Monday 9 March 2020

ဖုန်းပေါ်က COVID-19


ဖုန်းပေါ်က COVID-19
o    အစာတခုခုစားနေတုန်း ဖုန်းပွတ်ဖူးပါသလား?  လူတိုင်းနီးပါးလုပ်ကြပါတယ်။
o    ဖုန်းကိုင်တဲ့လက်ကိုမဆေးဘဲ အစာကိုကိုင်စားဖူးပါသလား?
o    ဖုန်းကို အိမ်သာထဲယူသွားပြီး ဟိုနားဒီနားခဏတင်ထားဖူးပါသလား?
o    အိမ်သာထဲက ပြန်ယူလာတဲ့ ဖုန်းကို သန့်ရှင်းရေးလုပ်ပါသလား? မလုပ်ဘဲ ဆက်သုံးပါသလား?
o    ဘတ်စ်ကားပေါ်မှာ ပိုက်ဆံကိုင်၊ လက်တန်းကိုင်ထားတဲ့လက်နဲ့ဖုန်းပွတ်ဖူးပါသလား?
o    ရုံးမှာ၊ အလုပ်မှာ၊ ဆိုင်မှာ လက်ပေလို့လက်ဆေးပြီး ဖုန်းကိုပြန်ကိုင်တဲ့အခါ လက်ပြန်ပြီးညစ်ပတ်သွားပြီလို့ တွေးဖူးပါသလား?
o    တနေ့ဘယ်နှစ်ခါ လက်ကို သန့်ရှင်းရေးလုပ်ပါသလဲ။
o    တနေ့ကို ဘယ်နှစ်ခါ ဖုန်းကို သန့်ရှင်းရေးလုပ်ပါသလဲ။
o    ဘာနဲ့ ဘယ်လိုသန့်ရှင်းပါသလဲ။
o    ပြသနာက ကျနော်တို့တတွေရဲ့လက်တွေက ပိုးပေါင်းများစွာရှိတဲ့အရာဝတ္ထုမျက်နှာပြင်တွေကို အကြိမ်များစွာထိကိုင်တဲ့ ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံးအင်္ဂါဖြစ်နေတာပါ။
o    သုတေသနတွေ့ရှိချက်တွေအရ လက်နဲ့ ဖုန်းတွေကိုသန့်ရှင်းရေးလုပ်ပါတယ်ဆိုသူတွေရဲ့ဖုန်း ၉၂ ရာနှုန်းနဲ့ လက် ၈၂ ရာနှုန်းမှာ ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကို စစ်ဆေးတွေ့ရှိရပါတယ်။
o    ဗြိတိန်က သုတေသနတခုကတော့ သူတို့ဆီက ဖုန်း ၆ လုံးတိုင်းမှာ တလုံးပေါ်မှာ မစင်ထဲမှာပါတဲ့ပိုးတွေ့ရတယ်ဆိုပါတယ်။
o    နောက်သုတေသနကတော့ လူတွေက စမတ်ဖုံးကို ပျမ်းမျှ  တရက်ကို အကြိမ် ၂၆၀၀ လောက်ထိတို့ပါသတဲ့၊
o    အဲဒီလက်တွေနဲ့မျက်နှာကိုတော့ ပျမ်းမှ တနာရီ ( တနာရီ)ကို ၂၃ ကြိမ်လောက်ထိကိုင်ပါသတဲ့ ။



တခါ
o    အခုလို COVID-19    ဗိုင်းရပ်စ် ကမ္ဘာအနှံ့ကိုအလျင်မြန်ပြန့်လာတဲ့အခါ တခုတည်းသောထိရောက်တဲ့ကာကွယ်နည်းက လက်သန့်ရှင်းရေးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
o    ခက်တာကဖုန်းကိုအဲလောက်အကြိမ်များများထိကိုင်တဲ့ လက်ကိုကျနော်တို့ အကြိမ်ဘယ်လောက်များများ သန့်ရှင်းရေးလုပ်နိုင်မှာလည်း
o    ဖုန်းပွတ်ပြီးတိုင်းလက်ကို သန့်ရှင်းရေးမလုပ်နိုင်လျင် ဖုန်းမျက်နှာပြင်ပေါ်က ပိုးတွေသေအောင်သန့်ရှင်းဖို့နည်းလမ်းမရှိတော့ဘူးလား 
o    ဖုန်းတွေရဲ့မျက်နှာပြင်ကိုအရက်ပျံလို ပိုးသတ်ဆေးအရည်တွေနဲ့သန့်ရှင်းရေးလုပ်လျင် ပျက်စီးနိုင်တယ်လို့ စမတ်ဖုန်းထုတ်လုပ်သူတွေက ဆိုပါတယ်။
o    ဖုန်းတွေရဲ့မျက်နှာပြင်ကို သန့်ရှင်းစေချင်လျင် ရေစိုအဝတ် ခပ်ထန့်ထန့်ကလေးကိုသာသုံးပါလို့ အကြံပြုပါတယ်။
o    ခက်တာက အဲလို ရေစိုအဝတ် နဲ့သန့်ရှင်းလို့ကတော့ ဖုန်းပေါ်က ပိုးမွှားတွေ အကုန် မစင်နိုင်ပါ။
o    တခုလုပ်နိုင်တာတော့ရှိပါတယ်။ Finger print unlock  လက်ဗွေနဲ့ ဖုန်းကို သော့မဖွင့်ဘူးဆိုလျင်တော့ ပလတ်စတစ်အိတ်အကြည်ထဲမှာ ဖုန်းကိုထည့်ပြီးသုံးမယ်ဆိုလျင် အပြင်ကအိတ်ကိုဆပ်ပြာနဲ့ရေနဲ့ဆေးလို့ရသလို အရက်ပျံနဲ့သုတ်ပြီးသန့်ရှင်းလို့ရ၊  အသစ်လဲလို့လည်းရတာဖြစ်လို့ အဆင်ပြေမယ်လို့ထင်မိပါတယ်။
o    ပလတ်စတစ်ဆိုတာ မကြာခင်ပွန်းပြီး မြင်ရတာမှုန်ဝါးလာနိုင်လို့ အမြဲစွပ်ထားလျင် မကြာခဏတော့ အသစ်လဲရပါလိမ့်မယ်။
o    အဲလိုမှ မလုပ်လျင်တော့ .....................

ဒေါက်တာအောင်
09-03-20
https://b-wise-2b-healthy.blogspot.com/2020/03/covid-19-o-o-o-o-o-o-o-o-o-o-o-o-o-o-o.html
https://www.ajicjournal.org/article/S0196-6553(14)01281-4/fulltext


Sunday 8 March 2020

COVID-19 နဲ့ ခရီးသွားခြင်း


 COVID-19 နဲ့ ခရီးသွားခြင်း

တရုပ်ပြည်ပြင်ပမှာ COVID-19  ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုတွေ တရိပ်ရိပ်တက်လာချိန်မှာ လေကြာင်းခရီးသွားသူတွေ ဒီဗိုင်းရပ်စ်ကူးစက်မှာကိုကြောက်ကြမှာကတော့ မေးစရာမလိုပါ၊
ဒီလိုခရီးသွားလျင် ဗိုင်းရပ်စ်က ဘယ်ကဘယ်လိုကူးနိုင်တယ် ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကလေး ကို တင်ပြပေးပါမယ်။
ထမဆုံးပြောချင်တာကတော့ ဒီဗိုင်းရပ်ပိုးကူစက်ခံရသူတွေ ကမ္ဘာအနှံ့ကိုလေကြောင်းခရီးကနေ အများစု ပျံ့သွားကြပေမယ့် လေယာဉ်ပေါ်မှာနဲ့လေဆိပ်ထဲမှာ ကူးတာက ရာခိုင်နှုန်း အလွန့်အလွန်နည်းပြီး ဆိုင်ရာနိုင်ငံတွေအတွင်းမှာ သူတို့နဲ့ အနီးကပ်ထိတွေ့သူတွေကို ကူးတာကသာအများစုဖြစ်ပါတယ်။
WHO နဲ့ ICAO လို အဖွဲ့တွေကလည်း လေကြောင်းခရီးတွေမှာကူးစက်ရောဂါမပျံ့ပွားအောင် ကာကွယ်နည်းလမ်းညွှန်၊ နေမကောင်းသူ၊ သံသယရှိသူတွေ့ပါက လုပ်ဆောင်ရန် တို့ကို ထုတ်ပြန်ထားပြီးသားပါ။ 

