COVID-19
နဲ့ ခရီးသွားခြင်း
တရုပ်ပြည်ပြင်ပမှာ
COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုတွေ တရိပ်ရိပ်တက်လာချိန်မှာ
လေကြာင်းခရီးသွားသူတွေ ဒီဗိုင်းရပ်စ်ကူးစက်မှာကိုကြောက်ကြမှာကတော့ မေးစရာမလိုပါ၊
ဒီလိုခရီးသွားလျင်
ဗိုင်းရပ်စ်က ဘယ်ကဘယ်လိုကူးနိုင်တယ် ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကလေး ကို တင်ပြပေးပါမယ်။
ပထမဆုံးပြောချင်တာကတော့ ဒီဗိုင်းရပ်ပိုးကူစက်ခံရသူတွေ ကမ္ဘာအနှံ့ကိုလေကြောင်းခရီးကနေ
အများစု ပျံ့သွားကြပေမယ့် လေယာဉ်ပေါ်မှာနဲ့လေဆိပ်ထဲမှာ ကူးတာက ရာခိုင်နှုန်း အလွန့်အလွန်နည်းပြီး
ဆိုင်ရာနိုင်ငံတွေအတွင်းမှာ သူတို့နဲ့ အနီးကပ်ထိတွေ့သူတွေကို ကူးတာကသာအများစုဖြစ်ပါတယ်။
WHO နဲ့
ICAO လို အဖွဲ့တွေကလည်း လေကြောင်းခရီးတွေမှာကူးစက်ရောဂါမပျံ့ပွားအောင် ကာကွယ်နည်းလမ်းညွှန်၊
နေမကောင်းသူ၊ သံသယရှိသူတွေ့ပါက လုပ်ဆောင်ရန် တို့ကို ထုတ်ပြန်ထားပြီးသားပါ။
1.
ဗိုင်းရပ်စ်က ဘယ်သူတွေဆီက ကိုယ့်ဆီကိုရောက်လာနိုင်သလဲ
2.
ဘယ်လိုကူးမလဲ
3.
ဘယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ
4.
ဘယ်လိုကာကွယ်မလဲ
ဗိုင်းရပ်စ်က ဘယ်သူတွေဆီက ကိုယ့်ဆီကိုရောက်လာနိုင်သလဲ
a.
လေယာဉ်ဝန်ထမ်း
b.
လေယာဉ်ပေါ် အတူပါခရီးသည်/ မိမိခုံနဲ့ကပ်လျက်ခရီးသည်
c.
လေဆိပ်မှာ ဆုံတဲ့ ခရီးသည်
d.
လေဆိပ်ဝန်ထမ်းများ နဲ့
e.
လေဆိပ်က ဂျူတီဖရီးဆိုင်၊ စားသောက်ဆိုင် နဲ့ lounge ဝန်ထမ်းများ
ဘယ်လိုကူးမလဲ
f.
ပိုးရှိသူချောင်းဆိုး နှာချေ၊
စကားပြောရာကထွက်လာတဲ့ တံတွေးမှုန်မှာ ပါတဲ့ ပိုးတွေကို တိုက်ရိုက်ရှူမိလို့ ၊
g.
တံတွေးမှုန် ကျတဲ့ နေရာကို ထိကိုင်မိတဲ့ လက် မှာ ကပ်ပါလာပြီး
အဲဒီလက်နဲ့ မျက်နှာပါးစပ်၊ မျက်စေ့ အစားသောက် အသုံးအဆောင်တွေကိုကိုင်မိလို့ ( ဒီနည်းနဲ့ကူးတာ အများဆုံးပါ) တွေကိုကိုင်မိလို့
ဘယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ
h.
လေယာဉ်ပေါ်မှာ
i.
လေဆိပ်မှာ၊ အသွား + အပြန်
j.
လေဆိပ်က အိမ်အပြန်
ဘယ်လိုကာကွယ်မလဲ
k.
နှာချေ၊ ချောင်းဆိုးသူ၊
နေမကောင်းဘူးလို့ သံသယရှိသူ တွေနဲ့ တမီတာထက်ပိုဝေးဝေးမှာနေပါ။
l.
