Saturday, 1 June 2019
သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ပြန်ပွားမှုကို တားဆီးဖြတ်တောက်ပေးမဲ့ ဝိုလ်ဘားချီးယား (Wolbachia)  စစ်သည်တော်များ (ဇော်ဂျီ)
သွေးလွန်တုပ်ကွေး အဖြစ်များသောနိုင်ငံများ
အနာဂတ်အတွက် အလားအလာ
ဖိုးသုည
၀၂၊၀၈၊၂၀၁၈
ကျမ်းကိုး
သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ပြန်ပွားမှုကို တားဆီးဖြတ်တောက်ပေးမဲ့ ဝိုလ်ဘားချီးယား (Wolbachia)  စစ်သည်တော်များ (ယူနီကုဒ်) 
သွေးလွန်တုပ်ကွေးဆိုတာ
သွေးလွန်တုပ်ကွေးဆိုတာ မြန်မာပြည်မှာ နှစ်စဉ် မိုးဦး၊ မိုးနှောင်းမှာ ကလေးပေါင်းများစွာသာမက လူကြီးတွေ၊ အထူးသဖြင့် သက်ကြီး ရွယ်အိုတွေကိုပါ ဒုက္ခပေးပြီ အသက်ဇီဝိန်တချို့ကိုပါ ခြွေလေ့ရှိတဲ့ ကလေးမိဘများ လုံးဝမကြားချင်တဲ့ Dengue ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါတမျိုးပါ။
WHO မှတ်တမ်းများအရ နှစ်စဉ် လူဦးရေ သန်း ၅၀ ကနေ ၁၀၀ လောက်ကို သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်  ကူးစက်ပြီး၊ အဲဒီအထဲက ၅ သိန်းလောက်က ဆေးရုံတင် ကုရအောင်ဆိုးရွားပါတယ်။  အသေအပျောက်က ၂.၅ ရာနှုန်းလောက်ထိရှိတယ်ဆိုပါတယ်။
အေးဒီးစ် (Aedes) ခြင်က ရောဂါရှိသူကိုကိုက်ပြီး သွေးစုပ်ရာက အဲဒီဗိုင်းရပ်စ် အများအပြားကို ရရှိပြီး ပိုးက ခြင်ရဲ့ကိုယ်ထဲမှာ ၈ -၁၂ ရက်လောက်နေပြီး ထပ်ပွားရပါတယ်။ အဲလိုပွားပြီး ချိန်မှာ နောက်လူတယောက်ကို ကိုက်ရင်တော့ အဲဒီဗိုင်းရပ်တွေက နောက်အကိုက်ခံရတဲ့ လူထဲကို ဝင်သွားပြီး ၄-၇ ရက် အကြာမှာ ရောဂါ လက္ခဏာပြပါတယ်။ လူကနေနောက်လူတယောက်ကိုတော့ တိုက်ရိုက်မကူးနိုင်ပါဘူး။
ကမ္ဘာ့ ဆေးသိပ္ပံပညာရှင်တွေဟာ အမျိုးကွဲ လေးမျိုးရှိတဲ့ အဲဒီ အပြောင်းအလဲမြန်ပြီး လူ့ခန္ဓာရဲ့ ကိုယ်ခံအားစနစ်ကို နည်းမျိုးစုံနဲ့ လှည့်ဖြားတတ်တဲ့ Dengue virus ဗိုင်းရပ်စ်ပိုးကိုသတ်ဖို့ဆေးနဲ့ ကာကွယ်ဖို့ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးစားနေကြတာ ဆယ်စုနှစ်နဲ့ ချီနေပေမဲ့ မအောင်မြင်နိုင်သေးပါဘူး။
အဲဒါကြောင့် လောလောဆယ်မှာ ရောဂါပြန်ပွားကူးစက်ဖို့ မရှိမဖြစ်လိုအပ်တဲ့၊ လူတဦးကနေနောက်တဦးဆီ ရောဂါပိုးကို သယ်ဆောင်ဖြန့်ဖြူးကူးစက်စေတဲ့ အေးဒီးစ် (Aedes) ခြင် အကိုက်မခံရအောင်ကာကွယ်ရေးနဲ့ ခြင်နှိမ်နင်ရေးကိုသာ အလေးပေးလုပ်ဆောင်နေရပါတယ်။
မျှော်လင့်ချက် ရောင်ခြည်
မကြာသေးခင်ကာတခုမှာတော့ ဩစတေးသျှနိုင်ငံ Monash တက္ကသိုလ်က သုတေသီပညာရှင်တွေက အေးဒီးစ်(Aedes) ခြင်တွေကို ဝိုလ်ဘားချီးယား (Wolbachia) ဆိုတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးဘားပိုးတမျိုး ထည့်သွင်းပေးခြင်းဖြင့် အဲဒီခြင်တွေရဲ့ ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်အောင် တားဆီးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီလိုခြင်တွေရဲ့ ကိုယ်တွင်းမှာ လူတွေကို ဒုက္ခပေးမဲ့ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်တော့တဲ့ အတွက် ခြင်ကနေ လူကိုဆက်လက်ကူးစက်ပြန့်ပွားဖို့လဲ မဖြစ်နိုင်တော့ဘဲ ရောဂါပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး ရောဂါပြန်ပွားမှုကို ထိန်းချုပ်နိုင်သွားပါတယ်။
အလားအလာကောင်းတဲ့ နောက်ဆုံး စမ်းသပ်တွေ့ရှိချက်
ဩစတေးသျှနိုင်ငံမှာ ၂၀၁၁ မှာစတင်ခဲ့တဲ့ The World Mosquito Program (WMP) ရဲ့ အောင်မြင်တဲ့ ရှေးပြေးစမ်းသပ်ပရောဂျက် တခုကတော့ သွေးလွန်တုပ်ကွေးရောဂါ ပုံမှန်လိုလိုပြန့်ပွားနေတဲ့ လူဦးရေ ၁၈၇၀၀ ရှိတဲ့ Townsville မြိ့မှာ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေ သယ်ဆောင်ထားတဲ့ ခြင်တွေကို ၂၀၁၄ ခုနှစ်က စလို့  ၂၈ လအတွင်း အဆင့်လေးဆင့်နဲ့ပြန့်ပွားစေခဲ့ပါတယ်။ အဲဒီ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေ သယ်ဆောင်ထားတဲ့ ခြင်အကောင်ရေက ဒေသရဲ့ ခြင်တွေထဲမှာ လွှမ်းခြုံ လွှမ်းမိုးမှုရလာပြီး နောက်မှာတော့ ဒေသအတွင်းကူးစက်ပြန့်ပွားတဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ လုံးဝမရှိတော့တာကိုတွေ့ရပါတယ်။
ဝိုလ်ဘားချီးယား (Wolbachia) ဆိုတာဘာလဲ?
