Tuesday 25 February 2020

စားသောက်ဆိုင်မှာ စားသောက်ခြင်းနဲ့ COVID-19

စားသောက်ဆိုင်မှာ စားသောက်ခြင်းနဲ့ COVID-19  

COVID-19  ဗိုင်ရပ်စ်ကို အသက်ရှုလမ်းကြောင်းကကူးစက်တဲ့ပိုးလို့ သတ်မှတ်ပါတယ်။
သူတို့တတွေလူတဦးကနေတဦးကိုကူးစက်ပုံ ၂ မျိုးရှိပါတယ်။

၁.  ဗိုင်းရပ်စ်ပိုးရှိသူ စကားပြော၊ နှာချေ၊ ချောင်းဆိုးလို့ထွက်လာတဲ့ တံတွေး၊ နှာရည် အမှုန်ကလေးတွေနဲ့အတူဗိုင်းရပ်စ်ပိုးတွေကို အနားမှာရှိသူက ရှူသွင်းလိုက်တဲ့ လေထဲပါဝင်ပြီး ရှူရှိုက်မိတာနဲ့ အသက်ရှုလမ်းကြောင်းထဲရောက်သွားပြီးကူးပါတယ်။
အဲဒီ အမှုန်တွေက အကွာအဝေး တမီတာ ( တကိုက်တထွာ) မှာ ရှိသူတွေထိပြန့်ပါတယ်။
၂. (က) အဲဒီ အမှုန်တွေတဲ့ ဗိုင်းရပ်စ်တွေ အနီးနားက ပစ္စည်း၊ ပရိဘောဂ၊ အသုံးအဆောင်တွေပေါ်ကိုကျပြီး အဲဒီပိုးတွေရှိတဲ့ မျက်နှာပြင်ကို တယောက်ယောက်က ထိကိုင်မိတော့ သူတို့လက်မှာပါသွားပါတယ်။ အဲဒီလက်ကို သေချာ သန့်ရှင်းရေးမလုပ်ဘဲ မိမိပါးစပ်၊ နှာခေါင်း၊ မျက်စေ့တို့ကို ထိကိုင်မိလို့ဖြစ်စေ၊
(ခ) အဲဒီ အမှုန်တွေတဲ့ ဗိုင်းရပ်စ်တွေ အနီးနားက အစားသောက်  ပန်းကန်ခွက်ယောက်တို့ပေါ်ကိုတိုက်ရိုက်ကျပြီး  အဲဒီ အစားအသောက်(သို့) ပိုးတွေထိထားတဲ့လက်နဲ့ ကိုင်တဲ့ (သို့) ပိုးတွေတိုက်ရိုက်ကျထားတဲ့ ပန်းကန်ခွက်ယောက်တွေ နဲ့ထည့်ထားတဲ့ အစားအသောက်တွေကိုစားသောက်မိလို့ဖြစ်စေ ကူးစက်ခံရနိုင်ပါတယ်။
သုတေသနတွေအရ အသက်ရှုလမ်းက ကူးစက်တဲ့ ပိုးတွေဟာ  နံပတ် ၂ နည်းနဲ့ ကူးတဲ့နှုန်းက ပိုများပါတယ်။

စားသောက်ဆိုင်တွေမှာ

စားသောက်ဆိုင်တွေမှာစားသောက်ကြတဲ့အခါ ဒီလိုပိုးမျိုးကူးစက်စက်နိုင်တဲ့ ၂နည်းလုံးနဲ့ ကူးနိုင်ပါတယ်။  နံပတ် ၂ နည်းကတော့ အဓိကပါ။

 ဗိုင်းရပ်စ် ဘယ်သူ့ဆီကလာလဲ

အကြမ်းအားဖြင့် ၂ စုရှိပါတယ်။
(၁) ဆိုင်ဝန်ထမ်း
(၂) စားသောက်ဆိုင်လာသူများ၊ အတူစားသောက်သူများ


(၁) ဆိုင်ဝန်ထမ်း 

ဗိုင်းရပ်စ်ကူးစက်ခံထားရသူဆိုင်ဝန်ထမ်းက နှာချေ ချောင်းဆိုးလို့ထွက်လာတဲ့ တံတွေး၊ နှာရည် အမှုန်ကလေးတွေနဲ့အတူဗိုင်းရပ်စ်ပိုးတွေကို အနားမှာရှိတဲ့ ပန်းကန်၊ခွက်ယောက် ဇွန်းခက်ရင်းစတဲ့ အသုံးအဆောင်တွေပေါ်ကျပြီး ဆက်ကူးနိုင်ပါတယ်။
သူတို့နှာခေါင်းစည်း စည်းထားတယ်ဆိုလျင်တောင် နှာခေါင်းစည်းကိုဟပြီး နှာချေ ချောင်းဆိုး၊ နှပ်ညှစ်တဲ့အခါ နှာခေါင်းစည်းမှာကပ်နေတဲ့ပိုး၊နဲ့ လက်မှာပေတဲ့ တံတွေး၊ နှာရည် တွေကပိုးတွေ သူတို့လက်မှာကပ်ပါတယ်။ လက်ကိုချင်ချင်းသေသေချာချာမဆေးဘဲ အစားအသောက်တွေကိုပြင်ဆင်တာ၊ ပန်းကန်ခွက်ယောက်တွေကို ကိုင်တွယ်တာ စတာတွေကနေ အစားအသောက်နဲ့ ဇွန်းခက်ရင်း၊ အအေးခွက် လာချပေးတဲ့ လက်သုတ် စတာတွေပေါ်ကိုရောက်ကာ စားသုံးသူက စားမိနိုင်ပါတယ်။

