Monday, 5 June 2017

ဝမ္းခ်ဳပ္၍ေလၽွာျခင္း(ဝမ်းချုပ်၍လျှောခြင်း)

ဝမ္းခ်ဳပ္၍ေလၽွာျခင္း ( Zawgyi) 
"ဆရာမ၊ က်မသားေလး ဝမ္းအရည္နဲ႔ အခၽြဲ နည္းနည္း၊နည္းနည္း နဲ႔ တေန႔ ေလးငါးခါသြားေနတာ ၂ရက္ရွိၿပီ၊"
" အမရဲ့သားက ဝမ္းခ်ဳပ္လို႔ စမ်င္းခံၿပီး ဝမ္း အရည္သြားတာပါ"
"ရွင္... သားက ဝမ္းေလၽွာေနတာေလဆရာမ၊ ဝမ္းခ်ဳပ္တာ မဟုတ္ပါဘူး၊ ကေလးက ေလနဲ႔ဝမ္းနဲ႔ေတာင္ မကြဲေတာ့ဘူး ေဘာင္းဘီထဲထြက္ထြက္က်ေနတာ"
" လာ အမ၊ လက္ကို ကေလးဗိုက္ဘယ္ဘက္ေအာက္နားကိုစမ္းၾကည့္၊ ဘာစမ္းမိလဲ"
" အမေလး မာခဲခဲ အလုံးႀကီးပါလား၊ ကင္ဆာမ်ားလားဆရာမရယ္, ကယ္ပါဦး"

Overflow diarrhea (spurious diarrhea)
အခုေခတ္ ကေလးေတြက စားစရာေပါမ်ားၿပီး က်န္း မာေရး နဲ႔ မညီညြတ္တာ ကို စားၾကတာ မ်ားပါတယ္။
အမၽွင္မ်ားမ်ားပါတဲ့ အရြက္တို႔ အသီး အႏွံတို႔ အစားနည္းၿပီ ေရေသာက္လဲ နည္းလာၾကသလို ကိုယ္လက္လွူပ္ရွားမွု လည္းနည္းလာၿပီး ဖုန္းေတြဂိမ္းေတြနဲ႔အခ်ိန္ကုန္ၾကေတာ့ ဆီးေတြ ဝမ္းေတြကိုလဲ ေအာင့္ထားထိမ္းထားရာက ဝမ္းခ်ဳပ္တဲ့ အက်င့္ရလာၾကပါတယ္။
ဝမ္းသြားရင္လဲ ေသခ်ာကုန္စင္ေအာင္ မသြားဘဲ ဝမ္းက်န္တာေတြ ျဖစ္ၾကပါတယ္။
ရလာဒ္ကေတာ့ အထက္က အျဖစ္ အပ်က္လိုပါပဲ။
မစင္အိမ္ထဲမွာ ဝမ္းက်န္တဲ့ အခါ အူနံရံက ေရစုပ္ယူတာမို႔ ဝမ္းက မာၿပီး က်စ္လာပါတယ္။
 မစင္အိမ္ထဲ ဝမ္း ေရာက္လာရင္ ဝမ္းသြားခ်င္ စိတ္ေပၚလာေပမဲ့၊ ဝမ္းကို ထိမ္းထားေအာင့္ထားတာၾကာ၊ စမ်င္းကလဲ အၾကာႀကီး ရွိေနတာ့ အာ႐ုံ ေပ်ာက္သြားပါေတာ့တယ္။
အထြက္မွာ အမာခံပိတ္ေလေတာ့ အသစ္ အသစ္ ဝမ္းေတြက ထြက္လို႔မရေတာ့ပဲ ေနာက္မွာ လာပုံပါတယ္၊ ေနာက္ေတာ့ သူတို႔ပါ မာက်စ္လာပါတယ္။
ရက္နည္းနည္းၾကာေတာ့ ေနာက္ဝမ္း အရည္က အခၽြဲနဲ႔အတူ စမ်င္းေဘးကေန တိုးထြက္လာၿပီး အျပင္ကိုေရာက္လာပါတယ္။ 
စအိုဝႂကြက္သားက အဲ ဒီအရည္နဲ အခၽြဲနည္းနည္းခ်င္းထြက္တာကို မထိမ္းေတာ့ ဝမ္းက ထိမ္းမရပဲ ထြက္က်တာမ်ိဳး ျဖစ္တာပါ.
အဲဒါကို လူေတြက ဝမ္းပ်က္ ဝမ္းေလ်ာနဲ႔ မွားၿပီး ဝမ္းပိတ္ေဆး ေကၽြးေတာ့ အေျခအေနေတြ ပိုဆိုးကုန္ေတာ့တာပါ။
အဲလို စမ်င္းခံလို႔ ဝမ္းအရည္သြားတာက ၄ႏွစ္ အထက္ ကေလးေတြနဲ႔ လွုပ္ရွားမွုနည္းတဲ့ အသက္သိပ္ႀကီးသူေတြမွာ အျဖစ္မ်ားတယ္ဆိုပါတယ္။
ေသခ်ာေမးၾကည့္ရင္ အဲလို ဝမ္းအရည္ မသြားခင္ က ဝမ္းခ်ဳပ္တတ္တာ/ ဝမ္း ကုန္ေအာင္မသြားတာ ကို သိနိုင္သလို ဝမ္းဘိုက္ ဘယ္ဖက္ ေအာက္နားကို ေသခ်ာစမ္းရင္ ဝက္အူေခ်ာင္းလို မာမာအေတာင့္ (သို႔) က်စ္စာခဲလို အမာခဲ စမ္းမိနိုင္ပါတယ္။ 
သိပ္ဆိုးရင္ေတာ့ ဝမ္းဘိုက္ကန္႔လန္႔ အေတာင့္လိုက္ျဖစ္ေနတာကို စမ္းမိနိုင္ပါတယ္။
ဝမ္းခ်ဳပ္ခ်ိန္ ေလလည္ရင္ အနံ့ဆိုးပါတယ္။ အစာစားၿပီးစတို႔ အရည္ မ်ားမ်ား ေသာက္ၿပီး စတို႔ မွာ ေလထိုးသလို ေအာင့္တတ္ပါတယ္။ 
သူတို႔လိုတာကေတာ့ ဝမ္းပိတ္ေဆးမဟုတ္ဘဲ ဝမ္းခ်ဴေပးရမွာျဖစ္ပါတယ္။
တခါတေလေတာ့ လက္ေခ်ာင္းနဲ႔ ႏွိုက္ထုတ္ေပးဖို႔ထိ လိုတတ္ပါတယ္။
ဝမ္းႏွုတ္ေဆးစားရင္လဲ အဝက ပိတ္ေနလို႔ သိပ္မထိေရာက္ေတာ့ဘဲ ဘိုက္နာ ပ်ိဳ႕အန္တတ္ပါတယ္။ 
ဝမ္းကို ေပ်ာ့ေစတဲ့ Lactulose လိုေဆးမ်ိဳးကေတာ့ သိပ္မဆိုးခင္မွာ အသုံးတည့္ပါတယ္။
အေရးႀကီးတာကေတာ့ ေနာင္ကို ထပ္မျဖစ္ဖို႔ ေရမ်ားမ်ားေသာက္၊ အမၽွင္ပါတဲ့ အသီး အရြက္မ်ားမ်ားစား၊ ကိုယ္လက္လွုပ္ရွား မွန္မွန္လုပ္၊ ဝမ္းပုံ မွန္သြားတဲ့ အက်င့္လုပ္ေပးဖို႔ပဲ ျဖစ္ပါေၾကာင္းပါခင္ဗ်ား။


07/06/2017




ဝမ်းချုပ်၍လျှောခြင်း ( Unicode) 
"ဆရာမ၊ ကျမသားလေး ဝမ်းအရည်နဲ့ အချွဲ နည်းနည်း၊နည်းနည်း နဲ့ တနေ့ လေးငါးခါသွားနေတာ ၂ရက်ရှိပြီ၊"
" အမရဲ့သားက ဝမ်းချုပ်လို့ စမျင်းခံပြီး ဝမ်း အရည်သွားတာပါ"
"ရှင်... သားက ဝမ်းလျှောနေတာလေဆရာမ၊ ဝမ်းချုပ်တာ မဟုတ်ပါဘူး၊ ကလေးက လေနဲ့ဝမ်းနဲ့တောင် မကွဲတော့ဘူး ဘောင်းဘီထဲထွက်ထွက်ကျနေတာ"
" လာ အမ၊ လက်ကို ကလေးဗိုက်ဘယ်ဘက်အောက်နားကိုစမ်းကြည့်၊ ဘာစမ်းမိလဲ"
" အမလေး မာခဲခဲ အလုံးကြီးပါလား၊ ကင်ဆာများလားဆရာမရယ်, ကယ်ပါဦး"