ဝိုလ်ဘားချီးယား (Wolbachia) ဆိုတာ ဖလံ၊ အသီးစားယင်၊ ပုဇင်း၊ လိပ်ပြာ စတဲ့ အင်းဆက်တွေရဲ့ ၆၀ ရာနှုန်းလောက်မှာ သဘာဝအတိုင်းရှိတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးယားအမျိုးပါ။
တချိန်မှာ ဗီဇဖေါက်ပြန်ပြီး ဒုက္ခပေးမှာကို စိုးရိမ်ရတဲ့၊ မျိုးရိုးဗီဇ ပြုပြင်ထားးတဲ့ပိုးမျိုး လုံးဝမဟုတ်ပါ။
ဒါပေမဲ့အေးဒီးစ်ခြင်တွေထဲမှာတော့ ဝိုလ်ဘားချီးယားက သဘာဝအတိုင်းဆိုမရှိပါ။ အဲဒီဘက်တီးရီးယားကို သုတေသီတွေက အေးဒီးစ်ခြင်ဥကလေးတွေထဲကို အလွန်သေးငယ်တဲ့ အပ်သုံးပြီးထိုးထဲ့ပေးတဲ့ အခါ ဥကပေါက်လာတဲ့ ခြင်တွေမှာ အဲဒီ ဘက်တီးရီးယားတွေပါလာပါတယ်။ အဲလို ဘက်တီးရီးယားပါလာတဲ့ ခြင်မတွေက ဆက်ပွားလာတဲ့ မျိုးဆက်သစ်တွေမှာ အဲဒီဘက်တီးရီးယား တွေဆက်ပြီးလက်ဆင့်ကမ်း ပါလာပါတယ်။
အေးဒီးစ်ခြင်တွေထဲမှာ အဲဒီ ဘက်တီးရီးယားရှိနေတဲ့ အခါ သူ့ခန္ဓာထဲဝင်လာတဲ့ သွေးလွန်တုပ်ကွေး၊ ဇီကာ။ Yellow fever နဲ့ chikungunya ဗိုင်းရပ်ပိုးတွေကို ဆက်လက်ပြန့်ပွားခြင်းမရှိအောင် တားမြစ်ထားလိုက်ပါတယ်။ အဲဒီဗိုင်းရပ်စ်တွေဟာ ခြင်ရဲ့ ခန္ဓာထဲမှာ ဆက်မပွားနိုင်တော့တဲ့ အတွက် အဲဒီခြင်တွေက နောက်ထပ်လူတွေကို ကိုက်ရင်လဲ အကိုက်ခံရသူကို ရောဂါမပေးနိုင်တော့ပါဘူး။
အဲဒါကြောင့် လူတွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အေးဒီးစ်ခြင်အားလုံးနီးပါးထဲမှာ ဝိုလ်ဘားချီးယား ဘက်တီးရီးယား ရှိနေအောင်လုပ်ပးနိုင်ရင် အထက်ဖေါ်ပြပါဗိုင်းရပ်လေးမျိုးကြောင့်ဖြစ်တဲ့ ရောဂါတွေ ပြန့်ပွားမှု လုံးဝ ရပ်တန့်သွားပြီး တချိန်မှာ လုံးဝ ကွယ်ပျောက်သွားအောင် လုပ်ဆောင်နိုင်မလားဆိုပြီး မျှော်လင့် မှန်းဆနေကြပါတယ်။
Townsville မြို့ကပရောဂျက်
၂၀၁၄ ခုမှာ စတင်ခဲ့ တဲ့အဲဒီစမ်းသပ်မှုကို ဘေးအန္တရာယ် ကင်းရှင်းကြောင်း စစ်ဆေးအတည်ပြုပြီးမှ ဒေသခံအာဏာပိုင်တွေ ပညာရှင်တွေနဲ့ လူထုရဲ့ ခွင့်ပြုချက်အပြင် အတူ ပူးပေါင်းဆောင်ရွက်မှူပါ ရယူပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ ပထမဆုံး အဲဒီမြို့က ဒေသခံအေးဒီးစ် ခြင်ဥတွေကို စုပြီး ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေကို ထိုးထဲ့ပေးပါတယ်။ ပြီးတော့ သုတေသနခြင်မွေးရုံတွေမှာ  အကောင်ဖေါက်၊ တခါ သားပြန်ဖေါက်ပြီး လိုအပ်တဲ့ အရအတွက်ရှိတဲ့ ဝိုလ်ဘားချီးယား ပါတဲ့ ဒေသခံ အေးဒီးစ်ခြင်ဥတွေရအောင် စုဆောင်းပါတယ်။ ရလာတော့ မှ လူထုပါဝင်မှုနဲ့ အဲဒီခြင်ဥပါတဲ့ mosquito release containers (MRCs) လို့ခေါ်တဲ့ ပုံးတွေကို မြို့ထဲကခြင်ပေါက်ဖို့သင့်တော်တဲ့ နေရာတွေမှာ မျှတတဲ့ ပြန့်နှံ့မှုရအောင် စနစ်တကျ ရွေးချယ် ချထားပေးပါတယ်။ မြို့ရဲ့ သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ နေရာ၊ အေးဒီးခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကိုစနစ်တကျ ခွဲခြားပြီး အဆင့်လေးဆင့်နဲ့ နေရာခွဲဆောင်ရွက်ပါတယ်။ (MRCs) ပုံးတွေကို ပထမအဆင့်မှာ စီမံချက် ဝန်ထမ်းတွေက နေရာချထားပြီး ပုံမှန် စောင့်ရှောက်ပေးခဲ့ရာ တပုံးလျင် ပျမ်းမျှ ခြင် ၈၈ ကောင် စီ လွှတ်ပေးနိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းအဆင့်တွေမှာတော့ လူထုနဲ့ စာသင်ကျောင်းက ကလေးတွေကိုပါ ပညာပေးရင်း ပူးပေါင်း ပါဝင်စေပါတယ်။ အဆင့်လေးဆင့်အပြီးမှာ Townsville မြို့ ပေါ်နဲ့ ဆင်ခြဖုန်းမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်စုစုပေါင်း ၄သန်းကိုလွှတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီ ခြင်တွေက နယ်ခံ တခြားခြင်တွေနဲ့ အဝါဟဝိဝါဟ ပြုကြပြီး ဝိုလ်ဘားချီးယား ပါတဲ့ ခြင်တွေ ပိုပိုပြီး များလာပါတယ်။ အဲဒီကာလအတွင်း သတ်မှတ်နေရာတွေမှာ သတ်မှတ်ထားတဲ့ အချိန် အတိုင်း အတာအလိုက် Biogents Sentinal (BGS) traps ခြင်ဖမ်းထောင်ခြောက် ၁၇၂ ခုကို သုံးပြီး ခြင်တွေကိုဖမ်းကာ သူတို့ရဲ့ ကိုယ်ထဲမှာ ဝိုလ်ဘားချီးယား ပါဝင်လာမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြပါတယ်။ အဲဒီလို ဆောင်ရွက်ကြရာမှာ ရက်သတ္တ ၂ ပတ်ဆက်တိုက် ဖမ်းမိတဲ့ ခြင်တွေထဲမှာ ဝိုလ်ဘားချီးယားပိုးပါတဲ့ခြင် အရေအတွက် ထက်ဝက်ကျော် ရမှ အဆင့်တခုချင်းရဲ့ ရည်မှန်းချက်ပြည့်တာ ဖြစ်ပါတယ်။
