နှုတ်ဆက်ခြင်းယဉ်ကျေးမှူဓလေ့ထုံးစံများနဲ့ ကူးစက်ရောဂါ
ကျနောတို့ တတွေတယောက်နဲ့တယောက်တွေ့ဆုံကြတဲ့အခါ အပြန်အလှန်နှုတ်ဆက်ကြတာယဉ်ကျေးမှုတခုပါ။လေးစားသမှု ဂါရဝပြုတာလည်းပါပါတယ်။
လူမျိုးအလိုက် ဘာသာအလိုက် နှုတ်ဆက်ပုံချင်းတော့ကွဲတာရှိသလို တူတာလည်းရှိကပါတယ်။
ဓလေ့တွေရောကုန်တာတွေလည်းရှိပါတယ်။
အခု COVID-19 လိုကူးစက်ရောဂါတွေပြန့်နှံ့တဲ့အချိန်မှာ တချို့သောဓလေ့တွေကရောဂါပိုးတွေ တယောက်ကနေ နောက်တယောက်ကို အလွယ်တကူကူးစက်အောင်ဖန်တီးပေးသလိုဖြစ်ပါတယ်။
COVID-19 လို H1N1 လို အသက်ရှူလမ်းကြောင်းကကူးတယ်ဆိုတဲ့ပိုးတွေက တိုက်ရိုက်ရှူမိတာထက် ပိုးတွေရှိတဲ့မျက်နှာပြင်တခုခုကိုထိကိုင်မိတဲ့လက်ကတဆင့်ကူးတာပိုများတယ်ဆိုတာ အထောကအထားတွေရှိပါတယ်။
တဦးနဲ့တဦး တိုက်ရိုက်ထိတွေ့မှူမရှိတဲ့ တချို့သောနှုတ်ဆက်ပုံတွေကတော့ ရောဂါကူးစက်မှုအတွက်ပူစရာမလိုပါ။
အာရှတိုက်သားအများစုရဲ့နှုတ်ဆက်ပုံတွေက လူလူချင်းတိုက်ရိုက်မထိကြတာများပါတယ်။
![]() |
https://en.wikipedia.org/wiki/Bowing_in_Japan#/media/File:Japan_-_Tokyo_(9980668875).jpg |
![]() |
https://www.vietvisiontravel.com/wp-content/uploads/2018/05/Useful-Phrases-for-Myanmar-Travel.jpg |
အနောက်နိုင်ငံသားတွေကတော့ တဦးနဲ့တဦးမထိကြဘဲ အရင်ကဦးထုတ်ကလေးမ၊ ကိုယ်လေးညွှတ် နှုတ်ဆက်ကြပေမယ့်နောက်ပိုင်းမှာ လက်ဆွဲနှုတ်ဆက်တာများပါတယ်။
ရောဂါပိုးကူးစက်စေနိုင်သောနှုတ်ဆက်နည်းများ
၁. အနောက်တိုင်းပုံစံလက်ဆွဲနှုတ်ဆက်နည်း
![]() |
https://khurki.net/guide-impress-your-boss-office/ |
၂. မလေး၊ အာရပ် စသောမူဆလင်နိုင်ငံများတွင်နှုတ်ဆက်သောနည်းများ
- တဦးနဲ့တဦးပွေ့ဖက်နှုတ်ဆက်ခြင်း
- နဖူး၊ ပါး စသည်တို့ကိုနမ်းခြင်း၊ ပါးချင်းအပ်ခြင်း
- လူကြီးလက်ကို လူငယ်က ကိုင်ကာနမ်းပြီးနှုတ်ဆက်ခြင်း
- မလေးလူမျိုးတွေက စားပွဲ၊ အစည်းအဝေးတခုကိုရောက်လာတဲ့အခါ နောက်မှရောက်ူက အရငရောက်နေသူအားလုံးကို တယောက်ချင်းလက်ဆွဲနှုတ်ဆက် သလို ပြီးလို့ပြန်လျင်လည်း အရင်ထွက်ခွာသူက ကျန်ခဲ့သူအားလုံးကို တယောက်ချင်းနှုတ်ဆက်ပါတယ်။
