods,” “vape pens,” “vapes,” “tank systems,” and “electronic nicotine delivery systems.” စသည္ျဖင့္ အမည္မ်ိဳးစုံနဲ႔ ေခၚၾကပါတယ္။

အီးစီးကရက္မွာ ေဆးရည္ျပန္ျဖည့္လို႔ရတဲ့ ပုလင္း အပြင့္ (open ) နဲ႔ ေဆးရည္တေတာင့္လုံးလဲရတဲ့ ပုလင္းအပိတ္ (close) ဆိုၿပီး ၂မ်ိဳးရွိပါတယ္၊

ပါတဲ့ ေဆးရည္မွာ (သစ္သီး) ရနံ႔အမ်ိဳးမ်ိဳး ထည့္ထားၾကၿပီး ႐ိုး႐ိုးစီးကရက္မွာပါတဲ့ နီကိုတင္းပါတဲ့ ေဆးရယ္၊ မပါတဲ့ ေဆးရယ္လို႔လဲရွိပါေသးတယ္။





အီးစီးကရက္ အေငြ႕မွာ ဘာေတြပါလဲ

အီးစီးကရက္အေငြ႕ဟာ ရာႏႈန္းျပည့္ ေဘးကင္းတာေတာ့ မဟုတ္ပါ။

ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးေတြမွာပါတဲ့ နီကိုတင္းဓါတ္၊ နီကယ္၊ သံျဖဴ၊ခဲ စေသာ အႏၲရာယ္ရွိ ဟဲဗီးမယ္တယ္သတၳဳဓါတ္မ်ား၊ ကင္ဆာျဖစ္ေစႏိုင္ေသာ ဓါတ္ပစၥည္းမ်ား နဲ႔ ဒိုင္ အက္ဆီတိုင္းကဲ့သို ရနံ႔ကို ေပးေစေသာပစၥည္းမ်ား ( ရနံ႔ေပးပစၥည္းမ်ားကို ရႉရႈိက္တာမ်ားပါက အဆုတ္ကိုဆိုး႐ြားစြာထိခိုက္ပါသည္။ ) နဲ႔ ေသးငယ္ေသာအမႈန္မ်ား စသည္ျဖင့္ အႏၲရာယ္ရွိ ဓါတ္ေပါင္းမ်ားစြာ အနည္းငယ္စီ ပါဝင္ပါတယ္။

အဲလိုအႏၲရာယ္ေပးႏိုင္ေတြ ဓါတ္ေတြပါဝင္မႈဟာ ႐ိုး႐ိုးစီးကရက္နဲ႔ စာလ်င္ေတာ့ အမ်ားႀကီး နည္းပါးပါတယ္။

အီးစီးကရက္ ေဆးရည္တခ်ိဳ႕မွာ နီကိုတင္း လုံးဝမပါဝင္ပါလို႔ေရးထားေပမဲ့ စစ္ေဆးၾကည့္တဲ့အခါနီကိုတင္းကို ေတြ႕ရပါတယ္လို႔  အေမရိကန္ CDC ဌာနကဆိုထားပါတယ္။

အပြင့္အမ်ိဳးစားေဆးရည္ေတြထဲကို ေဆးေျခာက္နဲ႔ တျခားမူးယစ္ေဆးေတြထည့္ၿပီး သုံးလို႔ရတဲ့ အတြက္ မူးယစ္ေဆးစြဲမဲ့ အႏၲရာယ္လဲရွိေနပါတယ္။



အီးစီးကရက္က ေရရွည္မွာ က်န္းမာေရးကို ဘယ္လိုထိခိုက္ႏိုင္သလဲ

ကမာၻ႔ေဈးကြက္ထဲကို ေရာက္တာ ၁၃ႏွစ္သာရွိေသးတဲ့ အီးစီးကရက္က ေရရွည္မွာ က်န္းမာေရးကို ဘယ္လိုထိခိုက္ႏိုင္သလဲ ဆိုတာကို တိတိက်က်ေျပာႏိုင္ဖို႔ကေတာ့ ေစာပါေသးတယ္။

ေလာေလာဆယ္ ေသေသခ်ာခ်ာသိထားၿပီးတဲ့ အခ်က္ေတြကေတာ့

ေဆးရည္အမ်ားစုမွာပါတဲ့ နီကိုတင္းက ပမာဏမမ်ားေသာ္လည္း

၁. ထပ္ကာထပ္ကာသုံးစြဲမိေအာင္ စြဲလန္းေစပါတယ္။

၂. ကိုယ္ဝန္ေဆာင္မိခင္မ်ားသုံးစြဲပါက သေႏၶသားကို ထိခိုက္ပါတယ္။

၃. ဦးေႏွာက္ ဖြံ႕ၿဖိဳးဆဲ လူငယ္မ်ား (အသက္ ၂၀ အထိ) သုံးစြဲပါက သူတို႔ရဲ႕ ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈကို ထိခိုက္ပါတယ္။

