ကိုရိုနာဗိုင်းရပ်စ် (၂၀၁၉) (ဝူဟန်) ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုဆိုင်ရာ ကိန်းဂဏန်းများ (နေ့စဉ် အပ်ဒိတ်တင်ပေးပါမည်)
Corona virus လူနာသစ်နဲ့ သေတဲ့အရေအတွက်တိုးလာ နေသေးပေမယ့် တရုပ်ပြည်တွင်းမှာ နေ့စဉ်လူနာသစ်စာရင်းက တည်ငြိမ်လာပြီလို့ WHO expert ကဆိုပါတယ်။
https://www.bbc.com/news/world-asia-china-51431087
https://www.bbc.com/news/world-asia-china-51431087
၂၀၁၉ ဒီဇင်ဘာလကုန်ကစပြီး ဒီဗိုင်းရပ်ကူးစက်ခံရတယ်လို့ အတည်ပြုတဲ့ လူနာအရေအတွက်က နေ့စဉ် တောက်လျှောက်တိုးလာနေရာမှာ ပြီးခဲ့တဲ့ တပတ်က လူနာသစ် တနေ့ကို တထောင်အောက်ရှိနေကနေ သုံးထောင်ကျော်အထိတိုးလာပါတယ်။
ဖေဖေါ်ဝါရီ ၄ရက်နေ့မှာတော့တနေ့တာအတည်ပြုလူနာသစ်စံချိန် တင်ပြီး တရက်တည်းလူနာသစ်ပေါင်း ၃၉၂၅ (တွက်ချက်အဖြေ ၃၉၂၄) တရုပ်ပြည်တွင်းလူနာသစ် ၃၈၉၂ ယောက် (တွက်ချက်အဖြေ ၃၈၉၃) ရှိခဲ့တာပါ။
အဲဒီနောက် ဖေဖေါ်ဝါရီ ၅၊ ၆ ရက်၊ ၇ ရက် နဲ့ ၈ ရက်တို့မှာတော့ လူနာသစ် တွေထပ်တိုးတဲ့ နှုန်းကျလာပြီး ဖေဖေါ်ဝါရီ ၄ ရက်နေ့ ကအရေအတွက်ကို မရောက်တော့ဘဲ ပြန်နည်းစပြုလာပါတယ်။
ဒါကြောင့် ရောဂါပြန့်ပွားမှု အထွဋ်ထိတ်ကိုရောက်ပြီးတည်ငြိမ်လာပြီလို့ထင်ရပေမယ့် ဟုတ်မဟုတ် သေချာပြောဖို့တော့ စောပါသေးတယ်လို့ အဲဒီအရာရှိကဆိုပါတယ်။
နေ့စဉ်သေဆုံးမှုအရေအတွက်က နည်းနည်းချင်းတိုးလာပေမယ့် နေ့စဉ်ရောဂါပျောက်လို့ ဆေးရုံဆင်းရတဲ့ လူနာအရေအတွက်ကတော့ တနေ့ တရာအောက်ကနေ တနေ့ ၆၀၀ အထိ တပတ်အတွင်း သိသိသာသာတိုးတက်လာပါတယ်။
https://www.who.int/emergencies/diseases/novel-coronavirus-2019/situation-reports/
တရုပ်ကျန်းမာရေးကော်မရှင်မှ ထုတ်ပြန်သော ကိန်းဂဏန်းများကို
http://www.nhc.gov.cn/xcs/yqtb/list_gzbd.shtml
မြင်သာအောင်ဂရပ်များနဲ့ပြထားပါတယ်။
တရုပ်အစိုးရ ဝဘ်ဆိုက်မှာ တင်တဲ့ ကိန်းဂဏန်းနဲ့ WHO situation report ကိန်းဂဏန်းနည်းနည်းတော့ကွဲလွဲမှုရှိတာကိုတွေ့ရပါတယ်။ WHO situation report ရဲ့ စုစုပေါင်းလူနာအရေတွက်နဲ့ တနေ့တာ လူအသစ်အရေအတွက်ကိုတွက်ကြည့်လျင်လည်းနည်းနည်းလွဲတဲ့ရက်တွေရှိပါတယ်။
Google Sheet app နဲ့ ဖွင့်လျင်တော့ ကိန်းဂဏန်းတွေနဲ့ ဂရပ်ပုံကိုပါဒီလင့်ကနေကြည့်လို့ရပါတယ်။
ဖိုင်မှာ တရုပ်ပြည်တွင်း နဲ့ WHO ဆိုပြီးsheet ၂ ခုပါပါတယ်။
https://drive.google.com/file/d/1aOczRSvalsEve5nsapNPEg1KwlpguVkw/view?usp=sharing
Dr Aung
09-02-2020
No comments:
Post a Comment