ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် အသက်ကိုပိုတိုစေသည်
အဝလွန်ခြင်းကြောင့် ကျန်းမာရေးထိခိုက်တယ်ဆိုတာကို လူ အများသိကြပါတယ်။
University of Cambridge
လုပ်ခဲ့တဲ့
သုတေသနတခုရဲ့တွေ့ရှိချက်ကတော့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်လို့
ရောဂါအမျိုးမျိုးဖြစ်ပြီး သေဆုံးတဲ့ နှုန်းက၊ အဝလွန်ရောဂါကြောင့်သေဆုံးတာထက် နှစ်ဆလောက်ရှိပါတယ်တဲ့။
ပိန်ပြီး
လှုပ်ရှားမှု နည်းပါးသူတွေဟာ ဝပြီး ကိုယ်လက်လှုပ်ရှားလုပ်သူတွေထက်
ကျန်းမာရေးပြသနာပိုများပါတယ်။
ဒီတော့
ဝပြီးကိုယ်လက်လှုပ်ရှားလည်းမရှိဘူးဆိုလျင်တော့ ပြောစရာကိုမရှိတော့ဘူးပေါ့ ။
သာမန်လူတယောက်တိုင်းဟာ
ကျန်းမာဖို့ တနေ့ကို အနည်းဆုံး မိနစ်၂၀ လမ်းအမြန်လျှောက်တာနဲ့ ညီမျှတဲ့
လှုပ်ရှားမှုတွေကိုလုပ်ရမယ် လို့ ပညာရှင်တွေက ဆိုပါတယ်။
ဒီလောက်ကတော့
လူအများစုအတွက် လုပ်ဖို့သိပ်ခက်ခဲလှတာဟုတ်ပါဘူး၊
အဓိကပြသနာရှိသူတွေ
ကတော့ ဂိမ်းနဲ့ မိုဘိုင်းဖုန်းမှာသာအချိန်
ကုန်နေသူတွေ၊
ကိုယ်ပိုင်ကားကလေးနဲ့ သွားလာနေတဲ့မြို့ပေါ်နေလူတန်းစားနဲ့ စာသင်ကျောင်း၊ ကျူရှင်၊
တီဗွီနဲ့ ဂိမ်းတွေ အကြားအလုပ်များနေကြတဲ့ နောက်ပိုင်းမျိုးဆက်သစ် ကလေးတွေလို့ဆိုရမှာပါ။
၂၀၁၂
ခုတုန်းကလည်း ကိုယ်လက်လှုပ်ရှားလည်းမရှိတဲ့သူတွေရဲ့ကျန်းမာရေးဟာ ဆေးလိပ်သောက်လို့
ကျန်းမာရေးထိခိုက်တာနဲ့တောင် တူညီနိုင်တယ်လို့
ထုတ်ပြန်ခဲ့ဖူးပါတယ်။
လူတယောက်ကျန်းမာဖို့
လှုပ်ရှားမှုအနည်းဆုံးဘယ်လောက် လုပ်သင့်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အောက်ပါအတိုင်း
အကြံပေးထားပါတယ်။
အသက် ၅နှစ်မှ ၁၇ နှစ်အကြား
ကလေးနဲ့ လူငယ်များ
- နှလုံးခုန် မြန် ချွေးလည်းပြန်စေတဲ့အလယ်အလတ် ကနေ အားစိုက်ခွန်စိုက်လုပ်ရတဲ့ လှုပ်ရှားမှုမျိုး အနည်းဆုံး တနေ့လျင် တနာရီ လုပ်သင့်၊
- ဒီထက်ပိုလုပ်လျင် လုပ်သလာက် ကျန်းမားရေးအတွက် ပိုအကျိုးရှိ၊
- ကြွက်သားနဲ့ အရိုးတွေ ကိုသန်မာစေတဲ့ လှုပ်ရှားမှုမျိုးကိုတော့ တပတ်လျင် အနည်းဆုံး သုံးကြိမ်လုပ်သင့်၊
အသက် ၁၈ မှ ၆၄ နှစ် အရွယ်လူကြီး
- ရက်သတ္တတပတ်လျင် နှလုံးခုန်မြန်ပြီး ချွေးထွက်စေလောက်သော အလယ်အလတ်လှုပ်ရှားမှုမျိုး မိနစ် ၁၅၀ သို့မဟုတ်
- အားစိုက်ခွန်စိုက်လုပ်ရတဲ့ လှုပ်ရှားမှုမျိုး အနည်းဆုံး ၇၅ မိနစ် သို့မဟုတ် အလားတူလှုပ်ရှားမှုရောရာ တို့ကိုလုပ်သင့်။