Overflow diarrhea (spurious diarrhea)
အခုခေတ် ကလေးတွေက စားစရာပေါများပြီး ကျန်း မာရေး နဲ့ မညီညွတ်တာ ကို စားကြတာ များပါတယ်။
အမျှင်များများပါတဲ့ အရွက်တို့ အသီး အနှံတို့ အစားနည်းပြီ ရေသောက်လဲ နည်းလာကြသလို ကိုယ်လက်လှူပ်ရှားမှု လည်းနည်းလာပြီး ဖုန်းတွေဂိမ်းတွေနဲ့အချိန်ကုန်ကြတော့ ဆီးတွေ ဝမ်းတွေကိုလဲ အောင့်ထားထိမ်းထားရာက ဝမ်းချုပ်တဲ့ အကျင့်ရလာကြပါတယ်။
ဝမ်းသွားရင်လဲ သေချာကုန်စင်အောင် မသွားဘဲ ဝမ်းကျန်တာတွေ ဖြစ်ကြပါတယ်။
ရလာဒ်ကတော့ အထက်က အဖြစ် အပျက်လိုပါပဲ။
မစင်အိမ်ထဲမှာ ဝမ်းကျန်တဲ့ အခါ အူနံရံက ရေစုပ်ယူတာမို့ ဝမ်းက မာပြီး ကျစ်လာပါတယ်။
 မစင်အိမ်ထဲ ဝမ်း ရောက်လာရင် ဝမ်းသွားချင် စိတ်ပေါ်လာပေမဲ့၊ ဝမ်းကို ထိမ်းထားအောင့်ထားတာကြာ၊ စမျင်းကလဲ အကြာကြီး ရှိနေတာ့ အာရုံ ပျောက်သွားပါတော့တယ်။
အထွက်မှာ အမာခံပိတ်လေတော့ အသစ် အသစ် ဝမ်းတွေက ထွက်လို့မရတော့ပဲ နောက်မှာ လာပုံပါတယ်၊ နောက်တော့ သူတို့ပါ မာကျစ်လာပါတယ်။
ရက်နည်းနည်းကြာတော့ နောက်ဝမ်း အရည်က အချွဲနဲ့အတူ စမျင်းဘေးကနေ တိုးထွက်လာပြီး အပြင်ကိုရောက်လာပါတယ်။ 
စအိုဝကြွက်သားက အဲ ဒီအရည်နဲ အချွဲနည်းနည်းချင်းထွက်တာကို မထိမ်းတော့ ဝမ်းက ထိမ်းမရပဲ ထွက်ကျတာမျိုး ဖြစ်တာပါ.
အဲဒါကို လူတွေက ဝမ်းပျက် ဝမ်းလျောနဲ့ မှားပြီး ဝမ်းပိတ်ဆေး ကျွေးတော့ အခြေအနေတွေ ပိုဆိုးကုန်တော့တာပါ။
အဲလို စမျင်းခံလို့ ဝမ်းအရည်သွားတာက ၄နှစ် အထက် ကလေးတွေနဲ့ လှုပ်ရှားမှုနည်းတဲ့ အသက်သိပ်ကြီးသူတွေမှာ အဖြစ်များတယ်ဆိုပါတယ်။
သေချာမေးကြည့်ရင် အဲလို ဝမ်းအရည် မသွားခင် က ဝမ်းချုပ်တတ်တာ/ ဝမ်း ကုန်အောင်မသွားတာ ကို သိနိုင်သလို ဝမ်းဘိုက် ဘယ်ဖက် အောက်နားကို သေချာစမ်းရင် ဝက်အူချောင်းလို မာမာအတောင့် (သို့) ကျစ်စာခဲလို အမာခဲ စမ်းမိနိုင်ပါတယ်။ 
သိပ်ဆိုးရင်တော့ ဝမ်းဘိုက်ကန့်လန့် အတောင့်လိုက်ဖြစ်နေတာကို စမ်းမိနိုင်ပါတယ်။
ဝမ်းချုပ်ချိန် လေလည်ရင် အနံ့ဆိုးပါတယ်။ အစာစားပြီးစတို့ အရည် များများ သောက်ပြီး စတို့ မှာ လေထိုးသလို အောင့်တတ်ပါတယ်။ 
သူတို့လိုတာကတော့ ဝမ်းပိတ်ဆေးမဟုတ်ဘဲ ဝမ်းချူပေးရမှာဖြစ်ပါတယ်။
တခါတလေတော့ လက်ချောင်းနဲ့ နှိုက်ထုတ်ပေးဖို့ထိ လိုတတ်ပါတယ်။
ဝမ်းနှုတ်ဆေးစားရင်လဲ အဝက ပိတ်နေလို့ သိပ်မထိရောက်တော့ဘဲ ဘိုက်နာ ပျို့အန်တတ်ပါတယ်။ 
ဝမ်းကို ပျော့စေတဲ့ Lactulose လိုဆေးမျိုးကတော့ သိပ်မဆိုးခင်မှာ အသုံးတည့်ပါတယ်။
အရေးကြီးတာကတော့ နောင်ကို ထပ်မဖြစ်ဖို့ ရေများများသောက်၊ အမျှင်ပါတဲ့ အသီး အရွက်များများစား၊ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်၊ ဝမ်းပုံ မှန်သွားတဲ့ အကျင့်လုပ်ပေးဖို့ပဲ ဖြစ်ပါကြောင်းပါခင်ဗျား။

07/06/2017






Sunday, 4 June 2017

ကူညီပါရေစ။(ကူညီပါရစေ)

