ဝူဟန်းဗိုင်းရပ် ကူးစက်မခံရအောင် ကာကွယ်ရာမှာအရေးကြီးဆုံးဖြစ်တဲ့ လက်သန့်ရှင်းရေး
(၁) လက်ကိုစင်ကြယ်အောင် စနစ်တကျဆေးနည်း
လက်မှာ ပေရေ စွန်းထင်းတာတွေ့တိုင်းစနစ်တကျဆေးကြောပါ
သန့်ရှင်းရေးလုပ်ရန် ကြာမြင့်ချိန် စုစုပေါင်း စက္ကန့် ၄၀ မှ ၆၀
၀။ လက်ကို စိုအောင်ရေအရင်ဆွတ်ပါ။
၁။ လက်မျက်နှာပြင်အားလုံးကို ဖုံးအောင် ဆပ်ပြာရည်သုတ်ပါ။
၂။ လက်ဖဝါးအချင်းချင်းပွတ်ပါ။
၃။ ဘယ်လက်ဖမိုးပေါ်ညာလက်ဖဝါး၊ ညာလက်ဖမိုးပေါ်ဘယ်လက်ဖဝါး အပြန်အလှန်ပွတ်ပါ၊ လက်ချောင်းများချဲထားပြီး ဘယ်ညာလက်ချောင်းများယှက်လျက် အပြန်အလှန်ပွတ်ပါ။
၄။ လက်ဖဝါးအချင်းချင်း လက်ချောင်းများယှက်လျက်ထပ်ပွတ်ပါ။
၅။ လက်ချောင်းများစုပြီး ကွေးကာ ဘယ်ညာနှစ်ဘက် ချိတ်ပြီးပွတ်ပါ၊ တဘက်ရဲ့ လက်ချောင်းဖမိုးကို အခြားတဘက်ရဲ့ လက်ဖဝါးကပွတ်မိရပါမယ်။
၆။ လက်မတချောင်းချင်းစီကို တခြားလက်ဖဝါးထဲ ဆုပ်ပြီးပတ်ခြာလည်ပွတ်ပါ။
၇။ လက်တဘက်ရဲ့လက်ချောင်းထိပ်ဖျားများကိုနည်းနည်းကွေးပြီးတခြားလက်တဘက်ရဲ့ဖဝါးထဲမှာ လှည့်ပွတ်ပါ၊ လက်နှစ်ဘက်လုံးကိုလုပ်ပါ။
၈။ လက်တွေကိုရေနဲ့ဆေးပါ။
၉။ လက်များကို တခါသုံး လက်သုတ်ဖြင့်ခြောက်အောင်သုတ်ပါ။
၁၀။ အဲဒီသုံးထားတဲ့ လက်သုတ်နဲ့ ရေဘုံပိုင်ခေါင်းကိုပိတ်ပါ။
၁၁။ ဒါဆိုလျင် လက်တွေသန့်ရှင်းသွားပါပြီ။
(၂) ပိုးသတ်ဆေးရည်ဖြင့် သုတ်လိမ်းသန့်ရှင်းနည်း
လက်သန့်ရှင်းရေးအတွက် ပိုးသတ်ဆေးရည်ဖြင့် သုတ်လိမ်းသန့်ရှင်းနိုင်ပါသည်၊ သို့သော် လက်တွင် တခုခုပေရေနေသည်ကိုမြင်ရပါက ရေနှင့်ဆေးကြောဖို့လိုပါသည်။
သန့်ရှင်းရေးလုပ်ရန် ကြာမြင့်ချိန် စုစုပေါင်း စက္ကန့် ၂၀ မှ ၃၀
၁။ လက်ဖဝါးကိုခွက်ထားပြီး ဖဝါးပြည့်အောင် လက်သုတ်လိမ်းဆေးရည်ကို ထည့်ပါ။
၂။ လက်ဖဝါးအချင်းချင်းပွတ်ပါ။ ဆေးရည်များလက်ဖဝါး နှစ်ဘက်မှာ မျှမျှတတ ပြန့်အောင်လုပ်တာဖြစ်ပြီး အတင်းမဖိပါနဲ့။
၃။ ဘယ်လက်ဖမိုးပေါ်ညာလက်ဖဝါး၊ ညာလက်ဖမိုးပေါ်ဘယ်လက်ဖဝါး အပြန်အလှန်ပွတ်ပါ၊ လက်ချောင်းများချဲထားပြီး ဘယ်ညာလက်ချောင်းများယှက်လျက် အပြန်အလှန်ပွတ်ပါ။
၄။ လက်ဖဝါးအချင်းချင်း လက်ချောင်းများယှက်လျက်ထပ်ပွတ်ပါ။