- ကျန်းမားရေးအတွက် ပိုအကျိုးရှိလိုပါက အလယ်အလတ် လှုပ်ရှားမှု ရက်သတ္တတပတ်လျင် မိနစ် ၃၀၀ လုပ်သင့်။
အသက် ၆၅ နှစ်နှင့်အထက်
လူကြီးများ
- အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ အတွက် လိုအပ်သောလှုပ်ရှားမှုမှာ ၁၈ မှ ၆၄ နှစ် အရွယ်လူကြီးများနှင့် အတူတူပင်ဖြစ်ပြီး
- ကိုယ်လက် လှုပ်ရှားမှု သိပ်မလုပ်နိုင်သူ လူကြီးများကတော့ ခန္ဓာကိုယ် ဟန်ချက်ထိန်းဖို့ကောင်းစေရန်နှင့် မတော်တဆလဲကျချင်းမှ ကာကွယ်ပေးရန် အထောက်အကူဖြစ်စေနိုင်စေသော လေ့ကျင့်ခန်းမျိုး တပတ် ၃ရက် အနည်းဆုံးလုပ်သင့်သည်။
- အဆုတ်နှင့် နှလုံးတို့ကို အထောက်အကူဖြစ်စေရန် မည်သည့်လှုပ်ရှားမှု လေ့ကျင့်ခန်းမဆို အနည်းဆုံး ၁၀ မိနစ်လုပ်သင့်သည်။
![]() |
https://www.123rf.com/photo_116271692_stock-vector-vector-illustration-of-cartoon-running-old-woman-man-cartoon-character-old-people-activity-vector-gy.html |
ဇော်ဂျီ
ကိုယ္လက္လႈပ္ရွားမႈနည္းပါးျခင္းေၾကာင့္ အသက္ကိုပိုတိုေစသည္
အဝလြန္ျခင္းေၾကာင့္ က်န္းမာေရးထိခိုက္တယ္ဆိုတာကို လူ အမ်ားသိၾကပါတယ္။
University of Cambridge လုပ္ခဲ့တဲ့ သုေတသနတခုရဲ႕ေတြ႕ရွိခ်က္ကေတာ့ လုံေလာက္တဲ့ ကိုယ္လက္လႈပ္ရွားမႈ မလုပ္လို႔ ေရာဂါအမ်ိဳးမ်ိဳးျဖစ္ၿပီး ေသဆုံးတဲ့ ႏႈန္းက၊ အဝလြန္ေရာဂါေၾကာင့္ေသဆုံးတာထက္ ႏွစ္ဆေလာက္ရွိပါတယ္တဲ့။
ပိန္ၿပီး လႈပ္ရွားမႈ နည္းပါးသူေတြဟာ ဝၿပီး ကိုယ္လက္လႈပ္ရွားလုပ္သူေတြထက္ က်န္းမာေရးျပသနာပိုမ်ားပါတယ္။
ဒီေတာ့ ဝၿပီးကိုယ္လက္လႈပ္ရွားလည္းမရွိဘူးဆိုလ်င္ေတာ့ ေျပာစရာကိုမရွိေတာ့ဘူးေပါ့ ။
သာမန္လူတေယာက္တိုင္းဟာ က်န္းမာဖို႔ တေန႔ကို အနည္းဆုံး မိနစ္၂၀ လမ္းအျမန္ေလွ်ာက္တာနဲ႔ ညီမွ်တဲ့ လႈပ္ရွားမႈေတြကိုလုပ္ရမယ္ လို႔ ပညာရွင္ေတြက ဆိုပါတယ္။
ဒီေလာက္ကေတာ့ လူအမ်ားစုအတြက္ လုပ္ဖို႔သိပ္ခက္ခဲလွတာဟုတ္ပါဘူး၊
အဓိကျပသနာရွိသူေတြ ကေတာ့ ဂိမ္းနဲ႔ မိုဘိုင္းဖုန္းမွာသာအခ်ိန္ ကုန္ေနသူေတြ၊ ကိုယ္ပိုင္ကားကေလးနဲ႔ သြားလာေနတဲ့ၿမိဳ႕ေပၚေနလူတန္းစားနဲ႔ စာသင္ေက်ာင္း၊ က်ဴရွင္၊ တီဗြီနဲ႔ ဂိမ္းေတြ အၾကားအလုပ္မ်ားေနၾကတဲ့ ေနာက္ပိုင္းမ်ိဳးဆက္သစ္ ကေလးေတြလို႔ဆိုရမွာပါ။
၂၀၁၂ ခုတုန္းကလည္း ကိုယ္လက္လႈပ္ရွားလည္းမရွိ…
ကိုးကား
No comments:
Post a Comment