ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ အများပြည်သူ နှာခေါင်းစည်းသုံးစွဲမှု
ကျနောက် Mask ဆန့်ကျင်ရေးသမားမဟုတ်ပါ။
ဒါပေမယ် တလွဲဆံပင်ကောင်းကြပြီး လုပ်သင့်တာကိုမလုပ်ကြမှာကိုစိတ်ပူတာပါ။
အခု WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ဇန္နဝါရီ ၂၉ ရက်က ထုတ်ပြန်တဲ့ အများပြည်သူတွေ နှာခေါင်းစည်းသုံးစွဲဖို့ လိုမလို ဘယ်လိုအခြေနေတွေမှာသုံးသင့်တယ်ဆိုတာကို အကြံပြုထားတာကိုကိုးကားပါရစေ
Mask နှာခေါင်းစည်းဟာ 2019- nCoV ပိုးအပါဝင် အသက်ရှူလမ်းကြောင်းကကူးစက်တဲ့ရောဂါတွေကူးစက်ပြန့်ပွားနေတဲ့ နေရာတွေမှာ ရောဂါပို့ပြန့်ပွားမျုကို ကာကွယ်ပေးတဲ့ နည်းလမ်းတွေထဲကတခုဖြစ်ပါတယ်။
သို့သော် Mask နှာခေါင်းစည်းတခုတည်းကိုသုံးလျင်တော့ လုံလောက်တဲ့ ကာကွယ်မှုကိုမပေးနိုင်ပါဘူး
နှာခေါင်းစည်းကိုသုံးဖို့လိုအပ်တဲ့ အခြေအနေတွေမှာ သူနဲ့ အတူတခြားအရေးကြီးတဲ့ လက်သန့်ရှင်းရေးလို ကာကွယ်နည်းတွေကို တပါတည်းသုံးမှသာ ကူးစက် ရောဂါပြန့်ပွားမှုကိုကာကွယ်ပါတယ်။
ဘယ်သူတွေအတွက်မလိုဘူးလဲ
အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာမရှိသူများ (နှာစေး၊ နှာချေ၊ ချောင်းဆိုး) လူထုအကြားနေထိုင်သွားလာတဲ့အခါ အကာအကွယ်အတွက် နှာခေါင်းစည်း mask မလိုအပ်ပါ၊
ဒေသအလိုက်ဓလေ့ထုံးစီအရ နှာခေါင်းစည် / မျက်နှာဖုံးတို့ကိုတပ်ဆင်သူများက နှာေခါင်းစည်းကို တပ်ဆင် သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်၊ ဖြုတ်၊ စွန့်ပစ်နည်းတွေကိုတိတိကျကျလိုက်နာရမှာဖြစ်ပြီး မတပ်ဆင်မီနဲ့ ဖြုတ်ပြီးစွန့်ပစ်အပြီးမှာ လက်သန့်ရှင်းရေးပြန်လုပ်ရပါမယ်။
လိုအပ်သူများ
အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာရှိသူများ လူများအကြားနေထိုင်သွားလာတဲ့အခါ နှာခေါင်းစည်း mask ကို စနစ်တကျ တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ နှာရည်နဲ့တံတွေးတွေထဲက ပိုးတွေ သူတပါးဆီအလွယ်တကူမပြန့်အောင်ပါ။
တပ်ဆင်ထားသူကိုကာကွယ်ဖို့မဟုတ်ပါ.။
ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနများမှာ စနစ်တကျ စစ်ဆေးကုသမှုခံယူပါ။
နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်၊ ဖြုတ်၊ စွန့်ပစ်နည်းတွေကိုတိတိကျကျလိုက်နာရမှာဖြစ်ပြီး မတပ်ဆင်မီနဲ့ ဖြုတ်ပြီးစွန့်ပစ်အပြီးမှာ လက်သန့်ရှင်းရေးပြန်လုပ်ရပါမယ်။