၅။ လက်ချောင်းများစုပြီး ကွေးကာ ဘယ်ညာနှစ်ဘက် ချိတ်ပြီးပွတ်ပါ၊ တဘက်ရဲ့ လက်ချောင်းဖမိုးကို အခြားတဘက်ရဲ့ လက်ဖဝါးကပွတ်မိရပါမယ်။
၆။ လက်မတချောင်းချင်းစီကို တခြားလက်ဖဝါးထဲ ဆုပ်ပြီးပတ်ခြာလည်ပွတ်ပါ။
၇။ လက်တဘက်ရဲ့လက်ချောင်းထိပ်ဖျားများကိုနည်းနည်းကွေးပြီးတခြားလက်တဘက်ရဲ့ဖဝါးထဲမှာ လှည့်ပွတ်ပါ၊ လက်နှစ်ဘက်လုံးကိုလုပ်ပါ။
၈. ပြီးလို့ လက်နှစ်ဘက်လုံးခြောက်သွားချိန်မှာတော့ ရောဂါပိုးတွေကင်းစင်ပါပြီ။
လက်သုတ်လိမ်းဆေးရည်တွေမှာ အီသိုင်းအယ်လကိုဟော (သို့) အိုင်ဆိုပရိုပိုင်းအယ်လကိုဟော ၄၀ ရာနှုန်းကနေ ၇၀ ရာနှုန်းထိပါတဲ့ အရည်နဲ့ ကရင်တွေလာပါတယ်။ အယ်လကိုဟော ၇၀ ရာနှုန်းပါတဲ့ လက်ပိုသတ်ဆေးအရည် သို့ဂျဲကိုသာသုံးဖို့ CDC က အကြံပြုထားပါတယ်။
![]() |
အယ်လကိုဟော ၆၂% ပါတဲ့ လက်သူတ်လိမ်း ဂျဲ |
![]() |
အယ်လကိုဟော လက်သူတ်လိမ်းဆေးရည်နမူနာ |
ပုံမှန်အားဖြင့်ဘယ်အချိန်တွေမှာ လက်တွေကိုဆေးကြောသန့်ရှင်းပေးဖို့လိုသလဲ
၁. အစားအစာများကို မပြင်ဆင်ခင်၊ ပြင်ဆင်ချိန်နဲ့ ပြင်ဆင်ပြီးနောက်
၂. အစာမစားမီ
၃, မကျန်းမာသူ ဝမ်းသွားထားအန်ထားသူလူမမာအား
၄, အကွဲပြဲအနာများကို မပြုစုမီနှင့်ပြုစုပြီး၊
၅. အိမ်သာသုံးပြီးချိန်
၆. ကလေးအနှီး၊ သေးခံတို့ကိုလဲပြီးချိန် နဲ့ အပေါ့အလေးသွားထားသည်ကိုသန့်ရှင်းရေးလုပ်ပြီးချိန်
၇, နှပ်ညှစ်၊ ချောင်းဆိုး၊ နှာချေပြီးနောက်
၈. တိရိစ္တာန်၊ သူတို့အစာနဲ့ မစင် , ဆီးတို့ကို ကိုင်တွယ်ပြီးနောက်
၉. အမှိုက် အညစ်ကြေးများကိုကိုင်တွယ်ပြီးနောက်
ကူးစက်ရောဂါဖြစ်ပွားချိန်များတွင် အထက်ပါအခြေနေများသာမက အောက်ဖေါ်ပြပါအခြေနေများတွင်လည်းလက်ကိုသန့်ရှင်းရေးလုပ်သင့်ပါသည်။
၁. လူအများထိကိုင်ထားသောပစ္စည်းများ ( ဥပမာ၊ ဘတ်စ်ကားလက်ကိုင်၊ ခုံ၊ တံခါးလက်ကိုင်) ကိုထိကိုင်ပြီးနောက် ။
၂။ သူတပါးနှင့်လက်ဆွဲနှုတ်ဆက်ပြီးနောက်
၃၊ မိမိမျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိ၊ မကိုင်မိခင်။
၄. မိမိတပ်ဆင်ထားသောနှာခေါင်းစည်းကိုထိကိုင်မိလျင် (သို့) ဖြုတ်ပြီးပြီးချင်း။
တကယ်တန်းမိမိကို အကာကွယ် သေချာမပေးတဲ့ နှာခေါင်းစည်းမယ့်အစားလက်သန့်ရှင်းရေးကိုပိုဂရုစိုက်ပါ
ဒေါက်တာအောင်
31-01-2002
ကိုးကား
No comments:
Post a Comment