![]() |
https://sites.google.com/site/moensaudiarabiamgt755/greetings-and-niceties |
ဒီလိုနှုတ်ဆက်နည်းတွေက ရင်းနှီးမှုကိုပြသလို လေးစားသမှုကိုလည်းပြပါတယ်။
ဒါပမယ့် နှုတ်ဆက်သူတဦးဦးမှာ ကူးစက်ရောဂါရှိနေလျင်တော့ တခြားတယောက်ကို ရောဂါပိုးအလွယ်တကူကူးသွားမှာဖြစ်ပါတယ်။
ဘယ်လိုကူးမလဲ
- ချောင်းဆိုးနှာချေလို့ အုပ်ကာထားတဲ့ လက်၊ နှာခေါင်း၊ ပါးစပ်၊ မျက်နှာတွေကိုထိကိုင်ထားတဲ့ လက်၊ နှာခေါင်းစည်း၊ လက်ကိုင်ပဝါတို့ကို ထိကိုင်ထားတဲ့ လက်ကို သန့်ရှင်းရေး ပြန်မလုပ်ထားလျင် ရောဂါပိုးတွေရှိနေလို့ အဲဒီလက်နဲ့ ထိကိုင်သူတွေ ကိုယ်တွေပေါ်ကိုရောက်ရှိပြန့်နှံ့ပါတယ်၊
- အဲဒီပိုးပါသွားတဲ့ လက်ကိုမဆေးမိခင် မျက်နှာ၊ နှာခေါင်းတွေကို ထိုကိုင်မိလျင် ရောဂါရပါတယ်။
- ပိုးတွေရှိတဲ့ လက်နဲ့ ဖက်မိတဲ့ အဝတ်အစားတွေပေါ်မှာလည်းပိုးတွေကျန်ခဲ့နိုင်လို့ နောက်တယောက်ကဖက်မိထိမိတဲ့အခါ နောက်တယောက်ရဲ့ လက်၊ ကိုယ်ပေါ်ကိုပိုးတွေရောက်သွားနိုင်ပါတယ်။
- ပါးချင်းအပ်၊ မျက်နှာ၊ ပါး နှဖူးတို့ကိုနမ်းရှုပ်နှုတ်ဆက်လျင်တော့ သိပ်နီးကပ်လွန်းလို့ တယောက်ရဲ့ ရှူထုတ်တဲ့လေထဲကပိုးကို တယောက်ကရှူမိပြီးကူးနိုင်သလို၊ မျက်နှာပေါ်၊ ပါးပေါ် ပွတ်မိလို့တင်နေတဲ့ ပိုးတွေကို နမ်းရှုပ်ရာကကူးနိုင်ပါတယ်။
တဘက်မှာလည်းယဉ်ကျေးမှုအရ ထုံးစံအတိုင်း မနှုတ်လျင် ရိုင်းရာကျမှာစိုးလို့နှုတ်ဆက်ရပါတယ်။
လက်ဆွဲနှုတ်ဆက်တာက ပြီးပြီးချင်းလက်ကိုသန့်ရှင်းရေးလုပ်လိုက်လျင် ပြသနာမရှိပေမယ့် ပွေ့ဖက် နမ်းရှုပ် နှုတ်ဆက်တာ မျိုးကတော့ အခုလို ကူးစက်ရောဂါပြန့်နေချိန်တွေမှာရှောင်ရှားသင့်ပါတယ်။
၃။ အဆိုးဆုံးက တော့ အနောက်တိုင်းနှုတ်ခမ်းစုပ်နှုတ်ဆက်ခြင်းပါ ။
လူမျိုးရေးဘာသာရေး ခွဲခြားမှု ဘာမှမပါဘဲကျန်းမာရေးရှုထောင့်က ရေးသားအကြံပြုချင်းသာဖြစ်ပါတယ်။
ဒေါက်တာအောင်
02-03-20
No comments:
Post a Comment