၄. နီကိုတင္းက ကိုယ္ဝန္ေဆာင္မိခင္ကိုေရာ ဖြံ႕ၿဖိဳးဆဲ သေႏၶသားရဲ႕ က်န္းမာေရးကိုပါ အႏၲရာယ္ေပးပါတယ္။

အီးစီးကရက္ ေဆးရည္မွာပါတဲ့ နီကိုတင္းအျပင္တျခား က်န္းမာေရးကိုထိခိုက္ေစတဲ့ ဓါတုပစၥည္းေတြဟာ  ႐ိုး႐ိုး စီးကရက္မွာတဲ့ ၇၀၀၀ ေက်ာ္ေသာ က်န္းမာေရးကိုထိခိုက္ေစတဲ့ ဓါတုပစၥည္းေတြထက္ အမ်ားႀကီး ေလ်႕ာနည္းတာေၾကာင့္ ႐ိုး႐ိုး စီးကရက္ေလာက္ေတာ့ က်န္းမာေရးကို ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစတာ မဟုတ္ေပမဲ့ အႏၲရာယ္လုံးဝကင္းတာေတာ့ မဟုတ္ပါ။

ထို႔အျပင္ အီး စီးကရက္မွာ သုံးတဲ့ ဘက္ထရီမေကာင္းလို႔ ေပါက္ကြဲၿပီး ထိခိုက္ဒါဏ္ရာရႏိုင္သလို ရနံ႔ေမႊးတဲ့ နီကိုတင္းပါ ေဆးရည္ကို မွားယြင္းစြာေသာက္သုံးမိ၊ ရႉရႈိက္မိပါက ကေလးေတြသာမက လူႀကီးေတြကိုပါ ဒုကၡေပးပါတယ္။





အီးစီးကရက္ကို ေဆးလိပ္ျဖတ္ရာမွာ အေထာက္အကူျဖစ္ပါသလား

ကမာၻ႔က်န္းမာေရးအဖြဲ႕  WHO ကေတာ့ သူတို႔ရဲ႕ ေတြ႕ရွိခ်က္ေတြမွာ အီးစီးကရက္က ေဆးလိပ္ျဖတ္ရာမွာ အေထာက္ အကူျဖစ္တယ္ဆိုတဲ့ အေထာက္အထားမရွိေသးဘူလို႔ဆိုပါတယ္.

အေမရိကန္အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ က်န္းမာေရး ဌာနေတြက ေဆးလိပ္ျဖတ္ေဆးခန္းေတြမွာေတာ့ အီးစီးကရက္ကို ေဆးလိပ္ျဖတ္ရာမွာ အစားထိုးကုထုံးတခုအေနနဲ႔ေတာ့ အသုံးျပဳတာ မရွိေသးပါ။ တကယ္ေတာ့ ဆးလိပ္ျဖတ္ရာမွာ အေရးအႀကီးဆုံးက ခိုင္မာတဲ့  ဆုံးျဖတ္ခ်က္နဲ႔ စိတ္ဓါတ္ပါ။

ေနာက္ပိုင္းေတြ႕ရွိခ်က္ေတြအရ အီးစီးကရက္က ေဆးလိပ္ျဖတ္ရာမွာ အတိုင္းအတာတခုအထိ အရံအေနနဲ႔ အေထာက္အကူျပဳတယ္လို႔ ဆိုပါတယ္။ ယူေကမွာေတာ့ ေဆးလိပ္ျဖတ္ေဆးခန္းေတြမွာ အီးစီးကရက္ကို ပုံမွန္ ကုထုံးေတြနဲ႔ အတူတြဲၿပီး စမ္းသပ္ရာ ေဆးလိပ္ျဖတ္ရတာ ပိုမိုလြယ္ကူလာတယ္ဆိုပါတယ္။ ဒါေပမဲ့ လက္ရွိ သုံးေနတဲ့ ေဆးလိပ္ျဖတ္ကုထုံးေတြကိုမသုံးဘဲ သူ႔တမ်ိဳးတည္းထဲကိုသုံးၿပီး ျဖတ္ဖို႔ႀကိဳးစားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