1.    ဗိုင်းရပ်စ်က ဘယ်သူတွေဆီက ကိုယ့်ဆီကိုရောက်လာနိုင်သလဲ
2.    ဘယ်လိုကူးမလဲ
3.    ယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ
4.    ဘယ်လိုကာကွယ်မလဲ

ဗိုင်းရပ်စ်က ဘယ်သူတွေဆီက ကိုယ့်ဆီကိုရောက်လာနိုင်သလဲ

a.    လေယာဉ်ဝန်ထမ်း
b.    လေယာဉ်ပေါ် အတူပါခရီးသည်/ မိမိခုံနဲ့ကပ်လျက်ခရီးသည်
c.       လေဆိပ်မှာ ဆုံတဲ့ ခရီးသည်
d.      လေဆိပ်ဝန်ထမ်းများ နဲ့
e.      လေဆိပ်က ဂျူတီဖရီးဆိုင်၊ စားသောက်ဆိုင် နဲ့ lounge  ဝန်ထမ်းများ

ဘယ်လိုကူးမလဲ

f.       ပိုးရှိသူချောင်းဆိုး နှာချေ၊ စကားပြောရာကထွက်လာတဲ့ တံတွေးမှုန်မှာ ပါတဲ့ ပိုးတွေကို တိုက်ရိုက်ရှူမိလို့ ၊
g.    တံတွေးမှုန် ကျတဲ့ နေရာကို ထိကိုင်မိတဲ့ လက် မှာ ကပ်ပါလာပြီး အဲဒီလက်နဲ့ မျက်နှာပါးစပ်၊ မျက်စေ့ အစားသောက် အသုံးအဆောင်တွေကိုကိုင်မိလို့ ( ဒီနည်းနဲ့ကူးတာ အများဆုံးပါ) တွေကိုကိုင်မိလို့ 

ယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ

h.    လေယာဉ်ပေါ်မှာ
i.      လေဆိပ်မှာ၊ အသွား + အပြန်
j.      လေဆိပ်က အိမ်အပြန်

ဘယ်လိုကာကွယ်မလဲ

k.     နှာချေ ချောင်းဆိုးသူ၊ နေမကောင်းဘူးလို့ သံသယရှိသူ တွေနဲ့ တမီတာထက်ပိုဝေးဝေးမှာနေပါ။
l.       လူအများထိကိုင်ထားတဲ့ မျက်နှာပြင်တွေကို ထိကိုင်ပြီးတိုင်းလက်ကိုသန့်ရှင်းရေးလုပ်ပါ။

ပိုပြီး အသေးစိပ်လေ့လာကြည့်ရအောင်

၁. ဘယ်သူ့ဆီက ကူးလာနိုင်လဲ

လေယာဉ်ဝန်ထမ်း

·         စာရေးချိန် ၉-၃-၂၀ အထိ  COVID-19 ဗိုင်းရပ်စ်ကူးခံရတဲ့ လေယာဉ်ဝန်ထမ်း အရေအတွက်က လက်ချိုးရေလို့ရအောင်နည်းပါတယ်။
·         လေကြောင်းလိုင်းတွေက သူတို့ဝန်ထမ်းတွေကူးစက်မခံရစေဖို့ နဲ့  ကူးစက်ခံရသူဝန်ထမ်းရှိပါက သူတို့မှ တဆင့်ဆက်မပျံ့စေဖို့ တင်းကြပ်တဲ့စည်းကမ်းတွေ ချမှတ်ကျင့်သုံးကြလို့  ဗိုင်းရပ်စ်ကူးခံရတဲ့ လေယာဉ်ဝန်ထမ်းထံမှ ခရီးသည်ကို ကူးစက်ခံရဖို့ အခွင့်လမ်းက မရှိသလောက်နည်းပါတယ်။