အဲဒီကာလအတွင်းမှာ ဒေသအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မှတ်တမ်းကိုလည်း ပြည်လည်စစ်ထုတ် ဆန်းစစ်ပါတယ်။ ၂၀၁၄ နိုဝင်ဘာကနေ ၂၀၁၈ ဂျွန်လအထိ ၄၄လ ကာအအတွင်း စမ်းသပ်ဒေအတွင်းကူးစက်တဲ့ သွေးလွန်တုပ်ကွေးလူနာ ၄ယောက်သာရှိခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုမတိုင်မီ ၄နှစ်ရဲ့ အလားတူကာလမှာတုန်းက စမ်းသပ်ဒေအတွင်းကူးစက်တဲ့ လူနာ ၅၄ယောက် ရှိခဲ့တာပါ။ အဲဒီကာလအတွင်း ကူးစက်ခံရတဲ့ လူနာ ၄ယောက်ကို ထပ်မံစိစစ်ရာမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းခြုံမှုရထားပြီးတဲ့ နေရာတွေမှာ ကူးစက်ခံရတာ မဟုတ်တာကိုတွေ့ရပါတယ်။ 
အဲဒါကြောင့် နောက်ဆုံးမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းခြုံမှု ရထားပြီးတဲ့ နေရာတွေမှာ ဒေအတွင်းကူးစက်တဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လုံးဝမရှိတော့ ဘူးလို့ အဖြေထွက်လာတာပါ။
Townsville မြို့ကစမ်းသက်မှုအတွက် ကုန်ကျစားရိတ်ကို လူဦးရေးအချိုးအစားနဲ့ တွက်ရာမှာတော့ စမ်းသပ်ကာလဖြစ်လို့ ကြီးကြပ်စောင့်ကြည့်ရတာတွေများတဲ့ အတွက် လူတဦးလျင် အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာခန့် ကုန်ကျခဲ့ပါတယ်။
အဲဒီကုန်ကျစားရိတ်ကို အဲဒီမြို့မှာရှိတဲ့ လူတဦးချင်းစီကို သွေးလွန်တုပ်ကွေး မဖြစ်အောင်ကာကွယ်ဖို့ လိုအပ်တဲ့ ကုန် ကျစားရိတ်လို့ အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ တခုထူးခြားတာက အခုလုပ်ဆောင်ချက်ရဲ့ အကျိုးက အချိန်ကာလ အကန့်အသတ် မရှိပါဘူး။
ဝိုလ်ဘားချီးယားပါတဲ့ ခြင်တွေ စဉ်ဆက်မပြတ်ပွားနေလျင် ကာကွယ်မှုဆက်လက်ရရှိနေမှာပါ၊ ‘အဲဒီလိုကာကွယ်ပေးနိုင်မှုက နှစ်၂၀ အထိတည်ရှိနေလျင် လူတဦးချင်းစီကို သွေးလွန်တုပ်ကွေး မဖြစ်အောင်ကာကွယ်ဖို့ လိုအပ်တဲ့ ကုန် ကျစားရိတ်ဟာ တဒေါ်လာရဲ့ တဝက်တောင်မရှိတော့ ပါဘူး။ ကာကွယ်ပေးနိုင်မှု အချိန်ကြာမြင့်လေ တွက်ခြေကိုက်လေပါပဲ။
လက်ရှိ တိုးချဲ့ လုပ်ဆောင်နေမှု
အလားတူ ပရောဂျက်မျိုးကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့နဲ့ ဩစတေးသျှနိုင်ငံ မဲလ်ဘုန်းမြို့က မိုနာ့ရှ် တက္ကသိုလ်တွေမှာ အခြေပြုပြီး ဩစတေးသျှ၊ ဘရာဇီး၊  ကိုလမ်ဘီယာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကီရီဘာတီ၊ ဖီဂျီ၊ ဗာနုဝါတု၊ နရူးကယ်လီဒိုးနီယား နဲ့ မက္ကဆီကို စတဲ့ နိုင်ငံ ၁၂ နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီး Randomised controlled trial ဆိုတဲ့ အလွန် စနစ်ကျတဲ့ ဆေးသိပ္ပံသုတေသနတွေကိုပါ ထည့်သွင်းဆောင်ရွက်နေပါပြီ။
အနာဂတ်အတွက် အလားအလာ
ပြီးခဲ့တဲ့ စမ်းသပ်ပရောဂျက်ရဲ့ အတွေ့အကြုံများအရ အနာဂတ်ပရောဂျက်တွေမှာ စောင့်ကြည့် ကြီးကြပ်မှု တွေကို လျှော့ချနိုင်မှာဖြစ်လို့ ကုန်ကျစားရိတ်ကျ ချွေတာနိုင် လာသလို လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာ လုပ်တဲ့ အလားတူပရောဂျက်တွေကို လုပ်တဲ့အခါ လူတဦးချင်းစီအတွက် ကုန်ကျစားရိတ်ကို  အမေရိကန် တဒေါ်လာအောက်အထိလျှော့ချနိုင်မယ်လို့ ခန့်မှန်းထားတဲ့ အတွက် ကုန်ကျစားရိတ်နဲ့  ရမဲ့ ရလာဒ်ကို နှိုင်းယှဉ်ကြည့်လျင် အလွန်အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းမိုးလွှမ်းခြုံမှုရထားပြီးတဲ့နေရာတွေမှာ ခြင်တွေထဲ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပါဝင်မှုကို သဘာဝအလျှာက်မျိုးပွားရာက ဆက်လက် လက်ဆင့်ကမ်းသွားမှာဖြစ်လို့  သွေးလွန်တုပ်ကွေးဗိုင်းရပ်သာမက သူနဲ့ အလားတူ ပိုးတွေဖြစ်တဲ့ ဇီကာ၊ Yellow fever၊   Chikungunya ဗိုင်ရပ်တွေက ပေးတဲ့ ရောဂါတွေပါ အတူတကွ လျော့ကျသွားမှာဖြစ်ပါတယ်။ တချိန်မှာ အေးဒီးစ်ခြင်ကသယ်ဆောင်တဲ့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေပြန့်ပွားရာ အပူပိုင်းနဲ့ သမပိုင်းဒေသနိုင်ငံတွေမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ ရာနှုန်းပြည့် လွှမ်းခြုံမှူတည်မြဲပြီး အထက်ပါရောဂါတွေ ပြန့်ပွဦးမှုလုံးဝ ရပ်တန့်သွားနိုင်မလားလို့ ပါမျှော်လင့်နေကြပါပြီ။
နောက်တဆင့်အနေနဲ့ ခြင်ကနေ ရောဂါကူးစက်စေပြီး နှစ်စဉ် အသက်များစွားနှုတ်ယူနေတဲ့ ငျက်ဖျားရောဂါကိုရော ဒီ ဝိုလ်ဘားချီးယား ဘက်တီးရီးယားက ကူညီနိုင်မလားဆိုတဲ့ မေးခွန်းတွေကို မေးလာကြပါပြီ။ တခုရှိတာက ငှက်ဖျားဖြစ်စေတာ ဗိုင်းရပ်မဟုတ်ဘဲ ပရိုတိုဇိုးဝါး ဖြစ်လို့ ဗိုင်းရပ်စ်နဲ့ သဘာဝမတူပါ။ သယ်ဆောင်တဲ့ ခြင်ကလဲ အနေဖီးလစ်ခြင်ဖြစ်ပါတယ် ၊ အေးဒီးစ်မဟုတ်ပါ။ သို့သော်လည်း လက်ရှိအောင်မြ်ငထားတဲ့ နည်းပညာက ငှက်ဖျားရောဂါ ထိန်းချုပ်ရေးနဲ့ ပပြောက်ရေးအတွက် တနည်းတဖုံ အထောက်အကူ ဖြစ်နိုင်တယ်လို့ သူတေသီတွေက ဆိုကြပါတယ်။
ဖိုးသုည
၀၂၊၀၈၊၂၀၁၈
ကျမ်းကိုး
Thursday, 30 May 2019
ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။
ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။ (ယူနီကုဒ်)
ဘူဖေးဆိုတာ ကိုယ့်လောဘနဲ့ ကိုယ့်ကို ပြန်သတ်တဲ့ စားသောက်နည်းပါ။
ဘူဖေးဆိုင်မှာ ကိုယ်ကြိုက်တာကို လိုသလောက်ပဲရွေးပြီး ချင့်ချိန်စားတယ်ဆိုတာ တုစ် ရာခိုင်နှုန်းတောင်ရှိမယ်မထင်ပါ။ 
ဒီဖက်ခေတ်မှာ မြို့ကြီးတွေသာမက မြို့အလတ်စားတွေမှာပါ ဟော့ပေါ့ ဘူဖေးတွေ အလျှိုလျှိုပေါ်လာပါတယ်၊ 
မန်ဘာကဒ်နဲ့ မန်ဘာဒစ်စကောင့်၊ နေ့လည်စာအထူး စသည်ဖြင့်နည်းမျိုးစုံ ပရိုမိုးရှင်းလုပ်ကြပါတယ်။
မကြာမကြာလာစားဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ပါတယ်။ 
ဟော့ပေါ့ဘူဖေးတွေရဲ့ ယေဘူရ အကောင်းအဆိုးများ-
ဘာတွေကောင်းလဲ
ဆွေမျိုးတွေ မိသားစုတွေ ဆုံလို့၊ မိတ်ဆွေ အပေါင်းအသင်းတွေဆုံလို့၊ အထိမ်းအမှတ်ပွဲတခုခု စုစားချင်လို့ ဆိုတာမျိုး လူအများစုစားတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက် ပြသနာမရှိတော့ပါ။ စားသူက ကိုယ်ကြိုက်တာကိုယ်ယူစားရုံပါ။
ကျွေးသူက မှာထားတာ မလောက်မှာမပူရသလို ပိုလျှံမှာလည်း ပူစရာမလိုပါ။
အစားကြီးသူများအတွက် တွက်ခြေကိုက်ပါတယ်။
မကောင်းတာများ
အစားနည်းသူများအတွက် စားနိုင်တာထက်ပိုပေးရလို့ ပေးရတာမတန်ပါ၊ ဈေးများပါတယ်။
အပြုတ်မကြိုက်သူများအတွက် ရွေးစရာနည်းပါတယ်။
အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ လုံးမညီညွတ်ပါ။
ကျန်းမာရေးအတွက် မကောင်းတဲ့ အကြောင်းတွေကတော့
၁၊ ပမာဏ
ဘူဖေးဖြစ်လို့ အများစုက ပေးထားတာ တန်အောင် စားနိုင်သမျှစားကြပါတယ်၊ ပုံမှန်ထက်များစွာ (နှစ်ဆမက) ပိုစားပါတယ်။ 
၂၊ ကိုလက်စထရော
 ဈေးကြီးသောပင်လယ်စာကို များများစားတတ်ကြပါတယ်၊ ဂဏန်း ပုဇွန် ကမာ ဆိတ်၊ အမဲ၊ ဝက်သား စသည်တို့မှာ ကိုလက်စထရောအလွန်များသဖြင့် ဆင်ဆင်ခြင်ခြင် စားရမည့် အမျိုးအစားထဲတွင်ပါသော်လည်း ဘူဖေးဖြစ်လို့ ပေးရတာတန်အောင် အဲဒါတွေများများစားကြ။
၃။ ဆား နဲ့ အချိုမှုန့် 
သထူးသဖြင့် အသားတွေမှာ အလွန်များပါတယ်။ ပုံမှန်အစားအသောက်တွေမှာထက်ပိုငံပါတယ်။ 