မလိုအပ်ပဲ Mask သုံးစွဲခြင်းကြောင့်
၁. မလိုအပ်ဘဲ ကုန် ကျစားရိတ်ပိုပါတယ်။
၂, လိုအပ်သူတွေသုံးဖို့ပစ္စည်း ပြတ်လပ်တဲ့ပြသနာရှိလာတိုင်ပါတယ်။ ( သုံးဖို့လိုသူတွေဆိုတာ ရောဂါလက်က္ခဏာရှိလို့ သူတပါးထံဆက်မပြန့်အောင်ကာကွယ်ဖို့ တပ်ဆင်ရမှာ၊ သူတို့မှာ Mask မရလျင် သူတို့အတွက် မဟုတ်ဘဲ ကျန်းမာနေသူ၊ သူတို့ကိုပြုစုသူ သူတပါးကိုဆက်ပြန့်ဖို့ အန္တရာယ်ပိုရှိပါတယ်။ )
၃. မိမိကို တကယ် မကာကွယ်မပေးတာကို လုံခြုံနေပြီထင်ပြီး တခြားအရေးကြီးတဲ့ လက်သန့်ရှင်းရေးးလို ကာကွယ်မှုမျိုးကို လစ်လျှူရျူမိလျင် ရောဂါကူးခံရဖို့အန္တရာယ်ရှိပါတယ်။
၄. နှာခေါင်စည်းကို စနစ်မကျတပ်လျင်လည်း ထိရောက်တဲ့ ကာကွယ်မှုကိုမပေးပါ။
နှာခေါင်းစည်းစနစ်တျကတပ်နည်းကို ဒီ လင့်မှာ ကြည့်ပါ။
အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာမရှိဘဲ လူအများအကြားသွားလာနေသူများအတွက်
- လူစုလူဝေး တွေကိုရှောင်ပါ။ ဥပမာ ရုပ်ရှင်ရုံ၊ကပွဲပါတီ၊
- ချောင်းဆိုးနှာစေးနေသူတွေနဲ့ အနည်းဆုံး တ၎ိတာအကွာ ( တကိုက် နဲ့ တမိုက်) ခွာနေပါ။
- လက်သန့်ရှင်းရေးကို ဂရုစိုက်ပါ၊ လက်သန့်ရှင်းရေးအတွက် အရက်ပျံလို ပိုးသတ်ဆေးရည်ဖြင့် သုတ်လိမ်းသန့်ရှင်းနိုင်ပါသည်၊ သို့သော် လက်တွင် တခုခုပေရေနေသည်ကိုမြင်ရပါက ရေ၊ ဆပ်ပြာတို့နှင့်ဆေးကြောဖို့လိုပါသည်။
- အကယ်၍ နှာချေ၊ ချောင်းဆိုးပါက ပါစပ်နဲ့ နှာခေါင်းကို ကွေးထားတသောတံတောင်ဆစ်နဲ့ဖြစ်စေ၊ တခါသုံး တစ်သျှူးစက္ကူနဲ့ဖြစ်စေအုပ်ပါ၊ ပြီး လျင် တစ်သျှူးကို စနစ်တကျလွှင့်ပစ်ပြီး လက်ကိုသန့်ရှင်းရေးလုပ်ပါ။
ပါးစပ်ကို အုပ်ဖို့ ဘာလို့ လက်ဖဝါးကို မသုံးရတာလဲ
အကြောင်းနှစ်ခုရှိပါတယ်။ လက်ဖဝါးပါးစပ်ကို အုပ်ပြီး ချောင်းဆိုးလျင်
(၁) လက်က ဟိုကိုင်ဒီကိုင်ကိုင်ပြီး သန့်ရှင်းရေး လုပ်မထားလျင် လက်ကပိုးမွှားများ ပါးစပ်နဲ နှာခေါင်းထဲဝင်ပြီး ရောဂါ ရနိုင်ပါတယ်။
(၂) ချောင်းဆိုးစဉ် အုပ်ထားတဲ့ လက်မှာ မိမိတံတွေးတွေကပ်နေပါတယ်။ အဲဒီလက်ကို ချက်ချင်းသေသေချာချာသန့်ရှင်းရေး မလုပ်ဘဲ တခုခုကိုကိုင်မိလျင် မိမိအသက်ရှူ လမ်းထဲကပိုးတွေ အဲဒီ တံတွေးပေလက်ကတဆင့်သူတပါးကိုပြန့်သွားနိုင်ပါတယ်။
Dr Aung
31-01-2020
No comments:
Post a Comment