ကူညီပါရေစ။ ( Zawgyi)
ရဲစခန္းေ႐ွ႕က ဆိုင္းဘုတ္ မဟုတ္ပါ။
အလြန္ ခ်စ္စရာေကာင္းတဲ့ ျမန္မာတို႔ရဲ႕ ဓေလ့တခုပါ။
တစံုတေယာက္ အကူအညီလိုလ်င္ မိမိ တတ္စြမ္းသေလာက္ ဝိုင္းဝန္းကူညီၾကပါတယ္။
မိမိတတ္က်ြမ္း နားလည္သေလာက္ အၾကံေပးၾကပါတယ္။
တခါတေလမွာေတာ့ မိမိတတ္က်ြမ္းတာထက္ပိုၿပီး အၾကံဥာဏ္မ်ား ေပးကာ ေစတနာထားရာက ေစတနာက ေဝဒနာ ျဖစ္တတ္တာေလးေတြကို နည္းနည္း ေျပာခ်င္တာပါ။
မေန႔က ဂ႐ုတခုမွာ ညီငယ္ တေယာက္က သူ႔ဖုန္း firmware update လုပ္ခ်င္လို႔ အကူညီေတာင္းတယ္။ ကူညီသူကလဲ Link အမွန္ကိုေပးတယ္။ ေပးသူေမ်ွာ္လင့္တာက ယူသူက သူ႔ဟာသူ လိုတာေရြးေဒါင္းမယ္ေပါ့။ ေတာင္းသူက ဘာမွမသိေတာ့ link ထဲက ေတြ့တဲ့ ဖိုင္ကိုဆြဲခ်ေတာ့ လြဲေနပါေလေရာ။ သူယူကမွာက ဒုတိယတန္းကဖိုင္ေလ။ ကူညီသူကလဲ သိေလာက္တယ္ထင္ၿပီး ေသခ်ာမေျပာတာ ေနမယ္။ ယူသူကလဲ ငါေတာင္းတာကို ေပးတာပဲဆိုၿပီး မေမးပဲတန္းဆြဲေတာ့ ဖိုင္က 1.38Gb. ေဘလ္ ဘယ္ေလာက္စားသြားတယ္မသိ။
ကူညီသူကေစတနာေပမဲ့ နားလည္မႈ နည္းနည္း လြဲေတာ့ ေဘလ္ကုန္တာနဲ႔ အခ်ိန္ဆံုးတာေပါ့။ အကယ္၍ ေပးကတည္းက link ထဲက ဘယ္ဖိုင္ကို ေဒါင္းၿပီး ဘာဆက္လုပ္လို႔ ေသေသခ်ာခ်ာ ေျပာနိုင္ရင္ အဲလို ျဖစ္မွာ မဟုတ္ပါ။
အဲဒါက တကယ္ျဖစ္တဲ့ ေဝဒနာ အမ်ားႀကီးထဲက ဥပမာတခုသာပါ။.
ကိုယ္သိတာ နည္းနညး္ကို ေသေသခ်ာခ်ာ နားမလည္ပဲ သူတပါးကို အၾကံေပးရာက လံုးဝလြဲေနတာေတြကိုလဲေတာ့ တပံုႀကီး ႐ွိေပမဲ့ ေရးမျပေတာ့ပါ။
အဓိကေရးခ်င္တာက ေဆးနည္းၫႊန္းတာကိုပါ။
ကိုယ္ ေရာဂါတခုခု ကို ေဆးနည္းတခုနဲ႔ ေပ်ာက္ရင္ သူတပါးကိုလဲ ရေစလိုတဲ့ ေစတနာနဲ႔ ၫႊန္းၾကတာ အလြန္ ေခတ္စားပါတယ္။.ေဖစ့္ဘြတ္ ေပၚေတာ့ ပိုဆိုးပါတယ္။
ျပသနာက ေရာဂါတခုကို ေဆးၫႊန္းရင္ (၁) ေရာဂါအေၾကာင္း (၂) ေဆးအေၾကာင္း (၃) လူနာ အေၾကာင္း သံုးမ်ိဳးလံုးသိဖို႔လိုတယ္ဆိုတာကို သတိမမူတာပါ။
ဘာေရာဂါ လကၡဏာဆို ဘာေဆးေပး လို႔ဆိုၿပီးကုလို႔ရရင္ ကြန္ျပဴတာေတြနဲ႔ေဆးကုရံုပါပဲ။ ပံုေသနည္းနဲ႔ ကုလို႔မရလို႔ သမားဆို အိုမွလို႔ ဆိုၾကတာပါ။
(၁) ေရာဂါလကၡဏာ တခုသိရံုနဲ႔ ေရာဂါအမည္တပ္လို႔ မေသခ်ာပါ။ ဥပမာ ေခါင္းကိုက္တာ အိပ္ေရးပ်က္လို႔၊ ဝမ္းခ်ဳပ္လို႔၊ စိတ္ညစ္လို႔ ဆိုတာကေန ဦးေႏွာက္ ေယာင္လို႔ ဦးေခါင္းထဲက ကင္ဆာ၊ ဦးေခါင္းထဲ ေသြးယိုစိမ့္လို႔ဆိုတဲ့ အထိ ျဖစ္နိုင္တာပါ။
လူုနာေရာဂါရာဇဝင္ကို ေသခ်ာေမးနိုင္မ၊ွ စမ္းနိုင္မွ တခါတေလ စက္ပစၥည္း နဲ႔ ဓာတ္ခြဲခန္းအကူပါမွ သိနိုင္တာပါ။
ေဆးဆိုရာမွာလဲ ေရာဂါေပၚလိုက္ၿပီး ကုရသလို႔ ေရာဂါခ်င္းတူတာေတာင္ ေဆးနည္းမတူတာေတြ႐ွိပါတယ္။ အေနာက္တိုင္းေဆး အေ႐ွ့တိုင္းေဆး အားလံုးအက်ိဳးနဲ႔ အပစ္ဆိုတာ နည္းမ်ား မဆို႐ွိပါတယ္။ အဟာရျဖစ္ျဖစ္ ဘာဝ ျဖစ္ျဖစ္ ရာႏႈန္းျပည့္ လူတိုင္းနဲ႔ တည့္တယ္လို့ေတာ့မ႐ွိပါ။ ေျမပဲ တေစ့စားမိလို႔ေ႐ွာ့ခ္ ရတဲ့သူေတြ တပံုႀကီး႐ွိပါတယ္။ ၾကက္ဥပါတဲ့မုန႔စာတာနဲ႔ ရင္ၾကပ္တဲ့သူလဲ႐ွိပါတယ္။ ဒီအျပင္ကိုယ့္ေဆးကို ဘယ္လို အခ်ိန္ အဆနဲ႔ေပးရမလဲ။ ဘယ္လိုျဖစ္ရင္ ရပ္ရမယ္ဆိုတာေတြသိရပါတယ္။
(၃) လူမွာလည္း ေရာဂါ တခုမက႐ွိေနတာ အစားတို႔ေဆးတို႔နဲ႔ မတည့္တဲ့ အလာဂ်ီ႐ွိတာ၊ ေက်ာက္ကပ္မေကာင္းတာ။ အသည္းအားနည္းတာ စသည္တို႔႐ွိပါတယ္။ အသက္၊ က်ား၊ မ ေပၚလဲ တည္ပါတယ္။ မ်ိုးရိုးလိုက္တဲ႕ ခ်ိဳ႕ယြင္းခ်က္႐ွိသူေတြပဲတမ်ိဳးစားလို႔ ဒုကၡေရာက္တာလဲရွိပတယ္။ တခ်ိဳ႕ ေဆးေတြြက ေယာက်ၤားအားက်ေစတာ ဓမၼတာရာသီကို ေျပာင္းလဲေစတာ႐ွိပါတယ္။ အဲဒီသူ တျခားဘာေဆးေတြ ဓာတ္စာေတြ စားေနလဲဆိုတာကိုလဲ ထည့္တြက္ရပါတယ္။
ဥပမာ ႏွလံုးအဆို႔႐ွင္ လဲထားလို႔၊ နွလံုးခုန္တာ မမွန္လို႔ နွလံုးထဲ ေသြးခဲပီး ေလမျဖတ္ေအာင္ Wafarin ေဆးေသာက္ေနသူကို vitamin k ပါတဲ့ ဓာတ္စာ၊ အထူးသျဖင့္ အသည္းနဲ့ အရြက္မ်ား၊၊ ရဲယိုသီးရည္ စသည္တိုကို မ်ားမ်ား စားသံုးခ်င္းျဖငင့္ ေဆးအာနိသင္က်ကာ နွလံုုးထဲမွာ  ေသြးခဲ ေသးေသးေလးျဖစ္ျပီး ဦးေနွာက္မွာ သြားပိတ္လို့  ေလျဖတ္သြားဖို႔ လံုေလာက္ပါတယ္။
အဲဒီေတာ့ လူတေယာက္ ေရာဂါတခု ျဖစ္လို႔ ကုရင္ အဲဒီလို သံုးမ်ိဳးလံုးသိေအာင္ ေလ့လာၿပီးကုသခ်င္းသည္သာ စနစ္တက် ကုတာျဖစ္ပါတယ္။
ငါ့တုန္းကဒီလိုျဖစ္တာ ဒီေဆးေပးလို႔ သူေတာ့ရလိမ့္မယ္လို႔ ပံုေသ ေျပာလို႔မရပါ။ ကိုယ္ ၫႊန္းတဲ့ေဆးနဲ႔ မတည့္လို႔ ဒုကၡေရာက္ႏိုင္သလို တျခား ေဆးေတြကို ျဖတ္ထားလို႔ ဒုကၡေရာက္တာလဲ႐ွိပါတယ္။
အခ်ဳပ္အားျဖင့္ေတာ့ မိမိိေသခ်ာ နားလည္ တတ္ကြၽမ္းတာ မဟုတ္ရင္ သူတပါးကို ေဆးနည္း လက္ကမ္းၫႊန္ျပတာဟာ ေစတနာကေန ေဝဒနာ ျဖစ္ႏုိင္ေၾကာင္းပါ။ ေဖ့ဘြတ္မွာ နားမလည္ပဲ လက္ဆင့္ကမ္းေနတဲ့ ေဆးနည္းေတြကို ယံုၾကည္စြာ သံုးတာဟာလဲ ကြမ္းယာဆိုင္က စပ္ေပးတဲ့ ေဆးကို သံုးသလိုပါပါပဲလို႔ သတိေပးပါရေစ။