 လေယာဉ်ပေါ် အတူပါခရီးသည်/ မိမိခုံနဲ့ကပ်လျက်ခရီးသည်


·         ခရီးစဉ်ပေါ်တည်ပြီး  ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေ မိမိနဲ့ လေယာဉ်တစီးထဲမှာ ပါလာနိုင်ပါတယ်။  ခရီးအနီးအဝေးကိုလိုက်ပြီး သူတို့ထံကပိုးတွေ အနားကခရီးသည်တွေကို ပျံ့နှံ့ကူးစက်နိုင်ခြေကွာခြားပါတယ်။ ပျံသန်းချိန်ကြာလေ အခွင့်လမ်းများလေပါ။
·         ဒါပေမယ့် လေကြောင်းလိုင်းတွေက  ခရီးသည်တွေ ချက်အင်လုပ်ကတည်းက ခရီးသွားခဲ့တဲ့ မှတ်တမ်း နဲ့ ရောဂါလက္ခဏာတွေရှိမရှိမေးပြီး စိစစ်လို့ လေယာဉ်ပေါ်မှာ ဗိုင်းရပ်စ် ပျံ့စေနိုင်သူပါလာနိုင်ခြေအတော်နည်းပါတယ်။  ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ပါလာနိုင်ပေမယ့် သူတို့က ဆက်လက် ကူးစက်နိုင်တဲ့အဆင့် မရောက်သေးသူတွေ ဖြစ်ဖို့ပိုများပါတယ်။
·         သူတို့က ပါးစပ်၊ နှခေါင်းကိုမပိတ်ဘဲ နှာချေချောင်းဆိုးလို့ ကိုယ်က ပိုးပါတဲ့တံတွေးမှုန်ကိုတို က်ရိုက်ရှူမိလျင်၊ မိမိအစားအသောက်ပေါ်ကိုကျလျင်၊ ကူးစက်နိုင်တယ်ဆိုပေမယ့် အနားကပ်ထိုင်သူမဟုတ်လျင် ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။

လေဆိပ်မှာ ဆုံတဲ့ ခရီးသည်

·         သူတို့နဲ့ တွေ့ကြချိန်တွေမှာ သိပ်နီးနီးကပ်ကပ်မရှိလို့  သူတို့ဆီကကူးဖို့ အလွန်နည်းပါတယ်။
·         သူတို့ထိကိုင်ထားတဲ့ပစ္စည်း (သို့) မျက်နှာပြင်တွေကနေတော့ကူးစက်နိုင်ပါတယ်။

လေဆိပ်ဝန်ထမ်းများ နဲ့လေဆိပ်က ဂျူတီဖရီးဆိုင်၊ စားသောက်ဆိုင် နဲ့ lounge  ဝန်ထမ်းများ

·         သူတို့ကို လည်း ကျန်းမာရေး စစ်ဆေးပြီး ရောဂါလက္ခဏာမရှိမှ အလုပ်ဆင်းရလို့ ပိုးကူးစက်ခံထားရသူ မရှိသလောက်နည်းမှာပါ။


. ယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ

လေယာဉ်ပေါ်မှာ

·         ထိုင်ခုံလက်တင်တန်း၊ တီဗွီ  touch screen၊ ခေါက်စားပွဲ၊  မီးခလုပ်၊ အဲယားကွန်း ဖွင့်ပိတ်၊ ခရီးဆောင်အိတ်ထည့်တဲ့ အကန့် တံခါးခလုပ် စသည်
·         လေယာဉ်အိမ်သာတံခါး လက်ကိုင်၊ အိမ်သာ ရေဆွဲခလုပ်၊ လက်ဆေးခွက် ဘုံပိုင်
တစ်သျူး (သို့) အဆင်းစက္ကူဗူးနှုတ်ခမ်းဝတွေကိုလက်နဲ့ ထိကိုင်ကြလို့  အဲဒီနေရာတွေကတဆင့်ကူးနိုင်ပေမယ့် အိမ်သာသွားပြီးလူတိုင်းလက်ဆေးလို့ ပြသနာမရှိလှပါ။
·         အစားအသောက် ဗန်း၊ ခွက်၊ စတာတွေကတော့ တယောက်စာသီးသန့်ဖြစ်လို့ ကူးနိုင်စရာမရှိပါ။ ( ချွင်းချက် လေယာဉ်ဝန်ထမ်း (သို့) အစားအသောက် လှည်းနဲ့ ပစ္စည်းတွေ ပြင်ဆင်ပေးတဲ့ ဝန်ထမ်းမှာရောဂါပိုးရှိလျင်တော့ ပိုးတွေပါလာနိုင်ခြေရှိပါတယ်၊ )

လေဆိပ်မှာ

·         ချက်အင်ကောင်တာ
o   ကောင်တာစားပွဲမျက်နှာပြင်
·         အင်မီဂရေးရှင်း  ကောင်တာ  (  Passport control)
o    ကောင်တာစားပွဲမျက်နှာပြင်
o   လက်ဗွေနှိပ်မှန်သားပြင်
·         ပစ္စည်းတင်လှည်း
·         လေဆိပ်အိမ်သာ
·         စားသောက်ဆိုင်
·         လေဆိပ်ထိုင်ခုံနဲ့ လက်တင်တန်းများ
·         စက်လှေကားလက်တန်း
·         ဓါတ်လှေကားခလုပ်များနဲ့လက်ကိုင်တန်း
·         အများသုံးဖို့ပေးထားတဲ့ကွန်ပြူတာစားပွဲမျက်နှာပြင်၊ ကီးဘုတ်နဲ့ မောက်စ်၊ အားသွင်းမီးခလုပ်၊
·         ဓါတ်မှန်စက်ထဲ ပစ္စည်းထည့်တဲ့ ပလတ်စတစ်ဗန်းများ


လေဆိပ်ပြင်ပမှာ

a.    အငှားကား၊ ဘတ်စ်ကား၊ ရထား
နေရာတိုင်းမှာ
·         ဘယ်နေရာမှာ မဆိုကိုယ်အနဲ့ အတူအမြဲပါလာပြီး ပိုးတွေကပ်နေနိုင်တာကတော့ မိုဘိုင်းဖုန်းဆိုတာကိုလုံးဝမမေ့ပါနဲ့။