(၂) စားသောက်ဆိုင်လာသူများ၊ အတူစားသောက်သူများ
အနီးအနားစားပွဲက (သို့) အတူတူစားနေသူနှာချေ ချောင်းဆိုးလို့ထွက်လာတဲ့ တံတွေး၊ နှာရည် အမှုန်ကလေးတွေနဲ့အတူဗိုင်းရပ်စ်ပိုးတွေကို အနားမှာရှိတဲ့ အစားအသောက်နဲ့ တွေပေါ်ကိုရောက်ကာ စားသုံးသူတဲ့ အထဲပါသွားနိုင်ပါတယ်။
စာသုံးသူတွေကတော့ စားနေချိန်နှာခေါင်းစည်းမစည်းပါ။ နှာချေ ချောင်းဆိုးလျင် စားပွဲ ဘေးဘက်ကို လှည့်လုပ်တတ်လို့ ဘေးစားပွဲကို စင်နိုင်ပါတယ်။
ပါးစပ်ကို လက်နဲ့ တစ်သျှူးနဲ့အုပ်ချောင်းဆိုးနှာချေသူတွေလက်မှာကပ်ပါလာတဲ့ ပိုးတွေ စားပွဲ၊ ကုလားထိုင် အချဉ်ခွက်၊ ငြုပ်ဆီပုလင်း၊ ငြုပ်ကောင်းပုလင်း  တစ်သျှူးဗူး၊ သွားကြားထိုးတံဗူးဦ တံခါးလက်ကိုင် စသည်ဖြင့်ကိုင်မိတဲ့ ပစ္စည်းအတော်များများမှာ ကပ်ကျန်နေပြီး အဲဒီပစ္စည်းတွေကို ကိုင်တွယ်သူ လက်ဆင့်ကမ်းသူ တခြား စားသောက်သူများ ဆိုင်ဝန်ထမ်းများကိုကူးစက်နိုင်ပါတယ်။ ပိုးပေနေတဲ့လက်ကို

ဘူဖေးကတော့ပိုဆိုးပါတယ်။ စားသောက်သူအားလုံးနီးပါး အစားစာတွေထည့်ထားတဲ့ ဗန်းတွေနားတန်းစီ အနားမှာ နှာချေချောင်းဆိုးမှ မဟုတ် အနားမှာ စကားပြောတောင်တွံတွေးစင်တတ်လို့ အစားတွေထဲ ပိုးတွေတန်းရောက်၊
နှပ်ညှစ်ထား  ပါးစပ်ကိုင် နှာခေါင်းကိုင်ထားတဲ့ မသန့်တဲ့လက်နဲ့ ဇွန်ကြီးတွေ ကိုသူကိုင်လိုက်ကိုယ်ကိုင်လိုက်၊ ပိုးတွေကကိုယ့်လက်မှာပါလာပြီး အခက်မှာရေးထားသလိုကူး။

ဘယ်လိုကာကွယ်မလဲ


  • ကူးစက်ရောဂါပြန့်နေချိန်မှာ စားသောက်ဆိုင်တွေကိုရှောင်ပါ။
  • မတတ်သာလို့စားရလျင် ပူပူနွေးနွေးချက်ပြုတ်ထားတာကို မှာစားပါ၊
  • အသုံးအဆောင်တွေကို ရေနွေးနဲဆေးလို့ရလျင်ဆေးပြီးမှသုံးပါ။
  • အစာမစားမီ (သို့) အစားအသောက်နဲ့ အသုံးအဆောင်တွေကို မကိုင်မီလက်ကို သန်ံရှင်းပါ။
  • လူးအများနဲ့ဝေးတဲ့ နေရာမှာထိုင်ပါ။ အဲယားကွန်း လေတင်ဘက်ကိုရွေးပါ။ 
  • တစ်သျှူးအစိုယူသွားပြီး ပစ္စည်းတွေကို မကိုင်မီ သုတ်သင်သန့်ရှင်းပါ။ 
  • လူအများထိကိုင်တဲ့ပစ္စည်းတွေကို ကိုင်ပြီးတိုင်းမိမိလက်ကိုသန့်ရှင်းရေးလုပ်ပါ။ 


ဒေါက်တာအောင်
24-2-20


https://b-wise-2b-healthy.blogspot.com/2020/02/covid-19_25.html








No comments:

Post a Comment