04/06/2017



ကူညီပါရစေ ( Unicode)
ရဲစခန်းရှေ့က ဆိုင်းဘုတ် မဟုတ်ပါ။
အလွန် ချစ်စရာကောင်းတဲ့ မြန်မာတို့ရဲ့ ဓလေ့တခုပါ။
တစုံတယောက် အကူအညီလိုလျင် မိမိ တတ်စွမ်းသလောက် ဝိုင်းဝန်းကူညီကြပါတယ်။
မိမိတတ်ကျွမ်း နားလည်သလောက် အကြံပေးကြပါတယ်။
တခါတလေမှာတော့ မိမိတတ်ကျွမ်းတာထက်ပိုပြီး အကြံဉာဏ်များ ပေးကာ စေတနာထားရာက စေတနာက ဝေဒနာ ဖြစ်တတ်တာလေးတွေကို နည်းနည်း ပြောချင်တာပါ။
မနေ့က ဂရုတခုမှာ ညီငယ် တယောက်က သူ့ဖုန်း firmware update လုပ်ချင်လို့ အကူညီတောင်းတယ်။ ကူညီသူကလဲ Link အမှန်ကိုပေးတယ်။ ပေးသူမျှော်လင့်တာက ယူသူက သူ့ဟာသူ လိုတာရွေးဒေါင်းမယ်ပေါ့။ တောင်းသူက ဘာမှမသိတော့ link ထဲက တွေ့တဲ့ ဖိုင်ကိုဆွဲချတော့ လွဲနေပါလေရော။ သူယူကမှာက ဒုတိယတန်းကဖိုင်လေ။ ကူညီသူကလဲ သိလောက်တယ်ထင်ပြီး သေချာမပြောတာ နေမယ်။ ယူသူကလဲ ငါတောင်းတာကို ပေးတာပဲဆိုပြီး မမေးပဲတန်းဆွဲတော့ ဖိုင်က 1.38Gb. ဘေလ် ဘယ်လောက်စားသွားတယ်မသိ။
ကူညီသူကစေတနာပေမဲ့ နားလည်မှု နည်းနည်း လွဲတော့ ဘေလ်ကုန်တာနဲ့ အချိန်ဆုံးတာပေါ့။ အကယ်၍ ပေးကတည်းက link ထဲက ဘယ်ဖိုင်ကို ဒေါင်းပြီး ဘာဆက်လုပ်လို့ သေသေချာချာ ပြောနိုင်ရင် အဲလို ဖြစ်မှာ မဟုတ်ပါ။
အဲဒါက တကယ်ဖြစ်တဲ့ ဝေဒနာ အများကြီးထဲက ဥပမာတခုသာပါ။.
ကိုယ်သိတာ နည်းနညး်ကို သေသေချာချာ နားမလည်ပဲ သူတပါးကို အကြံပေးရာက လုံးဝလွဲနေတာတွေကိုလဲတော့ တပုံကြီး ရှိပေမဲ့ ရေးမပြတော့ပါ။
အဓိကရေးချင်တာက ဆေးနည်းညွှန်းတာကိုပါ။
ကိုယ် ရောဂါတခုခု ကို ဆေးနည်းတခုနဲ့ ပျောက်ရင် သူတပါးကိုလဲ ရစေလိုတဲ့ စေတနာနဲ့ ညွှန်းကြတာ အလွန် ခေတ်စားပါတယ်။.ဖေစ့်ဘွတ် ပေါ်တော့ ပိုဆိုးပါတယ်။
ပြသနာက ရောဂါတခုကို ဆေးညွှန်းရင် (၁) ရောဂါအကြောင်း (၂) ဆေးအကြောင်း (၃) လူနာ အကြောင်း သုံးမျိုးလုံးသိဖို့လိုတယ်ဆိုတာကို သတိမမူတာပါ။
ဘာရောဂါ လက္ခဏာဆို ဘာဆေးပေး လို့ဆိုပြီးကုလို့ရရင် ကွန်ပြူတာတွေနဲ့ဆေးကုရုံပါပဲ။ ပုံသေနည်းနဲ့ ကုလို့မရလို့ သမားဆို အိုမှလို့ ဆိုကြတာပါ။
(၁) ရောဂါလက္ခဏာ တခုသိရုံနဲ့ ရောဂါအမည်တပ်လို့ မသေချာပါ။ ဥပမာ ခေါင်းကိုက်တာ အိပ်ရေးပျက်လို့၊ ဝမ်းချုပ်လို့၊ စိတ်ညစ်လို့ ဆိုတာကနေ ဦးနှောက် ယောင်လို၊့ ဦးခေါင်းထဲက ကင်ဆာ၊ ဦးခေါင်းထဲ သွေးယိုစိမ့်လို့ဆိုတဲ့ အထိ ဖြစ်နိုင်တာပါ။
လူုနာရောဂါရာဇဝင်ကို သေချာမေးနိုင်မ၊ှ စမ်းနိုင်မှ တခါတလေ စက်ပစ္စည်း နဲ့ ဓာတ်ခွဲခန်းအကူပါမှ သိနိုင်တာပါ။
(၂) ဆေးဆိုရာမှာလဲ ရောဂါပေါ်လိုက်ပြီး ကုရသလို့ ရောဂါချင်းတူတာတောင် ဆေးနည်းမတူတာတွေရှိပါတယ်။ အနောက်တိုင်းဆေး အရှေ့တိုင်းဆေး အားလုံးအကျိုးနဲ့ အပြစ်ဆိုတာ နည်းများ မဆိုရှိပါတယ်။ အဟာရဖြစ်ဖြစ် သဘာဝ ဖြစ်ဖြစ် ရာနှုန်းပြည့် လူတိုင်းနဲ့ တည့်တယ်လို့တော့မရှိပါ။ မြေပဲ တစေ့စားမိလို့ရှော့ခ် ရတဲ့သူတွေ တပုံကြီးရှိပါတယ်။ ကြက်ဥပါတဲ့မုန့်စားတာနဲ့ ရင်ကြပ်တဲ့သူလဲရှိပါတယ်။ ဒီအပြင်ကိုယ့်ဆေးကို ဘယ်လို အချိန် အဆနဲ့ပေးရမလဲ။ ဘယ်လိုဖြစ်ရင် ရပ်ရမယ်ဆိုတာတွေသိရပါတယ်။
(၃) လူမှာလည်း ရောဂါ တခုမကရှိနေတာ၊ အစားတို့ဆေးတို့နဲ့ မတည့်တဲ့ အလာဂျီရှိတာ၊ ကျောက်ကပ်မကောင်းတာ။ အသည်းအားနည်းတာ စသည်တို့ရှိပါတယ်။ အသက်၊ ကျား၊ မ ပေါ်လဲ တည်ပါတယ်။ မျိုးရိုးလိုက်တဲ့ ချို့ယွင်းချက်ရှိသူတွေပဲတမျိုးစားလို့ ဒုက္ခရောက်တာလဲရှိပါတယ်။ တချို့ ဆေးတွွေက ယောကျင်္ားအားကျစေတာ ဓမ္မတာရာသီကို ပြောင်းလဲစေတာရှိပါတယ်။ 
အဲဒီသူ တခြားဘာဆေးတွေ ဓာတ်စာတွေ စားနေလဲဆိုတာကိုလဲ ထည့်တွက်ရပါတယ်။ 
ဥပမာ နှလုံးအဆို့ရှင် လဲထားလို့၊ နှလုံးခုန်တာ မမှန်လို့ နှလုံးထဲ သွေးခဲပီး လေမဖြတ်အောင် Wafarin ဆေးသောက်နေသူကို vitamin k ပါတဲ့ ဓာတ်စာ၊ အထူးသဖြင့် အသည်းနဲ့ အရွက်စိမ်းများ၊၊ ရဲယိုသီးရည် စသည်တိုကို များများ စားသုံးချင်းဖြငင့် ဆေးအာနိသင်ကျကာ နှလုုံးထဲမှာ သွေးခဲ သေးသေးလေးဖြစ်ပြီး ဦးနှောက်မှာ သွားပိတ်လို့ လေဖြတ်သွားဖို့ လုံလောက်ပါတယ်။
အဲဒီတော့ လူတယောက် ရောဂါတခု ဖြစ်လို့ ကုရင် အဲဒီလို သုံးမျိုးလုံးသိအောင် လေ့လာပြီးကုသချင်းသည်သာ စနစ်တကျ ကုတာဖြစ်ပါတယ်။
ငါ့တုန်းကဒီလိုဖြစ်တာ ဒီဆေးပေးလို့ သူတော့ရလိမ့်မယ်လို့ ပုံသေ ပြောလို့မရပါ။ ကိုယ် ညွှန်းတဲ့ဆေးနဲ့ မတည့်လို့ ဒုက္ခရောက်နိုင်သလို တခြား ဆေးတွေကို ဖြတ်ထားလို့ ဒုက္ခရောက်တာလဲရှိပါတယ်။
အချုပ်အားဖြင့်တော့ မိမိိသေချာ နားလည် တတ်ကျွမ်းတာ မဟုတ်ရင် သူတပါးကို ဆေးနည်း လက်ကမ်းညွှန်ပြတာဟာ စေတနာကနေ ဝေဒနာ ဖြစ်နိုင်ကြောင်းပါ။ ဖေ့ဘွတ်မှာ နားမလည်ပဲ လက်ဆင့်ကမ်းနေတဲ့ ဆေးနည်းတွေကို ယုံကြည်စွာ သုံးတာဟာလဲ ကွမ်းယာဆိုင်က စပ်ပေးတဲ့ ဆေးကို သုံးသလိုပါပါပဲလို့ သတိပေးပါရစေ။
အားလုံး စေတနာထား လုပ်တာလေးတွေ စေတနာ အကျိုး ရကြပါစေ။
ဖိုးသုည
04/06/2017

Sunday, 22 May 2016

စေတနာနဲ့ ဆေးညွှန်းကြသည် သို့သော်…(ယူနီကုဒ်)

စေတနာနဲ့ ဆေးညွှန်းကြသည် သို့သော်….
တိုင်းရင်းဆေးဖြစ်ဖြစ် အနောက်တိုင်းဆေးဖြစ်ဖြစ်၊ အချင်းချင်း ဆေးနည်းတွေ မျှဝေကြတာ၊ ဆေးညွှန်းကြတာတွေဟာ စေတနာဆိုတာ ငြင်းစရာ လုံးဝမရှိ အားလုံးသိကြပါ တယ်။
ဒါပေမဲ့ ဖြစ်တဲ့ရောဂါ အကြောင်းလဲ ဂဃနဏမသိ၊
ကိုယ်ညွန်းတဲ့ ဆေးအကြောင်းလဲ သေသေချာချာ မသိဘဲ ညွှန်းတော့ စေတနာက ဝေဒနာဖြစ်စေတာ အများသဘောပေါက်စေချင်ပါတယ်။
တိုင်းရင်းဆေးဖြစ်ဖြစ် အနောက်တိုင်းဆေးဖြစ်ဖြစ်၊ ဘေးထွက်ဆိုးကျိုးတွေ ရှိတာမို့လို၊  ဘေးထွက်ဆိုးကျိုး ကြောင့်ဖြစ်စေ၊ အနာနဲ့ဆေးမတဲ့လို့ ဖြစ်စေ၊ အနာနဲ့ဆေးလွဲနေတာကို အဟုတ်မှတ်ကုနေလို့ ကုထုံးအမှန်ကို အချိန်မှီမရဘဲ အခါနှောင်းလို့ ဖြစ်စေ၊ လူနာခမျာ ဒူက္ခရောက်နိုင် တာကို သတိချပ်စေချင်ပါတယ်