ဘောပင်ကိုလည်းသုံးပြီးတိုင်းပြန်သန့်ရှင်းပါ 

၃. ဘယ်လိုကာကွယ်မလဲ
o   တစ်သျှူးစက္ကူလုံလောက်အောင်ဆောင်ထားပါ။
o   အရက်ပျံလက်ဆေးရည် ( ၁၀၀ စီစီထက်မပိုတဲ့ပုလင်း) ကို ဇစ်ပိတ် ပလတ်စတစ်အိတ်နဲ့ ဆောင်ထားပါ။ တစ်သျှူးအစိုကိုအရက်ပျံစိမ်ထားလျင်တော့သုံးရတာပိုလွယ်ပါတယ်။
o   အဲဒီပုလင်း ကို အိတ်ထဲကထုတ်ထားပြီး အလွယ်တကူထုတ်သုံးလို့ရအောင်ထားပါ။ မိမိရှေ့ခုံနောက်ကျောက ရှုံ့အိတ်ထဲထည့်ထားလို့ရပါတယ်။
o   သုံးပြီးသားတစ်သျှူးကို အလွယ်တကူပစ်လို့ရအောင်၊ ပေးထားတဲ့ အံဖတ် အိတ်ကို ဖွင့်ပြီး  အဆင်သင့်ထားပါ။
o   မိမိဘေးကခရီးသည်က မကြာမကြာချောင်းဆိုးပါက ပါးစပ်အုပ်ဖို့ တစ်သျှူးများများထုတ်ပေးလိုက်ပါ။ လေယာဉ်ဝန်ထမ်းကို သူချောင်းမကြာမကြာဆိုးနေကြောင်း အကြောင်းကြားပြီး နေရာလဲခိုင်းပါ။
o   လက်သန့်ဆေးပုလင်း၊ တစ်သျှူးဗူးကိုထုတ်တဲ့အခါ ပုလင်းနဲ့ ထည့်ထားတဲ့ အိတ်ကို မသန့်တဲ့ လက်နဲ့ကိုင်မိပြီဆိုတာမမေ့ပါနဲ့ ၊ အဲဒီပုလင်းနဲ့ အိတ်တွေကိုပါအရက်ပျံနဲ့ သန့်စင်ပါ။
o   မိုဘိုင်းဖုန်းကို လက်ကိုင်ပုဝါလိုမျက်နှာနဲ့ထိမယ့်အရာတွေနဲ့ အတူမထားပါနဲ့
o   အရက်ပျံလိုပိုးသတ်ဆေးရည်တွေက ဖုန်းမျက်နှာပြင်ကို ထိခိုက်စေလို့ ဖုန်းကိုသန့်ရှင်းရေးလုပ်လျင် ခပ်ထိုင်းထိုင်းရေစိုအဝတ်ကိုသာသုံးပါလို့ထုတ်လုပ်သူတွေကဆိုကြပါတယ်။
o   ဒီတော့ ဖုန်းကိုင်ပြီးတာနဲ့ လက်ကိုသန့်ရှင်းရေးလုပ်ဖို့သာရှိပါတယ်။
o    ဒါမှမဟုတ် ဖုန်းကိုပလတ်စတစ်အိတ်ပါးပါးထဲထည့်ပြီးသုံးလျင်တော့ အပြင်ကအိတ်ကို အရက်ပျံနဲ့ သန့်ရှင်းလို့ရသလို အသစ်လဲလို့  ဆေးလို့လည်းရပါတယ်။  အဲလိုစ္ပပ်ထားလျင် လက်ဗွေနဲ့တော့ဖွင့်လို့ရတော့မှာ မဟုတ်ပါဘူး။ 
o   တကယ်တွေးကြည့်တော့  မိမိလက်နဲ့ ထိကိုင်မိတဲ့ အရာအားလုံးကနေ ကူးနိုင်တာဖြစ်လို့  မိမိလက်ကို မကြာဃဏဆေးပါ  (သို့) အရက်ပျံနဲ့ သုတ်လိမ်းသန့်စင်ပါ၊
o   မိမိမျက်နှာ၊ ပါးစပ် ၊ နှခေါင်းတွေကို မထိမကိုင်မိအောင်သတိထားပါ၊ ထိကိုင်မယ်ဆို လက်ကိုအရင်သန့်ရှင်းရေးလုပ်ပါ။
   WHO  ကတင်ထားတဲ့ ဗွီဒီယိုကလေးပါတင်ပေးထားပါတယ်။ 
Cruise ship တွေနဲ့ သွားတဲ့အခါမှာတော့ ခရီးသည်အများကြီးနဲ့ အတူဆုံ အတူစားကြတာများပြီး အတူခရီးသွားချိန်ကလည်းညအိပ်ခရီးတွေဖြစ်လို့ လေကြောင်းခရီးသွားတာထက်ပိုပြီးကူးစက်နိုင်ခြေများပါတယ်။ 