ဆားနဲ့ အချို့မှုန့်ပါ ဆိုဒီယံကြောင့် သွေးပေါင်ချိန်တက်ပါတယ်။ ကျောက်ကပ်မကောင်းလျင် ဖောယောင်ပါတယ်၊ နှလုံးအားနည်းလျင် မညှစ်နိုင်ပဲ အမောဖေါက်နိုင်ပါတယ်။ ပြုတ်ရည်ကို နည်းနည်းကြာလျင် ရေနွေးရော (သို့) အသစ်လဲသင့်ပါတယ်၊ မသောက်သင့်ပါ။  
အသားငါးတွေကို အချည်ရည်မျိုးစုံနဲ့ တို့စားလို့ အဲဒီဆော့စ် တွေထဲကအငံဓါတ်တွေကို ပိုစားမိကြပြန်ပါတယ်။ 
၄၊ အသား
ဟော့ပေါ့စားသူတွေက အသားတွေကိုအစားများပါတယ် အသားတွေမှာ ပြည့်ဝအဆီတွေများသလို အမဲသားဆိတ်သားတွေက ယူရစ်အက်ဆစ်လည်း များပါတယ်၊ အသားပရိုတိန်းကို တခြားအစားတွေနဲ့ အချိုးမမျှအောင်များများစားလျင် ဝမ်းလည်းချုပ်ပါတယ်၊ ကျောက်ကပ်လည်း ဝန်ပိပါတယ်။ 
၅၊ ကြာရှည်ခံအောင်လုပ်ထားသောအစာများ
အသားလုံး ငါးလုံး ဂဏန်းလိပ် ပုဇွန်လိပ် ဖက်ထုပ် ခဲပြီးလွှာထားသော အသားတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ ကြာရှည်ခံစေတဲ့ ဓါတုပစ္စည်းတွေပါပါတယ်၊ နည်းနည်းပါးပါးက သိပ်မသိသာပေမဲ့ အများကြီး မစားသင့်ပါ။ 
မကြာမကြာစားသူများ ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်ပိုများလာစေပါတယ်။
အသားငါးသာမက ဂျုံလိုကစီဓါတ်များတဲ့ ပစ္စည်းတွေပါလို့ အစာခြေပြီးလျင် သွေးထဲမှာ သကြားဓါတ်တက်ပါတယ်၊ ကိုယ်က ခေါက်ဆွဲ ကြာဇံထည့်မစားတောင် အဲဒီ အသားလုံး ဂဏန်းလိပ်တွေကနေ ကာဗိုဟိုက်ဒြိတ်တွေ အများကြီး ဝင်ပါတယ်။ ဆီးချိုသမားများ သတိထားစရာပါ။ 
အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာအပါအဝင်ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။
၅၊ အရွက်
ဘူဖေးစားတာဖြစ်လို့ လူအများက 
အလွယ်တကူ ဗိုက်ပြည့်စေတဲ့ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ဈေးပေါတဲ့ အရွက်တွေကို သိပ်မယူတတ်ကြပါ။ အသားကိုပိုစားကြတာများပါတယ်
၆၊ အချိုပွဲ
ဘူဖေးဖြစ်လို့ အကန့်သတ်မရှိတဲ့ အချိုရည်တွေများများသောက်တတ်ကြသလို ရေခဲမုန့်တွေ အမျိုးကလည်းစုံတော့ အများကြီးစားတတ်ကြပါတယ် အချိုများသလို ရေခဲမုန့်မှာ အဆီဓါတ်လည်းများပါတယ်။ မခြားအချိုမျိုးစုံလည်းရတော့ ပုံမှန် စားနေကျအချိုထက် အဆများစွာပိုစားပါတယ်။ 
သကြားဓါတ်များလို့ ဆီးချို သွေးချိုတက်သလို အဝလွန်စေပါတယ်။ 
ရ။ ရေ
ဗိုက်မဆံ့မှာစိုးလို့ ရေအသောက်နည်းတတ်ကြပါတယ်။
၈၊ အစားအသောက် သန့်ရှင်းမှူ
အသုတ်နဲ့ အထူးသဖြင့် အချည်ရည်မျိုးစုံတို့ဟာ သေချာချက်ပြုတ်ထားတာမရှိလို့ မသန့်လျင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ 
ချုပ်ရလျင်တော့ ဒီလို ဘူဖေးဟော့ပေါ့တွေကို 
သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်နဲ့ ဆီးရောဂါရှိသူ၊ အစာအိမ်ရောဂါရှိသူ၊ အစာအိမ်အက်ဆစ် အထက်ကို ပြန်ဆန်တတ်တဲ့ ရီဖလက်ရှိသူ၊ သည်းခြေကျောက်ရှိသူ သည်းခြေအိတ်ထုတ်ထားသူ၊ အဝလွန်သူတို့အတွက်တော့ ဝေးဝေးကရှောင်သင့်ပါတယ်။ 
 ရှားရှားပါးပါး တနှစ်မှ တခေါက် နှစ်ခေါက်လောက်သွားစားသူတွေ အတွက် သိပ်မဆိုးပေမဲ့ မကြာခဏသွားစားဖြစ်နေရင်တော့ ဆေးဖိုးလည်း စုသာထားဖို့လိုနိုင်ပါကြောင်း အသိပေးရပါတယ် အမျိုးတို့ခင်ဗျား။
Dr Aung
30-5-19
ခတျေစားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကနျြးမာရေး။ (ဇော်ဂျီ) 
မကွာမကွာစားသူမြား ကငျဆာရောဂါဖွဈဖို့ အန်တရာယျပိုမြားလာစပေါတယျ။ 
Dr. Aung
30-5-19-
Sunday, 3 March 2019
WORLD HEARING DAY
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မတ်လ ၃ ရက်နေ့ကို  WORLD HEARING DAY လို့ သတ်မှတ်ထားပါတယ်။၊
မြန်မာလိုတော့ နိုင်ငံတကာ သောတအာရုံနေ့လို့ ပြန်ဆိုရမလားပဲ။
ဒီနှစ် ၂၀၁၉ WORLD HEARING DAY အတွက်ဆောင်ပုဒ်ကတော့ “ သင့်အကြားအာရုံကို စစ်ဆေးပါ “ လို့ ဆိုပါတယ်။ The theme for World Hearing Day in 2019 is “Check your hearing!”