အီးစီးကရက္ကိုေဆးလိပ္ျဖတ္ရာမွာ သုံးသူေတြအတြက္အေရးအႀကီးဆုံးကေတာ့ ေဆးလိပ္ကို လုံးဝျဖတ္ျပစ္ႏိုင္ဖို႔လို႔ဆိုပါတယ္။

ေဆးလိပ္ျဖတ္လိုသူေတြက အစပိုင္းမွာ အီးစီးကရက္ ကို အစားထိုးသုံးၾကေပမဲ့ ေဆးလိပ္မျပတ္ဘဲ ႏွစ္မ်ိဳးလုံး စြဲသြားသူေတြလည္း မနည္းလို႔ပါ။

ေဆးလိပ္ျဖတ္ၿပီးသူ အခ်ိဳ႕က စိတ္ကို မႏိုင္ဘဲ ျပန္ေသာက္ခ်င္ၾကေတာ့ ေဆးလိပ္ျပန္ေသာက္မဲ့ အစား အီး စီးကရက္ကို ေသာက္တာက ပိုၿပီး ေဘးနည္းတယ္လို႔ဆိုၿပီးသုံးၾကပါတယ္။

တခ်ိဳ႕ကေတာ့ ဆးလိပ္ကို မျဖတ္ႏိုင္ဘဲ ေလွ်ာ့ေသာက္ဖို႔ ႀကိဳးစားၾကပါတယ္၊ အဲလိုသူေတြအတြက္လည္းအီးစီးကရက္ကို အစားထိုးတာက ေဆးလိပ္စစ္စစ္ကို ေလွ်ာ့ေသာက္တာထက္ပိုၿပီး ေဘးကင္းတယ္လို႔ ယူဆၾကပါတယ္။



ႏိုင္ငံတကာမွာ အီးစီးကရက္ကို ဘယ္လို ထိန္းခ်ဳပ္ထားလဲ

၂၀၁၄ ခုမွာ ကမာၻ႔က်န္းမာေရးအဖြဲ႕  WHO က ေဆး႐ြက္ႀကီးႏွင့္ ဆက္စပ္ပစၥည္းမ်ားထိန္းခ်ဳပ္ေရးဆိုင္ရာ အေျခခံလုပ္ထုံးမ်ားကို ထုတ္ျပန္အၿပီးမွာ ႏိုင္ငံအမ်ားအျပားမွာ အီးစီးကရက္နဲ႔ ပတ္သက္တဲ့ စည္းကမ္းဥပေဒေတြ ပိုမိုတင္းၾကပ္လာပါတယ္။

စကၤာပူ (၂၀၁၈) ၊ ထိုင္း၊ ဒူဘိုင္း၊ တူရကီ၊ အီဂ်စ္ စတဲ့နိင္ငံေတြ မွာေတာ့ အီးစီးကရက္ရာင္းခ်မႈသာမက သုံးစြဲမႈကိုပါ ပိတ္ပင္ထားပါတယ္။ ထိုင္းမွာဆို အီးစီးကရက္ကို မိမိနဲ႔ အတူ ႏိုင္ငံထဲကို ယူလာလ်င္ေတာင္ ဒါဏ္႐ိုက္ခံရႏိုင္တယ္လို႔ဆိုပါတယ္။

ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ အီးစီးကရက္ သုံးစြဲမႈနဲ႔ ေရာင္းခ်မႈကို တျခား နီကိုတင္း ပါဝင္တဲ့ ပစၥည္းမ်ားနည္းတူ ဥပေဒနဲ႔ ထိန္းခ်ဳပ္ထားပါတယ္။ အမ်ားျပည္သူ ေနရာေတြမွာ ေဆးလိပ္ေသာက္သုံးမႈကို ပိတ္ပင္ထားတဲ့ ႏိုင္ငံေတြမွာ အီးစီးကရက္ ကိုလည္း ႐ိုး႐ိုး ေဆး လိပ္ေသာက္ျခင္းနဲ႔ တန္းတူထား ပိတ္ပင္ထားပါတယ္။ ပိတ္ပင္ထားတဲ့ေနရာေတြမွာ အီးစီးကရက္ေသာက္တာေတြ႕လ်င္ ဒါဏ္တပ္ပါတယ္၊ တခ်ိဳ႕ႏိုင္ငံေတြမွာ သုံးစြဲခြင့္ကို ပိတ္ပင္မထားေပမဲ့ ႏိုင္ငံအတြင္းသို႔တင္သြင္းလာတာကို ပိတ္ပင္ထားတာ၊ အခြန္ေကာက္တာမ်ိဳးေတြရွိပါတယ္။