ဒေါက်တာအောင် 
09-03-2020





Monday 2 March 2020

နှုတ်ဆက်ခြင်း ယဉ်ကျေးမှူဓလေ့ထုံးစံများနဲ့ ကူးစက်ရောဂါ

  နှုတ်ဆက်ခြင်းယဉ်ကျေးမှူဓလေ့ထုံးစံများနဲ့ ကူးစက်ရောဂါ

ကျနောတို့ တတွေတယောက်နဲ့တယောက်တွေ့ဆုံကြတဲ့အခါ အပြန်အလှန်နှုတ်ဆက်ကြတာယဉ်ကျေးမှုတခုပါ။
လေးစားသမှု ဂါရဝပြုတာလည်းပါပါတယ်။
လူမျိုးအလိုက် ဘာသာအလိုက် နှုတ်ဆက်ပုံချင်းတော့ကွဲတာရှိသလို တူတာလည်းရှိကပါတယ်။
ဓလေ့တွေရောကုန်တာတွေလည်းရှိပါတယ်။
အခု COVID-19 လိုကူးစက်ရောဂါတွေပြန့်နှံ့တဲ့အချိန်မှာ တချို့သောဓလေ့တွေကရောဂါပိုးတွေ တယောက်ကနေ နောက်တယောက်ကို အလွယ်တကူကူးစက်အောင်ဖန်တီးပေးသလိုဖြစ်ပါတယ်။
 COVID-19 လို H1N1   လို အသက်ရှူလမ်းကြောင်းကကူးတယ်ဆိုတဲ့ပိုးတွေက တိုက်ရိုက်ရှူမိတာထက် ပိုးတွေရှိတဲ့မျက်နှာပြင်တခုခုကိုထိကိုင်မိတဲ့လက်ကတဆင့်ကူးတာပိုများတယ်ဆိုတာ အထောကအထားတွေရှိပါတယ်။

တဦးနဲ့တဦး တိုက်ရိုက်ထိတွေ့မှူမရှိတဲ့ တချို့သောနှုတ်ဆက်ပုံတွေကတော့ ရောဂါကူးစက်မှုအတွက်ပူစရာမလိုပါ။
အာရှတိုက်သားအများစုရဲ့နှုတ်ဆက်ပုံတွေက လူလူချင်းတိုက်ရိုက်မထိကြတာများပါတယ်။


https://en.wikipedia.org/wiki/Bowing_in_Japan#/media/File:Japan_-_Tokyo_(9980668875).jpg


https://www.vietvisiontravel.com/wp-content/uploads/2018/05/Useful-Phrases-for-Myanmar-Travel.jpg


အနောက်နိုင်ငံသားတွေကတော့ တဦးနဲ့တဦးမထိကြဘဲ အရင်ကဦးထုတ်ကလေးမ၊ ကိုယ်လေးညွှတ် နှုတ်ဆက်ကြပေမယ့်နောက်ပိုင်းမှာ လက်ဆွဲနှုတ်ဆက်တာများပါတယ်။ 


 ရောဂါပိုးကူးစက်စေနိုင်သောနှုတ်ဆက်နည်းများ 


၁. အနောက်တိုင်းပုံစံလက်ဆွဲနှုတ်ဆက်နည်း 
https://khurki.net/guide-impress-your-boss-office/

၂. မလေး၊ အာရပ် စသောမူဆလင်နိုင်ငံများတွင်နှုတ်ဆက်သောနည်းများ 
  • တဦးနဲ့တဦးပွေ့ဖက်နှုတ်ဆက်ခြင်း 
  • နဖူး၊ ပါး စသည်တို့ကိုနမ်းခြင်း၊ ပါးချင်းအပ်ခြင်း 
  • လူကြီးလက်ကို လူငယ်က ကိုင်ကာနမ်းပြီးနှုတ်ဆက်ခြင်း
  •  မလေးလူမျိုးတွေက စားပွဲ၊ အစည်းအဝေးတခုကိုရောက်လာတဲ့အခါ နောက်မှရောက်ူက အရငရောက်နေသူအားလုံးကို တယောက်ချင်းလက်ဆွဲနှုတ်ဆက် သလို ပြီးလို့ပြန်လျင်လည်း အရင်ထွက်ခွာသူက ကျန်ခဲ့သူအားလုံးကို တယောက်ချင်းနှုတ်ဆက်ပါတယ်။ 