ဥပမာ သမားကောင်းတယောက် ထံမှာ လူနာ ဘာဖြစ်လို့၊ ဆေးပေးပါလို့ သွားတောင်းရင်  အလွယ်တကူပေးမှာ မဟုတ်ဘဲ ရောဂါ  လက္ခဏာတွေကို သေချာမေး၊ ဖြစ်နိုင်ရင် သေချာ စမ်းသပ်ပြီးမှဆေးပေးပါတယ် ။
လက္ခဏာတွေ တူသော်လဲ ဇစ်မြစ်မတူတဲ့ရောဂါတွေအတွက် ကုထုံးလဲ မတူလို့ပါ။
လက္ခဏာတွေ တူသော်လဲ ဇစ်မြစ်မတူတဲ့ရောဂါတွေအတွက် ကုထုံးလဲ မတူလို့ပါ။
ဆေးဆရာတွေတောင် ဆေးကို အဲဒီလို ရမ်းပေး မှန်းပေး မလုပ်ရင် ရောဂါ အကြောင်း ဆေးအကြောင်း သေသေချာချာ မသိသူတွေက ဆေးကို အဲဒီလို တဆင့်ကြား ဗဟုသုတလေးနဲ့ ညွှန်းသင့်ပါသလားခင်ဗျာ။
အဲဒီ စေတနာ ကိုဘေးဖယ်ထားလိုက်ရင် အဲဒီလိုဆေးနည်းမျှဝေတာဟာ ရမ်းကုဆေးကုတာဘဲ မဟုတ်ပါလားဗျာ။
ကွမ်းယာဆိုင်က ဆေးစပ်ပေးတာနဲ့၊ ရောဂါ အကြောင်း ဆေးအကြောင်း သေသေချာချာ မသိဘဲ ဆေးညွှန်းတာ၊ စေတနာနဲ့ ရည်ရွယ်ချက်တွေ လုံးဝကွဲပြားသော်လဲ ၊
လုပ်ရပ်ရဲ့ အရည်အသွေးနဲ့ ရလာဒ်ကတော့ သွားတူပါကြောင်း၊
စေတနာနဲ့ပေမဲ့ ရောဂါ အကြောင်း ဆေးအကြောင်း ဂဃနဏ မသိလျင် တိုင်းရင်းဆေးဖြစ်ဖြစ် အနောက်တိုင်းဆေးဖြစ်ဖြစ်၊
အချင်းချင်း ဆေးနည်းတွေ မျှဝေကြတာ၊ ညွှန်းကြတာ မလုပ်သင့်ပါကြောင်း၊ ဆင်ခြင်နိုင်ကြဖို့ နှိုးဆော်ပါရစေ ဆွေမျိုးတို့ရေ။
လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်၊

အောက်ကအကိုးအကားလေးကို

http://gilgamesh-blog.blogspot.com/2009/02/blog-post_10.htmlhttp://gilgamesh-blog.blogspot.com/2009/02/blog-post_10.html မှကောက်နှုတ်ထားပါသည်။


ၾကြက္ က်င္ငယ္ရည္၊ အေအးဗူးနဲ့ Leptospirosis (ေဇာ္ဂ်ီဖြန့္)

ၾကြက္ က်င္ငယ္ရည္၊ အေအးဗူးနဲ့ Leptospirosis

ဒီလိုဖတ္လိုက္ရပါတယ္

( သံဗူးကိုအသံုံးျပဳထားတဲ့ အေဖ်ာ္ယမကာေတြ ေသာက္ေတာ့မယ္ဆိုရင္
==========================
eptospira ဆိုတဲ့ virus ေၾကာင့္ျဖစ္တဲ့ ေရာဂါပါ။ ၾကြက္ေသးေတြထဲမွာ ခိုေအာင္းေနတတ္ပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံမွာ (ဘယ္ႏိုင္ငံလဲမမွတ္မိေတာ့ပါ) မိသားစုတစ္စုက တနဂၤေႏြအားလပ္ရက္မွာ ေပ်ာ္ပြဲစားထြက္တယ္။ စားစရာနဲ ့ အေဖ်ာ္ယမကာသံဗူး (tin cans) ေတြ ယူသြားတယ္။ တနလၤာေန ့မွာ မိသားစုဝင္ႏွစ္ေယာက္ ေဆးရုံ (အထူးၾကပ္မတ္ေဆာင္) တက္ရတယ္။ ဗုဒၶဟူးေန ့မွာတစ္ေယာက္ ဆံုးသြားတယ္။ Autopsy result က leptospirosis ပါ။
ဘာၾကာင့္ျဖစ္တာလဲဆိုေတာ့ ေျခာက္ေသြ ့ေနတဲ့ႁကြက္ေသးနဲ ့အတူ leptospira ကပ္ညိွေနတဲ့ သံဗူးေတြကိုေသာက္မိတာေၾကာင့္ပါ။Tin Can မ်က္ႏွာျပင္ကို သန္ ့ရွင္းမႈမရွိဘဲ၊ ဖန္ခြက္ (သို ့) ခြက္တခုခုနဲ ့မထည့္ဘဲ ေမာ့ေသာက္ခဲ့တာပါ။
အေဖ်ာ္ယမကာမ်ားေဈးကြက္ထဲျဖန္ ့ျဖဴးေရာင္းခ်ျခင္းမျပဳမွီ stock မွာသိုေလွာင္သိမ္းဆည္းထားေလ့ရွိပါတယ္။ ၾကြက္မ်ားျဖတ္ေလွ်ာက္သြားရုံသာမက ၾကြက္ေသးမ်ားပါရွိေနတတ္ပါတယ္။
ဒါေၾကာင့္ အေဖ်ာ္ယမကာသံဗူး ေတြေသာက္တဲ့အခါ သံဗူး မ်က္ႏွာကိုျပန္သန္ ့စင္ဖို ့မေမ့နဲ ့ေနာ္ ။
ref:ေဆး၀ါးဆိုင္သတင္းေဆာင္းပါး)


