Thursday 30 January 2020

မှန်ကန်သော Surgical Mask တပ်ဆင်နည်းနဲ့ပြန် ဖြုတ်နည်;


မှန်ကန်သော Surgical Mask  တပ်ဆင်နည်းနဲ့ပြန် ဖြုတ်နည်;

မှန်ကန်တဲ့  Surgical Mask  တပ်ဆင်ပုံတနည်းပဲရှိပါတယ်။ အစိမ်း (သို့) အရောင်ရှိသောမျက်နှာပြင်သည် အပြင်ဘက်ဖြစ်ပြီး အဖြူရောင်က အတွင်းဘက်ပါ။ 



အင်တာနက်မှာ ပြန့်နေသလို ကိုယ့်ကိုကာကွယ်ဖို့ အစိမ်းက အပြင်က၊ ကိုယ့်မှာရောဂါရှိလျင် အဖြူကအပြင်ကဆိုတာလွဲမှားတဲ့ အယူအဆတခုသာဖြစ်ပါတယ်။
 Mask တွေကို ဗူးထဲကထုတ်ဖို့ ဗူးအပေါ်မှာ အပေါက်ဖေါက်ထားပြီး တခုချင်းဆွဲထုတ်လို့ရအောင် စီစဉ်ထားပါတယ်။ 
အရောင်ပါတဲ့ အပြင်ဘက်မျက်မှာပြင်က အပေါ်ဘက်ကဖြစ်လို့ ဆွဲယူတဲ့ အခါလက်နဲ့ ထိပေမယ့်ပြသမရှိပါ။ ကိုယ့်မျက်နှာနဲ့ ထိတဲ့  အဖြူဘက်ကို ဘာနဲ့မှ မထိဘဲဝတ်လို့ရအောင်လုပ်ထားတာပါ။
အရောင်နဲ့မျက်နှာပြင်ကို အတွင်းထားတပ်လိုက်လျင်တော့ လက်နဲ့ထိပြီး မသန့်တော့တဲ့ မျက်နှာပြင်က မိမိမျက်နှာမှာလာကပ်ပါလိမ့်မယ်။ 



Mask ကို စနစ်တကျ တပ်ဆင်ပုံ အဆင့်ဆင့်

၁. Mask ကို လက်နဲ့ မထိမီလက် ၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။
၂. Mask ကို ဘူးထဲကထုတ်ပြီး မျက်နှာပြင် ၂ ဘက်လုံးမှာ အပေါက်အပြဲရှိမရှိစစ်ဆေးပါ။
၃, အပေါ်ဘက် အောက်ဘက်ကို သေချာကြည့်ပါ။ ကွေး၍ရသော သတ္တုချာင်းကလေးပါတဲ့ ဘက်က အပေါ်ဘက်ပါ။
၄. ဘယ်ဘက်က အတွင်းဘက်၊ အပြင်ဘက်ဆိုတာကို ကြည့်ပါ။ အရောင်ပါတဲ့ ဘက်က အပြင်ဘက်ဖြစ်ပြီး အဖြူရောင်ဘက်က မျက်နှာနဲ့ ထိတဲ့ အတွင်းဘက်ပါ။
၅. (က) နားကို ချိတ်တဲ့ သားရည်ကြိုးနဲ့ Mask ဖြစ်ပါကအဲဒီနားချိတ်ကြိုးကွင်း၂ခုကနေကိုင်ပြီး နားမှာဆွဲချိတ်ပါ။
(ခ) ကြိုးချည်ရသော Mask မျိုးဖြစ်ပါက Mask ကိုနှာခေါင်းပေါ်ရောက်အောင်အုပ်ပြီး အပေါ်ကြိုး ၂ ချောင်းကို ဆွဲကာ နောက်စေ့ အထက်မှာ ကွင်းလျှောချည်ပါ။
၆.  Mask အပေါ်ဘက်ကို နှာခေါင်းပေါ်မှာ ကပ်နေရန် နှာခေါင်းအရင်းပေါ်ရောက်နေတဲ့ သတ္တုချောင်းကို အသာညှစ်ပြီးပုံသွင်းပါ။
၇. ကြိုးချည်ရသော Mask မျိုးဖြစ်ပါကအောက်သိုင်းကြိုး ၂ချောင်းကို လည်ပင်းအနောက်မှာပတ်ချည်ပါ။
၈. Mask အောက်နားအစကပါးစပ်နဲ့ မေးစေ့ကို ဖုံးအောင် မေးအောက်ရောက်တဲ့အထိဆွဲချပါ။

Mask ကို စနစ်တကျ ဖြုတ်ပုံ အဆင့်ဆင့်

၁. Mask ကို လက်နဲ့ မထိမီလက် ၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။
Mask အရှေ့ အပြင်ဘက်မျက်နှာပြင်ဟာ မသန့်ရှင်းတော့တာကြောင့် လက်နဲ့ မထိမိအောင် အထူးသတိထားပါ။
၂. နားကို ချိတ်တဲ့ သာရည်ကြိုးနဲ့ Mask ဖြစ်ပါကအဲဒီနားချိတ်ကြိုးကွင်း၂ခုကနေကိုင်ပြီ အသာဆွဲဖြုတ်ကာမျက်နှာကနေ အဝေးကိုခွာထုတ်ပါ။
၃. ကြိုးချည်ရသော Mask မျိုးဖြစ်ပါက အောက်ဘက်ကကြိုးကို အရင်ဖြည်ပါ ပြီးမှ အပေါ်ဘက်ကကြိုးကို ဖြည်ပြီး မျက်နှာကနေ အဝေးကိုခွာထုတ်ပါ။
၄. Mask ကို အမှိုက်ပုံးထဲသို့ သေချာပစ်ပြီး လက်၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။


စင်္ကာပူကျန်းမာရေးဌာန Singhealth ကတင်ထားတဲ့  Surgical maskကို စနစ်တကျ တပ်ဆင်ပုံနဲ့ ဖြုတ်ပုံဗွီုဒီယိုပါ၊။





Dr Aung
31-01-20

Surgical mask  အကြောင်းအသေးစိပ်နဲ့ တပ်နည်းအမှား အမှန် ရှင်းပြချက်တွေကို ဒီပို့စ်မှာ ဖတ်လို့ရပါတယ်။
https://b-wise-2b-healthy.blogspot.com/2019/06/surgical-mask.html



No comments:

Post a Comment