လူအများထိကိုင်ထားတဲ့ မျက်နှာပြင်တွေကို
ထိကိုင်ပြီးတိုင်းလက်ကိုသန့်ရှင်းရေးလုပ်ပါ။
ပိုပြီး အသေးစိပ်လေ့လာကြည့်ရအောင်
၁. ဘယ်သူ့ဆီက ကူးလာနိုင်လဲ
လေယာဉ်ဝန်ထမ်း
·
စာရေးချိန် ၉-၃-၂၀ အထိ COVID-19 ဗိုင်းရပ်စ်ကူးခံရတဲ့ လေယာဉ်ဝန်ထမ်း
အရေအတွက်က လက်ချိုးရေလို့ရအောင်နည်းပါတယ်။
·
လေကြောင်းလိုင်းတွေက သူတို့ဝန်ထမ်းတွေကူးစက်မခံရစေဖို့
နဲ့ ကူးစက်ခံရသူဝန်ထမ်းရှိပါက သူတို့မှ တဆင့်ဆက်မပျံ့စေဖို့
တင်းကြပ်တဲ့စည်းကမ်းတွေ ချမှတ်ကျင့်သုံးကြလို့ ဗိုင်းရပ်စ်ကူးခံရတဲ့ လေယာဉ်ဝန်ထမ်းထံမှ
ခရီးသည်ကို ကူးစက်ခံရဖို့ အခွင့်လမ်းက မရှိသလောက်နည်းပါတယ်။
လေယာဉ်ပေါ်
အတူပါခရီးသည်/ မိမိခုံနဲ့ကပ်လျက်ခရီးသည်
·
ခရီးစဉ်ပေါ်တည်ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေ မိမိနဲ့ လေယာဉ်တစီးထဲမှာ
ပါလာနိုင်ပါတယ်။ ခရီးအနီးအဝေးကိုလိုက်ပြီး
သူတို့ထံကပိုးတွေ အနားကခရီးသည်တွေကို ပျံ့နှံ့ကူးစက်နိုင်ခြေကွာခြားပါတယ်။ ပျံသန်းချိန်ကြာလေ
အခွင့်လမ်းများလေပါ။
·
ဒါပေမယ့် လေကြောင်းလိုင်းတွေက ခရီးသည်တွေ ချက်အင်လုပ်ကတည်းက ခရီးသွားခဲ့တဲ့
မှတ်တမ်း နဲ့ ရောဂါလက္ခဏာတွေရှိမရှိမေးပြီး စိစစ်လို့ လေယာဉ်ပေါ်မှာ ဗိုင်းရပ်စ် ပျံ့စေနိုင်သူပါလာနိုင်ခြေအတော်နည်းပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ပါလာနိုင်ပေမယ့်
သူတို့က ဆက်လက် ကူးစက်နိုင်တဲ့အဆင့် မရောက်သေးသူတွေ ဖြစ်ဖို့ပိုများပါတယ်။
·
သူတို့က ပါးစပ်၊ နှခေါင်းကိုမပိတ်ဘဲ နှာချေချောင်းဆိုးလို့
ကိုယ်က ပိုးပါတဲ့တံတွေးမှုန်ကိုတို က်ရိုက်ရှူမိလျင်၊ မိမိအစားအသောက်ပေါ်ကိုကျလျင်၊
ကူးစက်နိုင်တယ်ဆိုပေမယ့် အနားကပ်ထိုင်သူမဟုတ်လျင် ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။
လေဆိပ်မှာ ဆုံတဲ့ ခရီးသည်
·
သူတို့နဲ့ တွေ့ကြချိန်တွေမှာ သိပ်နီးနီးကပ်ကပ်မရှိလို့ သူတို့ဆီကကူးဖို့ အလွန်နည်းပါတယ်။
·
သူတို့ထိကိုင်ထားတဲ့ပစ္စည်း (သို့)