၁. ေစတနာနဲ႔ မၽွေဝေပးတာကို ေလးစား ေက်းဇူးတင္ပါတယ္။
၂။ တကယ္ေတာ့ ဗူးျဖစ္ျဖစ္ ပုလင္းျဖစ္ျဖစ္ မေသာက္ခင္ အျပင္ဖက္ကို ေရဆးတာ၊ လုပ္သင့္တဲ့ အက်င့္ေကာင္းေလးတခုလို႔ ဆိုပါရေစ။
၃။ အင္တာနက္ေခတ္ႀကီးမွာ အခ်က္အလက္ အမွန္ကို ရွာေဖြရတာ ခက္ပါတယ္။ တကယ္ကို အမွိုက္ပုံထဲမွာ ျပန္သုံးလို႔ရတဲ့ အသုံးတဲ့ပစၥည္းေလးေတြရွာရသလိုပါဘဲ။ က်မ္းကိုး (Ref) ဆိုတာကလဲ တခါတေလ သူတို႔ကိုယ္တိုင္က ဘယ္ကေနကူးလာမွန္းမသိ တာေတြ႕ျဖစ္ေနတတ္ပါတယ္။
၄။ တကယ္ေတာ့ ဒီ Leptospirosis ဇါတ္လမ္းႀကီးက တေၾကာ့ၿပီးတေၾကာ့ လည္ေနတာပါ။
ဇါတ္လမ္းက အမွားႀကီးပါ၊ ေအာက္ကလင့္ေတြမွာ အေသးစိတ္ ဖတ္နိုင္ပါတယ္။
http://www.snopes.com/medical/toxins/raturine.asp
http://www.hoax-slayer.com/leptospirosis-soda-can.html
http://urbanlegends.about.com/…/bl_leptospirosis_coke_can.h…
၅။ Leptospirosis ဆိုတာ ႂကြက္ေတြက ကူးတဲ့ေရာဂါဆိုတာ မွန္ပါတယ္။ bacteria ပါ။
ေရာဂါပိုးရွိတဲ့ ႂကြက္ရဲ့ က်င္ငယ္ေရ၊ ခႏၶာကထြက္တဲ့ အရည္ (ဥပမာ ေသြး) တို႔နဲ႔ တိုက္ရိုက္ ထိေတြ႕မိရင္ ျဖစ္ေစ။ အဲဒီ ႂကြက္ရဲ့ က်င္ငယ္ေရ ပါတဲ့ ေရ တို႔ ေၿမ (စိုထိုင္းေသာ ေျမ) တို႔ တို႔နဲ႔ ထိေတြ႕မိရင္ ျဖစ္ေစ။ Leptospirosis ပိုးက အေရျပား (သို႔) အေျမႇးပါးတို႔က တဆင့္ လူ႔ခႏၶာထဲဝင္ေရာက္ ေရာဂါျဖစ္ပြားေစတယ္လို႔ အေမရိကန္ ေရာဂါထိမ္းခ်ဳပ္ေရးဗဟို ကဆိုပါတယ္။ http://www.cdc.gov/leptospirosis/infection/index.html
အဲဒီပိုးက ေရထဲ (သို႔) စိုထိုင္းေသာ ေျမတို႔လဲမွာ လနဲ႔ခ်ီ အသက္ရွင္နိုင္လို႔ အဒီ ေရ/ ေျမေတြနဲ႔ ထိေတြ႕တတ္ၾကတဲ့ လယ္သမား၊ ၿခံသမား စည္ပင္လုပ္သား စသည္တို႔ တေတြကို ကူးစက္နိုင္ပါတယ္။
ဒါေပမဲ့ ေျခာက္ေသြ႕တဲ့ ေနရာမွာ ဆိုရင္ေတာ့ ႂကြက္ရဲ့ က်င္ငယ္ေရအေျခာက္ထဲမွာေတာင္ တခဏဘဲ အသက္ရွင္နိုင္တာမို႔လို႔ ဇါတ္လမ္းထဲက အေအးဗူးအခြံေပၚမွာ Leptospirosis ပိုးေတြ အသက္မရွင္ပါဘူးတဲ့။
ကိုယ္ေသာက္တဲ့အခ်ိန္ မွာ လတ္လတ္ဆတ္ဆတ္ ေသးစိုၿပီးကာစဆိုရင္ေတာ့လဲ ျဖစ္နိုင္ပါတယ္။ ေသးေစာ္ေတာ့နံမေပါ့။
“The bacteria can survive for up to one month if the urine is transferred into water immediately, though dies rapidly if dried out.
http://www.leptospirosis.org/medical/infection.php
The bacteria does not survive long in dry conditions or salt water
http://www.plymouth.gov.uk/leptospirosis_and_weil_s_disease… “
၆. ဘယ္လိုဘဲျဖစ္ျဖစ္ ဗူးျဖစ္ျဖစ္ ပုလင္းျဖစ္ျဖစ္ မေသာက္ခင္ အျပင္ဖက္ကို ေရဆးတာ၊ လုပ္သင့္တဲ့ အက်င့္ေကာင္းေလးတခုလို႔ ဆိုပါရေစ။
တကယ္ေတာ့ ႂကြက္ရဲ့ က်င္ငယ္ေရ၊ မစင္တို႔ကေနကူးတဲ့ ဗိုင္းရပ္တမ်ိဳးရွိပါတယ္?
Hantavirus ဟန္တာဗိုင္းရပ္စ္ လို႔ဆိုပါတယ္။
သူကေတာ့ Hantavirus Pulmonary Syndrome (HPS) ေခၚတဲ့ ျပင္းထန္ၿပီး ေသေစနိုင္တဲ့ အသက္ရွူ လမ္းေၾကာင္း ေရာဂါကို ျဖစ္ေစတယ္လို႔ဆိုပါတယ္။
အခုထိေတာ့ အေမရိကတိုက္နဲ႔ ဥေရာပနိုင္ငံ တခ်ိဳ႕မွာဘဲ ျဖစ္ဖူးတဲ့ အခ်က္အလက္ေတြ ရွိပါေသးတယ္။
ကူးစက္တာကလဲ ေလတဲကတဆင့္ကူးပါတယ္။
ေရာဂါပိုးရွိတဲ့ ႂကြက္ရဲ့ လတ္ဆတ္တဲ့ က်င္ငယ္ေရ၊ မစင္၊ သြားေရတို႔ အမွုန္အမႊားေလးေတြ ျဖစ္ၿပီး (သို႔) ႂကြက္သိုက္ အမွုန္အမႊားေလးေတြ ေလထဲျပန႔္လြင့္လာတာကို ရွူမိခ်င္းအားျဖင့္ လူေတြအဲဒီေရာဂါရတာမ်ားတယ္ ဆိုပါတယ္။
ေရာဂါပိုးရွိတဲ့ ႂကြက္ရဲ့ လတ္ဆတ္တဲ့ က်င္ငယ္ေရ၊ သြားေရတို႔ တို႔ပါဝင္ေနတဲ့ အစားအစာ၊ အရည္တို႔ကို စားမိျခင္းျဖင့္ လည္းေကာင္း၊ ေရာဂါပိုးရွိတဲ့ ႂကြက္ရဲ့ လတ္ဆတ္တဲ့ က်င္ငယ္ေရ၊ သြားေရတို႔ ကိုထိထားေသာ လက္၊ ပစၥည္းတို႔နဲ႔ လူရဲ့ ပါးစပ္ ႏွာေခါင္းတို႔ကို ကိုင္မိ ထိမိ ရင္ေသာ္ လည္းေကာင္း၊ ေရာဂါပိုးရွိတဲ့ ႂကြက္ရဲ့ ကိုက္တာ ခံရရင္ ေသာ္ လည္းေကာင္း၊ ေရာဂါရေကာင္းရနိုင္တယ္လို႔ ပညရွင္တခ်ိဳ႕က ယူဆပါသတဲ့။
http://www.cdc.gov/hantavirus/hps/transmission.html http://www.cdc.gov/hantavirus/hps/transmission.htmlကို ကိုးကားပါသည္။

ဗိုက်ထဲကမျှော့နဲ့ ကန်စွမ်းရွက် ဇာတ်လမ်း၊ (ယူနီကုဒ်)

ဗိုက်ထဲကမျှော့နဲ့ ကန်စွမ်းရွက် ဇာတ်လမ်း၊ 
ကျွတ်တို့ မျှော့တို့ က ကိုယ်ခန္ဓာ အပူချိန်ထဲ မှာ မရှင်ဘူး။
အစာအိမ်ထဲက အက်ဆစ်နဲ့ အူထဲက အစာခြေရည် က လူ့ အရေပြားတောင် စားတယ်။
ကိုယ်တွေစားတဲ့ အသားတွေ အရိုးတွေ ဘယ်လိုပြန်ထွက်လာလဲ ပြန်ကြည့်ပေါ့။
သန်ကောင်နဲ့တော့ မနှိုင်းနဲ့၊ သန်ကောင်က အူထဲနေတာ သူ့သဘာဝ၊ ခံနိုင်တယ်။ ကျွတ်တို့ မျှော့တို့က ရေထဲ အေးတဲ့ အစိုများတဲ့ အပင်ကြားထဲနေတာ။ သဘာျဝချင်းကလုံးဝမတူ။
အရှင်စားလဲ ချေးဖြစ်သွားမှာ။

ဒါပေမဲ့ မျော့ကိုယ်ပေါ်မျာ ပိုးမွှားတွေ တော့ အများကြီး ပါပါတယ်၊ အဲဒိပိုးမွှားတေါက ရောဂါပေးနိုင်ပါတယ်။
နောက်ပြိး ဟင်းရွက်တွေကို သေချာ မဆေး၊ ကျက်အောင်မချက်ရင်တော့ သန်ကောင်တို့ ဝမ်းကိုက်ပိုး အသည်းရောင် အေပိုး အီး ပိုး တိုက််ဖွွိုက်ပိုးတို့ ဝင်လိမ့်မပေါ့။
အောက်ကပုံ ၂ပုံနဲ့ ကန်စွမ်းရွက်နဲ့ ဘာမှ မဆိုင်ဘူးဗျ၊ 
အဲဒီပုံ ၂ပုံ က အိန္ဓိယမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ခဲ့တာ၊
မိန်းကလေးတွေ အပေါ့အပါးသွားရင် သတိထားပေါဗျာ၊ စအိုထဲမျှာ့ဝင်ရင် အဲဒိမျှော့ သေတာ မြန်တယ်၊ အစာခြေရည် ကြောင့်။ 
မိန်းမအင်္ဂါထဲ ဝင်ရင်တော့ ချက်ချင်းမသေတော့ အလွန်ဖြစ်ခဲပေမဲ့ သွေးလဲစုပ်နိူင်သလို သားအိမ်ပြွန်ကတဆင့် ဝမ်းခေါင်းထဲ ရောက်သွားနိုင်တယ်။
မျှော့ သွေးစုပ်ရင် သွေးမခဲအောင် သူ့တံတွေးနဲ့ ဒါဏ်ရာကို စွတ်တော့ သွေးမတိတ်ဘဲ သွေးလွန်နိုင်တယ်ဆိုပါစို့။
ပုံထဲက ကလေးမလေးက ၂ နှစ်၊ မျှော့က မိန်းမကိုယ်ထဲဝင်သွားတာ လူကြီးတွေက တွေ့လို့ ဆွဲထုတ်တာ မရတော့ ဆားနဲ့ တိုင်းရင်းဆေး အထဲကို ထဲ့ တယ်၊ မရဘူး။ 
အနားကဆေးခန်းက ဆရာဝန်တွေ ကရိယာတွေသုံးပြီး အောက်ကနှိုက်ထုတ်ဖို့ ကြိုးစားတာလဲမရ။
အာထရာဆောင်းရိုက်တော့ ဘိုက်ခေါင်းထဲ မျာအိုင်နေတဲ့ သွေးတွေနဲ့ လှုပ်ရျားနေသေးတဲ့ မျျော့ကိုတွေလို့ ဆေးရုံကြိးမှာ ခွဲတာတဲ့၊ မျှော့က အူထဲမရောက်ဘဲ ဝမ်းခေါင်းထဲ တန်းရောက်သွားတော့ နာရီ အတော်ကြာ အသက်ရှင်နေတာကိုး။
ဝမ်းခေါင်းထဲ မျာ ပူပေမဲ့ အစာခြေရည် အင်ဇိုင်းတွေ အက်ဆစ်တွေ မရှိဘူးလေ။
သားအိမ်ကလဲပေါက်ပြဲနေပြီး ဝမ်းခေါင်းထဲမှာလဲ သွေးတွေ တော်တော်ထွက်လို့ တော်တော် နှာနှပ်လိုက်ရသလို သားအိမ်လဲပြန်ချုပ်ပေးလိုက်ရသတဲ့။
ခွဲလိုက်တော့ မျှော့က သေနေပြိ။
အဲဒီထဲမှာ သေချာမရေးတာက သားအိမ် ပေါက်ပြဲနေပြီး ဝမ်းခေါင်းထဲမှာလဲ သွေးတွေ ထွက်တာ က မျှော့ကြောင့်လား၊ ဆေးခန်းမှာ အောက်ကနှိုက်ဖို့ ပစ္စည်းကရိယာတွေသုံး ကြိုးစားလို့ ဖြစ်တာလားဆိုတာပါဘဲ။
စဉ်းစားကြည့်ပေါ့၊ မျှော့ဆိုတာ ပြော့ပြော့လေး ဘယ်အပေါက်ကျဉ်း ကဖြစ်ဖြစ် ဝင်နိုင် ထွက်နို်င်တယ်။ သားဥပြွန်က သားအိမ်နဲ့ ဝမ်းတွင်းခေါင်းကို တိုက်ရိုက်ဆက်ထားတာ။
မျှော့က အဲဒီကနေသွားလို့ရတယ်။
ဒါပေမဲ့ အဲဒီ ၂နှစ်သမီးရဲ့ ပြွန်က ပွင့်သေးရဲ့လားတော့ မသိဘူး။
မျှော့ က သားအိမ်နံရံကို ကိုက်ဖေါက်မလား၊ မထင်ပါဘူး။
ကျွန်တော့ အမြင်ကတော့ (There was a punched out perforation at the fundus of the uterus, ) ဆိုတော့ ဆေးခန်းမှာ အောက်ကနှိုက်ထုတ်ဖို့ ပစ္စည်းတွေသုံး ကြိုးစားလို့ ကလေးရဲ့ သားအိမ်သေးသေးလေး ပေါက်ပြဲသွားတာ၊ အဲဒီအပြဲကနေ သွေးထွက်လွန်တာပိုဖြစ်နိုင်တယ်။
ကိုရွှေမျှော့ ကအဲဒီအပေါက်ကနေ ဝမ်းတွင်းခေါင်းကိုရောက်တာလို့လဲရေးတယ်ဗျ။
ကလေးမလေးခင်မျာမှာ အဲဒီ မျှော့ ကို ဝိုင်းမထုတ်ကြရင် မျှော့သွေးစုပ်ခံရပြိး သွေး ထွက်လဲ နည်းနည်း များနိုင်ပေ မဲ့ မျှေ့ာ က သူ့ဟာသူသေပြိး သွေးလဲအချိန်တန်ရင် တိတ်မှာပါ၊
အခုတော့ မျှော့ ကို အတင်းနှိုက်လို့ သားအိမ်ပေါက်ပြိး သွေးထွက်လွန်တာ နည်းနည်းသာ ခွဲတာနောက်ကျရင် မျှော့ ကြောင့်မသေ ဆရာကြေကြောင့် သေမဲ့ကိန်း၊ ဖတ်ချင်ရင် ဟောဒီဂျာနယ်မှာပါတယ်။
http://www.ncbi.nlm.nih.gov/pmc/articles/PMC3221160/