ႏိုင္ငံျခားသြားလို႔ အီးစီးကရက္ ကိုယူသြားဖို႔ စိတ္ကူးလ်င္ ဆိုင္ရာႏိုင္ငံရဲ႕ ဥပေဒကို ေလ့လာဖို႔လိုပါလိမ့္မယ္။

အၾကမ္းအားျဖင့္ေတာ့ အီးစီးကရက္ထိန္းခ်ဳပ္မႈ အမ်ားစုက ေဆး႐ြက္ႀကီး၊ ေဆးလိပ္ တို႔က္ု ထိန္းခ်ဳပ္မႈအတိုင္းျဖစ္ပါတယ္။



အခ်ဳပ္ဆိုရေသာ္


၁. အီးစီးကရက္သည္ ႐ိုး႐ိုးေဆးလိပ္ေလာက္ အႏၲရာယ္မေပးေသာ္လည္း အတိုင္းအတာတခုအထိ အႏၲရာယ္ရွိတာကေတာ့ ေသခ်ာေနပါတယ္။

၂. ေဆးလိပ္္ျဖတ္ရာတြင္ အေထာက္အကူျဖစ္ႏိုင္ေသာာ္လည္း သူ႔ကိုခ်ည္းအားကိုး၍မရပါ။

၃. ကိုယ္ဝန္ေဆာင္ႏွင့္ လူငယ္မ်ားမသုံးသင့္ပါ။

၄. ႐ိုး႐ိုးေဆးလိပ္ေလာက္ အႏၲရာယ္မေပးသျဖင့္ ေဆးလိပ္မျဖတ္ႏိုင္ေသးသူမ်ားအတြက္ေတာ့ ေဆးလိပ္အစားသုံးလ်င္ က်န္းမာေရးထိခိုက္မႈပိုနည္းသည္။

၅. ေဆးလိပ္မေသာက္သူမ်ား၊ ကိုယ္ဝန္ေဆာင္မ်ားႏွင့္ ဦးေႏွာက္ဖြံ႕ၿဖိဴးေနဆဲ လူငယ္မ်ားကေတာ့ လုံးဝ အစမလုပ္ဘဲ ေရွာင္က်ဥ္သင့္ပါတယ္။

၆. ေနာက္ပိုင္းမွာ လူငယ္ေတြက ေဆးလိပ္ေလာက္လည္း အႏၲရာယ္မမ်ားတဲ့ အီးစီးကရက္ ကို ေဆး လိပ္ေသာက္သလို အေပ်ာ္ေသာက္ရာက စြဲသြားကာ ျဖတ္မရတာေတြမ်ားလာေနပါတယ္။

၇။ ေဈးကြက္ထဲေရာက္တာ မၾကာေသးလို႔ ေရရွည္မွာ ဘယ္လိုဆိုးက်ိးေတြေပးႏိုင္တယ္ဆိုတာကို  သိရွိဖို႔ ေစာလြန္းေနပါေသးတယ္။

၈။ အပြင့္အမ်ိဳးစားေဆးရည္ေတြထဲကို ေဆးေျခာက္နဲ႔ တျခားမူးယစ္ေဆးေတြထည့္ၿပီး သုံးလို႔ရတဲ့ အတြက္ မူးယစ္ေဆးစြဲမဲ့ အႏၲရာယ္လဲရွိေနပါတယ္။

အဲဒါေတြေၾကာင့္ ေဆးလိပ္ကို ေရွာင္သလိုပဲ အီးစီးကရက္ကို ေရွာင္က်ဥ္ၾကဖို႔ က်န္းမာေရး ပညာရွင္ေတြက တိုက္တြန္းထားပါတယ္။

ေဆးလိပ္ပဲျဖစ္ျဖစ္ အီးစီးကရက္ပဲ ျဖစ္ျဖစ္  အစကတည္းက လုံးဝ ေရွာင္က်ဥ္တာ အေကာင္းဆုံးပါ၊

Dr အောင်
၄၊၆၊၂၀၁၈

ကိုးကား

အီးစီးကရက်ကို ထိန်းချုပ် ကန့်သတ်ထားသောနိုင်ငံများ နောက်ဆက်တွဲ (အီးစီးကရကျကို ထိနျးခြုပျ ကနျ့သတျထားသောနိုငျငံမြား နောကျဆကျတှဲ)




No comments:

Post a Comment