မျက်နှာပြင်တွေကနေတော့ကူးစက်နိုင်ပါတယ်။
လေဆိပ်ဝန်ထမ်းများ နဲ့လေဆိပ်က ဂျူတီဖရီးဆိုင်၊ စားသောက်ဆိုင် နဲ့ lounge ဝန်ထမ်းများ
·
သူတို့ကို လည်း ကျန်းမာရေး စစ်ဆေးပြီး ရောဂါလက္ခဏာမရှိမှ
အလုပ်ဆင်းရလို့ ပိုးကူးစက်ခံထားရသူ မရှိသလောက်နည်းမှာပါ။
၂. ဘယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ
လေယာဉ်ပေါ်မှာ
·
ထိုင်ခုံလက်တင်တန်း၊ တီဗွီ touch screen၊ ခေါက်စားပွဲ၊ မီးခလုပ်၊ အဲယားကွန်း ဖွင့်ပိတ်၊ ခရီးဆောင်အိတ်ထည့်တဲ့
အကန့် တံခါးခလုပ် စသည်
·
လေယာဉ်အိမ်သာတံခါး လက်ကိုင်၊ အိမ်သာ ရေဆွဲခလုပ်၊
လက်ဆေးခွက် ဘုံပိုင်
တစ်သျူး
(သို့) အဆင်းစက္ကူဗူးနှုတ်ခမ်းဝတွေကိုလက်နဲ့ ထိကိုင်ကြလို့ အဲဒီနေရာတွေကတဆင့်ကူးနိုင်ပေမယ့်
အိမ်သာသွားပြီးလူတိုင်းလက်ဆေးလို့ ပြသနာမရှိလှပါ။
·
အစားအသောက် ဗန်း၊ ခွက်၊ စတာတွေကတော့
တယောက်စာသီးသန့်ဖြစ်လို့ ကူးနိုင်စရာမရှိပါ။ ( ချွင်းချက် လေယာဉ်ဝန်ထမ်း (သို့) အစားအသောက်
လှည်းနဲ့ ပစ္စည်းတွေ ပြင်ဆင်ပေးတဲ့ ဝန်ထမ်းမှာရောဂါပိုးရှိလျင်တော့
ပိုးတွေပါလာနိုင်ခြေရှိပါတယ်၊ )
လေဆိပ်မှာ
·
ချက်အင်ကောင်တာ
o
ကောင်တာစားပွဲမျက်နှာပြင်
·
အင်မီဂရေးရှင်း
ကောင်တာ ( Passport control)
o
ကောင်တာစားပွဲမျက်နှာပြင်
o
လက်ဗွေနှိပ်မှန်သားပြင်
·
ပစ္စည်းတင်လှည်း
·
လေဆိပ်အိမ်သာ
·
စားသောက်ဆိုင်
·
လေဆိပ်ထိုင်ခုံနဲ့ လက်တင်တန်းများ
·
စက်လှေကားလက်တန်း
·
ဓါတ်လှေကားခလုပ်များနဲ့လက်ကိုင်တန်း
·
အများသုံးဖို့ပေးထားတဲ့ကွန်ပြူတာစားပွဲမျက်နှာပြင်၊
ကီးဘုတ်နဲ့ မောက်စ်၊ အားသွင်းမီးခလုပ်၊
·
ဓါတ်မှန်စက်ထဲ ပစ္စည်းထည့်တဲ့ ပလတ်စတစ်ဗန်းများ
လေဆိပ်ပြင်ပမှာ
a.
အငှားကား၊ ဘတ်စ်ကား၊ ရထား
နေရာတိုင်းမှာ
·
ဘယ်နေရာမှာ မဆိုကိုယ်အနဲ့ အတူအမြဲပါလာပြီး ပိုးတွေကပ်နေနိုင်တာကတော့
မိုဘိုင်းဖုန်းဆိုတာကိုလုံးဝမမေ့ပါနဲ့။
ဘောပင်ကိုလည်းသုံးပြီးတိုင်းပြန်သန့်ရှင်းပါ
ဘောပင်ကိုလည်းသုံးပြီးတိုင်းပြန်သန့်ရှင်းပါ
၃.