၁ အချုပ်ကတော့ ၁. ဒီဇါတ်ထဲကမျှော့နဲ့ ကန်စွမ်းရွက်တို့ မဆိုင်ရေးချာ မဆိုင်ပါ။
၂ ဟင်းရွက်တွေကို သေချာ မဆေး၊ ကျက်အောင်မချက်ရင်တော့ သန်ကောင်တို့ ဝမ်းကိုက်ပိုး၊ အသည်းရောင် အေပိုး အီး ပိုး တိုက််ဖွွိုက်ပိုးတို့ ဝင်နိုင် ရောဂါရနိုင်ပါတယ်။ 
၃. အမျိုးသမီများ ရေစပ်တို့ မြက်ခင်းတို့ပေါ်မှာ အခင်းကြီး အခင်းလေး နျား သွားရင် မိန်းမအင်္ဂါထဲ မျှော့တို့ ကျွတ်တို့ ဝင်ပြီးဒုက္ခပေးနိုင်ပါတယ်၊ အားလုံးဘေးကင်းကြပါစေ။


  http://www.ncbi.nlm.nih.gov/pmc/articles/PMC3221160/

ဗိုက္ထဲကေမွ်ာ့နဲ့ ကန္စြမ္းရြက္ ဇာတ္လမ္း၊ (ေဇာ္ဂ်ီဖြန့္)

ဗိုက္ထဲကေမၽွာ့နဲ႔ ကန္စြမ္းရြက္ ဇာတ္လမ္း၊
ကၽြတ္တို႔ ေမၽွာ့တို႔ က ကိုယ္ခႏၶာ အပူခ်ိန္ထဲ မွာ မရွင္ဘူး။
အစာအိမ္ထဲက အက္ဆစ္နဲ႔ အူထဲက အစာေျခရည္ က လူ႔ အေရျပားေတာင္ စားတယ္။
ကိုယ္ေတြစားတဲ့ အသားေတြ အရိုးေတြ ဘယ္လိုျပန္ထြက္လာလဲ ျပန္ၾကည့္ေပါ့။
သန္ေကာင္နဲ႔ေတာ့ မႏွိုင္းနဲ႔၊ သန္ေကာင္က အူထဲေနတာ သူ႔သဘာဝ၊ ခံနိုင္တယ္။ ကၽြတ္တို႔ ေမၽွာ့တို႔က ေရထဲ ေအးတဲ့ အစိုမ်ားတဲ့ အပင္ၾကားထဲေနတာ။ သဘာ်ဝခ်င္းကလုံးဝမတူ။
အရွင္စားလဲ ေခ်းျဖစ္သြားမွာ။

ဒါေပမဲ့ ေမ်ာ့ကိုယ္ေပၚမ်ာ ပိုးမႊားေတြ ေတာ့ အမ်ားႀကီး ပါပါတယ္၊ အဲဒိပိုးမႊားေတါက ေရာဂါေပးနိုင္ပါတယ္။
ေနာက္ၿပိး ဟင္းရြက္ေတြကို ေသခ်ာ မေဆး၊ က်က္ေအာင္မခ်က္ရင္ေတာ့ သန္ေကာင္တို႔ ဝမ္းကိုက္ပိုး အသည္းေရာင္ ေအပိုး အီး ပိုး တိုက္္ဖြြိဳက္ပိုးတို႔ ဝင္လိမ့္မေပါ့။
ေအာက္ကပုံ ၂ပုံနဲ႔ ကန္စြမ္းရြက္နဲ႔ ဘာမွ မဆိုင္ဘူးဗ်၊
အဲဒီပုံ ၂ပုံ က အိႏၶိယမွာ ျဖစ္ေတာင့္ျဖစ္ခဲ ျဖစ္ခဲ့တာ၊
မိန္းကေလးေတြ အေပါ့အပါးသြားရင္ သတိထားေပါဗ်ာ၊ စအိုထဲမၽွာ့ဝင္ရင္ အဲဒိေမၽွာ့ ေသတာ ျမန္တယ္၊ အစာေျခရည္ ေၾကာင့္။
မိန္းမအဂၤါထဲ ဝင္ရင္ေတာ့ ခ်က္ခ်င္းမေသေတာ့ အလြန္ျဖစ္ခဲေပမဲ့ ေသြးလဲစုပ္နိူင္သလို သားအိမ္ႁပြန္ကတဆင့္ ဝမ္းေခါင္းထဲ ေရာက္သြားနိုင္တယ္။
ေမၽွာ့ ေသြးစုပ္ရင္ ေသြးမခဲေအာင္ သူ႔တံေတြးနဲ႔ ဒါဏ္ရာကို စြတ္ေတာ့ ေသြးမတိတ္ဘဲ ေသြးလြန္နိုင္တယ္ဆိုပါစို႔။
ပုံထဲက ကေလးမေလးက ၂ ႏွစ္၊ ေမၽွာ့က မိန္းမကိုယ္ထဲဝင္သြားတာ လူႀကီးေတြက ေတြ႕လို႔ ဆြဲထုတ္တာ မရေတာ့ ဆားနဲ႔ တိုင္းရင္းေဆး အထဲကို ထဲ့ တယ္၊ မရဘူး။
အနားကေဆးခန္းက ဆရာဝန္ေတြ ကရိယာေတြသုံးၿပီး ေအာက္ကႏွိုက္ထုတ္ဖို႔ ႀကိဳးစားတာလဲမရ။
အာထရာေဆာင္းရိုက္ေတာ့ ဘိုက္ေခါင္းထဲ မ်ာအိုင္ေနတဲ့ ေသြးေတြနဲ႔ လွုပ္ရ်ားေနေသးတဲ့ ေမ််ာ့ကိုေတြလို႔ ေဆး႐ုံႀကိးမွာ ခြဲတာတဲ့၊ ေမၽွာ့က အူထဲမေရာက္ဘဲ ဝမ္းေခါင္းထဲ တန္းေရာက္သြားေတာ့ နာရီ အေတာ္ၾကာ အသက္ရွင္ေနတာကိုး။
ဝမ္းေခါင္းထဲ မ်ာ ပူေပမဲ့ အစာေျခရည္ အင္ဇိုင္းေတြ အက္ဆစ္ေတြ မရွိဘူးေလ။
သားအိမ္ကလဲေပါက္ျပဲေနၿပီး ဝမ္းေခါင္းထဲမွာလဲ ေသြးေတြ ေတာ္ေတာ္ထြက္လို႔ ေတာ္ေတာ္ ႏွာႏွပ္လိုက္ရသလို သားအိမ္လဲျပန္ခ်ဳပ္ေပးလိုက္ရသတဲ့။
ခြဲလိုက္ေတာ့ ေမၽွာ့က ေသေနၿပိ။
အဲဒီထဲမွာ ေသခ်ာမေရးတာက သားအိမ္ ေပါက္ျပဲေနၿပီး ဝမ္းေခါင္းထဲမွာလဲ ေသြးေတြ ထြက္တာ က ေမၽွာ့ေၾကာင့္လား၊ ေဆးခန္းမွာ ေအာက္ကႏွိုက္ဖို႔ ပစၥည္းကရိယာေတြသုံး ႀကိဳးစားလို႔ ျဖစ္တာလားဆိုတာပါဘဲ။
စဥ္းစားၾကည့္ေပါ့၊ ေမၽွာ့ဆိုတာ ေျပာ့ေျပာ့ေလး ဘယ္အေပါက္က်ဥ္း ကျဖစ္ျဖစ္ ဝင္နိုင္ ထြက္နို္င္တယ္။ သားဥႁပြန္က သားအိမ္နဲ႔ ဝမ္းတြင္းေခါင္းကို တိုက္ရိုက္ဆက္ထားတာ။
ေမၽွာ့က အဲဒီကေနသြားလို႔ရတယ္။
ဒါေပမဲ့ အဲဒီ ၂ႏွစ္သမီးရဲ့ ႁပြန္က ပြင့္ေသးရဲ့လားေတာ့ မသိဘူး။
ေမၽွာ့ က သားအိမ္နံရံကို ကိုက္ေဖါက္မလား၊ မထင္ပါဘူး။
ကၽြန္ေတာ့ အျမင္ကေတာ့ (There was a punched out perforation at the fundus of the uterus, ) ဆိုေတာ့ ေဆးခန္းမွာ ေအာက္ကႏွိုက္ထုတ္ဖို႔ ပစၥည္းေတြသုံး ႀကိဳးစားလို႔ ကေလးရဲ့ သားအိမ္ေသးေသးေလး ေပါက္ျပဲသြားတာ၊ အဲဒီအျပဲကေန ေသြးထြက္လြန္တာပိုျဖစ္နိုင္တယ္။
ကိုေရႊေမၽွာ့ ကအဲဒီအေပါက္ကေန ဝမ္းတြင္းေခါင္းကိုေရာက္တာလို႔လဲေရးတယ္ဗ်။
ကေလးမေလးခင္မ်ာမွာ အဲဒီ ေမၽွာ့ ကို ဝိုင္းမထုတ္ၾကရင္ ေမၽွာ့ေသြးစုပ္ခံရၿပိး ေသြး ထြက္လဲ နည္းနည္း မ်ားနိုင္ေပ မဲ့ ေမၽွ႕ာ က သူ႔ဟာသူေသၿပိး ေသြးလဲအခ်ိန္တန္ရင္ တိတ္မွာပါ၊
အခုေတာ့ ေမၽွာ့ ကို အတင္းႏွိုက္လို႔ သားအိမ္ေပါက္ၿပိး ေသြးထြက္လြန္တာ နည္းနည္းသာ ခြဲတာေနာက္က်ရင္ ေမၽွာ့ ေၾကာင့္မေသ ဆရာေၾကေၾကာင့္ ေသမဲ့ကိန္း၊ ဖတ္ခ်င္ရင္ ေဟာဒီဂ်ာနယ္မွာပါတယ္။
http://www.ncbi.nlm.nih.gov/pmc/articles/PMC3221160/