https://sites.google.com/site/moensaudiarabiamgt755/greetings-and-niceties





  
ဒီလိုနှုတ်ဆက်နည်းတွေက ရင်းနှီးမှုကိုပြသလို လေးစားသမှုကိုလည်းပြပါတယ်။ 
ဒါပမယ့် နှုတ်ဆက်သူတဦးဦးမှာ ကူးစက်ရောဂါရှိနေလျင်တော့ တခြားတယောက်ကို ရောဂါပိုးအလွယ်တကူကူးသွားမှာဖြစ်ပါတယ်။

ဘယ်လိုကူးမလဲ 


  • ချောင်းဆိုးနှာချေလို့ အုပ်ကာထားတဲ့ လက်၊ နှာခေါင်း၊ ပါးစပ်၊ မျက်နှာတွေကိုထိကိုင်ထားတဲ့ လက်၊ နှာခေါင်းစည်း၊ လက်ကိုင်ပဝါတို့ကို ထိကိုင်ထားတဲ့ လက်ကို သန့်ရှင်းရေး ပြန်မလုပ်ထားလျင် ရောဂါပိုးတွေရှိနေလို့ အဲဒီလက်နဲ့ ထိကိုင်သူတွေ ကိုယ်တွေပေါ်ကိုရောက်ရှိပြန့်နှံ့ပါတယ်၊ 
  • အဲဒီပိုးပါသွားတဲ့ လက်ကိုမဆေးမိခင် မျက်နှာ၊ နှာခေါင်းတွေကို ထိုကိုင်မိလျင် ရောဂါရပါတယ်။
  • ပိုးတွေရှိတဲ့ လက်နဲ့ ဖက်မိတဲ့ အဝတ်အစားတွေပေါ်မှာလည်းပိုးတွေကျန်ခဲ့နိုင်လို့ နောက်တယောက်ကဖက်မိထိမိတဲ့အခါ နောက်တယောက်ရဲ့ လက်၊ ကိုယ်ပေါ်ကိုပိုးတွေရောက်သွားနိုင်ပါတယ်။  
  • ပါးချင်းအပ်၊ မျက်နှာ၊ ပါး နှဖူးတို့ကိုနမ်းရှုပ်နှုတ်ဆက်လျင်တော့ သိပ်နီးကပ်လွန်းလို့  တယောက်ရဲ့ ရှူထုတ်တဲ့လေထဲကပိုးကို တယောက်ကရှူမိပြီးကူးနိုင်သလို၊ မျက်နှာပေါ်၊ ပါးပေါ် ပွတ်မိလို့တင်နေတဲ့ ပိုးတွေကို နမ်းရှုပ်ရာကကူးနိုင်ပါတယ်။ 
 တဘက်မှာလည်းယဉ်ကျေးမှုအရ ထုံးစံအတိုင်း မနှုတ်လျင် ရိုင်းရာကျမှာစိုးလို့နှုတ်ဆက်ရပါတယ်။ 
လက်ဆွဲနှုတ်ဆက်တာက ပြီးပြီးချင်းလက်ကိုသန့်ရှင်းရေးလုပ်လိုက်လျင် ပြသနာမရှိပေမယ့် ပွေ့ဖက် နမ်းရှုပ် နှုတ်ဆက်တာ မျိုးကတော့ အခုလို ကူးစက်ရောဂါပြန့်နေချိန်တွေမှာရှောင်ရှားသင့်ပါတယ်။

၃။ အဆိုးဆုံးက တော့ အနောက်တိုင်းနှုတ်ခမ်းစုပ်နှုတ်ဆက်ခြင်းပါ ။ 

လူမျိုးရေးဘာသာရေး ခွဲခြားမှု ဘာမှမပါဘဲကျန်းမာရေးရှုထောင့်က ရေးသားအကြံပြုချင်းသာဖြစ်ပါတယ်။ 

ဒေါက်တာအောင်
02-03-20