ဘယ်လိုကာကွယ်မလဲ
o
တစ်သျှူးစက္ကူလုံလောက်အောင်ဆောင်ထားပါ။
o
အရက်ပျံလက်ဆေးရည် ( ၁၀၀ စီစီထက်မပိုတဲ့ပုလင်း)
ကို ဇစ်ပိတ် ပလတ်စတစ်အိတ်နဲ့ ဆောင်ထားပါ။ တစ်သျှူးအစိုကိုအရက်ပျံစိမ်ထားလျင်တော့သုံးရတာပိုလွယ်ပါတယ်။
o
အဲဒီပုလင်း ကို အိတ်ထဲကထုတ်ထားပြီး အလွယ်တကူထုတ်သုံးလို့ရအောင်ထားပါ။
မိမိရှေ့ခုံနောက်ကျောက ရှုံ့အိတ်ထဲထည့်ထားလို့ရပါတယ်။
o
သုံးပြီးသားတစ်သျှူးကို အလွယ်တကူပစ်လို့ရအောင်၊
ပေးထားတဲ့ အံဖတ် အိတ်ကို ဖွင့်ပြီး အဆင်သင့်ထားပါ။
o
မိမိဘေးကခရီးသည်က မကြာမကြာချောင်းဆိုးပါက
ပါးစပ်အုပ်ဖို့ တစ်သျှူးများများထုတ်ပေးလိုက်ပါ။ လေယာဉ်ဝန်ထမ်းကို သူချောင်းမကြာမကြာဆိုးနေကြောင်း
အကြောင်းကြားပြီး နေရာလဲခိုင်းပါ။
o
လက်သန့်ဆေးပုလင်း၊ တစ်သျှူးဗူးကိုထုတ်တဲ့အခါ
ပုလင်းနဲ့ ထည့်ထားတဲ့ အိတ်ကို မသန့်တဲ့ လက်နဲ့ကိုင်မိပြီဆိုတာမမေ့ပါနဲ့ ၊ အဲဒီပုလင်းနဲ့
အိတ်တွေကိုပါအရက်ပျံနဲ့ သန့်စင်ပါ။
o
မိုဘိုင်းဖုန်းကို လက်ကိုင်ပုဝါလိုမျက်နှာနဲ့ထိမယ့်အရာတွေနဲ့
အတူမထားပါနဲ့
o
အရက်ပျံလိုပိုးသတ်ဆေးရည်တွေက ဖုန်းမျက်နှာပြင်ကို
ထိခိုက်စေလို့ ဖုန်းကိုသန့်ရှင်းရေးလုပ်လျင် ခပ်ထိုင်းထိုင်းရေစိုအဝတ်ကိုသာသုံးပါလို့ထုတ်လုပ်သူတွေကဆိုကြပါတယ်။
o
ဒီတော့ ဖုန်းကိုင်ပြီးတာနဲ့ လက်ကိုသန့်ရှင်းရေးလုပ်ဖို့သာရှိပါတယ်။
o ဒါမှမဟုတ် ဖုန်းကိုပလတ်စတစ်အိတ်ပါးပါးထဲထည့်ပြီးသုံးလျင်တော့ အပြင်ကအိတ်ကို အရက်ပျံနဲ့ သန့်ရှင်းလို့ရသလို အသစ်လဲလို့ ဆေးလို့လည်းရပါတယ်။ အဲလိုစ္ပပ်ထားလျင် လက်ဗွေနဲ့တော့ဖွင့်လို့ရတော့မှာ မဟုတ်ပါဘူး။
o တကယ်တွေးကြည့်တော့ မိမိလက်နဲ့ ထိကိုင်မိတဲ့ အရာအားလုံးကနေ ကူးနိုင်တာဖြစ်လို့ မိမိလက်ကို မကြာဃဏဆေးပါ (သို့) အရက်ပျံနဲ့ သုတ်လိမ်းသန့်စင်ပါ၊
o ဒါမှမဟုတ် ဖုန်းကိုပလတ်စတစ်အိတ်ပါးပါးထဲထည့်ပြီးသုံးလျင်တော့ အပြင်ကအိတ်ကို အရက်ပျံနဲ့ သန့်ရှင်းလို့ရသလို အသစ်လဲလို့ ဆေးလို့လည်းရပါတယ်။ အဲလိုစ္ပပ်ထားလျင် လက်ဗွေနဲ့တော့ဖွင့်လို့ရတော့မှာ မဟုတ်ပါဘူး။
o တကယ်တွေးကြည့်တော့ မိမိလက်နဲ့ ထိကိုင်မိတဲ့ အရာအားလုံးကနေ ကူးနိုင်တာဖြစ်လို့ မိမိလက်ကို မကြာဃဏဆေးပါ (သို့) အရက်ပျံနဲ့ သုတ်လိမ်းသန့်စင်ပါ၊
o
မိမိမျက်နှာ၊ ပါးစပ် ၊ နှခေါင်းတွေကို မထိမကိုင်မိအောင်သတိထားပါ၊
ထိကိုင်မယ်ဆို လက်ကိုအရင်သန့်ရှင်းရေးလုပ်ပါ။
Cruise ship တွေနဲ့ သွားတဲ့အခါမှာတော့ ခရီးသည်အများကြီးနဲ့ အတူဆုံ အတူစားကြတာများပြီး အတူခရီးသွားချိန်ကလည်းညအိပ်ခရီးတွေဖြစ်လို့ လေကြောင်းခရီးသွားတာထက်ပိုပြီးကူးစက်နိုင်ခြေများပါတယ်။
ဒေါက်တာအောင်
09-03-2020
No comments:
Post a Comment