၁ အခ်ဳပ္ကေတာ့ ၁. ဒီဇါတ္ထဲကေမၽွာ့နဲ႔ ကန္စြမ္းရြက္တို႔ မဆိုင္ေရးခ်ာ မဆိုင္ပါ။
၂ ဟင္းရြက္ေတြကို ေသခ်ာ မေဆး၊ က်က္ေအာင္မခ်က္ရင္ေတာ့ သန္ေကာင္တို႔ ဝမ္းကိုက္ပိုး၊ အသည္းေရာင္ ေအပိုး အီး ပိုး တိုက္္ဖြြိဳက္ပိုးတို႔ ဝင္နိုင္ ေရာဂါရနိုင္ပါတယ္။
၃. အမ်ိဳးသမီမ်ား ေရစပ္တို႔ ျမက္ခင္းတို႔ေပၚမွာ အခင္းႀကီး အခင္းေလး န်ား သြားရင္ မိန္းမအဂၤါထဲ ေမၽွာ့တို႔ ကၽြတ္တို႔ ဝင္ၿပီးဒုကၡေပးနိုင္ပါတယ္၊ အားလုံးေဘးကင္းၾကပါေစ။ယ္၊ အားလံုးေဘးကင္းၾကပါေစ။

ရမ်းကု လုပ်ကြမလား (ယူနီကုဒ်)

ဉာဏ်မှီသလောက် ဆန်းစစ်ကြည့်တော့
နေမကောင်းသူတွေကို အနောက်တိုင်းဆေး ပေးကုနေကြသူတွေမှာ

 ၁။ ရမ်းကု
 ၂။ ဆေးဆိုင်များ
၃။ အခြေခံကျန်းမာရေးဝန်ထမ်း ( သားဖွားဆရာမ၊ ကျန်းမာရေးလုပ်သား)
၄။ ကျန်းမာရေးမှူး
၅။ ဆရာဝန် ရိုးရိုး / အထူးကု
 ၆. အတွေ့ အကြုံရင့်နေသော ဆရာဝန် ရိုးရိုး / အထူးကု

 သူတို့ ပေးနေတဲ့ဆေးတွေမှာ
 ၁။ အဆင့်မှီဆေးဝါးများ ( အက်ဒီအေ မှတ်ပုံတင်)
၂။ နယ်စပ်ကသွင်းလာသော အဆင့်မမှီတမှီဆေးဝါးများ ( အက်ဒီအေ မှတ်ပုံမတင်)
၃။ နယ်စပ်ကသွင်းလာသော အဆင့်မမှီဆေးဝါးများ
၄။ ဆေးဝါးအတုများ

 အဲဒီထဲက ဘယ်လိုလူပေးတဲ့ ဘယ်အတန်းထဲက ဆေးဆို ကိုယ်ယုံယုံကြည်ကြည် သောက်ရဲလဲ?
ရမ်းကုပေးတဲ့ အဆင့်မှီမမှီ မသေချာတဲ့ဆေးဝါး ဆိုသောက်ရဲကြမလားဘဲ။

 ကဲ တိုင်းရင်းဆေးဆိုရင်ကော?
 ထူမခြားနားဘဲလို့ ယူဆပါတယ်။
လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါ။ 

ကိုယ်သေချာမလေ့လာထားတဲ့ တိုင်းရင်းဆေးတွေကို လူတွေက တဆင့်အကြားနဲ့တင် ညွှန်းကြလေသတည်း။
ယုံကြည်စွာသုံးစွဲကြလေသတည်း။

အဲဒါ အင်္ဂလိပ်ဆေးကို ရမ်းကုကပေးတာနဲ့ ဘာကွာပါသလဲ။ 

ကျွန်တော်မြင်တဲ့ တိုင်းရင်းဆေးရဲ့ ပြသနာက
 (၁) တိကျသော သတင်း အချက်အလက် နည်းပါးခြင်း၊ 
(၂) ဆေးအတုအယောင်နဲ့ တိုင်းရင်းဆေး အစစ် မကွဲပြားခြင်းနဲ့
 (၃) လူတိုင်းက တိုင်းရင်းဆေးရမ်းကု လုပ်နေကြခြင်းလို့ မြင်ပါတယ်။ 

အခုနပြောသလို တိုင်းရင်းဆေးရမ်းကုတွေကိုတော့ လူတွေက ရမ်းကုလို့ မမြင်ပါ။
အဲဒီ တိုင်းရင်းဆေးရမ်းကုတွေ ကြောင့် တိုင်းရင်းဆေးနာမည်ပျက်တာပါလို့ ဆိုပါရေစ။

 တိုင်းရင်းဆေးကို လေးစားပေမဲ့ ဘေးထွက်ဆိုးကျိုးလုံးဝ မရှိဘူးလို့ဆိုလာရင်တော့ လုံးဝ ကန့်ကွက်ပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်ဖြစ်တော့ တိုင်းရင်းဆေးကျမ်းကြီးတွေလဲ လက်လှမ်းကမမှီတော့ တိုင်းရင်းဆေး ကို စနစ်တကျသင်ထားသူတယောက်ရဲ့စာကိုဘဲ ကိုးကားပါရစေ။

http://gilgamesh-blog.blogspot.com/2009/02/blog-post_10.html 

အမှားပါရင်ကြိုတင်တောင်းပန်ပါတယ်။
ဗုဒ္ဓရဲ့ ဘာသာအယူ ယုံကြည်မှုနဲ့ ဆိုင်တဲ့ အဆုံးအမလေးတခုက လက်တွေ့မှာ လောကီရေးရာ ပညာရပ်ဆိုင်ရာ ယုံကြည်မှုတွေနဲ့ လဲ ဘောင်ဝင်နေတာမို့ ဒီနေရာမှာ တခါတည်းဖော်ပြပါရစေ။
ကာလာမသုတ္တန်လေးပါ။
အညတရ ဖိုးသုည။