Thursday 6 February 2020

လူထုထဲမှာ နှာခေါင်းစည်း Mask သုံးလျင် ဘာတွေတွဲလုပ်ဖို့လိုမလဲ

မနေ့ကတွေ့ခဲ့တဲ့လူနာတယောက်ရဲ့ ဗဟုသုတနဲ့  စမတ်ကျပုံကိုသဘောကျလို့ပါ။ 

သူက စင်္ကာပူကို ဇန်န္နဝါရီလ  ၂၄ ကနေ ၂၇ သွားလည်ခဲ့ပါတယ်တဲ့။
ဆရာဝန်။  "စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စပြန့်နေပြီနော် သိလား”
လူနာ။ “ကျမတို့ကအဲဒီအချိန်မှာ  Univresal Studio  ထဲမှာ”
ဆရာဝန်။ “အဲဒီထဲမှာ တရုပ်ပြည်ကတိုးရစ်တွေနဲ့ မဆုံဘူးလား “
လူနာ။ “ ဘယ်ပြောကောင်းမလဲ၊ နေရာတကာသူတို့ချည်းပဲ”
ဆရာဝန်။ “ စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စပြန့်တာ တရုပ်တိုးရစ်အုပ်စုဆီကလို့ပြောတယ်နော်”
လူနာ။ “ ကျမတို့က အရာရာကိုကြိုတင်ပြင်ဆင်ထားတယ်။
နှာခေါင်းစည်းကို အမြဲစည်းပြီး မကြာမကြာအသစ်လဲတယ်၊ လက်ကိုလည်း မကြာမကြာ အရက်ပျံဆေးရည်နဲ့ သုတ်ပြီး သန့်ရှင်းတယ်။ ရေနဲ့ ဆပ်ပြာနဲ့လည်း မကြာမကြာ ဆေးပါတယ်”
WHO က လူစုထဲမှာ သွားလာနေသူတွေအတွက် နှာခေါင်းစည်းကို မိမိအတွက် အကာအကွယ်အနေတဲ့ တပ်ဖို့  အားမပေးဘဲ  မိမိကနှာစေးချောင်းဆိုးလျင်သာ သူတပါးဆီမပြန့်အောင် တပ်ဖို့ အကြံပေးပါတယ်။

ဒါဆို လုံးဝအကာအကွယ်မပေးတာလားဆိုလျင်တော့ မဟုတ်ပါဘူး

၁။ မိမိမျက်နှာကို တိုက်ရိုက်စင်လာတဲ့ တံတွေးမှုန်တွေပါးစပ်နဲ့ နှာခေါင်းထဲ ဝင်မသွားအောင်  အကာကွယ်ပေးပါတယ်။
ဒီလိုကာကွယ်ပေးတယ်လို့ဆိုရာမှာ နှာခေါင်းစည်းကို တောက်လျှောက်တပ်ထားလို့ အကာကွယ်ရတာမဟုတ်ပါ။
မိမိအနားမှာ နှာချေ ၊ ချောင်းဆိုးသူရှိလို့ မိမိမျက်နှာ နဲ့နှာခေါင်းစည်းကို တံတွေးနဲ့ နှာရည်တွေ စင်တယ်လို့ သံသယရှိလျင် ချက်ချင်း စနစ်တကျဖြုတ်ပြီး သေသေချာချာ စွန့်ပစ်ရပါမယ်။  အကြာကြီးဆက်တပ်ထားလျှင်တော့ အပြင်မျက်နှာပြင်မှာကပ်နေတဲ့ တံတွေးထဲကပိုးကို အသက်ရှုသွင်းလျင် စုပ်ယူမိမှာပါ။ သာမန်နှာခေါင်းစည်းက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားလို သေးငယ်တဲ့ အမှုန်တွေကို စစ်မပေးနိုင်လို့ပါ။
ပြီးတာနဲ့ လက်ကို သန့်ရှင်းရေးလုပ်ရပါမယ်။
ပြီးတော့မှ နောက်ထပ် နှာခေါင်းစည်းအသစ်ကိုတပ်ရပါမယ်။
မျက်နှာကိုစင်တယ် ထင်လျင် မျက်နှာကိုပါသန့်ရှင်းပါ။
နှာခေါင်းစည်းမှာ တခုခုကပ်နေတယ်။ စိုနေတယ်ဆိုတာနဲ့ ချက်ချင်းလဲရပါမယ်။

၂။ ကြီးမားနဲ့ အမှူန်တွေ ဖူန်တွေနှာခေါင်းနဲ့ ပါးစပ်ထဲ မဝင်အောင် ကာကွယ်ပေးပါတယ်။

၃။ မျက်နှာ နဲ့ မှာခေါင်းကို မကြာခကိုင်တွယ် ပွတ်သတ်တတ်သူများ မသန့်တဲ့လက်နဲ့ မျက်နှာ၊ နှာခေါင်းတို့ကို အလွယ်တကူမကိုင်မိအောင် ကာကွယ်ပါတယ်။
၂၀၁၆ က သုတေသနတခုအရလူတယောက်ဟာ မိမိမျက်နှာ ကို တနာရီမှာ  ၂၃ကြီမ်အထိ ထိကိုင်တတ်တယ် ဆိုပါတယ်။ အကယ်၍ မိမိလက်ကို သန့်ရှင်းအောင်မလုပ်နိုင်မီ ဒီလိုမကိုင်တွယ်မိအောင် နှာခေါင်းစည်းက အတိုင်းအတာတခုအထိ အကာကွယ်ပေးနိုင်ပါတယ်။
လူထုထပ်တဲ့ နေရာ  အထူးသဖြင့် လူပေါင်းစုံနဲ့ နီးနီးကပ်ကပ်နေရတဲ့ ရထားတို့ ဘတ်စ်ကားတို့စီးတဲ့အခါမှာ အထက်မှာရေးထားသလို လုပ်နိုင်မယ် လက်ကိုသန့်ရှင်းနိုင်မယ် ဆိုလျင်တော့ အသက်ရှူလမ်းကြောင်းက ကူးတဲ့ ရောဂါတွေ ကူးစက်ခံရခြင်းကနေ အထိုက်လျောက် ကာကွယ်ပေးပါတယ်။ အရက်ပျံ ( 65-70 %) လက်သုတ်လိမ်းပိုးသတ်ဆေးရည်ကလေးဆောင်ထားတာကောင်းပါတယ်။

Dr David Carrington, of St George's, University of London, told BBC News "routine surgical masks for the public are not an effective protection against viruses or bacteria carried in the air", which was how "most viruses" were transmitted, because they were too loose, had no air filter and left the eyes exposed.
But they could help lower the risk of contracting a virus through the "splash" from a sneeze or a cough and provide some protection against hand-to-mouth transmissions.
A 2016 study from New South Wales suggested people touched their faces about 23 times an hour.















Dr Aung
07/05/2020

No comments:

Post a Comment