ဘယ်လိုစစ်လို့ရတယ်ဆိုတာကိုပါတပါတည်း မျှဝေးပေးထားပါတယ်။ မိမိအကြားအာရုံကို စစ်လို့ရတဲ့ အပ် (app)  ကလေး တွေရဲ့ လင့်ကို အောက်မှာထည့်ပေးထားပါတယ်။ ဒီ app ကိုသုံးပြီးမိမိအကြားအာရုံကို စမ်းသပ်လို့ ရတဲ့ အဖြေက ဆေးရုံဆေးခန်းတွေမှာ  စနစ်တကျ စမ်းလို့ ရတဲ့ Audiometry အဖြေလိုတော့ တိကျနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုစမ်းလို့ အကြားအာရုံ ချို့ယွင်းနေတယ်လို့ အဖြေထွက်လာလျင်တော့ နား၊ နှခေါင်းဆရာဝန်နဲ့ ပြပြီး စနစ်တကျ စစ်ဆေးဖို့ လို အပ်လာပါပြီ။
ပိုအရေးကြီးတာက မိမိအကြားအာရုံကို ထိခိုက်စေနဲ့ ကိစ္စတွေကို ဂရုတစိုက်နဲ့ ရှောင်ရှားဖို့ လိုလာပြီဆိုတာကိုတော့ သတိထားနိုင်မှာ ဖြစ်ပါတယ်။
စမ်းဖို့ နားကြပ် လိုအပ်သလို တိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်လည်းလိုအပ်ပါတယ်။
ဒီနှစ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြားအာရုံချို့ယွင်းမှုနဲ့ ပတ်သက်ပြီး လူအများ သိထားသင့် သတိထားသင့်တဲ့ အချက် ၁၀ ချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်။
၁. ကမ္ဘာမှာ လူဦးရေ သန်း ၃၆၀ ဟာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရပါတယ်။
၂. သတိမမူမိကြတဲ့ အဲဒီ အကြားအာရုံချို့တဲ့ မှုပြသနာကို ရင်ဆိုင်ရာမှာ နိုင်ငံတကာဒေါ်လာ ဘီလီယံ ၇၅၀  အကုန်အကျခံနေရပါတယ်၊
၃. လက်ရှိမှာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရတဲ့ ကလေးငယ် ၃၂ သန်းရှိပါတယ်။
၄. ရေရှည် နားပြည်ယို၊ နားကိုက် ပိုးဝင်ရောဂါများက အကြားအာရုံချို့တဲ့မှုရဲ့ အဓိကတရားခံများဖြစ်ခဲ့ပါတယ်.
၅. အသက် ၆၅နှစ် အထက်ရှိသူ များရဲ့ သုံးပုံတပုံဟာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရပါတယ်။
၆. ဆူညံသံဟာ ကာကွယ်လို့ရတဲ့ အဓိက အကြားအာရုံချို့တဲ့မှုကို ဖြစ်စေတဲ့တရားခံတခုဖြစ်ပါတယ်။
ရ. လုပ်ငန်းခွင် ဆူညံသံများ နဲ့နားကို ထိခိုက်စေတဲ့ ဆေးဝါးများကလည်း အကြားအာရုံချို့တဲ့မှုကို ဖြစ်စေပါတယ်။
၈. အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရတဲ့သူတွေကို  အသံထိန်းညှိပေးတဲ့ နားကြားကြိယာကိုသုံးခြင်း (သို့) အတွင်းနားက အစိပ်အပိုင်းကို အစားထိုးဖြင်းဖြင့် ကူညီပေးနိုင်ပါတယ်။၊
၉. အကြားအာရုံချို့တဲ့သူများသုံးတဲ့ လက်ချောင်း သင်္ကေတ ဘာသာကို သုံးစွဲခြင်း၊ သင်္ကေတ ကိကု တွဲ၍ ဖေါ်ပြပေးခြင်းအားဖြင့်လည်း ထိုသူများကို ကူညီနိုင်ပါတယ်။
၁၀ ကလေးသူငယ်များ မှာဖြစ်တဲ့  အကြားအာရုံချွတ်ယွင်းမှူရဲ့ ၆၀ ရာခိုင်နှန်း ( ခြောက်ဆယ် ရာနှူန်း) ဟာ လူထုကျန်းမာရေး လုပ်ငန်းများမှ တဆင့် ကာကွယ် ပေးလို့ရပါတယ်။
ကာကွယ်လို့ရပြီး လူတွေ သတိမထားမိကြတဲ့ ဆူညံသံကြောင့်ဖြစ်တဲ့ အကြားအာရုံချွတ်ယွင်းမှူ အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်၊
၄-၃-၂၀၁၉
app download links
WORLD HEARING DAY 
(Zawgyi font) 
၎. ရေရှည် နားပြည်ယို၊ နားကိုက် ပိုးဝင်ရောဂါများက အကြားအာရုံချို့တဲ့မှုရဲ့ အဓိကတရားခံများဖြစ်ခဲ့ပါတယ်. 
ကိုးကား  
http://www.deafbiblemyanmar.net/en/about-us
http://www.deafbiblemyanmar.net/mm/%E1%80%95%E1%80%AF%E1%80%B6%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8 
Saturday, 2 February 2019
စကရင်တိုင်းမ် (Screen time) က ကလေးငယ်များ၏ကျန်းမာရေး နှင့် ဖွံ့ဖြိုးမှုကိုထိခိုက်နိုင်
Screen time ( စကရင်တိုင်းမ်) ဆိုတာ စမတ်ဖုန်း၊ တက်ဘလက် ၊ အိုင်ပက်၊ ကွန်ပြူတာ၊ တီဗွီ စသည်တို့ရဲ့ မျက်နှာပြင်ကို မျက်နှာချင်းဆိုတဲ့ အချိန် ( တနည်း၊ အထက်ပါ ပစ္စည်းမျာကို သုံးစွဲချိန်) ကိုဆိုတာပါ။
တီဗွီအစီအစဉ်တွေ ရုပ်ရှင်တွေကြည့်တာ၊ ဂိမ်းဆော့တာတွေ ဆိုရှယ်မီဒီယာသုံးတာတွေ အကုန်ပါပါတယ်။
၂၀၁၉ ဇန္နဝါရီ ၂၈ ရက်က ဘီဘီစီမှာ ပါလာတဲ့ “ စကရင်တိုင်းမ်က ကလေးငယ်များးကိုထိခိုက်နိုင်တယ်”    Screen time 'may harm toddlers' 1 ဆိုတဲ့
ဆောင်းပါးမှာ ရေးထားတာကတော့ တလောကထွက်လာတဲ့ သုတသန အဖြေတခု က အသက် ၂ နှစ်နဲ့ ၃နှစ် အကြားမှာ စကရင်တိုင်းမ် များတဲ့ ကလေးတွေ မှာ သူတို့ရဲ့ အသက် ၃နှစ်က ၅ နှစ် အထိ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ နှေးကွေးတယ်ဆိုပါတယ်။
အဲဒီဆောင်းပါး ကလေးကို ဖတ်ရတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်က မိတ်ဆွေဆရာဝန်လင်မယားရဲ့ သားလေးအကြောင်း ကို သတိရလို့ ဒီပို့စ်ကလေးကိုရေးမိပါတယ်။
မိဘနှစ်ယောက်လုံးက ပညာထူးချွန်တဲ့ ဆရာဝန်များဖြစ်ပြီး ပြည်ပနိုင်ငံတခုမှာ အလုပ်လုပ်နေကြပါတယ်။
ပြည်ပမှာ မွေးတဲ့ တဦးတည်းသောသားဖြစ်လို့ ရွယ်တူ ကစားဖေါ်ကလည်းမရှိပါ။  အနီးအနားမှာ မြန်မာ အသိုင်းအဝိုင်းရှိပေမဲ့ အိမ်မှာတော့  shift duty နဲ့ အလုပ်ဆင်းရတဲ့ မိဘနှစ်ပါးရယ် မြန်မာပြည်က ခေါ်ထားတဲ့ ကလေးထိန်း အဒေါ်ကြီးရယ်ပဲ ရှိတာပါ။
ကလေး အသက် တနှစ်လောက်မှာ အဖေက အင်္ဂလန်မှာအလုပ်ရပြီး အမေကလည်း အရေးပေါ်ဌာနမှာ မနက်၊ နေ့၊ ည အလှည့်ကျဂျူတီတွေဆင်းရင်း စာမေးပွဲ အတွက် စာတွေဖတ်ရတော့ ကလေးရဲ့ အချိန်အများစုက ကလေးထိန်းနဲ့ နေရပါတယ်။ ကလေးထိန်းကလည်း အိမ်အလုပ်တွေကိုလုပ်ရသေးတော့ ကလေးနဲ့တချိန်လုံး အတူမနေနိုင်ဘဲ ကလေးကိုသူကြိုက်တဲ့ တီဗွီက ကလေး အစီအစဉ်တွေ နဲ့ တက်ဘလက်က ဂိမ်းတွေကိုပေးထားပါတယ်။ 
ကလေးက အလွန် ဉာဏ်ထက်ပြီးသွက်လက်ချက်ချာပါတယ်။
သူက တချိန်လုံးလိုလို တီဗွီက ကလေး အစီအစဉ်တွေကို ကြည့်လိုက် တက်ဘလက်ကလေးမှာ သူ့အတွက်ထည့်ပေးထားတဲ့ ကလေး ပညာပေး ဂိမ်းကလေးတွေဆော့လိုက်နဲ့  တီဗွီထဲ ဂိမ်းထဲ  ကအကောင်ကလေးတွေကို အဖါ်လုပ်ပြီး အပြန်အလှန်စကားပြောလိုက်နဲ့ ဆော့ပါတယ်။
Disney junior လို ကလေးတီဗွီ အစီအစဉ်တွေက ကလေးငယ်တွေကို ဘယ်လို ပြုမူပြောဆိုရမယ်ဆိုတာမျိုး ပညာပေးသလို ကလေး တွေအတွက် သင်ယူစရာ အက္ခရာ၊ နံပတ်၊ အရောင် ၊ ပုံသဏ္ဍန် စသည်တို့ကို သင်ပေးပါတယ်။ တက်ဘလက်ထဲက ဂိမ်းတွေကလည်းပညာပေးတွေဖြစ်သလို interactive ဖြစ်လို့  ကလေး က ဂိမ်းထဲက သရုပ်ဆောင်ကလေးတွေနဲ့ အပြန်အလှန် ပြောဆို ကစားရင်း အသိတွေတိုးပါတယ်။ အသက် ၂နှစ်လောက်မှာ အရွယ်နဲ့ မလိုက်အောင် အရောင် ၊ နံပတ်၊ အေဘီစီ၊ ပုံသဏ္ဍန် စသည်တို့ကို နားလည်နေပါပြီ။
သို့သော် သူကလေးဟာ သက်ရှိလူသားတွေနဲ့ အပြန်အလှန် ပြုမူဆက်ဆံမှုနည်းတာကြောင့် သူ့စကားနဲ့လေယူလေသိမ်းတွေက ဂိမ်းထဲကလို စက်ရုပ်ဆန်ဆန်အသံဖြစ်နေပါတယ်။
အသက်နည်းနည်းပိုကြီးလာတော့ မိဘ၊ ကလေးထိန်း၊ ဧည့်သည် တွေနဲ့  အပြန်အလှန် ပြောဆိုတာ ပိုနည်းလာပြီး သူ့တီဗွီနဲ့ တက်ဘလက်လေးသာ သူ့ကမ္ဘာဖြစ်လာတာကို သူ့အမေက ထိတ်လန့်စွာ သတိထားမိလာပါတယ်။
ကလေးက သူ့ကို မေးတဲ့၊ စကားပြာတဲ့ အခါ ပြန် ဖြေတာ တုန့်ပြန်တာ အတောကိုနည်းလာပြီး တက်ဘလက်ထဲက ဂိမ်းနဲ့ တော  ရွှန်းရွှန်း ဝေနေအောင် အပြန်အလှန် ပြောဆိုနေတာက အလွန် သိသာလာပါတယ်။
အဲဒီမှာ အမေလည်းစိတ်ပူပြီး ကလေး ဆရာဝန်တွေ ကလေး စိတ်ပညာရှင်တွေနဲ့ တိုင်ပင် တခြားကလေး မိဘတွေကို မေးနဲ့ အတော်ကို ဗျာများရပါတော့တယ်။
ကလေးက သူ့ရဲ့လက်တွေဘဝပတ်ဝန်းကျင်မှာ သက်ရှိတွေနဲ့ အပြန်အလှန်ဆက်ဆံရတာနည်းပြီး နေ့တိုင်း ဖန်သားပြင်ထဲက အကောင်ကလေးတွေနဲ့ပဲ အချိန်ကုန်နေရတော့ သက်ရှိပတ်ဝန်းကျင်ကို စိတ်မဝင်စားတော့ဘဲ သူပျော်ရွှင် ကျက်စားရာ ဖန်သားပြင်ထဲကဘဝကိုပဲ တကယ့်ဘဝလို ဆက်ဆံနေတော့တာပါ။ 
ကလေး ၃နှစ်ကျော်လောက်မှာတော့ အမေလည်းအလုပ်ထွက်ပြီး ကလေး အဖေရှိရာ အင်္ဂလန်ကို လိုက်သွားရင်း အချိန်ပြည့် ကလေး နဲ့ နေပြီး စောင့်ရှောက်ပေးပါတယ်။
အဲလို အမေက ကလေးနဲ့ အနီးကပ်နေပြီး အပြန်အလှန်ပြောဆိုဆက်ဆံတာတွေ အချိန်ပြည့်လုပ်ပေးတာ လ အတော် ကြာလာချိန်မှာတော့ ကလေးရဲ့ အမူ အကျင့် တွေ ပြောင်းပြီး လူသားဆန်ဆန် တုန့်ပြန်မှုတွေ ပြန်တွေ့လာရတယ်လို့ပြောပါတယ်။ နောက် ၆လလောက် အကြမှာတော့ သူ့ကလေးဟာ တခြားကလေးတွေလို ပုံမှန်ဖြစ်နေပါပြီလို့ သူ့အမေရဲ့ အကြောင်းကြားလာတာကို ဝမ်းသာစွာ ကြားသိရပါတယ်။
 စကားပြောပြသနာ ( speech problem) တွေကို ဖြေရှင်းပေးရတဲ့  speech therapist တယောက်က ကလည်း အခုနောက်ပိုင်း စကားပြောနောက်ကျတဲ့ ကလေးတွေမှာ စကားပြောလျင် တီဗွီထဲက စကားတွေ လေသံတွေကို သုံးပြီး ပြောတာတွကိုတွေ့ရပြီး၊ အပြင်လောက ပြောဆိုဆက်ဆံပုံနဲ့ နဲ့ ကင်းကွာလာတဲ့ ကလေး တွေကို ပိုပြီး တွေ့လာနေရတယ်လို့ ပြောပြဖူးပါတယ်။
စကားပြောနောက်ကျကြတဲ့ ကလေးတွေ ရဲ့ မိဘတွေကိုမေးကြည့်ရာမှာ  ဟန်းဖုန်းနဲ့ ဆော့တာ တီဗွီတချိန်လုံးကြည့်တာတွေကနေ အဲဒီလို တီဗွီတွေဖုန်းတွေထဲမှာက အပြင်မှာ ပြောတဲ့ ဘာသာစကားနဲ့မတူတဲ့ အင်္ဂလိပ်ဘာသာနဲ့ ပြောတာတွေကို ကြားပြီး ဘာသာစကားရောထွေးမှုကြောင့် စကားပြောနောက်ကျတာတွေ ပိုပိုပြီးတွေ့လာနေရပါတယ်။
မိဘအတော်များများကတော့ အဲ ဒီ ဂက်ဂျက်တွေရဲ့ ဘေးအန္တရာယ်ကို မသိဘဲ မိမိကလေးက ဖုန်းသုံးတာ တက်ဘလက်သုံးတာ ဘယ်လိုတော်ကြောင်း ဂုဏ်ယူစွာ ပြောနေတာကို ကြားနေရပါတယ်။
အသက် ၂နှစ်ကနေ ၅နှစ်ကြားအရွယ်ကလေးငယ်တွေဟာ သူတို့ရဲ့ အနီးစပ်ဆုံး ပတ်ဝန်းကျင် ကနေ စကား ၊ အပြောအဆို၊ အမူအယာ၊ အနေအထိုင်၊ အကျင့်စရိုက် စတာတွေကို ကူးယူသင်ယာတာ အများးဆုံး ဖြစ်တယ်လို့ ဆိုကြပါတယ်. အဲဒါကြောင့် သူတို့ နဲ့ နေ့တဒူဝ ထိတွေ့နေတဲ့ အနီးဆုံးပတ်ဝန်းကျင်ကို အုပ်ထိန်းသူတွေက စိစစ်ပေးသင့်တာပါ။
-      အသက် တနှစ်ခွဲအောက် ကလေးငယ်တွေကို video chat ကလွဲလို့ စကရင်ပေါ်က မီဒီယာတွေကို ရှောင် ကျဉ်သင့်တယ်လို့ အကြံပြုထားပါတယ်။
-      အသက် တနှစ်ခွဲကနေ ၂ နှစ်ကြားကလေးတွေ ကိုတော့ စကရင်ပေါ်က မီဒီယာတွေကို စပြချင်လျင် တကယ် အဆင့်အတန်းရှိတဲ့ ပညာပေး ပရိုဂရမ်မျိုးကို စတင် ထိတွေ့ပေးနိုင်ပေမဲ့ မိဘ တဦးဦးကကလေးနဲ့ အတူထိုင်ကြည့်ပါလို့ ဆိုပါတယ်။
-       အသက် ၂နှစ်ကနေ ၅နှစ်အထိကလေးတွေအတွက် စကရင်တိုင်မ်းဟာ တနေ့ကို တနာရီထက် မပိုသင့်သလို မိဘ တဦးဦးကကလေးနဲ့ အတူထိုင်ကြည့်ပါလို့ ဆိုပါတယ်။
-      အသက် ၆နှစ်နှင့် အထက်ကလေး တွေကို လည်း အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှား မှုအတွက်အချိန်တွေကို မထိခိုက်အောင် စကရင်တိုင်မ်းကို ဆက်ပြီး ကန့်သတ်ထားပါလို့ ဆိုပါတယ်။
ကနေဒါက The Canadian Paediatric Society β ကတော့ အသက် ၂နှစ်အောက်ကလေးတွေအတွက် စကရင်တိုင်းမ်းကို လုံးဝ မပေးသင့်ဘူးလို့ ဆိုပါတယ်။
အဲဒါကြောင့် မိတ်ဆွေတို့လည်း မိမိရဲ့ ကလေးတွေ၊ မိမိ ရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေရဲ့ ကလေးတွေ ဖန်သားပြင်ထဲက ဘဝကို တကယ့်ဘဝနဲ့မှားမကုန်အောင် တီဗွီ၊ တက်ဘလက်၊ အိုင်ပက် ၊ စမတ်ဖုန်းသုံးတာတွေကို စနစ်တကျ ကြပ်မတ်ဖို့ သတိပေးသင့်ပါကြောင်း ။
 ဖိုးသုည
01-02-2019
သူက တချိန်လုံးလိုလို တီဗွီက ကလေး အစီအစဉ်တွေကို ကြည့်လိုက် တက်ဘလက်ကလေးမှာ သူ့အတွက်ထည့်ပေးထားတဲ့ ကလေး ပညာပေး ဂိမ်းကလေးတွေဆော့လိုက်နဲ့  တီဗွီထဲ ဂိမ်းထဲ  ကအကောင်ကလေးတွေကို အဖ်ါလုပ်ပြီး အပြန်အလှန်စကားပြောလိုက်နဲ့ ဆော့ပါတယ်။
  ( speech problem)  စကားပြောပြသနာတွေကို ဖြေရှင်းပေးရတဲ့  speech therapist တယောက်က ကလည်း အခုနောက်ပိုင်း စကားပြောနောက်ကျတဲ့ ကလေးတွေမှာ စကားပြောလျင် တီဗွီထဲက စကားတွေ လေသံတွေကို သုံးပြီး ပြောတာတွကိုတွေ့ရပြီး၊ အပြင်လောက ပြောဆိုဆက်ဆံပုံနဲ့ နဲ့ ကင်းကွာလာတဲ့ ကလေး တွေကို ပိုပြီး တွေ့လာနေရတယ်လို့ ပြောပြဖူးပါတယ်။
The American Association of Paediatrics' (AAP) guidelines * ကတော့
01-02-2019